← Chapters

အခန်း (၁၀) ဒီကောင်မစုတ်လေး ဦးနှောက်ပျက်သွားပြီပဲ

Vol. 1 Ch. 10

အခန်း (၁၀) ဒီကောင်မစုတ်လေး ဦးနှောက်ပျက်သွားပြီပဲ

Vol. 1 Ch. 10

အခန်း (၁၀) ဒီကောင်မစုတ်လေး ဦးနှောက်ပျက်သွားပြီပဲ

လမ်းခဏလောက်လျှောက်ပြီးမှ အမေရှောင်နှင့် ရွာသူကြီးရဲ့ဇနီးက အသိစိတ်ပြန်ကပ်ခဲ့သည်။

ရွာသူကြီးရဲ့ဇနီးက မေးခွန်းတွေပြည့်နက်နေခဲ့သည် "ရှစ်မိသားစုက တော်တော်ကိုင်တွယ်ရခက်တဲ့ မိသားစုလို့ ပြောကြတယ်မလား၊ ဘာလို့ရုတ်တရက်ကြီး စကားပြောရလွယ်နေတာလဲ"

ရှန့်ရှီးရွာနှင့် ရှာ့ရှီရွာက ဘေးချင်းကပ်ရပ်ရွာဖြစ်သည်။

ပုံမှန်အားဖြင့် သူတို့ကြားတွင် ကမောက်ကမ တချို့ရှိသည်။

ရွာသူကြီးခေါင်းဆောင်နှစ်ယောက်က မတည့်ကြသလို သူတို့တွေက အချင်းချင်းသဘောမကျကြပေ။

ရွာသူကြီးရှောင်ရဲ့ဇနီးက ရှန့်ရှီးရွာရဲ့အခြေအနေတွေကို အနည်းငယ်ရင်းနှီးသည်။

ရှန့်ရှီးရွာက အကိုင်တွယ်ရအခက်ဆုံးရွာဖြစ်ပြီး ထိုအထဲမှာ ရှစ်မိသားစုက ၁ခုအပါအဝင်ဖြစ်သည်။

အရင်တုန်းကသာ ထိုအခြေအနေနှင့် ကြုံရပါက ရှစ်မိသားစုက မိန်းမကြမ်းတွေက သူတို့တွေကို နှင်ထုတ်ခံရတာကြာပြီဖြစ်သည်။

ဒီနေ့အခြေအနေက တစ်ခုခုတော့ မှားနေပြီ။

အမေရှောင်က အားနည်းပေမယ့် သူမက မတုံးပေ။

မနေ့က အဖြစ်အပျက်ကို ပြန်တွေးမိတော ရှစ်ချင်းလျို့က တင်တောင်းပစ္စည်းတွေကို အရင်ငြင်းခဲ့သည့်လူဖြစ်ပြီး ရှစ်မိသားစုကို ဖြေရှင်းလိုက်မည့်အကြောင်းတွေပြောခဲ့တာကြောင့် ဒီနေ့ဆုံးဖြတ်ချက်ကို ချသည့်လူကလည်း သူမသာ ဖြစ်လိမ့်မည်။

ထိုအခါမှ ရှစ်ချင်းလျို့က အရင်က သူမထင်ခဲ့တာထက် ပိုအာဏာကြီးကြောင်း သိလိုက်ရလေသည်။

ကြောက်ရွံ့ကာ သဘောမကျဖြစ်ရမည့်အစား သူမက ပိုပင်ပျော်နေသေးသည်။

သူမရဲ့ မိသားစုက အာဏာကြီးသည့် ချွေးမ မရှိခဲ့ပေ။

အမေရှောင်က ပြုံးပြီး "အရင်က ဝူမိသားစုရဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့အားနာနေလို့ဖြစ်မှာပေါ့"

