← Chapters

အခန်း (၂၃) မနာလိုဖြစ်ခြင်း

Vol. 2 Ch. 23

အခန်း (၂၃) မနာလိုဖြစ်ခြင်း

Vol. 2 Ch. 23

အခန်း (၂၃)  မနာလိုဖြစ်ခြင်း

နောက်တစ်နေ့မနက်ကျတော့ ရှစ်ချင်းလျို့က အမေရှောင်နှင့် တခြားလူတွေကိုခေါ်ကာ တို့ဟူးထပ်လုပ်ခဲ့သည်။

ပဲကြိတ်သည့်နေရာမှာ လူတွေက တို့ဟူးအကြောင်း မေးမြန်းခဲ့သည်။

ရှစ်ချင်းလျို့က ပြုံးကာပြောခဲ့သည်၊ "တို့ဟူးလုပ်ပြီးသွားတဲ့အချိန်ကျရင် ရှောင်အာ့လန်နဲ့ရွာထဲမှာ အော်ခိုင်းလိုက်ပါ့မယ်။"

"တို့ဟူးလိုချင်ရင် ပဲပိစပ်၊ အစေ့အဆန်တွေ၊ ကြက်ဥတွေ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေနဲ့ လဲလှယ်လို့ရပါတယ်။"

မနေ့က ပေးခဲ့တာတွေက ရှောင်မိသားစုကို ကူညီခဲ့သည့်လူတွေကို ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ပေးခဲ့ခြင်းဖြစ်သည်။

အခုတော့ လိုချင်ပါက တစ်ခုခုကိုသုံးကာ လဲလှယ်ဖို့လိုသည်။

ရွာသားတွေကို ပိုက်ဆံဖြင့် ဝယ်လို့ရကြောင်း ပြောလိုက်ပါက ရွာသားတွေက တွန့်ဆုတ်သွားနိုင်သလို သူတို့က အလွန်ပိုက်ဆံမက်ကြောင်းပါ တွေးသွားနိုင်သည်။

သို့ပေမယ့် တစ်ခုခုဖြင့် လဲလှယ်လို့ရကြောင်း ပြောလိုက်ပါက ရွာသားတွေလည်း စိတ်ပါသွားပြီး သူတို့ကို ကြင်နာတတ်သည်ဟု ထင်မြင်နိုင်သည်။

ရှောင်မိသားစုက လက်ရှိမှာ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်တွေ လစ်လပ်နေသည်။

ထိုလဲလှယ်မှုကို အသုံးပြုခြင်းအားဖြင့် စားဝတ်နေရင်းကို ဖြေရှင်းလို့ရနိုင်သည်။

ရှစ်ချင်းလျို့ရဲ့ ရည်ရွယ်ချက်က ရှာ့ရှီရွာကို မိမိဘက်ပါလာအောင် သိမ်းသွင်းချင်တာကြောင့် သူမက ငွေဖြင့် ဝယ်ဖို့ မတိုက်တွန်းခဲ့ပေ။

ရှေးခေတ်တုန်းက မျိုးနွယ်စုတွေက အလွန်အားကောင်းသည်။

အကျိုးအမြတ်တချို့ရှိပါက တစ်ယောက်ကိုတစ်ယောက် ကူညီသည်။

အောင်မြင်ကျော်ကြားပါက တခြားလူက လာမထိပါးရဲပေ။

ရှစ်ချင်းလျို့က တို့ဟူးထုတ်လုပ်ပြီး သူမကိုယ်တိုင်နှင့် ရှောင်မိသားစုအတွက် အခြေခိုင်အောင် တည်ဆောက်ဖို့ လုပ်ခဲ့သည်။

ရှစ်ချင်းလျို့ဆီက တို့ဟူးကို အစားအစာနှင့် လဲလှယ်လို့ရကြောင်း ရွာသားတွေကြားတော့ သူတို့က ပြုံးကာ ပြောခဲ့သည်၊ "ကောင်းတာပေါ့၊ တို့ဟူးက ဘယ်လိုအရသာလဲဆိုတာသိဖို့ အစားအသောက်နဲ့ လဲစားရမယ်။"

ပဲကြိတ်ပြီး ပြန်ရောက်တော့ ရှစ်ချင်းလျို့က မီးဖိုချောင်ထဲထိုင်ပြီး ပဲနို့ရည်ဆူတာကို ကြည့်နေခဲ့သည်။

