Chapter(42)
Vol. 3 Ch. 42
အသန့်စင်ဆုံး စနစ် အခန်း(42)
ချောင်ဖုန်းသည် နီဟောက်ရဲ့ ဓားကိုလဲသိုလှောက်ကွင်းထဲထည့်လိုက်ကာ တံခါးအပြင်ဘက်သို့ထွက်ခန်းနီးပြောလိုက်သည်။
"အဲ့ဓားကိုလဲ မင်းရောင်းလိုက်ပါ ၊ ရောင်းလို့ရတဲ့အထဲက ငါတန်ကြေးကို မင်းသိမ်းထားလိုက်ပေါ့"
မူခဲ့သည် ချောင်ဖုန်းကို ခေါင်းငြိမ့်ပြလိုက်သည်။ချောင်းဖုန်းထွက်သွားပြီးချိန်မှာ မူခဲ့ခိုင်းလိုက်သော လူနှစ်ယောက်သည် ပြန်ရောက်ရှိလာခဲ့သည်။
"သခင်ကြီးမူးခဲ့......ဝူနန်းတော်ကို သွားဖို့အဆင့်သင့်ပါပဲ ၊ ကျွန်တော်တို့ အားလုံးစီစဥ်ပြီးပါပြီ "
မူခဲ့သည် သူ့သိုလှောင်ကွင်းထဲမှ ချောင်ဖုန်းပေးခဲ့သော ဖီးနစ်ဝိညဥ်စွမ်းအင်ပါရှိသော ဓားကို ပေးလိုက်သည်။
"ဝယ်သူလာတဲ့လူရှိရင် မင်းတို့ ဒီဓားကို နောက်ဆုံးမှ ပြပါ ၊ နောက်ပြီး ဒီဓားကိုစျေးတစ်သိန်းအောက်မလျော့စေနဲ့"
"သခင်ကြီးမူခဲ့ စိတ်ချပါ.....သခင်ကြီးမရှိချိန်မှာ ကျွန်တော်တို့မပေါ့ဆရဲပါဘူး "
မူခဲ့သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ကောင်းပြီ.....ငါမင်းတို့နှစ်ယောက်ကို စိတ်ချမယ် " ဟု ပြောလိုက်သည်။
ရွှမ်မိန်သည် အခန်းထဲတွင် ချောင်ဖုန်းအားထိုင်စောင့်နေခဲ့သည်။ချောင်ဖုန်း အခန်းထဲသို့ ဝင်လာသည့်အခါ ရွှမ်မိန်သည် ထကာ ပြုံး၍ မေးလိုက်သည်။
"သခင်လေးချောင်ဖုန်း.....အဆင်ပြေသွားပြီလား......."
ချောင်ဖုန်းသည် ခေါင်းလေးသာ ငြိမ့်ပြလိုက်သည်။ခဏအကြာမှာပဲ မူခဲ့သည်နောက်ကနေဝင်လာခဲ့ပြီး လက်နှစ်ဖက်ဆုပ်ကာ "သခင်လေး......ကျွန်တော်ဝူနန်းတော်ကို သွားဖို့စီစဥ်ပြီးပြီ " ဟု ပြောလိုက်သည်။ရွှမ်မိန်နဲ့ အရိပ်မဲလူနှစ်ယောက်သည် အချိန်ခဏလေးအတွင်းမှာ မူခဲ့သည်ချောင်ဖုန်းအား ရိုရိုသေသေဆက်ဆံနေသည့်အတွက် အံ့အားသင့်သွားခဲ့သည်။
"မိန်းကလေးရွှမ်မိန်......ငါတို့သွားကြမလား"
ရွှမ်မိန်လည်း သွားဖို့အတွက်ပြောလိုက်သည့်အတွက် မူခဲ့စီစဥ်ထားသော လှည်းနှစ်စီးဖြင့် ဝူနန်းတော်ကို ထွက်ခွာလာခဲ့သည်။ချောင်ဖုန်းတို့ ထွက်ခွာသွားပြီးနောက်မှာ အနီရောင်ဂါဝန်ဝတ်ဆင်ထားသော မိန်းမပျိုသည် စံအိမ်အတွင်းကို လက်နက်ဝယ်ဖို့ရောက်ရှိလာခဲ့သည်။
ထိုမိန်းကလေးကို မြင်သောအခါ မူခဲ့ရဲ့အစေခံနှစ်ယောက်က ကြိုဆိုလိုက်သည်။
"မင်္ဂလာပါ.......သခင်မလေး ၊ ဘာများအလိုရှိလဲ မသိဘူး "
"ရှင်တို့ဆိုင်မှာ ရှိတဲ့အကောင်းစားဓားမှန်သမျှ ကျွန်မကို ပြပေးပါ....."
