chapter (45)
Vol. 4 Ch. 45
အသန့်စင်ဆုံးစနစ် အခန်း(45)
အားလုံးသည် ဆေးရည်ပုလင်းပိုင်ရှင်ရဲ့အသံသည် ထွက်မလာတာကြောင့် ဝမ်းသာသွားကြသည်။
"ကြည့်ရတာ အဲ့လူကလက်ဆောင်ပေးပြီးတော့ ပြန်သွားပုံရတယ်"
ရွှမ်မိန်သည် ချောင်ဖုန်းအားမသင်္ကာတော့လည်း အနားတွင် လူများစွာရှိနေသည့်အတွက်မမေးမြန်းတော့ပေ။ထိုချိန်လူသုံးယောက်သည်
ချောင်ဖုန်းတို့ စားပွဲဝိုင်းရှိရောက်ရှိလာလေသည်။ထိုလူတွေထဲမှတစ်ယောက်သည် ကျိုးရန်ကို နှုတ်ဆက်လိုက်သည်။
"ကျွန်တော်မျိုးဟုန်မူဂျီ.....မင်းသားလေးကျိုးရန်ကိုနှုတ်ဆက်ပါတယ်"
ကျိုးရန်သည် ထိုင်နေရာမှ ထလိုက်ပြီး ထိုလူကို ပြန်၍ နှုတ်ဆက်လိုက်သည်။
"စစ်သူကြီးဟုန်ပါလား......ကျွန်တော်ကို နှိမ့်ချစွာဆက်ဆံနေဖို့မလိုပါဘူး"
"ဘယ်ဟုတ်ပါ့မလဲ.....မင်းသားလေးက တိုင်းတစ်ပါးကအိမ်ရှေ့စံတစ်ယောက်လေ ၊ ကျွန်တော်မျိုးစစ်သူကြီးက ဘယ်လိုတန်းတူဆက်ဆံရဲမှာလဲ"
ထို့နောက်စစ်သူကြီးဟုန်မူဂျီသည် သူနောက်က နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
"မင်းသားလေးကျိုးရန် ......ဒီတစ်ယောက်က ကျွန်တော်ရဲ့သား လီပင်းဖြစ်ပြီး နောက်တစ်ယောက်က ကျွန်တော်ရဲ့တူ ဟုန်ပင်းပါ "
ထိုအခါ လီပင်းနဲ့ဟုန်ပင်းသည် ကျိူးရန်ကို လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်ကာ ဂါဝါရပြုကြလိုက်သည်။
"မင်္ဂလာပါ.......မင်းသားလေးကျိူးရန် ၊ မင်းသားလေးလိုလူမျိူးနဲ့တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်"
ထို့အခါ ကျိုးရန်သည် ပြန်ထိုင်လိုက်ပြီး သူ့ညီမ ရွှမ်မိန်နဲ့မိတ်ဆက်ပေးလိုက်သည်။
"စစ်သူကြီးဟုန်......ဒါကျွန်တော်ရဲ့တတိယညီမတော်ရွှမ်မိန်ပါ "
ထိုအခါ စစ်သူကြီးနှင့်အတူ လီပင်းတို့ကလဲ ရွှမ်မိန်ကို နှုတ်ဆက်လိုက်ကြသည်။ထိုချိန်မှာ လီပင်းနှင့်ဟုန်ပင်းသည် ချောင်ဖုန်းကိုပါ တွေ့သွားပြီး နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါ သခင်လေး.......သခင်လေးလဲ ဒီရောက်နေမယ်မထင်ထားမိဘူး"
ချောင်ဖုန်းသည် လီပင်းကို ထိုင်ရာကနေမထဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။စစ်သူကြီးသည် သူ့သားသည် သူ့ထက်သာသောသူကိုသာ လေးစားစွာဆက်ဆံကြောင်းသိထားသည်။ချောင်ဖုန်းသည် သူ့သားလီပင်းနှင့်အသက်တူညီစွာ ရှိပြီး ဘာကြောင့် လီပင်းက လေးစားစွာဆက်ဆံနေတာလဲ သိချင်သွားသည်။
