← Chapters

အခန်း (၂၂) ရှင့်ရဲ့ဆန်ကုန်မြေလေးအဖေက ဂိမ်းကစားတာ တော်သားပဲ

Vol. 2 Ch. 22

အခန်း (၂၂) ရှင့်ရဲ့ဆန်ကုန်မြေလေးအဖေက ဂိမ်းကစားတာ တော်သားပဲ

Vol. 2 Ch. 22

အခန်း (၂၂) ရှင့်ရဲ့ဆန်ကုန်မြေလေးအဖေက ဂိမ်းကစားတာ တော်သားပဲ

ရှစ်ချင်းလျို့ ရွာထဲက အတင်းအဖျင်းတွေကြားတုန်းက ရှောင်မိသားစုရဲ့ အရေးကိစ္စက တော်တော်လေး ဇာတ်လမ်းဆန်လွန်သည်ဟု သူမ ထင်ခဲ့သည်။

ဇာတ်လမ်းအများကြီးရှိမည်ဟု မထင်မိခဲ့ပေ။

ဆန်ကုန်မြေလေးအဖေနှင့် မယားငယ်လုပ်ခဲ့တာတွေက အများကြီး ရွံဖို့ကောင်းသည်။

ရှောင်ဟန်ကျန့် နိုးလာတဲ့အချိန်မှာ အလွန်ဒေါသထွက်နေတာလည်း မဆန်းတော့ပေ။

တောင်ပေါ်ကပြုတ်ကျတာကော အဖျားမကျဘဲ အပြင်းဖျားတာကောက ကျိန်စာဖြစ်သည်။

ဒါ့အပြင် သူပါသေမလိုဖြစ်ခဲ့ပြီး သူ့မိသားစုဝင်တွေလည်း ချမ်းသာရာ မရခဲ့ပေ။

သူမသာ သူ့နေရာမှာဆိုရင် ထိုအယုတ်တမာ နှစ်ယောက်ကို ခုတ်ထစ်ပစ်ချင်မှာဖြစ်သည်။

သူမက ပြောခဲ့သည်၊ "ကျွန်မတို့ လက်စားချေရမယ်"

"ပြီးတော့ ကျွန်မတို့ သတိထားနေရမယ်၊ အဲမိန်းမက ထပ်တိုက်ခိုက်မှာပဲ။"

ရှောင်ဟန်ကျန့်နှင့် တခြားလူတွေက အသက်ရှင်ခဲ့သည်။

ထိုအမျိုးသမီးက သေချာပေါက် သူတို့ကို လွှတ်ပေးမည် မဟုတ်ပေ။

ကောက်ကျစ်သည့်နည်းလမ်းဖြင့် ထပ်တိုက်ခိုက်နိုင်ချေများသည်။

သူမ စကားကိုကြားတော့ ရှောင်ဟန်ကျန့်က ပိုတည်ငြိမ်သွားကာ ပိုနူးညံ့သွားခဲ့သည်။

"အင်း ကျုပ်သေချာပေါက် လက်စားချေမှာပါ။"

သူနှင့် ရှစ်ချင်းလျို့က တူညီသည့် အရာတစ်ခုတည်းကိုသာ အတူတူတွေးမိခဲ့သည်။

ထိုအမျိုးသမီးရဲ့ ရက်စက်မှုအရ သူ့ကို ဒီတိုင်းတားဖို့မဖြစ်နိုင်ပေ။

ရှောင်ဟန်ကျန့်က အန္တရာယ်ကင်းသွားသလို ဒေါသတွေကို ထိန်းချုပ်လိုက်ပြီး ပိုညင်သာသွားတာကို ရှစ်ချင်းလျို့ ရှင်းလင်းစွာ ခံစားမိလိုက်သည်။

ဒါပေမဲ့ သူ တကယ်ပဲ အန္တရာယ်ကင်းသွားပြီလား။

သူ လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမှာမဟုတ်ကြောင်း သူမ ခံစားမိခဲ့သည်။

သူစောနကပြောခဲ့တာတွေကို သူမက ပြန်တွေးကာ မေးခဲ့သည်၊ "ရှင့်ဆန်ကုန်မြေလေးအဖေနဲ့ သူ့တူမ ကြားမှာ ဘာတွေဖြစ်ကုန်တာလဲ။"