ထိုအခါ ထိုလူတွေသည် ရတနာလက်နက်များရှိသောအခန်းကို ခေါ်သွားခဲ့သည်။
"သခင်မလေး.....ဒါကျွန်တော်တို့ဆိုင်မှာရှိတဲ့အကောင်းဆုံးလက်နက်တွေပါ"
အနီရောင်ဂါဝန်ဝတ်ဆင်ထားသော မိန်းမပျိုသည် ဓားတစ်လက်ချင်းကိုကိုင်ကြည့်လိုက်ကာ စိတ်တိုင်းမကျဖြစ်သွား၍ သူနှင့်ပါလာသော အစေခံများကို ပြောလိုက်သည်။
"ငါဖန်ရှီးယောင်ကိုင်မယ့်ဓားက ဒီအရည်အသွေးမမှီတဲ့ဓားတွေတော့ မဖြစ်သင့်ဘူးမလား"
ထိုအခါဖန်ရှီးယောင်ရဲ့အစေခံမိန်းကလေးနှစ်ယောက်က ခေါင်းငုံ၍ ပြန်ပြောလိုက်သည်။
"သခင်မလေးရှီးယောင်......ဒီစံအိမ်ကယင်းလီမြို့မှာအကောင်းဆုံးရတနာလက်နက်စံအိမ်ပါ ၊ ကျွန်မတို့အိမ်တော်က လက်နက်တွေမှန်သမျှက သခင်ကြီးမူခဲ့ရှိက လက်နက်တွေပါပဲ"
ရှီးယောင်သည် သူသဘောကျတာ မတွေ့တဲ့အတွက် ဒေါသထွက်နေလေသည်။ထိုချိန်မှာ မူခဲ့ရဲ့အစေခံက အနီရောင်များဖြာထွက်နေသောဓားတစ်လက်ကို ထုတ်ပြလိုက်တဲ့အခါ ရှီးယောင်သည် သဘောကျသွားသည်။
"ငါ့ကိုအဲ့ဓားပြစမ်း....."
.ရှီးယောင်သည် ထိုလူလက်ထဲမှ ဓားကို လုယူလိုက်ပြီး သေချာကြည့်၍ နေလေသည်။
"သခင်မလေး......အဲ့ဓားရဲ့စျေးက ရွှေဒင်္ဂါးတစ်သိန်းပါ"
ရှီးယောင်သည် သူအစေခံမိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်၍
"ငါဒီဓားကို ယူမယ်.... "လို့ပြောလိုက်သည်။ထိုအခါ အစေခံမိန်းကလေးတစ်ယောက်သည် ရွှေဒင်္ဂါးတစ်သိန်းကို ထုတ်ပေးလိုက်သည်။
ချောင်ဖုန်းတို့သည် လမ်းတစ်လျှောက်လုံးရှင်းလင်းနေသဖြင့် အချိန်အနည်းငယ်အတွင်းမှာပဲ ဝူနန်းတော်ကို ရောက်ရှိလာလေသည်။မူခဲ့သည်မြင်းလှည်းပေါ်ကဆင်းကာ ချောက်ဖုန်းတို့အားပြောလိုက်သည်။
"သခင်လေး..... ဒါက ဝူနန်းတော်ရဲ့ဝင်ပေါက်ပဲ "
ချောင်ဖုန်းတို့လဲ လှည်းပေါ်မှ ဆင်းလာခဲ့ပြီးနောက် ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်သည်။ထိုချိန်မှာ နန်းဝတ်နန်းစားဖြင့် လူတစ်ယောက်သည် ရွှမ်မိန်ရှိကို ရောက်ရှိလာကာ ကောင်းကောင်းမွန်မွန်မေးလိုက်သည်။
"မင်္ဂလာပါ.....ငါနာမည် ဖူချီပါ ၊ ငါကဝူနန်းတော်ရဲ့အမတ်တစ်ယောက်ပါ ၊ ဒီက ကျိုးတိုင်းပြည်က ရွှမ်မိန်မင်းသမီးတစ်ပါးဖြစ်မယ်ထင်တယ်"
"ရှင်က ကျွန်မအကြောင်းဘယ်လိုလုပ်သိနေတာလဲ......"