ရှောင်ဟန်ကျန့်က ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာခဲ့သည်။ ဒီနေ့တော့ လမ်းလျှောက်တုတ်ကို အသုံးပြုစရာ မလိုပေ။

အရင်ဘဝကတော့ အိပ်ရာကနေ ၁ရက် ၂ရက်လောက်မှ ထနိုင်ခဲ့ပြီး လမ်းလျှောက်တုတ် အကူအညီဖြင့် ခြေလမ်းအနည်းငယ်သာ လျှောက်နိုင်ခဲ့သည်။

ဒီတစ်ခါတော့ ရက်အနည်းငယ် စောထနိုင်ခဲ့ပြီး ရှစ်ချင်းလျို့ပြောသည့် သကြားရည်အကူအညီဖြင့် ဒီလောက် အားအင်ချိနဲ့ပြီးတာတောင် မြန်မြန် ပြန်နလန်ထူလာနိုင်ခြင်းဖြစ်သည်။

သူ့ဇနီးလေးမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိသော်လည်း သူက မသိချင်ယောင်ဆောင်ခဲ့သည်။

ရှစ်ချင်းလျို့က မေးထောက်ကာ တစ်ခုခုကို တွေးနေခဲ့သည်။

ရှောင်ဟန်ကျန့်ဝင်လာတာတွေ့တော့ သူမက ခေါင်းမော့ကြည့်ကာ မေးလေသည်၊ "ကျွန်မတို့ တို့ဟူးလုပ်တာကို လာကြည့်တာလား။"

သူ မနေ့ကလည်း ကြည့်ပြီးသွားပြီ မဟုတ်လား။

မီးဖိုချောင်ထဲတွင် ခုံအလွတ် ရှိနေတာကြောင့် ရှောင်ဟန်ကျန့်က ဝင်ထိုင်လိုက်သည်။

"ကျုပ်က လုပ်စရာမှမရှိတာ အဲတော့ ဟိုတစ်ခါက ခင်ဗျားပြောခဲ့တဲ့ ကျင့်ကြံစဥ်ဇာတ်လမ်းလေး ဆွေးနွေးမလို့လေ။"

သူက ထပ်ပေါင်းပြောခဲ့သည်၊ "နောက်တစ်ရက်နှစ်ရက်အတွင်း စုတ်တံကိုင်ပြီး စာရေးနိုင်တော့မယ်လို့ထင်တယ်။"

အခု သူပင်ပန်းနေပြီး စုတ်တံကိုင်ကာ စာရေးဖို့လုပ်လိုက်တိုင်း လက်က အနည်းငယ်အားနည်းနေသေးသလို ခံစားနေရသည်။

ထို့ကြောင့် ရှစ်ချင်းလျို့နှင့် ဇာတ်လမ်းဇာတ်ကွက်တွေကို အရင်ဆွေးနွေးမည်ဖြစ်သည်။ ဆွေးနွေးထားတာတွေကို စိတ်ထဲမှတ်ထားပြီး နောက် ၂ရက်နေရင် ချရေးမည်ဖြစ်သည်။

အခု သူ မလုပ်နိုင်တာတွေ အများကြီးရှိတာ သူသိသည်။

အခု သူ့မိသားစုက အကြွေးတင်နေပြီး စာအုပ်ကူးရေးပေးတာက အနည်းငယ်နှေးသည်။

တတ်နိုင်သမျှ မြန်မြန်လေး သူ့မိသားစုကို ထောက်ပံ့ရမည်ဖြစ်သည်။

သူ့မိသားစု ကောင်းမွန်တဲ့ဘဝကို နေထိုင်ရဖို့အတွက် သူပင်ပန်းတယ်လို့မခံစားရသည့်အပြင် အားအင်တွေပါပြည့်ဝနေသည်။

အရင်ဘဝတုန်းက ကမ္ဘာမှာ သူတစ်ယောက်တည်းကျန်ခဲ့သလိုကို ခံစားခဲ့ရသည်။

အလွန်အထီးကျန်ပြီး သက်သောင့်သက်သာ မရှိပေ။

အထူးသဖြင့် မိန်းမရပြီးသည့်နောက်မှာ သူ့ဘဝက အနည်းငယ်ပျော်ဖို့ကောင်းသလို ခံစားခဲ့ရသည်။

