chapter(41)
Vol. 3 Ch. 41
အသန့်စင်ဆုံးစနစ် အခန်း(41)
အားလုံးသည် စိတ်ပျက်သွားကြသော်လည်း ချောင်ဖုန်းအား ဘာမှ ပြန်မပြောရဲပါ။ဝူတိုင်းပြည်တစ်ခုလုံးမှာတောင် လက်နက်အစီအရင်ပါမောက္ခများက လက်ချိူးရေတွက်ရင်တောင် လက်ဆယ်ချောင်းမပြည့်သောကြောင့် ရိုရိုသေသေဆက်ဆံကြရသည်။
ထို့နောက်ချောင်ဖုန်းသည် မြှားကို ယူလိုက်ပြီး ဘေးမှ ချလိုက်ပြီး မူခဲ့ကို လှံနှင့်ငမန်းဝိညဥ်စွမ်းအင်ကို တောင်းလိုက်လိုက်သည်။
ထိုအခါ မူခဲ့က သူပေးထားသောလက်နက်အစီအရင်ဆရာရှိမှ ပြန်တောင်းလိုက်သည်။
"ရှောင်မင်.....ဆရာကြီးကို လှံနဲ့ငမန်းဝိညဥ်စွမ်းအင်အမြူတေ လာပေးလိုက်ပါ"
ချောင်ဖုန်းသည် သူ့ကို ဆရာကြီးဟုခေါ်နေသဖြင့် အနေကျပ်နေသောကြောင့် သခင်လေးလို့ပြောင်းခေါ်ဖို့ပြောလိုက်သည်။
"မူခဲ့......မင်းငါ့ကိုဆရာကြီးအစား သခင်လေးလို့ပဲပြောင်းခေါ်ရင်မကောင်းဘူးလား"
"ဟုတ်ကဲ့ မူခဲ့.......သခင်လေးလို့ပဲပြောင်းခေါ်ပါ့မယ်"
ထိုအခါ ရှောင်မင်ဆိုသောလူသည် ရိုရိုသေသေဖြင့် လှံနဲ့ဝိညဥ်စွမ်းအင်ကို လာပေးလိုက်သည်။ထို့နောက် သူ့နေရာကို ပြန်သွားလေသည်။ချောင်ဖုန်းသည် ရှေ့ကလိုပင် စုတ်တံဖြင့် အစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။ဒီတစ်ခါတော့ အစီအရင်စက်ဝိုင်းသည် အနက်ရောင်ပုံစံတစ်ခုဖြစ်သည်။
ချောင်ဖုန်းသည် လှံထဲကို အစီအရင်ထည့်သွင်းပြီးနောက် ငမန်းဝိညဥ်စွမ်းအင်ကိုပါ ထည့်သွင်းလိုက်သည်။ထိုအခါ လှံချောင်းသည်လည်း ငမန်းဝိညဥ်စွမ်းအင်ထွက်လာကာ နောက်ထပ်တစ်ကြိမ် အခန်းတစ်ခန်းလုံး လင်းထိန်သွားလေသည်။
ချောင်ဖုန်းသည် ထိုရတနာလက်နက်နှစ်ခုကို မူခဲ့ကို ပေးလိုက်ပြီး
ထိုလက်နက်အစီအရင်အခန်းထဲမှ မူခဲ့နဲ့အတူပြန်ထွက်လာခဲ့သည်။
အထဲကလူတွေကတော့ အံ့အားသင့်စွာကျန်နေခဲ့ပြီး ချောင်ဖုန်းကို အားကျနေလေသည်။
ချောင်ဖုန်းနဲ့မူခဲ့သည် နီဟောက်နဲ့ဟုန်ပင်းတို့ ရှိနေသော အခန်းထဲကို ပြန်ဝင်လိုက်တဲ့အခါ အားလုံးသည် စိတ်ဝင်တစားဖြင့် စောင့်နေကြတာကို မြင်လိုက်ရသည်။
မူခဲ့သည် ချောင်ဖုန်းနှင့်အတူ ဘေးချင်းကပ်ထိုင်လိုက်သည်။ထို့နောက် သူရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ လင်းထိန်နေသော လှံတစ်ချောင်းနှင့်မြှားတစ်ချောင်းကို ရှေ့မှာ ရှိတဲ့စားပွဲပေါ်ကို တင်လိုက်သည်။