"လီပင်း......မင်းဒီကသခင်လေးကိုသိနေတာလား"
ထိုအခါ လီပင်းသည် သူ့အဖေအား ရှင်းပြလိုက်သည်။
"အဖေ.......ဒီကသခင်လေးကလက်နက်အစီအရင်ဆရာတစ်ယောက်ထင်တယ် ၊ သခင်ကြီးမူခဲ့တောင် ဒီကသခင်လေးကို ရိုရိုသေသေဆက်ဆံတာကို သားတွေ့ခဲ့ရတယ်"
ချောင်ဖုန်းကတော့ အားလုံးသည် သူ့ကို ကြည့်နေသော်လည်း ဂရုမစိုက်သည့်ဟန်ဖြင့်နေလေသည်။ကျိုးရန်နှင့်ဘေးက အကြီးအကဲသည်လည်း ချောင်ဖုန်းသည် ငယ်ငယ်ရွယ်ရွယ်နဲ့လက်နက်အစီအရင်ဆရာတစ်ယောက်ဖြစ်နေသည့်အတွက် လေးစားသွားကြသည်။
ထိုအခါ စစ်သူကြီးဟုန်မူဂျီသည်လည်း ချောင်ဖုန်းကို နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။ထိုအခါမှသာ ကျိုးရန်သည် ချောင်ဖုန်းကို ပြန်၍ ပြောလိုက်သည်။
"လတ်စသတ်တော့ဒီကသခင်လေးက လက်နက်အစီအရင်ဆရာတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး ၊ ငါတကယ်ပဲ လေးစားမိတယ်"
ထိုအခါ ချောင်ဖုန်းသည် ဂရုတစိုက်ဖြင့်ပြန်ပြောလိုက်သည်။
"မခံယူဝံပါဘူး.....ကျွန်တော်မျိုးလက်နက်အစီအရင်ဆရာတစ်ယောက်က သခင်လေးကို ဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာလဲ"
ချောင်ဖုန်းရဲ့စိတ်ထဲမှာတော့ " ဒီတော်ဝင်မျိုးနွယ်တွေနဲ့ စကားပြောရတာလူကို အနေကျပ်စေတာပဲ ငါဒီကနေ ထပြန်သွားလို့ရရင်ကောင်းမယ် " လို့တွေးနေလေသည်။
ထိုချိန်မှာ နန်းတွင်းရဲ့ အချက်ပေးဗုံတီးသံကြီးသည် အဆက်မပြတ်ထွက်ပေါ်လာလေသည်။ထိုအခါ ဝူဘုရင်မင်းမြတ်သည် ငုံ၍ခေါင်းကို ခါနေလေသည်။
"ကြည့်ရတာဒီပြသာနာက ရှောင်လွဲလို့မရတော့ဘူးပဲ"
လူအားလုံးသည် နန်းတော်အပြင်ဘက်ကောင်းကင်ယံထက်မှာ လူပေါင်းများစွာနဲ့နတ်ဆိုးသားရဲပေါင်းများစွာကို တွေ့လိုက်ကြရသည်။
ထိုအခါ လူတစ်ချို့သည် ကြောက်ကြောက်လန့်လန့်ဖြစ်ကာ နောက်ဆုတ်သွားပင်မယ့် တချို့ကတော့ ထိုကိစ္စဖြစ်လာမည်ကို ကြိုသိပြီးသားကြ ဖြစ်ကြသည်။ကျိုးရန်သည် အကြီးအကဲတွေအား ရွှမ်မိန်အားခေါ်သွားခိုင်းလိုက်သည်။ခဏအတွင်းမှာပဲ စည်ကားသော ပွဲတော်ကြီးမှ စစ်သည်ရဲမက်များပြည့်ဝသော နေရာတစ်ခုသို့ပြောင်းလဲသွားသည်။
ထိုချိန်မှာ ချောင်ဖုန်းရဲ့နောက်မှ လူတစ်ယောက်သည် ပုခုံးလာကိုင်လိုက်သည်။ချောင်ဖုန်းလှည့်ကြည့်လိုက်တဲ့အခါ ယန်အစီအရင်ဂိုဏ်းမှ မိုစီနဲ့အတူ တခြားအကြီးအကဲများရောက်ရှိလာတာကို တွေ့လိုက်ရသည်။
