chapter (44)
Vol. 3 Ch. 44
အသန့်စင်ဆုံးစနစ် အခန်း(44)
ထို့နောက်ချောင်ဖုန်းနှင့်ရွှမ်မိန်တို့သည် ကျယ်ပြန့်သောခြံဝန်းတစ်ခုကို ရောက်ရှိလာကြသည်။ထိုခြံဝန်းထဲတွင် ရောင်စုံမီးပုံးများလင်းထိန်နေပြီး စားပွဲများပေါ်တွင် လှပသောအခင်းလေးများကိုခင်းကျင်းထားသည်။
လူတိုင်းအားလုံးသည် သန့်ပြန်သောအဝတ်အစားများကို ဝတ်ဆင်ထားပြီး ရဲမက်တွေကလဲ ခြံဝန်းအပြည့်ရှိနေလေသည်။
ရွှမ်မိန်နှင့်ချောင်ဖုန်းတို့ကို တွေ့သည့်အခါ အစေခံမိန်းကလေးတစ်ယောက်ရောက်ရှိလာကာ စားပွဲဝိုင်းတစ်ခုတွင် နေရာပေးလိုက်သည်။ချောင်ဖုန်းတို့သည် သူတို့ပါလာသောလက်ဆောင်များကို ထိုအစေခံမလေးအားပေးလိုက်သည်။
နန်းတွင်းထဲမှာ လူတစ်ချို့သည် ချောင်ဖုန်းတို့စားပွဲဝိုင်းကို ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။
"ကျိုးတိုင်းပြည်က မင်းသမီးကလဲ ငါတို့ဝူတိုင်းပြည်ရဲ့မင်းသမီးယွင်နဲ့အတူ အပြိုင်ချောတာပဲ"
"မင်းပြောတာသိပ်မှန်တယ် ၊ သူတို့ကို ရတဲ့လူကတော့ ဘာများလိုအပ်အုံးမလဲ ဒါနဲ့အဲ့ဝိုင်းမှာထိုင်နေတဲ့သခင်လေးကို မင်းသိလား......"
"ဟင့်အင့်..... ငါသူ့ကိုမမြင်ဖူးဘူး ၊ ဒါပေမယ့် နန်းတွင်းကို မင်းသမီးနဲ့အတူဝင်လာတာကို ငါတွေ့လိုက်တယ်"
ထိုချိန်မှာ ချောင်ဖုန်းတို့ဝိုင်းကို တော်ဝင်အဝတ်အစားဖြင့် လူတစ်ယောက်သည် ထိုင်လိုက်ပြီး ဝိုင်တစ်ခွက်ကို မော့သောက်လိုက်သည်။ထို့နောက် ဖန်ခွက်ကို ချလိုက်ပြီး ရွှမ်မိန်ကို ဆူလိုက်သည်။
"တတိယညီမ........ဝူတိုင်းပြည်ကို လာတာဘာလို့ငါ့ကိုအကြောင်းမကြားတာလဲ"
ထိုချိန်မှာ အရိပ်မဲလူနှစ်ယောက်သည် ဒူးထောက်ကာ ဂါဝါရပြုလိုက်သည်။
"အရှင့်သားကို..... ဂါဝါရပြုကြိုဆိုပါတယ်"
"ထကြပါ........"
