← Chapters

Chapter (43)

Vol. 3 Ch. 43

Chapter (43)

Vol. 3 Ch. 43

အသန့်စင်ဆုံးစနစ် အခန်း(43)

ချောင်ဖုန်းတို့သည် အပြင်ဘက်တို့ထွက်ခါနီးချိန်မှာအော်ခေါ်သံကို ကြားလိုက်ရသည်။ထိုအခါ ဝူဘုရင်မင်းမြတ်ရဲ့ကိုယ်ရံတော်တစ်ယောက်သည် ရွှမ်မိန်ရှေ့ကို ရောက်လာ၍ ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

"အရှင်မင်းသမီး ဒီနေ့ကမင်းသမီးယွင်ရဲ့မွေးနေ့ပွဲရှိတဲ့အတွက် နန်းတွင်းအဆောင်မှာပဲ ဒီနေ့တစ်ရက်နေဖို့ အရှင်မင်းမြတ်က တောင်းဆိုလိုက်ပါတယ်"

ရွှမ်မိန်သည် ချောင်ဖုန်းကို ကြည့်လိုက်၍ "ရွှမ်မိန်ကြောင့်နဲ့ သခင်လေးကိုပါ အခက်တွေ့စေမိပြီ....."ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် ပြုံး၍ ပြန်ပြောလိုက်သည်။

"မင်းသမီးက....... အားနာနေတာပဲ"

ရွှမ်မိန်သည် ချောင်ဖုန်းက သူ့အားမင်းသမီးဟု ပြောင်းခေါ်လိုက်သည့်အတွက် တစ်မျိုးဖြစ်သွားခဲ့သည်။ထို့နောက် နန်းတွင်းကိုယ်ရံတော်သည် ချောင်ဖုန်းတို့ လေးယောက်ကို နန်းတွင်းအဆောင်တစ်ခုကို ခေါ်သွားခဲ့သည်။

ချောင်ဖုန်းသည် တစ်ယောက်သောအခန်းကို ဝင်လိုက်ပြီး အိပ်ယာပေါ်တွင်လှဲချလိုက်သည်။ထို့နောက် တစ်ယောက်ထဲစကားပြောကာ ပြုံး၍ နေလေသည်။

"ဟီး..... ဆရာကြီးပုံစံနေရတာ တကယ်ဇိမ်ကျတာပဲ ဟီး.....ဟီး ၊ ငါမှာအခုဆို ရွှေဒင်္ဂါးတွေလဲ မနည်းဘူး ၊ ငါအခု သေခြင်းစေတမန်ဓားအစီအရင်ကျင့်စဥ်ကို လေ့ကျင့်ရမယ်"

ချောင်ဖုန်းသည် သိုလှောင်ကွင်းထဲမှ ဝိညဥ်စွမ်းအင်းငါးမျိုးပါသော ဓားငါးချောင်းကို ထုတ်လိုက်သည်။ချောင်ဖုန်းသည် ထိုဓားငါးချောင်းလုံးကို သွေးစက်ချကာ သူနဲ့ချိတ်ဆက်လိုက်သည်။ထို့နောက် သေခြင်းစေတမန်ဓားအစီအရင်ကို စတင်လေ့ကျင့်လိုက်သည်။သေခြင်းစေတမန်ဓားအစီအရင်ကျင့်စဥ်သည် ဓားငါးချောင်းလုံးကိုတစ်ပြိုင်နက်ထိန်းချုပ်ကာ ဝိညဥ်စွမ်းအင်ငါးမျိုးလုံးကို တစ်ချိန်ထဲမှာ အသုံးပြုနိုင်သည်။

ချောင်ဖုန်းသည် အခန်းထဲတွင် တစ်ယောက်ထဲလေ့ကျင့်နေချိန်အပြင်ဘက်မှ တံခါးခေါက်သံကြားလိုက်ရ၍ ဓားများကို ပြန်သိမ်းကာ တံခါးကို ဖွင့်ပေးလိုက်သည်။ထိုအခါ နန်းတွင်းအစေခံမိန်းကလေးသည် ချောင်ဖုန်းအားအရိုအသေပြုလိုက်သည်။

"မင်္ဂလာသခင်လေး.....ကျွန်မကမင်းသမီးယွင်ရဲ့ အစေခံပါ "