ဒါက သွေးသားအရင်းချင်း ဖောက်ပြန်တာ မဟုတ်ဘူးလား။ ဘာတွေကများ ဆန်ကုန်မြေလေးအဖေကို အဲ့လောက် တပ်မက်စေခဲ့တာလဲ။

သူမ အထင်လွဲနေတာကို ရှောင်ဟန်ကျန့် သိလိုက်သည်၊ "သူတို့က သွေးသားမတော်စပ်ဘူး ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ ဆွေမျိုးချင်း ဖောက်ပြန်တာပေါ့။"

"အဖေတိုက်ပွဲထဲဝင်တော့ လက်ထောက်ဗိုလ်ချုပ်ကြီးဖြစ်တဲ့ သွေးသောက်ညီအစ်ကိုရှိခဲ့တယ်၊ အဲလူက သူ့ကိုကာကွယ်ပြီး သေသွားခဲ့တာ၊ သူမသေခင် သူ့သမီးကို စောင့်ရှောက်ဖို့ အဖေ့လက်ထဲအပ်ခဲ့တာ၊ ဒါကြောင့် သူတို့ အတူမနေခင်တုန်းက အဖေက အဲမိန်းမရဲ့ ဦးလေးဖြစ်ပြီး အဲ့မိန်းမက အဖေ့ တူမလေ။"

ရှစ်ချင်းလျို့က တောက်ခတ်လိုက်သည်၊ "သူ့သွေးသောက်ညီအစ်ကိုရဲ့သမီးကို အိပ်ရာထဲရောက်တဲ့အထိကို စောင့်ရှောက်ပေးခဲ့တာပဲ၊ ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေက ဂိမ်းကစားတာ တော်သားပဲ၊ သူ့တူမကလည်း သူ့ကိုမြူဆွယ်ရဲတဲ့အထိ အရှက်မဲ့ပြီး သူ့ဇနီးနဲ့ကလေးတွေကို စွန့်ပစ်အောင်အထိ လုပ်နိုင်ခဲ့တယ်၊ ရှင်တို့တွေကို သတ်ပစ်ချင်လောက်အောင် မုန်းနေမှတော့ ရှင့်အဖေကို တကယ်ကြီး ချစ်မိသွားဖို့များတယ်၊ ဒါကြောင့် သူက အကြိမ်ကြိမ် မြူဆွယ်ခဲ့တာ၊ အဲမှာ ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေကလည်း ကိုယ့်ကျင့်တရားတောင် မထိန်းနိုင်တော့ဘဲ ဖြစ်သွားခဲ့တာပေါ့၊ သူတို့ရဲ့ တော်စပ်မှုကို ရှင့်အဖေက လျှို့ဝှက်ထားမှာ သေချာတယ်။"

သူတို့က သွေးသားမတော်စပ်သော်လည်း သူ့ရဲ့ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးရဲ့ အဖေက သွေးသောက်ညီအစ်ကိုဖြစ်သည်။ ဒါက သူနဲ့ထိုအမျိုးသမီးက တူဝရီးတော်စပ်မှုဆိုတာ လုံးဝ ရှင်းလင်းသည်။

ဒါက လူတွေရဲ့ ဆက်ဆံရေးကို အလေးပေး တန်ဖိုးထားသည့် ရှေးခေတ် ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက တော်တော်လေး ပွင့်လင်းမြင်သာမှုရှိကြသည်။

ငါ့ဇနီးလေးက တော်တော်လေး အံ့သြဖို့ကောင်းပါလားဟု ရှောင်ဟန်ကျန့်က သူ့ဘာသာသူ တွေးနေခဲ့သည်။ သူမရဲ့ ကောက်နှုတ်ချက်တွေက သူ့အတိတ်ဘဝက ရှာတွေခဲ့သည့် အကြောင်းတွေနှင့် တူနေသည်။

ထိုအမျိုးသမီးက သူ့အဖေကို အရင်မြူဆွယ်ခဲ့တာဖြစ်သည်။

ဆန်ကုန်မြေလေးအဖေက သူ့ဘာသာသူ မထိန်းချုပ်နိုင်ခဲ့ပေ။ ဒီလိုနဲ့ပဲ သူတို့တွေ အတူတူ နေဖြစ်သွားခဲ့ကြသည်။