ရွှမ်မိန်သည် လက်နှစ်ဖက်ဆုပ်ကာ မျက်နှာကို တခြားဘက်လှည့်ကာ "အကိုတော်ကိုနှုတ်ဆက်ပါတယ်" ဟုပြောလိုက်သည်။
ထို့နောက် ကျိူးရန်သည် ချောင်ဖုန်းကို ကြည့်ကာ ဝေဖန်လိုက်သည်။ချောင်ဖုန်းအဝတ်အစားအရတော်ဝင်မျိူးနွယ်မဖြစ်နိုင်တဲ့အပြင် သူဌေးသားတစ်ယောက်လဲ မဖြစ်နိုင်ပုံပေါက်နေသည်။
ရွှမ်မိန်သည် ချောင်ဖုန်းကို သူ့အကိုနဲ့နှုတ်ဆက်ပေးလိုက်သည်။
"သခင်လေးချောင်ဖုန်း..... ဒါရွှမ်မိန်အကိုကျိုးရန်ပါ "
ချောင်ဖုန်းသည် အလိုက်သိသိ ထိုင်ခုံထကာ မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်.....အရှင်မင်းသား"
"ရပါတယ်.....ဒါကဝူတိုင်းပြည်ပဲလေ ၊ အဲ့လောက်ရိုသေစရာမလိုပါဘူး"
ကျိုးရန်သည် ရွှမ်မိန်က သခင်လေးလို့တောင်ခေါ်လိုက်သည့်အတွက်ချောင်ဖုန်းရဲ့အဆင့်အတန်းကိုသိချင်သွားသည်။ဝူဘုရင်မှာ သားတော်တစ်ပါးကယွင်ချီဖြစ်ပြီး နောက်တစ်ယောက်က သမီးတော်သာ ဖြစ်တဲ့အတွက် နာမည်ကြီးဂိုဏ်းတစ်ခုရဲ့သခင်လေးဟု ကျိုးရန်က ထင်မိသွားသည်။
ရွှမ်မိန်သည် ကျိုးရန်အနားကို ကပ်ကာ ယွင်ချီရဲ့အကြောင်းကိုတိတ်တဆိတ်ပြောပြလိုက်သည်။
ကျိုးရန်သည် စားပွဲဝိုင်းကို ရိုက်ချလိုက်ပြီး ဒေါသထွက်သွားသည်။
"အတင့်ရဲလှချည်လား......ဒီကောင်ကတိုင်းပြည်နှစ်ခုကို စစ်ဖြစ်အောင်ကြိုးစားနေတာပဲ"
ထို့နောက် ရွှမ်မိန်ခေါင်းကိုပွတ်ကာ"စိတ်ချပါ ငါမင်းအတွက်တရားမျှတမှုပြန်ယူပေးမည်" ဟု ပြောလိုက်သည်။ထိုချိန်မှာ အဖိုးကြီး ငါးယောက်ရောက်ရှိလာတဲ့အခါ ကျိုးရန်နဲ့ ရွှမ်မိန်က ထနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါအကြီးအကဲတို့....... "
ထိုထဲမှ အကြီးဆုံးဟု ယူဆရသော အကြီးအကဲမှ ရယ်ကာပြောလိုက်သည်။
"ဟားဟား..... အရှင့်သားကနောက်နေပြန်ပါပြီ ၊ ငါတို့လူအိုငါးယောက်ကို အဲ့လောက်အလေးထားစရာမလိုပါဘူး"
ထိုချိန်မှာ လူတစ်ယောက်သည် ကြေးစည်တီးကာ အော်ပြောလိုက်သည်။
"အရှင်မင်းကြီးကြွချီလာပါပြီ........."
ထိုအခါ ဝူတိုင်းပြည်က လူအားလုံးသည် ဝူဘုရင်မင်းမြတ်ကို ဂါဝါရပြုလိုက်ကြသည်။
"အရှင်မင်းကြီး......ကျန်းမာပါစေ ၊ ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ"
"ထကြပါ...... မင်းတို့သက်သာသလိုနေကြပါ"
ထို့နောက် တခြားတိုင်းပြည်မှ မင်းညီမင်းသားများသည် လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။
"ကျန်းမာပါရဲ့လား........ အရှင်မင်းကြီး"
"ကောင်းပါတယ်ကွယ် ကောင်းပါတယ်"
ထို့နောက် ဝူဘုရင်သည် သူ့ရဲ့မူးမတ်တစ်ယောက်ကို မိန့်ခွန်းပြောဖို့ ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ မူးမတ်သည်လည်း စာရွက်တစ်ခုကို ဖတ်ကာ အော်ပြောလိုက်လေသည်။
"မင်းသမီးယွင်ရဲ့မွေးနေ့ကို ကြွရောက်လာပေးကြတဲ့တိုင်းပြည်အရပ်ရပ်ကလူများအားလုံးကို ဝူဘုရင်မင်းမြတ်က စားသောက်သောက်ဖွယ်တွေအပြင် စုံတွဲကပွဲလေးတစ်ခုပြုလုပ်ထားပါတယ်၊ အဲ့ဒီကပွဲမှာ မင်းသမီးယွင်လဲ ပါဝင်မှာဖြစ်ပါတယ်"
ထိုအခါ ဝူတိုင်းပြည်က များစွာသောသခင်လေးများအပြင် တိုင်းပြည်အရပ်ရပ်က မင်းညီမင်းသားတွေက ဝမ်းသာသွားခဲ့သည်။
"ငါသာမင်းသမီးယွင်နဲ့အတူစုံတွဲရရင် ဒီဘဝသေပျော်ပြီကွာ....."