ရွာသူကြီးရဲ့ ဇနီးကတော့ ထိုသို့ မထင်ပေ။

စောနက ရှစ်မိသားစုနှင့် အတူရှိနေတုန်းက သူတို့က ရှစ်ချင်းလျို့ကို ကြောက်ရွံ့နေတာကို သူမ ခံစားမိခဲ့သည်။

သူတို့သာ ရှစ်ချင်းလျို့အပေါ် တကယ်အားနာပါက ဝူမိသားစုနဲ့လက်ထပ်ဖို့ ပို့မည်မဟုတ်သလို မြေမြှုပ်ခံမည်လည်းမဟုတ်ပေ။

"အဲတာလည်း ဖြစ်နိုင်တာပဲ၊ ရှစ်မိသားစုကြည့်ရတာ ပျော်ရွှင်နေပုံမပေါက်ပေမယ့် ရှစ်ချင်းလျို့ကို နင့်မိသားစုထဲ လက်ထပ်ဖို့ ခွင့်ပြုပေးလိုက်တယ်"

စောနက သူတို့လက်ထပ်ဖို့ကမ်းလှမ်းခဲ့သည့် အချိန်တုန်းက ရှစ်မိသားစုက သဘောတူခဲ့ပြီး ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို သဘောကျနေကြောင်းလဲ ဖော်ပြခဲ့သည်။

ရှောင်မိသားစုရဲ့နေအိမ်မှာ ပွဲကျင်းပဖို့ကိုလည်း သူတို့က ဦးစွာဆန္ဒရှိခဲ့ကြသည်။

ဒါတွေက ရှစ်ချင်းလျို့က ရှစ်မိသားစုပြောဖို့ ပြင်ထားပေးသည့် စကားတွေဖြစ်နိုင်သည်။

မဟုတ်ပါက ရှစ်မိသားစုက သူမကို ရှောင်မိသားစုနဲ့လက်ထပ်ဖို့ မြန်မြန်သဘောတူမည်မဟုတ်ပေ။

ပိုအရေးကြီးတာက သူတို့က တင်တောင်းသည့်ပစ္စည်းတွေကို မလိုချင်တာဖြစ်သည်။

ဒါ့အပြင် ရှောင်မိသားစု ခက်ခဲနေသည့်အချိန်မှ ရှစ်ချင်းလျို့က သူမ ဆန္ဒအတိုင်း ရှောင်မိသားစုကို လက်ထပ်ချင်နေတာဖြစ်သည်။

ဒါက သူမရဲ့ ဂုဏ်သတင်းအတွက် ကောင်းကျိုးဖြစ်နိုင်သည်။

တကယ်လို့ အနာဂတ်မှာ သူမသာ ရှောင်ဟန်ကျန့်ကို ကွာရှင်းချင်ပါက အမျိုးသမီး အိမ်ထောင်စု တည်ထောင်ဖို့ သူမအတွက် လွယ်ကူနိုင်သည်။

ရွာသူကြီးရဲ့ဇနီးက အဖြေမရှာနိုင်သော်လည်း အရေးတော့ မကြီးပေ။

"ရှစ်မိသားစုက သဘောတူပြီဆိုတော့ နင်မြန်မြန်ပြန်ပြီး ပြင်ဆင်ထားလိုက်တော့"

"ငါအရင်ပြန်နှင့်မယ် ပြီးရင် ကူညီပေးဖို့ လူတချို့ခေါ်လာခဲ့မယ်"

ရှောင်ဟန်ကျန့်က သတိမေ့မြောနေတာကြောင့် ရွာသူကြီးရဲ့ဇနီးက သူတို့ကို အလွန်ဂရုစိုက်သည်။

ဒါကို အမေရှောင်ကလည်းသိသည်။ သူမက ကျေးဇူးတင်စွာ ပြောလေသည်

"ဟုတ်ကဲ့ပါ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"