ချောင်ဖုန်းသည် တည်တည်ငြိမ်ငြိမ်ပဲ "ဘာကိစ္စရှိလို့လဲ..... " ဟုပြန်ပြောလိုက်သည်။ထိုအခါ အစေခံမိန်းကလေးသည် ဖိတ်စာလေးတစ်ခုကို ပေးလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားသည်။

ချောင်ဖုန်းသည် ဖွင့်ကြည့်လိုက်တဲ့အခါ မင်းသမီးယွင်ရဲ့မွေးနေ့ကို ဖိတ်ကြားမှန်းသိလိုက်ရသည်။

"ကြည့်ရတာမင်းသမီးယွင်က ငါ့ကိုရွှမ်မိန်တို့နဲ့အတူလိုက်လာလို့ တိုင်းတစ်ပါးကလူထင်နေတာပဲ......."

မင်းသမီးယွင်ဆိုတာ ဝူဘုရင်ရဲ့အငယ်ဆုံးသမီးပင်ဖြစ်ပြီး နာမည်ကတော့ ချူယွင်ပင်ဖြစ်သည်။ချောင်ဖုန်းသည် မသွားချင်သော်လည်း ဘုရင်သမီးတော်ဖြစ်နေတဲ့အပြင် သူ့ကိုယ်တိုင်ကလဲ နန်းတွင်းမှာ ရောက်ရှိနေသောကြောင့်သွားရမည်။သို့သော် မင်းသမီးယွင်အား ပေးဆောင်ဖို့ လက်ဆောင်မရှိသေးပေ။

"ဟုတ်ပြီ.... ငါအဲ့ဆေးရည်ကို ဖော်စပ်ကြည့်ရမယ် "

ချောင်ဖုန်းသည် ဆေးမီးဖိုကို ထုတ်ကာ အပူပေးလိုက်သည်။ ဆေးအမယ်တစ်ခုချင်းကိုလဲ ဂရုစိုက်သန့်စင်လိုက်သည်။ဆေးမီးဖိုထဲတွင် ဆေးအမယ်များသည် စတင်အရည်ပျော်နေပြီဖြစ်သည်။ထို့နောက်ချောင်ဖုန်းသည် နှစ်တစ်ထောင်နှင်းကြာပန်းကို ထည့်လိုက်ကာ သန့်စင်လိုက်သည်။ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအင်ဖြင့် ဆေးမီးဖိုအတွင်းရှိဆေးအမယ်များကို ရောစပ်လိုက်တဲ့အခါ မွှေးကြိုင်လန်းဆန်းသော ရနံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချောင်ဖုန်းသည် "အောင်မြင်ပြီ..... "ဟု ပြောလိုက်ပြီး

ထွက်လာသော ဆေးအရည်လေးများကို ပုလင်းတစ်ခုထဲသို့ ထည့်လိုက်သည်။

"ဒီဆေးရည်ရဲ့အနံက မွှေးကြိုင်တဲ့အပြင် လူတစ်ယောက်ရဲ့အသားရည်ကို ချောမွတ်အောင်လုပ်ပေးနိုင်တယ့်အပြင် ဆေးရည်တစ်စက်နဲ့ရေစည်ထဲမှာ အချိန်ခဏပေးချိုးတာနဲ့ ပင်ပန်းနွမ်းနွယ်မှုတွေကို ပျောက်စေနိုင်တဲ့အတွက် မင်းသမီးယွင်သဘောကျမယ်ထင်တာပဲ"

"ငါအဂ္ဂိရတ်ပညာရပ်ကိုလဲ သန့်စင်ရမယ်၊ မဟုတ်သေးဘူး ငါစိတ်ဝိညဥ်စွမ်းအင်ကို အရင် သန့်စင်ရမယ်......."

"စိတ်ဝိညဥ်စွမ်းအင်ကို သန့်စင်မယ်..... "

ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအင်ကို သန့်စင်ပြီးသောအခါ နဂိုကထက် အာရုံကြောအားလုံးသည် အဆမတန်သန်မာလာလေသည်။

ထို့နောက်ချောင်ဖုန်းသည် အဂ္ဂိရတ်ပညာရပ်ကို အဆုံးထိသန့်စင်လိုက်လေသည်။

ထိုအခါ အဂ္ဂိရတ်ပညာရပ်နဲ့ပက်သက်သော အကန့်အသတ်မဲ့နည်းလမ်းပေါင်းစုံသည် ချောင်ဖုန်းရဲ့ အသိဥာဏ်ထဲကို ဝင်လာလေသည်။