သူ့ရဲ့ဆန်ကုန်မြေလေးအဖေက ထိုသို့ မဖြစ်သင့်ဘူးဟု တွေးခဲ့ပေမယ့် သူမနဲ့ ဆက်နေခဲ့သည်။

အတူတူ နေပါများလာတော့ ကျင့်ဝတ်တွေကို မတွေးမိတော့ပေ။

သူက ထိုအမျိုးသမီးကို ချစ်မိသွားခဲ့ပြီး ဇနီးအဖြစ် လက်ထပ်ယူချင်နေသည်။

ဒါကြောင့် ဆန်ကုန်မြေလေးအဖေက သူမကို သူ့ဇာတိကိုခေါ်လာပြီး ရှောင်မိသားစုထဲ ထည့်သွင်းဖို့ လုပ်ခဲ့သည်။

ဆန်ကုန်မြေလေးအဖေမှာ ဇနီးနှင့် ကလေးတွေရှိနေတာကို ထိုအမျိုးသမီးက မကြိုက်ပေ။

သူ့ရဲ့ လက်ရှိဇနီးကို ပိုသဘောမကျတာဖြစ်ပြီး သူမနှင့် တန်းတူ မရှိစေချင်ပေ။

ဒါကြောင့် သူ့ဗိုက်ထဲက ကလေးကို ပျက်ကျအောင်လုပ်ပြီး သူ့အဖေက ဒေါသထွက်ပြီး သူ့အမေကို အမြှောင်မယားအဖြစ် ရာထူးချအောင်လုပ်ခဲ့သည်။

သူ့အမေသာ အမြှောင်မယားဖြစ်သွားပါက သူမ ကိုင်တွယ်ရပိုလွယ်ကူသွားမည်ဖြစ်သည်။

သို့ပေမယ့် ထိုအမျိုးသမီးကော အဖေပါ မမျှော်လင့်ခဲ့တာက အမေ ကွာရှင်းခွင့်တောင်းမည့် ကိစ္စ ဖြစ်သည်။

အဖေရဲ့ နှလုံးသားထဲမှာ ထိုအမျိုးသမီးတစ်ယောက်သာ ရှိတာကြောင့် သူက ကွာရှင်းခွင့်ပေးခဲ့သည်။

ထို့နောက် ထိုအမျိုးသမီးက သူ့ကို မြို့တော်ကို ခေါ်သွားဖို့ အကြံပြုခဲ့သည်။

သူ ငြင်းဆိုလိုက်တော့ မြို့တော်ကို သူမနဲ့မလိုက်ပါက မိသားစုဆက်ဆံရေး ဖြတ်တောက်ပစ်မည် ဖြစ်ကြောင်း သူမက ခြိမ်းခြောက်ခဲ့သည်။

သူကလည်း တုံ့ဆိုင်းခြင်းမရှိလက်ခံခဲ့သည်။

ထိုအချိန်တုန်းက ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးက တူဝရီးတော်စပ်မှန်း ဘယ်သူမှ မသိသေးပေ။

ဆန်ကုန်မြေလေးအဖေက ထိုအမျိုးသမီး၏ အထောက်အထားကို မဖော်ပြခဲ့ဘဲ နယ်စပ်မှာအရာရှိတစ်ဦး၏ သမီးကို လက်ထပ်ယူခဲ့ကြောင်းပြောကာ ဖုံးကွယ်ခဲ့သည်။

မြို့တော်မှာလည်း ထိုအတိုင်းသာ ပြောခဲ့သည်။ သူနှင့် စစ်အတူတူတိုက်ခဲ့သည့် လူအနည်းစုကလွဲရင် ထိုအမျိုးသမီး၏ အထောက်အထားကို ဘယ်သူမှ မသိခဲ့ပေ။

ဒါကြောင့် သူတို့နောက်မီးလင်းသည့် ကိစ္စကို ဘယ်သူမှ မသိခဲ့ပေ။

မဟုတ်ပါက သူများတွေက သူ့အဖေကို တိုင်ကြားလိမ့်မည်။

သူ လက်စားချေမည့်အချိန်ကျမှ သူတို့ရဲ့တော်စပ်မှုကို သူသိခဲ့ရခြင်းဖြစ်သည်။

သူ့ရဲ့နောက်ထပ်အစီအစဥ်ကိုမဖော်ဆောင်ရသေးခင်မှာပဲ သူတို့နှစ်ယောက်ရဲ့တော်စပ်မှုက စောကာ ပေါ်ပေါက်သွားခဲ့သည်။