အိမ်ပြန်ရောက်တော့ အမေရှောင်က ရှောင်ဟန်ကျန့်ကို အရင်သွားကြည့်ခဲ့သည်။

မနေ့ညက အဖျားကျခဲ့ပြီး အဖျားပြန်မတက်ခဲ့တာကြောင့် သူမက စိတ်အေးသွားခဲ့သည်။

ရှစ်ချင်းလျို့က ရှောင်မိသားစုအတွက် ကံကောင်းသည့် ကြယ်လေး ဖြစ်သည်။

သူမရဲ့ သားသာ ပြန်နိုးလာပါက ဇနီးဖြစ်သူကို ကောင်းကောင်းဆက်ဆံဖို့ သေချာပြောရမည်။

ထို့နောက် အမေရှောင်က ပိုင်လီ နှင့် အာ့လန်ကိုခေါ်ပြီး ခြံကိုသန့်ရှင်းရေးလုပ်ခဲ့သည်။

မြို့ကိုသွားခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် အသားတချို့ကိုပါ ဝယ်ခဲ့သည်။

မင်္ဂလာပွဲမကျင်းပသော်လည်း ပထမနေ့မှာ ကောင်းကောင်းမကြိုဆိုခံရဘူးဟု သူတို့ရဲ့ ချွေးမအသစ်စက်စက်လေးကို မခံစားရစေချင်ပေ။

ဒါကြောင့် မကြာခင်က ကူညီခဲ့သည့် မိသားစုတွေကို ဖိတ်ကြားကာ ရိုးရှင်းသည့်ဟင်းလျာဖြင့် ဧည့်ခံရန် စီစဥ်ထားခဲ့သည်။

ပထမဆုံး ပွဲတော်ကျင်းပပြီး ဒုတိယအနေဖြင့် ကျေးဇူးတင်ရမည်။

ရွာသူကြီးရဲ့ဇနီးက ကူပေးဖို့ လူတွေအများကြီးခေါ်လာတာကြောင့် အမေရှောင်က ရှောင်ဟန်ကျန့်ပန္ကာ မနက်ဖြန်ကျရင် လက်ထပ်ပွဲ ကျင်ပပေးမယ်ဆိုတာကို သူတို့လည်းသိကြသည်။

ရှစ်မိသားစုကလည်း သတင်းဖြန့်လိုက်တာကြောင့် ရှန့်ရှီးရွာရဲ့လူတွေကလည်း ထိုအကြောင်းကို သိသွားခဲ့ကြသည်။

လူတိုင်းက ဆွံ့အနေခဲ့သည်။

ရှောင်ဟန်ကျန့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနှင့်ဆိုရင် ရှောင်မိသားစုက အခက်အခဲမီးတွင်းထဲကျနေတာတောင် လူတစ်ယောက်က ထိုတွင်းထဲခုန်ချဖို့ ဆန္ဒရှိနေသည်။

ပိုဆိုးတာက ထိုအမျိုးသမီးက ရှစ်မိသားစုက ဖြစ်ပြီး သူတို့က သူများရဲ့အသက်ကို စတေးတဲ့နေရာမှာ နာမည်ကြီးသည်။

အရင်တုန်းကဆိုရင် သူတို့သမီးကို ဝူမိသားစုဆီပို့ပြီး မြေမြှုပ်ခံဖို့ထိတောင် လုပ်ခဲ့ကြသည်။

အခုမှ ဘယ်လိုလုပ် ရှောင်မိသားစုနဲ့ လက်ထပ်ပေးဖို့ ဖြစ်လာရပြန်တာလဲ။

ရှစ်မိသားစုကိုဆွဲဆောင်ဖို့ အမေရှောင် တင်တောင်းသည့်ပစ္စည်းတွေ ဘယ်လောက်တောင် အကုန်ခံခဲ့ရလဲဆိုတာကို လူတွေက ခန့်မှန်းနေကြသည်။