"ဂုဏ်ယူပါတယ်စနစ်ရှင်သည် အဂ္ဂိရတ်ပညာရပ်၏ နဝမအဆင့်အဂ္ဂိရတ်ပညာအဆင့်ကို ရောက်ရှိသွားပါပြီ "

ချောင်ဖုန်းသည် ရီကာမောကာဖြင့် "ဒီကမ္ဘာမှာ အဂ္ဂိရတ်ပညာရပ်နဲ့ပက်သက်ရင် ငါ့လောက်သိတဲ့လူ ရှိပါ့အုံးမလား ဟီးဟီး"

ထို့နောက်ချောင်ဖုန်းသည် ဆေးပုလင်းနှင့် ဆေးမီဖိုကို ပြန်၍သိမ်းလိုက်သည်။ထိုချိန်မှာ နောက်ထပ်တံခါးခေါက်သံကိုကြားလိုက်ရပြီး ရွှမ်မိန်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရသည်။

"မင်းသမီးရွှမ်မိန်လား......သူကငါရှိဘာကိစ္စရှိလို့လဲ"

ချောင်ဖုန်းသည် တံခါးကိုဖွင့်ကြည့်လိုက်တဲ့အခါ ရွမ်မိန်သည် အရေးတကြီးပုံစံဖြစ်နေတာကို တွေ့လိုက်ရသည်။

"မင်းသမီးဘာကိစ္စများရှိလို့လဲ......"

ရွှမ်မိန်သည်ချောင်ဖုန်းတံခါးဖွင့်လိုက်တဲ့ မွှေးကြိုင်လန်းဆန်းတဲ့အနံကို ခံစားလိုက်ရတဲ့အတွက် အံ့သြသွားသည်။

"သခင်လေးချောင်ဖုန်း..... ကျေးဇူးပြုပြီး ရွှမ်မိန်ကို မင်းသမီးဆိုပြီး မခေါ်ပါနဲ့လား ၊ နောက်ပြီး သခင်လေးရဲ့အခန်းထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ရံနံမျိုး ဘာလို့မွှေးနေတာလဲ "

ရွှမ်မိန်သည် အခန်းထဲမှာ မိန်းကလေးတစ်ယောက်ယောက်များရှိနေတယ်ထင်ကာ အခန်းတစ်ခုလုံးကိုပတ်ရှာကြည့်လိုက်သည်။ချောင်ဖုန်းသည် ရွှမ်မိန်က သူ့အားအထင်လွဲနေပြီဆိုတာ သိလိုက်သည်။

"မိန်းကလေးရွှမ်မိန်.....ကျွန်တော်ရှိလာတာကိစ္စရှိလို့လား..... "

ရွှမ်မိန်သည် "ရွှမ်မိန်......အထဲဝင်ပြီးစကားပြောလို့ရမလား...."ဟု မေးလိုက်တဲ့အခါ ချောင်ဖုန်းသည် အထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

"မိန်းကလေးရွှမ်မိန်......ဘာကိစ္စရှိလို့လဲ"

ထိုအခါ ရွှမ်မိန်သည် စားပွဲဝိုင်းမှာ ထိုင်နေရင်း ကုတင်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။

"သခင်လေးချောင်ဖုန်း......မင်းသမီးယွင်ရဲ့မွေးနေ့ပွဲကို ရှင်လည်းသိမယ်ထင်တယ် "

ထိုအခါ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ရင်း "မိန်းကလေးရွှမ်မိန်......မင်းကတကယ်ပဲ ကျိုးတိုင်းပြည်က မင်းသမီးလား" ဟုမေးလိုက်သည်။

"ဟုတယ်ရွှမ်မိန်က ကျိုးတိုင်းပြည်ဘုရင်ရဲ့ တတိယမြောက်သမီးတော်တစ်ယောက်ပဲ ၊ ဒါပေမယ့်သခင်လေးချောင်ဖုန်းနှိမ့်ချစွာဆက်ဆံဖို့မလိုပါဘူး "

"မိန်းကလေးရွှမ်မိန်.....ညကျရင် မင်းသတိထားဖို့လိုမယ်နော် ၊ ယွင်ချီသာ ငါတို့ရောက်နေတာကိုသိရင် အလွတ်ပေးမယ်မထင်ဘူး"