ထိုချိန်မှာ မူးမတ်က စကားကို ဆက်၍ ပြောလိုက်သည်။
"ဒါပေမယ့်.....မင်းသမီးယွင်နဲ့တွဲဖက်ကရမယ့်လူက တစ်ယောက်ထဲဖြစ်ပြီး ၊ အဲ့လူကိုမင်းသမီးက ကိုယ်တိုင်ရွေးချယ်မှာဖြစ်ပါတယ်"
ထို့နောက် ပန်းရောင်ဝတ်စုံလေးနဲ့နှုတ်ခမ်းနီလေးကို နှူတ်ခမ်းမှာဖူးရဲနေအောင်ဆိုးထားသော မင်းသမီးယွင်သည် ထိုခြံဝန်းထဲကို ရောက်ရှိလာခဲ့သည်။
ချူယွင်သည် ဝူဘုရင်ကို ရိုရိုသေသေဂါဝါရပြုလိုက်သည်။
"သမီးတော်.......ဖခမည်းတော်ကို ဂါဝါရပြုပါတယ်"
"မလိုပါဘူးကွယ် ၊ ဒီနေ့က သမီးလေးရဲ့မွေးနေ့ပဲ ပျော်ပျော်ရွှင်ရွှင်နေပါ"
ထို့နောက် တိုင်းပြည်အနှံမှမင်းသား၊မင်းသမီးရမူးမတ် နှင့်စစ်သူကြီးများသည် ချူယွင်ကို မွေးနေ့ဆုတောင်းစကားပြောဆိုကြလိုက်သည်။
ချူယွင်ရဲ့အစေခံမိန်းကလေးသည် ချူယွင်အနားကိုရောက်ရှိလာခဲ့ပြီး ခေါင်းလေးငုံကာပြောလိုက်သည်။
"မင်းသမီးရှင့်.....ကျွန်မလက်ဆောင်တွေကို စုစည်းထားပြီးပါပြီ"
ချူယွင်သည် အစေခံမိန်းကလေးနှင့်အတူ လက်ဆောင်များရှိသောနေရာကို လိုက်သွားတာကို လူတိုင်းကြည့်နေခဲ့သည်။ထိုထဲမှ မိန်းကလေးတစ်ယောက်သည် သူစိတ်ထဲရှိရာကို ခန့်မှန်း၍ ပြောလိုက်သည်။
"မဟုတ်မှလွဲရော.....မင်းသမီးလေးယွင်က လက်ဆောင်တွေထဲက
သူအနှစ်သက်ဆုံးလက်ဆောင်ရဲ့ပိုင်ရှင်နဲ့စုံတွဲကမလို့လား....."
ထိုမိန်းကလေးရဲ့အသံကို ကြားသောအခါ အားလုံးသည် ထိုမိန်းကလေးကဲ့သို့ ထင်သွားကြသည်။
"ဖြစ်နိုင်တယ်......မင်းသမီးယွင်ကအဲ့လိုဆုံးဖြတ်ထားတဲ့ပုံပဲ"
ထို့နောက် အားလုံးစားသောက်ဖို့အစားအသောက်များကို လာချပေးပါတော့သည်။ချောင်ဖုန်းသည် စားရင်းသောက်ရင်းဖြင့် စုံတွဲများကနေသော နေရာကို လှမ်းကြည့်နေခဲ့သည်။
ချူယွင်သည် လက်ဆောင်အများအပြားကို အဖိုးကြီးတစ်ယောက်နှင့် အတူကြည့်နေခဲ့သည်။ချူယွင်သည် ရတနာလက်နက်များ ၊ ကျောက်မျက်ရတနာများ ၊ ကျင့်ကြံရေးမြှင့်တင်ပေးသောဆေးလုံးများ ၊ အစီအရင်များ ၊ ပတ္တမြားပိုးထည်ဝတ်စုံအများအပြားကိုသာ တွေ့လိုက်ရပြီး ချောင်တွင် ကပ်နေသော သေးငယ်သည့် ဆေးပုလင်းကို တွေ့လိုက်ရသည်။
ထို့နောက် အဖိုးကြီးကို ယူပေးလိုက်ကာ"အဖိုးပေ.... ဒါကဘာဆေးရည်လဲ" ဟု ပြောလိုက်သည်။ထိုအဖိုးကြီးသည် သူ့ကို ထိန်းတော်ဖက်တစ်ဦးဖြစ်သလို သူယုံကြည်စိတ်ချရဆုံးလူလဲဖြစ်သည်။