နီဟောက်သည် သူရဲ့လှံကို မြင်တာနဲ့ အံ့အားသင့်သွားပြီး ဝမ်းသာအားရဖြစ်သွားလေသည်။လီပင်းနဲ့ဟုန်းပင်းလဲ သူ့ကိုမြှားကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာသွားသည်။ဒီလောက်မြန်ဆန်မယ်လို့ မတွေးထားတာကြောင့် အံ့အားသင့်နေခဲ့သည်။မူခဲ့သည် လီပင်းနဲ့နီဟောက်တို့ နှစ်ဦးကို ပြောလိုက်သည်။
"ဒါတွေက ဒီကသခင်လေးကိုယ်တိုင်ဖန်တီးပေးတဲ့အရာတွေပဲ ၊ ပေးရမယ်တန်ဖိုးကိုတော့ မင်းတို့သခင်လေးနဲ့ပဲဆုံးဖြတ်လိုက်ပါ"
ထိုအခါ နီဟောက်သည် စိတ်ထဲမှာ ချောင်ဖုန်းကို မယုံကြည်နိုင်ဖြစ်နေလေသည်။
"ဘာ သူကတကယ်ပဲလက်နက်အစီအရင်ဆရာတစ်ယောက်လား ၊ မဟုတ်ဘူး မိနစ်ပိုင်းအတွင်းမှာလုပ်နိုင်တာဆိုတော့ သူက လက်နက်အစီအရင်ပါမောက္ခတစ်ယောက်လား ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လီပင်းသည် ချောင်ဖုန်းကို လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေဖြင့် ပြောလိုက်သည်။
"သခင်လေး......ဒီမြှားအတွက် ကျွန်တော်ရှန်ဖျင်း ဘယ်လောက်ပေးရမလဲဗျ"
ချောင်ဖုန်းသည် လီပင်းကို လက်တစ်ချောင်းထောင်ပြလိုက်သည်။
လီပင်းသည် "ရွှေဒင်္ဂါးတစ်သောင်းလား......" ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် "သုညတစ်လုံးပိုလိုက်" ဟု တစ်ခွန်းထဲပြောလိုက်သည်။လီပင်းသည် ထိုမြှားရဖို့အတွက် ဘယ်လောက်ဖြစ်ဖြစ်ပေးဆပ်မည်ဖြစ်သည်။လီပင်းသည် သူမှာရှိတဲ့ရွှေဒင်္ဂါးတစ်သိန်းကို သိုလှောင်ကွင်းထဲမှာ ထုတ်ပေးလိုက်သည်။
ထိုအခါ လီပင်းသည် သူရဲ့သိုလှောင်ကွင်းထဲသို့ သူရဲ့ မြှားကို ထည့်သွင်းလိုက်ပြီး ထိုင်ခုံမှထကာ ဟုန်ပင်းနှင့်အတူနှုတ်ဆက်လိုက်သည်။
"သခင်လေးနှင့်သခင်ကြီးမူခဲ့.......ကျွန်တော်တို့ကို ခွင့်ပြုပါအုံး "
"ကောင်းပါပြီ.....သွားပါ"
လီပင်းနဲ့ဟုန်ပင်းထွက်ခွာသွားပြီးနောက် မူခဲ့သည် နီဟောက်ကို မေးလိုက်သည်။
"နီဟောက်.......မင်းလဲတစ်သိန်းမထုတ်ပေးဘဲ ၊ ဘာလုပ်နေတာလဲ"
"ငါ......ငါ...... "
နီဟောက်သည် သူမှာရွှေဒင်္ဂါးတစ်သိန်းပါမလာ၍ ပြောရခက်နေခြင်းဖြစ်သည်။နီဟောက်သည် ချောင်ဖုန်းကို လက်နှစ်ဖက်ဆုပ်၍ မပြောရဲပြောရဲဖြင့်ပြောလိုက်သည်။
"သခင်လေး.....ကျွန်တော်မှာ ရွှေဒင်္ဂါးအပြည့်မပါလို့ အဲ့ဒီအစား တစ်စုံတစ်ရာကိုများအစားထိုးပေးလို့ရမလား......."