ရွာသူကြီးရဲ့ဇနီးက အကုန်လုံး ဖော်ထုတ်ပြောပြလိုက်တော့လည်း လူတွေက ယုံရခက်နေသည်။

တင်တောင်းသည့်လက်ဆောင်အစား ရှစ်မိသားစုက အစေ့အဆန် အိတ်တွေပင် ပေးခဲ့သေးသည်တဲ့လေ။

ပိုအရေးကြီးတာက မနက်ဖြန် ချုံရှီကျင်းပဖို့ သူမက ရှောင်မိသားစုအိမ်ကိုလာမည်ဖြစ်သည်။

ရှစ်မိသားစုကလူတွေအကုန် ရူးကုန်တာလား။

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို သဘောကျနေတာကြောင့် ချုံရှီပွဲအနေနှင့် ရှောင်မိသားစုကို လက်ထပ်ချင်တာဟု ရွာသူကြီးခေါင်းဆောင်ရဲ့ဇနီးက တွေးခဲ့သည်။

ဒါက အမှန်တရားဖြစ်တာကြောင့် လူတွေလည်း မတတ်နိုင်စွာ ယုံခဲ့ရသည်။

သို့ပေမယ့် ရွာနှစ်ခုကလူတွေက အခုထိ အဖြေမထွက်သေးပေ။

ရှောင်မိသားစုက ဘာကံဆိုးမှုမှမဖြစ်ခဲ့ဘဲ ရှောင်ဟန်ကျန့်ရဲ့ကျန်းမာရေးသာ အကောင်းတိုင်း ရှိမည်ဆိုပါက လူတိုင်း အံ့သြမည် မဟုတ်ပေ။

သူတို့ရဲ့ သမီးတွေကိုလည်းဆွဲပြီး ရှောင်မိသားစုနှင့် လက်ထပ်ပေးဖို့ လုပ်ခဲ့မည်ဖြစ်သည်။

ရှောင်ဟန်ကျန့်က လုပ်နိုင်စွမ်း အများကြီးရှိပုံပေါ်သည်။

အခုလို အခြေခံအဆင့်စာသင်သားက အနာဂတ်မှာ အဆင့်မြင့်စာသင်သား ဖြစ်လာနိုင်သည်။

သို့ပေမယ့် အခုတော့ ရှောင်မိသားစုက အကြွေးတွေတင်နေပြီး ရှောင်ဟန်ကျန့်ကလည်း အချိန်မရွေး သေနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ရှောင်မိသားစုထဲဝင်ပြီးပါက ချက်ချင်းပင် မုဆိုးမ ဖြစ်သွားနိုင်သည်။

ရှစ်မိသားစုရဲ့သမီးက တင်တောင်းသည့် လက်ဆောင်တွေလည်းမလိုချင်တာကြောင့် လူတွေမှတ်ချက်ပေးဖို့ ခက်နေသည်။

လူအများစုက ရှစ်ချင်းလျို့ကို လေးစားနေကြသည်။ သူမရဲ့ သတ္တိက တကယ်ကို ချီးကျူးထိုက်သည်။

ယခုလို အခြေအနေမှာ အကူအညီပေးဖို့ကမ်းလှမ်းဖို့ဆိုတာ မလွယ်ပေ။

ရှစ်မိသားစုက ဘယ်လိုပဲဖြစ်နေပါစေ ဒါက ရှစ်ချင်းလျို့ရဲ့ သဘောထားအမှန်သာဖြစ်သည်။

ရှစ်ချင်းလျို့ထင်သည့်အတိုင်းသာ ဖြစ်ခဲ့သည်။

လူတွေက သူမကို အပြင်ပန်းမှာသာ အရူးလို့ခေါ်ကြပေမယ့် သူမရဲ့ ကောင်းမွန်သည့်စိတ်ထားကိုတော့ တိတ်တဆိတ် ချီးကျူးနေခဲ့ကြသည်။