မူလက ကြောက်လန့်နေသည့်အမေရှောင်က သူတို့နှစ်ယောက်ရဲ့စကားကိုကြားတော့ ကြက်သေ သေသွားခဲ့သည်၊ "သူတို့က တကယ်ပဲ အဲလိုတော်စပ်မှုလား၊ ရှောင်ယွမ်ရှစ်က တကယ်ရွံဖို့ကောင်းတာပဲ။"

အရင်တုန်းက ရှောင်ယွမ်ရှစ်က ထိုအမျိုးသမီးက အရာရှိရဲ့ သမီးဟု ပြောခဲ့တာကြောင့် ရှောင်အိမ်က လူတွေက ထိုအမျိုးသမီးကို လေးစားခဲ့ကြသည်။

သို့ပေမယ့် သူမက အရှက်မဲ့သည့် လူ ဖြစ်နေသည်။

ယခုအချိန်မှာ အမေရှောင်က သူတို့ကို မုန်းရုံတင်မကဘဲ ရွံပါရွံနေသည်။

ထိုအခါမှ သူ့အမေက ထိုအမျိုးသမီး၏ အထောက်အထားကို မသိသေးကြောင်း ရှောင်ဟန်ကျန့် သတိရသွားခဲ့သည်။

"ဆန်ကုန်မြေလေးအဖေက သူတို့ရဲ့ တော်စပ်မှုကို ဝှက်ထားတာ၊ ရှောင်အိမ်ကလူတွေနဲ့ ရွာထဲကလူတွေ မသိဘူး၊ မြို့တော်က လူအနည်းငယ်ပဲသိတာ"

ရှစ်ချင်းလျို့က တွေးကာ ပြောခဲ့သည်၊ "ဒါဆို သူတို့ရဲ့ တော်စပ်မှုက စွန်းထင်းနေပြီ၊ အနာဂတ်မှာ ဒါကိုသုံးပြီး လက်စားချေလို့ရတယ်။"

မြို့တော်က လူအနည်းငယ်ပဲ သိတာတောင် ရှောင်ဟန်ကျန့်က ဖော်ထုတ်နိုင်ခဲ့သည်။

ကြည့်ရတာ သူမ ခင်ပွန်းက ကောင်းကောင်းဝှက်ထားနိုင်ပုံပေါ်သည်။

သူ့ဇနီးကလည်း သူ့လိုတွေးနေတာသိတော့ ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ကာ ပြုံးခဲ့သည်၊ "အင်း ဒါက တိုက်ခိုက်ရမယ့်အချက်ပဲ"

အမေရှောင်က ထိုလင်မယားနှစ်ယောက် ဘယ်လိုရှင်းထုတ်ရမလဲဆိုတာ ဆွေးနွေးနေတာကိုကြည့်ပြီး သူမက သူတို့အတွေးကို လိုက်မမှီကြောင်း သဘောပေါက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူမရဲ့ ချွေးမက သားဖြစ်သူနှင့် အတွေးတူကြောင်းကိုလည်း ခံစားမိခဲ့သည်။

ထိုကိစ္စကြောင့် အံ့သြနေသည့်သမီးနှင့် ဒေါသထွက်နေသည့်သားဖြစ်သူကို သူမ ကြည့်လိုက်သည်။

သူမက သက်ပြင်းချကာ သူတို့ရဲ့လက်ကို ဆွဲလိုက်သည်၊ "ရှေ့လျှောက် သားတို့သမီးတို့ရဲ့ အဖေ သေသွားပြီလို့ ယူဆလို့ရတယ်"

ထိုရွံဖို့ကောင်းသည့် ဆန်ကုန်မြေလေးကို သေသွားပြီလို့ဆက်ဆံတာ ပိုကောင်းသည်။

ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က ခေါင်းငြိမ့်ပြခဲ့သည်၊ "ဟုတ်ကဲ့ သူ့ကိုအဖေလို့ လုံးဝ မသတ်မှတ်တော့ဘူး။"

ထိုမကောင်းသည့်အဖေကို သူတို့ မလိုချင်ပေ။

ရှစ်ချင်းလျို့က စားပွဲပေါ်က ဆေးပန်းကန်ကို ညွှန်ပြခဲ့သည်၊ "အခုတော့ ဒါကို အရင်ရှင်းရအောင်"