ချောင်ဖုန်းသည် စားပွဲခုံကို လက်ညိုးဖြင့် တဂေါက်ဂေါက်ခေါက်၍ "ကြည့်ကြည့်ရတာပေါ့......" ပြောလိုက်သည်။ထိုအခါ နီဟောက်သည် ရွှေဒင်္ဂါး ခုနှစ်သောင်းနှင့် ဓားတစ်လက်ကို ထုတ်ပြလိုက်သည်။နီဟောက်သည် သူဓားဟာ အရည်အသွေးအဆင့်မြှင့် ကျောက်တုံးတွေဖြင့် ပြုလုပ်ထားကြောင့် ရှင်းပြလိုက်သည်။
ချောင်ဖုန်းသည် ဓားကို သေသေချာချာကြည့်လိုက်တဲ့အခါ ထိုဓားသည် အရည်အသွေးပြည့်မှီသော ဓားတစ်လက်မှန်းသိလိုက်ရတဲ့အတွက်လက်ခံလိုက်သည်။ထိုအခါနီဟောက်သည် ဝမ်းသာအားရနဲ့သူ့ရဲ့လှံကို သိုလှောင်ကွင်းထဲထည့်ကာ နှုတ်ဆက်၍ ထွက်ခွာသွားလေသည်။
မူခဲ့သည် အခန်းထဲတွင် ရှိသေးသော သူ့လူကို နှစ်ယောက်ကို စေခိုင်းလိုက်ပြီး ထိုအခန်းထဲမှ ထွက်သွားခိုင်းလိုက်သည်။
ချောင်ဖုန်းသည် ရွှေဒင်္ဂါးတစ်သိန်းကိုယူလိုက်ပြီး ကျန်ခုနှစ်သောင်းကို မူခဲ့ကိုပေးလိုက်သည်။
ထို့နောက် မူခဲ့သည် ချောင်ဖုန်းကို လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
"သခင်လေးကျွန်တော်မှာ အသုံးမပြုရသေးတဲ့ ဖီးနစ်ဌက်ဝိညဥ်စွမ်းအင်တစ်ခု ရှိသေးတယ်......"
ချောင်ဖုန်းသည်မူခဲ့ထုတ်ပေးသောဖီးနစ်ဌက်ဝိညဥ်စွမ်းအင်နှင့် ဓားကို ကြည့်လိုက်ပြီး ငြင်းလိုက်သည်။
"ဖီးနစ်ဌက်ဝိညဥ်စွမ်းအင်နဲ့ ဒီဓားရဲ့ထူထပ်မူနဲ့မလိုက်ဖက်ဘူး ၊ ပေါ့ပါးပြီး အရည်အသွေးကောင်းတဲ့လက်နက်မျိူးမှ ဖီးနစ်ဌက်ဝိညဥ်စွမ်းနဲ့လိုက်ဖက်မှာ "
ထိုအခါ မူခဲ့သည် သူ့မှာ ရှိသော ပါးလွှာပြီး သန်မာတဲ့ဓားရှည်တစ်လက်ကို ထုတ်ပြလိုက်သည်။
"သခင်လေး...... ဒီဓားမျိူးဆိုရင်ရော.........."
ချောင်ဖုန်းသည် ဓားကိုပွတ်ဆွဲကြည့်လိုက်ပြီး ခုတ်ရမ်းကြည့်လိုက်သည်။ထိုဓားသည် ပေါ့ပါးပြီး အရည်အသွေးပြည့်မှီသောကျောက်သတ္တုများနှင့် ပြုလုပ်ထားမှန်းသိသာလှသည်။
"မူခဲ့......မင်းကငါ့ကို ဒီဓားကိုဝိညဥ်စွမ်းအင်အသက်သွင်းပေးစေချင်တာလား......."