ချောင်ဖုန်းနှုတ်ဆက်မည့်ချိန်မှာ မိုစီသည် တားလိုက်ပြီး သူ့တို့နဲ့အတူလိုက်ခဲ့ဖို့ပြောလိုက်သည်။မိုစီသည် ချောင်ဖုန်းအား ကိစ္စတချို့ကိုပြောလိုက်သည်။တိုင်းပြည်တစ်ခုအတွင်းရဲ့ စစ်ရေးနှင့်ပက်သက်သောကိစ္စများတွင် ဂိုဏ်းတွေအားလုံးကို ဘုရင်မင်းမြတ် ကခွင့်ပြုချက်မရှိဘဲ လှုပ်ရှားခွင့်မရှိပေ။
ကျိူးရန်သည် သူ့ရဲ့ဓားကို ထုတ်လိုက်ကာ သူဘေးမှ လူကို မျက်စပြုလိုက်သည်။ထိုအခါ ကျိူးရန်ရဲ့လူသည် မြှားတစ်ချောင်းကို မိုးပေါ်သို့ ပစ်လိုက်တဲ့အခါ စစ်တပ်တစ်ခုသည် နန်းတွင်းရဲ့အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။
ဝူဘုရင်၏ အနားတွင် တိုင်းပြည်အချို့မှ ဘုရင်သားတော်များရှိနေကြသည်။ဝူဘုရင်သည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း တိုက်ခိုက်ဖို့အမိန့်ပေးလိုက်သည်။
ထိုအခါ ဝူဘုရင်နန်းတော်ရဲ့ စစ်သည်တော်များသည် စတင်၍ တိုက်ခိုက်ပါတော့သည်။
နတ်ဆိုးသားရဲကြီးများသည် စွမ်းအင်လှိုင်းကြီးများနှင့်အပြန်အလှန် စတင်တိုက်ခိုက်လေသည်။ထိုအခါ နန်းတော်အပြင်ဘက်တွင် ရှိသော စစ်တပ်များကလဲ ဝတ်ရုံနီဂိုဏ်းနှင့် နတ်ဆိုးသားရဲကြီးများကို စတင်တိုက်ခိုက်လေသည်။
ဝတ်ရုံနီဂိုဏ်းမှတပ်သားတစ်ယောက်သည် ဝေါယာဥ်ထဲမှာရှိသော သူ့တို့ရဲ့ခေါင်းဆောင်ကို ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်.......ဝူဘုရင်က တခြားသောတိုင်းပြည်ရဲ့အကူအညီကို ရရှိထားပါတယ် ၊ ကျွန်တော်တို့ဘာဆက်လုပ်သင့်လဲ"
ထိုအခါ အထဲမှခေါင်းဆောင်ဆိုသော လူသည် ရီမောကာ ထပြောလိုက်သည်။
"ကြည့်ရတာ မင်းကဝါနုသေးတဲ့တပ်သားအသစ်လေးထင်တယ် ၊ ငါတို့ဝတ်ရုံနီဂိုဏ်းက မသေချာမရေရာပဲ လူတွေအဆုံးရှုံးခံပြီး တိုက်မယ်ထင်တာလား"
ထိုအခါ အစေခံတပ်သားသည် နားမလည်သောကြောင့် အူကြောင်ကြောင်ဖြစ်သွားသည်။
"ခေါင်းဆောင်ဘာကိုဆိုလိုတာလဲ......."
သို့သော်ခေါင်းဆောင်သည် မပြောပြဘဲ အခြေအနေပြန်ကြည့်ဖို့ ပြောလိုက်သည်။အမှန်တကယ်တော့ ဝတ်ရုံနီဂိုဏ်းသည် ကျင့်ကြံသူအားလုံးကို လှည့်စားလိုက်ခြင်းဖြစ်သည်။
ဝူဘုရင်မင်းမြတ်တို့သည် တိုက်ပွဲကိုကြည့်နေချိန်မှာ ခိုစာတစ်ခုသည် ကျိုးရန်လက်ထဲကို ရောက်ရှိလာခဲ့သည်။
ကျိုးရန်သည် ထိုစာကိုဖတ်ပြီးတဲ့နောက်မှာ ချက်ချင်းမျက်နှာပျက်သွားလေသည်။
ထို့နောက် " ငါတို့အားလုံးလှည့်စားခံလိုက်ရပြီ" ဟု ဆိုလိုက်သည်။