ထိုအဖိုးအိုသည် ဆေးပုလင်းဖွင့်လိုက်တဲ့အခါ ထိုခြံဝန်းတစ်ခုလုံးသည် အလွန်မွှေးကြိုင်သောအနံကို ရှုမိကြလိုက်ရသည်။
"ဒီလောက်မွှေးကြိုင်တဲ့အနံက ဘယ်ကနေရောက်လာတာလဲ"
အားလုံးသည် ထိုအနံကိုသဘောကျနေကြသည်။ထိုထဲတွင်ရွှမ်မိန်ကတော့ ချောင်ဖုန်းကိုသာ ကြည့်နေခဲ့သည်။ရွှမ်မိန်သည် ထိုအနံကို ချောင်ဖုန်းအခန်းတွင် တစ်ခါ ရရှိခဲ့ပြီးသောကြောင့်ဖြစ်သည်။
ဆေးပုလင်းဖွင့်နေသော အဖိုးအိုသည် သူ့နောက်ကအဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို စစ်ဆေးဖို့ခေါ်ခိုင်းလိုက်သည်။
ထိုအခါ ဒုတိယအဆင့်အဂ္ဂိရတ်ပညာရှင်တစ်ယောက်သည် ဆေးပုလင်းကို ရှုရှိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"မင်းသမီးယွင်..... ဒီဆေးရည်က အသားရေအရေးအကြောင်းတွေဖြစ်ပေါ်လာမှုကို ကာကွယ်ပေးပြီး ဒီဆေးရည်နဲ့ရေစိမ်ချိုးပေးမယ်ဆိုရင် ပင်ပန်းမှုနွမ်းနယ်မှုတွေကို လျော့ချပေးနိုင်ပါတယ်"
ထို့နောက်အဖိုးပေသည် ထိုလူထို ပြန်သွားခိုင်းလိုက်ပြီး ဆေးပုလင်းကို ပြန်ပိတ်ထားလိုက်သည်။မင်းသမီးယွင်သည် ထိုဆေးရည်ပုလင်းကိုပဲ စိတ်ဝင်တစားဖြစ်နေသည့်အတွက် အဖိုးပေမှ မေးလိုက်သည်။
"မင်းသမီးကြည့်ရတာ ဒီဆေးရည်ပုလင်းကို စိတ်ဝင်စားနေတဲ့ပုံပဲ....."
"ဟုတ်တယ်အဖိုးပေ.....ဒီလက်ဆောင်အများစုက တန်ဖိုးကြီရတနာတွေဆိုပင်မယ့် သမီးဒီဆေးရည်ပုလင်းက ကျန်တာတွေထက်သာတယ်လို့ သမီးထင်တယ်"
ထိုအခါ အဖိုးပေသည် ဆေးရည်ပုလင်းရဲ့ပိုင်ရှင်ကို မေးမြန်းလိုက်သည်။
"အားလုံးပဲ ခဏလောက်တိတ်ဆိတ်ပေးပါ.....ကျွန်တော်တို့ရဲ့မင်းသမီးလေးက ဒီဆေးရည်ပုလင်းလေးရဲ့ပိုင်ရှင်နဲ့ တွဲကဖို့ ဆုံးဖြတ်လိုက်ပါပြီ"
ထိုအခါ အားလုံးသည် ဆေးရည်ပုလင်းရဲ့ပိုင်ရှင်ကို သိချင်သွားကြသည်။
"ဘယ်တိုင်းပြည်ရဲ့သခင်လေးက....အဲ့လောက်ကံကောင်းသွားတာလဲမသိဘူး"
ချောင်ဖုန်းသည် ထိုလိုအရာမျိုးတွင် ကိုယ်တိုင်ကဖို့စိတ်ဝင်စားမှုမရှိပေ။နောက်ပြီး ရန်သူတွေက ပို၍ ပေါများလာနိုင်သောကြောင့် ဝိုင်တစ်ခွက်ကိုသာ ဇိမ်ခံ၍ သောက်နေသည်။ထိုချိန်မှာ ကျိူးရန်ကတော့ စိတ်တိုမှုဖြစ်နေတာကို တွေ့လိုက်ရသည်။
"ငါလက်ဆောင်က အဲ့ဆေးရည်လောက်တောင်တန်ဖိုးမရှိဘူးလား ၊ အဲ့တာကဘာများကောင်းနေလို့လဲ"