မူခဲ့သည် ချောင်ဖုန်းအားခေါင်းခါ၍ ငြင်းလိုက်သည်။
"သခင်လေးကို မူခဲ့မခိုင်းရဲဝံ့ပါဘူး ၊ မူခဲ့...... ဒီဓားနဲ့ဖီးနစ်ဌက်ဝိညဥ်စွမ်းအင်ကို သခင်လေးအတွက်ဆက်သတာပါ"
ထိုအခါ ချောင်ဖုန်းသည် ပြုံးလိုက်၍"ဘယ်ဆိုးလိုလဲ မင်းကအလိုက်သိသားပဲ ဒါပေမယ့် ငါ့အတွက်မလိုအပ်ဘူး......"လို့ ပြောလိုက်သည်။ချောင်ဖုန်းသည် ထိုသို့ပြန်ပြောသည့်အတွက် မူခဲ့သည် တခြားရတနာတွေပေးရင်ကောင်းမလားလို့ စဥ်းစားနေချိန်မှာ ချောင်ဖုန်းဆီမှ အသံပြန်ထွက်လာခဲ့သည်။
"မူခဲ့...... မင်းမှာဆောင်ထားလေ့ရှိတဲ့စုတ်တံရှိလား"
ထိုအခါမူခဲ့သည် သူရဲ့စုတ်တံဘူးလေးကို ချောင်ဖုန်းကို ထုတ်ပေးလိုက်သည်။
"သခင်လေး.... ဒီစုတ်တံက ကျွန်တော်မျိူးဝယ်ထားတာကြာပါပြီ ၊ ဒါပေမယ့်တစ်ခါမှ မသုံးရသေးပါဘူး"
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး စုတ်တံဘူးကိုဘူးကို ယူကာ ဖွင့်လိုက်သည်။ထို့နောက် ဘူးထဲတွင် ရှိသောအသစ်စက်စက် စုတ်တံကို ထုတ်လိုက်ပြီး လေထဲတွင် မဲနက်ရောင်အစီအရင်စက်ဝိုင်းအကွက်ကို ရေးဆွဲလိုက်သည်။
အစီအရင်အကွက်ရေးဆွဲပြီးတာနဲ့ ချောင်ဖုန်းသည် လက်ချောင်းများစွာလျင်မြန်စွာလှုပ်ရှားလိုက်ပြီး ဓားအတွင်းထဲသို့ မဲနက်ရောင်အစီအရင်စက်ဝိုင်းကိုအရင်ထည့်သွင်းလိုက်သည်။
ထို့နောက်ဖီးနစ်ဌက်ဝိညဥ်စွမ်းအင်ကိုပါ ထည့်သွင်းလိုက်သည်။
ထိုအခါ သာမာန်ဓားတစ်ချောင်းကနေ ဖီးနစ်ဌက်ဝိညဥ်စွမ်းအင်ပါရှိသော ဓားအဖြစ်ပြောင်းလဲသွားပြီး ဓားထဲမှ ဖီးနစ်ဌက်ဝိညဥ်ပုံစံစွမ်းအင်အနီရောင်များဖြာထွက်ကာ အခန်းတစ်ခုလုံး တောက်ပသွားလေသည်။
မူခဲ့သည် သူမျက်စိနဲ့မြင်တွေ့နေရတဲ့အတွက် ဝမ်းသာမဆုံးဖြစ်နေသည်။နောင်တစ်ချိန်ပြန်တွေ့ချင်ရင်တောင် ခုလိုအရာမျိူးပြန်မြင်ရတော့မည်မဟုတ်တာကို သိရှိထားသည်။
ချောင်ဖုန်းသည် ထိုဖီးနစ်ဌက်ဝိညဥ်စွမ်းအင်ပါရှိသောဓားကို သူ့ကိုပေးလိုက်တဲ့ မူခဲ့သည်အံသြသွားသည်။
"သခင်လေး..... ဒါက "