အနောက်ဘက်လွင်ပြင်ဒေသတွင် တိုင်းပြည်ငါးခုရှိပြီး အချင်းချင်း
မဟာမိတ်များဖွဲ့ထားခဲ့သည်။ထိုထဲတွင် ဝူတိုင်းပြည် ၊ ကျိူးတိုင်းပြည် ၊ ဟောင်ရဲ့တိုင်းပြည် ၊ တျန်တိုင်းပြည် ၊ စစ်တိုင်းပြည် ဆိုပြီး ရှိပြီး ကျိုးတိုင်းပြည်သည် အင်အားအကြီးဆုံးဖြစ်သည်။
ထိုထဲတွင် တျန်တိုင်းပြည်သည် အင်အားအနည်းဆုံးဖြစ်ပြီး တခြားသောတိုင်းပြည်လေးခုကဲ့သို့ နီးကပ်မှုမရှိပေ။တခြားသောတိုင်းပြည်လေးခုသည် ဝူတိုင်းပြည်ကို ဝတ်ရုံနီဂိုဏ်းက တိုက်ခိုက်မည်ဆိုတဲ့သတင်းသည် အခိုင်အမာပေါ်ထွက်လာခဲ့သည်။
အမှန်တကယ်တော့ ဝတ်ရုံနီဂိုဏ်းသည် တျန်တိုင်းပြည်ကို အင်အားအရင်းအလုံးနဲ့တိုက်ခိုက်ပြီး ဝူတိုင်းပြည်ကို အင်အားအနည်းငယ်ဖြင့်သာ လာရောက်တိုက်ခိုက်ခြင်းသာဖြစ်သည်။
တစ်နာရီကျော်တိုက်ခိုက်ပြီးတဲ့နောက်မှာ ဝတ်ရုံနီဂိုဏ်းရဲ့ခေါင်းဆောင်သည် "ဒီလောက်ဆို လုံလောက်ပြီ...." ဟု ပြောကာ
တပ်ဆုတ်ခိုင်းလိုက်သည်။
တျန်တိုင်းပြည်ရဲ့အခြေအနေကတော့ ယခုဆိုရင် အတော်ဆိုးသွားပြီဖြစ်ကာ ဘုရင်သည်လည်း စစ်တပ်တစ်ခုနှင့်အတူ ထွက်ပြေးသွားပြီဖြစ်ကြောင်းသတင်းသိလိုက်ကြရသည်။
ချောင်ဖုန်းသည် လူသားအချင်းချင်းသတ်ဖြတ်သော ဝတ်ရုံနီဂိုဏ်းသားတွေကို တွေ့တဲ့နေရာမှာ သတ်ပစ်ဖို့ ဆုံးဖြတ်ထားလိုက်သည်။
ဝတ်ရုံနီဂိုဏ်းနဲ့နတ်ဆိုးသားရဲတွေသည် အချိန်ခဏအတွင်းမှာလဲ လုံးဝအစပျောက်သွားလေသည်။
ထိုအခါ လူတချို့သည် ကိုယ်ပိုင်နေရပ်များကို ပြန်သွားကြလေသည်။ယွင်ချီသည် စစ်တပ်တစ်ခုကို ဦးဆောင်ကာရောက်လာပြီး ဝူဘုရင်ကိုဒူးတစ်ဖက်ထောက်ကာတင်ပြလိုက်သည်။
"သားတော်...... ဖခမည်းတော်ကို ဂါဝါရပြုပါတယ် ၊ ဝတ်ရုံနီဂိုဏ်းရဲ့ကျန်ခဲ့တဲ့လူအားလုံးကို ရှင်းလင်းပြီးပါပြီ"
"ကောင်းတယ်....ကောင်းတယ်"
ထို့နောက် ယွင်ချီသည် ဝူဘုရင်အနားမှာ ရပ်လိုက်လေသည်။
ကျိုးရန်သည် အခြေအနေအေးသွားတာနဲ့ ပြန်ဖို့ ဝူဘုရင်မင်းမြတ်ကို နှုတ်ဆက်လိုက်သည်။
"ကိစ္စတွေအားလုံးပြီးပြီဆိုတော့..... နှုတ်ဆက်ပါတယ်အရှင်မင်းကြီး"
"မိုခန်းကျိုင်မှာ မင်းလိုထက်မြတ်တဲ့သားတစ်ယောက်ရထားတော့ တော်တော်ဂုဏ်ယူနေမှာပဲ"
ထို့နောက် ကျိုးရန်သည် သူ့ညီမရွှမ်မိန်ကို ခေါ်ကာ သူ့ရဲ့စစ်တပ်နဲ့အတူ ဧရာမဝိညဥ်လှေကြီးများနှင့် ကျိူးတိုင်းပြည်ကို ပျံသန်းထွက်ခွာသွားလေသည်။