တစ်ဖက်က ရှစ်မိသားစု၏ အိမ်တွင်ဖြစ်သည်။

ရှစ်မိသားစု တတိယသားနှင့် တခြားလူတွေက ရှစ်ချင်းလျို့ရဲက ကြိမ်တုတ်နှင့်ရိုက်နှက်ခြင်းကို ခံနေရပြီး အစေ့အဆန်အိတ်၊ ပဲပိစပ်အိတ်နှင့် ပဲစိမ်းအိတ်တွေကို အတင်းအကြပ်သယ်ခိုင်းခံနေရသည်။

ထိုပစ္စည်းတွေကို သူမ တာအိုဘုရားကျောင်းက ယူလာခဲ့သည့် ပစ္စည်းတွေနှင့် အတူတူ ထားထားရသည်။

ရှစ်မိသားစု တတိယသားက နာကျင်နေသည့် လက်မောင်းကိုကိုင်ကာ ရှစ်ချင်းလျို့ကို စိုက်ကြည့်နေခဲ့သည်။

"နင့်ဆန္ဒအတိုင်း ငါတို့လုပ်ပေးပြီးပြီ၊ နောက်မှ ရှောင်မိသားစုဆီ လက်ထပ်ပြီးလို့ ဒုက္ခရောက်ရင် ငါတို့က ကူညီမှာ မဟုတ်ဘူး၊ ကိုယ့်ဘာသာကိုယ်ခံ"

ရှောင်မိသားစုနဲ့လက်ထပ်ပြီး ချက်ချင်း မုဆိုးမ ဖြစ်သွားရင်ပိုတောင်ကောင်းသေးတယ်။

ရှစ်ချင်းလျို့က သူတို့ရဲ့အတွေးတွေကို မသိဘဲ မနေပေ။ "အခုတောင် ရှင်တို့ကို မှီခိုလို့မရတာ အနာဂတ်မှာ ဘယ်လိုလုပ် မှီခိုလို့ရမှာလဲ၊ ငါက အရူး မဟုတ်ဘူး"

"ဒါပေမဲ့လည်း ရှင့်စကားတွေက ကျွန်မကို သတိပေးလိုက်တာပဲ"

ရှစ်ချင်းလျို့က ရှစ်မိသားစု စတုတ္ထသားကို လက်ညှိုးထိုးပြီး "ဘောပင်နဲ့စာရွက်သွားယူပြီး ချရေးထားလိုက်"

ရှစ်မိသားစု စတုတ္ထသားကလည်း ရှစ်ချင်းလျို့ရဲ့ ကြိမ်တုတ်နှင့် ရိုက်နှက်တာ ခံထားရတာကြောင့် သူက သူမကို ကြောက်လည်းကြောက်ပြီး  အလွန်တရာကိုလည်းမုန်းတီးနေသည်။

ရှစ်ချင်းလျို့က အချက်ကျကျ ပြောလေသည် "စောနက ရှစ်မိသားစု တတိယသား ပြောသမျှကို ချရေးထားလိုက်၊ အနာဂတ်မှာ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ ကျွန်မ အမေဘက်က မိသားစုတွေ ကျွန်မကို စောင့်ရှောက်စရာ မလိုဘူး၊ ဆက်ရေးထား၊ ကျွန်မ ရှောင်မိသားစုနဲ့လက်ထပ်ပြီးရင် ကျွန်မ မုဆိုးမဖြစ်ဖြစ် ကွာရှင်းလိုက်တာပဲဖြစ်ဖြစ် ကျွန်မ အမေရဲ့မိသားစုဘက်က လုံးဝ ကျွန်မကို ပြန်လက်မခံပါဘူးလို့ရေးလိုက်၊ သေချာပေါက်ကို အနာဂတ်မှာ ကျွန်မ ချမ်းသာသွားရင်လည်း ရှင်တို့တွေ ကျွန်မကို အမြတ်ထုတ်လို့မရဘူး၊ ကောင်းကောင်း ချရေးလိုက်"