ထိုအခါ ရွှမ်မိန်ကလဲ တစ်ဆက်ထဲပြောလိုက်သည် ။

"ရွှမ်မိန်လဲ အဲ့ကိစ္စသခင်လေးကို လာသတိပေးတာ ၊ ကြည့်ရတာ ဝူဘုရင်က သူရဲ့အာဏာတချို့ သူ့ကိုလွဲပြောင်းပေးထားပြီးပြီထင်တယ်"

ချောင်ဖုန်းနဲ့ရွှမ်မိန်သည် စကားအနည်းငယ်ပြောပြီးနောက် ရွှမ်မိန်သည် ပြန်ထွက်သွားခဲ့သည်။ချောင်ဖုန်းသည် တစ်ယောက်ထဲရှိတဲ့အခါ သူရဲ့သေခြင်းတရားစေတမန်အစီအရင်ကျင့်စဥ်ကို ပြန်လေ့ကျင့်လိုက်သည်။

ရွှမ်မိန်သည် ဖဲပွင့်လေးများပါသောအဖြူရောင်ဂါဝန်လေးဝတ်ဆင်ကာ ဆံထိုးလေးထိုး၍ ကြေးမုံရှေ့မှာ သူ့ကိုယ်သူကြည့်နေလေသည်။ထို့နောက် အခန်းတံခါးဝသို့ ထွက်တဲ့အခါ အရိပ်မဲဖြင့် လူနှစ်ယောက်သည် ရွှမ်မိန်ကို ဦးညွှတ်လိုက်သည်။

"သခင်မလေး....... နတ်ဘုရားမျှော်စင်ဂိုဏ်းကအကြီးအကဲတချို့အပါအဝင် သခင်လေး ကျိုးရန်ပါ ရောက်ရှိနေပါပြီ"

"အကိုတော်ပါ လိုက်လာတာလား......"

ထိုအခါ အရိပ်မဲဖြင့် လူက လက်ဆောက်ပုံးတစ်ခုကို သိုလှောင်ကွင်းထဲက ထုတ်ပေးလိုက်သည်။

"ဘုရင်မင်းမြတ်က သခင်မလေးကို စိတ်မချလို့ သခင်လေးကျိူးရန်ကိုစေခိုင်းလိုက်တာထင်ပါတယ်..... ဒီလက်ဆောင်ကမင်းသမီးယွင်အတွက်ပါ"

"ကောင်းပြီလေ.......ကျွန်မတို့သခင်လေးချောင်ဖုန်းကို ခေါ်ပြီးသွားကြတာပေါ့"

ရွှမ်မိန်သည် လက်ဆောင်ပုံးကို သူသို့လှောင်ကွင်းထဲသို့ထည့်လိုက်သည်။

ထို့နောက် ရွှမ်မိန်တို့သည် ထွက်လာတဲ့အခါ ချောင်ဖုန်းသည် သူ့အခန်းရှေ့မှာ ရပ်စောင့်နေတာကို တွေ့လိုက်ရသည်။ချောင်ဖုန်းရဲ့စိတ်ထဲမှာတော့ တော်ဝင်မျိူးနွယ်တွေက မွေးနေ့ပွဲကို ညဘက်ကျင်းပသောကြောင့် ထူးဆန်းသလိုဖြစ်နေခဲ့သည်။

ချောင်ဖုန်းကိုမြင်တဲ့အခါ အရိပ်မဲလူတစ်ယောက်သည် ချောင်ဖုန်းအနားကို ကပ်ကာ ပြောလိုက်သည်။

"သခင်လေးချောင်ဖုန်းမင်းမှာ အရည်အချင်းရှိတာ ငါတို့သိပါတယ် ၊ သခင်မလေးက လူတွေကို အဆင့်ခွဲခြားမဆက်ဆံတက်ပင်မယ့်

သူ့ရဲ့အကိုတော်ဖြစ်တဲ့ ကျိုးတိုင်ပြည်ရဲ့အိမ်ရှေ့စံမင်းသားက မင်းသမီးယွင်ရဲ့မွေးနေ့ပွဲကို တက်ရောက်မှာဖြစ်တဲ့အတွက်..... "

ချောင်ဖုန်း ထိုလူပြောနေတုန်းမှာ လက်တစ်ဖက်ထောင်ကာ " ငါနားလည်ပြီဟု..... " ပြောလိုက်သည်။

All Chapters