သူမရဲ့မျက်လုံးတွေက အေးစက်သွားခဲ့သည်၊ "သမားတော်က လူကို အန္တရာယ်ပြုဖို့ လာဘ်ထိုးခံခဲ့မှတော့ ဒီကိစ္စရဲ့အကျိုးဆက်အတွက်လည်း ပြင်ထားသင့်တယ်"

အမေရှောင်ကလည်း သမားတော်ကို မုန်းတီးနေသည်။

သူမရဲ့ ချွေးမသာ ဆေးမပေးခဲ့ပါက ထိုဆေးကို သူမရဲ့သားကို ဆက်တိုက်မိနေမည်ဖြစ်သည်။

သူမက မေးခဲ့သည်၊ "သမားတော်ကို တရားစွဲကြမလား"

ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်၊ "အခု တရားစွဲဖို့ကမလွယ်ဘူး၊ သူတို့ဆေးက ပြဿနာရှိပါတယ်ဆိုပြီး သားတို့ မျက်မြင်ရှိခဲ့တာလည်း မဟုတ်ဘူးလေ၊ သားတို့ဘာသာ ဆေးထဲ တစ်ခုခု ထည့်တယ်ဆိုပြီး သူတို့အပေါ် အပြစ်ပုံချတာပါဆိုပြီး သူတို့ငြင်းနိုင်တယ်။"

သူက အမေရှောင်ကိုကြည့်ကာ ဆက်ပြောခဲ့သည်၊ "ဒါကြောင့် မြို့ထဲမှာ ဆေးသွားဝယ်ဖို့ အမေနဲ့မိန်းမကို ဒုက္ခပေးပါရစေ၊ သားရဲ့ ခန္ဓာကိုယ်အားနည်းနေတယ်လို့သာပြောလိုက်"

"ဆေးရရင် ဆေးမူမမှန်တာရှိလားလို့ကြည့်လိုက်၊ ပြဿနာတစ်ခုခု ဆေးမှာရှိနေရင် ချက်ချင်း အထက်ကို တင်ပြလိုက်ပါ။"

ထိုအမျိုးသမီးက ပိပိရိရိလုပ်ခဲ့သည်။

သူမကို နောက်ယောင်ခံပြန်လိုက်ဖို့က ခက်ခဲသည်။

သို့ပေမယ့် တခြားလူတွေကိုပါ အန္တရာယ်ပေးသည့် ထိုသမားတော်ကို သူ အလွတ်မပေးပေ။

ရှစ်ချင်းလျို့က သဘောတူခဲ့သည်၊ "ကောင်းပြီ အဲတိုင်းလုပ်တာပေါ့။"

"သူ့ကိုထောင်ထဲပို့ရုံတင်မကဘူး။ သူ့မိသားစုရဲ့ ဂုဏ်သိက္ခာကိုပါ ဖျက်စီးပစ်ရမယ်၊ ရှေ့လျှောက် လူတွေကို အန္တရာယ်ပြုမယ့် ဆေးတွေမရောင်းချစေရဘူး။"

"သက်သေပြလို့ရအောင် ဒီဆေးပါ ယူသွားရမယ်။"

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်၊ "အင်း အမေ ခြံနောက်မှာ ပစ်ထားလို့ တော်သေးတာပေါ့၊ ဒါတွေကို သက်သေအဖြစ်သုံးလို့ရတယ်။"

သူ့မိသားစုက သဘောတူစွာ ခေါင်းငြိမ့်ပြခဲ့သည်။

ထိုသမားတော်ကို ဖြေရှင်းဖို့အတွက် နောက် ၂ရက်နေရင် မြို့ထဲသွားဖို့ သူတို့ပြင်ဆင်ခဲ့သည်။

ထိုအချိန်မှာပဲ သတင်း၁ခုက တစ်ရွာလုံးပျံ့နေပြီဖြစ်သည်။

တို့ဟူးလို့ခေါ်သည့် စားကောင်းသည့်အရာ ပြုလုပ်နည်းကို ရှောင်မိသားစု သိသည့် သတင်း ဖြစ်သည်။

အရင်က ကူညီပေးခဲ့သည့်လူတွေကို ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့် တို့ဟူးပေးလိုက်တာက အသုံးဝင်သွားခဲ့သည်။

ထိုအရာကြောင့်ပဲ ရွာထဲက တို့ဟူးမစားဖူးသည့်လူတွေက တို့ဟူးအကြောင်း အလွန် စိတ်ဝင်စားနေကြလေသည်။

All Chapters