ဒါနဲ့ဆိုရင် သူမ အိမ်ထောင်စု တည်ထောင်သည့်အခါ ပြဿနာ မရှိနိုင်တော့ပေ။

ရှစ်မိသားစုက လူတွေက ကြက်သေသေနေခဲ့သည်။

ဒီမျိုးမစစ်က လုံးဝ ဦးနှောက်မရှိတော့ဘူး။

ဒါကြောင့် ဒီလောက်စုတ်ပြတ်နေတဲ့ မိသားစုနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း မဆန်းတော့ပါဘူး။

သို့ပေမယ့် ထိုနေ့ကို သူတို့ မစောင့်နိုင်တော့ပေ။

အနာဂတ်မှာ ထိုမကောင်းဆိုးဝါးမက မုဆိုးမဖြစ်တာဖြစ်ဖြစ် ကွာရှင်းတာဖြစ်ဖြစ် ဖြစ်ခဲ့ပါက သူတို့ပြန်လက်မခံရင် သူတို့ရဲ့ မကောင်းဆိုးဝါး ထပ်ဖြစ်လာနိုင်သည်။

စာချုပ်စာတမ်း တွင် သူမရဲ့ လက်ဗွေရာရှိပါက သူတို့ကို အန္တရာယ်ပြုဖို့ ခြိမ်းခြောက်လာသည့်အခါတွင် ထုတ်ပြကာ ငြင်းဆိုလို့ရသည်။

အဖိုးအိုရှစ်က ပိုပြတ်သားစွာ ပြောလေသည် "ယူပြီး ရေးပေးလိုက်"

တတ်နိုင်သမျှ မြန်မြန်လေး ထိုမကောင်းဆိုးဝါးကို အဝေးကိုပို့ပစ်ပြီး ပြန်မလာနိုင်အောင် လုပ်ပစ်ရမည်။

အနာဂတ်မှာ သူမ ချမ်းသာလာမည့်အကြောင်းကိုတော့ မယုံပေ။

ရှစ်မိသားစု စတုတ္ထသားက မိတ္တူ၃စောင်ရေးခဲ့သည်။ ရှစ်မိသားစုရဲ့ အကြီးအကဲတွေနှင့် ရှစ်ချင်းလျို့တို့က စာချုပ်တွင် လက်ဗွေနှိပ်ခဲ့သည်။

ရှန့်ရှီးရွာသူကြီးကိုလည်း သက်သေအနေနှင့် တစ်စောင်ပေးခဲ့သည်။

နောက်တစ်နေ့မနက်မှာတော့ ရှစ်ချင်းလျို့က ရှန်းယွမ်၏ အကောင်းဆုံး အဝတ်ကို ဝတ်ခဲ့ပေမယ့် အပေါက်အဖာတွေကတော့ အများကြီး ရှိနေဆဲဖြစ်သည်။

ရှန်းယွမ်တစ်ယောက် တာအိုဘုရားကျောင်းက ပြန်ရောက်တော့ အမျိုးသမီးနျို့က သူမ ညီမ ဝတ်ဖို့ဆိုပြီး အဝတ်အစားကောင်းတွေ အကုန်လုံးကို လုယူသွားခဲ့သည်။

ရှစ်ချင်းလျို့က ပြန်ယူဖို့ စိတ်ကူးမရှိဘူး သူမက ရွံတောင်ရွံနေသေးသည်။

သိပ်မကြာခင်မှာပဲ ရှောင်အာ့လန်က ရွာသူကြီးရှောင်ရဲ့သားနှင့် တခြားလူတွေနှင့် အတူတူ ရှစ်မိသားစုအိမ်ကို ရောက်လာခဲ့ပြီး သတို့သမီးကို လာခေါ်ကြလေသည်။

All Chapters