မူခဲ့သည် သူခေါ်လာသော သူများက လက်နက်အစီအရင်ပါမောက္ခတစ်ယောက်နှင့် တိုင်းပြည်တစ်ပြည်ရဲ့မင်းသမီးဖြစ်နေမယ်လို့မထင်ထားခဲ့ချေ။ဖူချီသည် ယင်းလီမြို့ရဲ့ဂိတ်စောင့်ဆီမှ သတင်းကြားသိခဲ့ရကြောင်းပြောလိုက်သည်။
ရွှမ်မိန်သည် ထိုလူအား ဝူဘုရင်နဲ့တွေ့ဆုံဖို့မေးမြန်းလိုက်သည်။
"အမတ်ကြီးဖူချီ.....ကျွန်မဝူဘုရင်နဲ့ဆွေးနွေးဖို့အရေးကြီးကိစ္စရှိတယ့်အတွက် ဝူဘုရင်ကို လျှောက်တင်ပေးပါ....."
ထိုအခါ ဖူချီသည် ခေါင်းငြိမ့်ပြပြီး "ရွှမ်မိန်မင်းသမီး......ကျွန်တော်နောက်လိုက်ခဲ့ပါ......"ဟု ပြောဆိုကာ နန်းတော်နယ်မြေထဲကို ခေါ်ဆောင်သွားခဲ့သည်။မူခဲ့ကတော့ သူနဲ့မဆိုင်သည့်အတွက် အပြင်ဘက်မှာပဲ ကျန်ခဲ့သည်။ ချောင်ဖုန်းသည် ရွှမ်မိန်နှင့်အတူ ဝူနန်းတော်အတွင်းကို လိုက်သွားခဲ့သည်။
ချောင်ဖုန်းသည် အဝင်ဝမှာတင် ရဲမက်ပေါင်းများစွာ မရပ်မနားကင်းလှည့်နေတာကို တွေ့လိုက်ရသည်။ဖူချီသည် ချောင်ဖုန်းတို့ကို ခမ်းနားသောအဆောင်တစ်ခုသို့ခေါ်သွားခဲ့သည်။
"မင်းသမီးကျေးဇူးပြုပြီး...... ဒီမှာခဏစောင့်ပေးပါ"
ထို့နောက်ဖူချီသည် ဝူဘုရင်မင်းမြတ်ကို သတင်းပါးဖို့ ထွက်ခွာသွားခဲ့သည်။အခန်းထဲတွင် အားလုံးသည် တိတ်ဆိတ်နေခဲ့ပြီး ခဏအကြာမှာ ဝူဘုရင်မင်းမြတ်သည် ကိုယ်ရံတော်တပ်ဖွဲ့နှင့်အတူ အခန်းထဲကို ဝင်လာခဲ့သည်။
ချောင်ဖုန်းတို့သည် ဝူဘုရင်မင်းမြတ်တွေ့တဲ့အခါ လက်နှစ်ဖက်ဆုပ်ကာ ဂါဝရပြုလိုက်ကြသည်။
"ဝူဘုရင်မင်းမြတ်ကို ဂါဝရပြုပါတယ်.....
"မလိုပါဘူး....မလိုပါဘူး ၊ မင်းတို့အားလုံးသက်သာသလိုနေကြပါ"
ထို့နောက်ဝူဘုရင်မင်းမြတ်ကို ထိုင်ခုံများပေါ်တွင် အားလုံးကို ထိုင်ခိုင်းလိုက်သည်။ထို့နောက် ဝူဘုရင်မင်းမြတ်သည် ရွှမ်မိန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းက...... မိုခန်းကျိုင်ရဲ့သမီးလား "
"ဟုတ်ပါတယ်.....အရှင်မင်းကြီး "
"မင်းတောင် ဒီအရွယ်ရောက်လာပြီကို ၊ ငါအသက်လဲတော်တော်ကြီးနေပြီပဲ "
ဝူဘုရင်မင်းမြတ်သည် စိတ်ပျက်နေသည့်ပုံစံပေါက်နေခဲ့သည်။ထို့နောက်ချောင်းတဟွတ်ဟွတ်ဆိုးကာ ပြောလိုက်သည်။
"ဘာအရေးကြီးကိစ္စရှိလို့ မင်းကိုယ်တိုင်ဒီကိုလာရတာလဲ"
ရွှမ်မိန်သည် ရိုရိုသေသေပဲ ပြန်ဖြေလိုက်သည်။
"ရွှမ်မိန်..... နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းက တာဝန်ကြောင့်တိုက်ဆိုင်သွားတာနဲ့ အဖေက ရွှမ်မိန်ကို တခါထဲ အရှင်မင်းမြတ်ထံကို ဒီစာလေးပို့ခိုင်းလိုက်တာပါ"
ရွှမ်မိန်သည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှာ ချိတ်ပိတ်ထားသော စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။ဝူဘုရင်ရဲ့ကိုယ်ရံတော်တွေသည် ရွှမ်မိန်ရှိမှ စာကို ယူပြီး ဝူဘုရင်ထံကို ပေးလိုက်သည်။
ဝူဘုရင်သည် ချိတ်ပိတ်ထားသော စာကို သူ့ရဲ့စွမ်းအင်ဖြင့် ဖျက်ဆီးလိုက်ပြီး စာကို ဖတ်ကြည့်လိုက်သည်။
စာဖတ်နေရင်းပင် ဝူဘုရင်သည် ချောင်းများတအားထဆိုးလာသည်။ထို့နောက်စိတ်ပျက်လက်ပျက်ဖြင့် သူဘာသာပြောဆိုနေခဲ့သည်။
"ဒါတွေသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ဘယ်သူမှ လွတ်မြောက်နိုင်မယ်မထင်ဘူး......"
ထို့နောက်ဝူဘုရင်မင်းမြတ်သည် စာတစ်စောင်ရေးဖို့သူကိုယ်ရံတော်တွေကို ခိုင်းလိုက်သည်။ဝူဘုရင် စာတစ်စောင်ကို အမြန်ရေးလိုက်ပြီး သူ့စွမ်းအင်သုံးကာ ချိတ်ပိတ်လိုက်သည်။
ထို့နောက် ရွှမ်မိန်ထံကို ပေးခိုင်းလိုက်သည်။
ရွှမ်မိန်သည် ထိုစာရွက်ကို ထည့်သိမ်းလိုက်ပြီး ဝူဘုရင်မင်းမြတ်ကို နှုတ်ဆက်လိုက်သည်။ဝူဘုရင်မင်းမြတ်သည် ချောင်းတအားဆိုးနေတာကြောင့် ခေါင်းသာငြိမ့်နေခဲ့သည်။ အိမ်ရှေ့စံမင်းသားယွင်ချီသည် ဝူဘုရင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် စိတ်တိုင်းကျလုပ်ချင်သလိုလုပ်နေမှန်းသိသွားခဲ့သည်။ဝူဘုရင်သည် ချောင်းများအလွန်ဆိုးနေတာကြောင့် ချောင်ဖုန်းသည် မိုစီအစားနှုတ်မဆက်တော့ပေ။