သူ စာရေးချင်တာက သူ့မိသားစုကို တတ်နိုင်သမျှ အမြန်ထောက်ပံ့ချင်တာဖြစ်ကြောင်း ရှစ်ချင်းလျို့ သိတာကြောင့် သူ့ကို နောက်မှ အေးဆေးလုပ်ဖို့ မပြောမိတော့ပေ။

ယောက်ျားတစ်ယောက်အနေဖြင့် တာဝန်ယူစိတ်ရှိတာကောင်းသည်။

“ကောင်းပြီ ဒီနေ့ပဲ စဆွေးနွေးကြတာပေါ့"

ဒီလိုနဲ့ သူတို့နှစ်ယောက်သား မီးဖိုချောင်ထဲမှာ ဝတ္ထုအတွက်ဇာတ်လမ်းဇာတ်ကွက်တွေ ဆွေးနွေးခဲ့ကြသည်။

အမေရှောင်နှင့် သူ့မောင်နှမတွေလည်း ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား မျောပါနေခဲ့သည်။

ဒီဝတ္ထုက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်။

ဒီကမ္ဘာမှာ တကယ်ပဲ မသေမျိုးတွေရှိလား။

နာရီအနည်းငယ်ကြာပြီးနောက် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က ဇာတ်လမ်းအကြောင်း ဆွေးနွေးလို့ ပြီးတော့မည်ဖြစ်သည်။

တို့ဟူးကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရှစ်ချင်းလျို့က တို့ဟူးလိုချင်သည့်လူတွေ အစားအစာဖြင့် လာလဲလှယ်လို့ရပြီဖြစ်ကြောင်း ရှောင်အာ့လန်ဖြင့် ရွာထဲသွားအော်ခိုင်းခဲ့သည်။

သူမက ခြံဝင်ပေါက်မှာ ထမင်းစားပွဲချပြီး တို့ဟူးတွေ ခင်းထားလိုက်သည်။

သိပ်မကြာခင်မှာပဲ ရွာထဲက တစ်ယောက်က အစားအစာယူလာကာ တို့ဟူးဖြင့် လဲလှယ်ခဲ့သည်။

လူတစ်ယောက်က မေးလေသည်၊ "ဘယ်လောက်နဲ့လဲမှာလဲ တာ့လန်ရဲ့ဇနီးရေ"

တို့ဟူး ပြုလုပ်ကတည်းက ကုန်ကျစရိတ်ကို သူမနှင့် ရှောင်ဟန်ကျန့် တွက်ချက်ပြီးသား ဖြစ်သည်။

ပစ္စည်းလဲလှယ်ဖို့အတွက် စျေးနှုန်းတွေ သူတို့ သတ်မှတ်ပြီးသား ဖြစ်သည်။

"တို့ဟူး တစ်ကျင်းကို ပဲပိစပ်အလေးချိန် တစ်ကျင်းပဲ။"

"တခြားပစ္စည်းတွေဆိုရင်တော့ တို့ဟူးနဲ့ပဲ စျေးနှုန်းချိန်ကြည့်ရမှာပေါ့။"

"ဥပမာဆိုရင် တို့ဟူး ၁ကျင်း ၅ပြားဆိုရင် ကြက်ဥနဲ့ လဲမယ်ဆိုရင် အဲ့စျေးနှုန်းရှိတဲ့ ကြက်ဥနဲ့ လဲရမယ် တခြားပစ္စည်းတွေလည်း အဲလိုပဲ"

"ပိုက်ဆံနဲ့ တိုက်ရိုက်ဝယ်ချင်ရင်လည်းရတယ် ၁ကျင်းကို ၅ပြား"

ပဲပိစပ်၁ကျင်းလို တို့ဟူး ၂ကျင်းကနေ ၄ကျင်းလုပ်လို့ရတာကြောင့် ၂ဆ ရှာနိုင်သည်။

ရှစ်ချင်းလျို့က တို့ဟူးလုပ်ဖို့ တခြားလူတွေကို ငှားရတာကြောင့် ထည့်သုံးသည့် ပစ္စည်းနှင့် လုပ်အားခကို ဖယ်ရင်တောင် စျေးပေါလို့ မကိုက်ပေ။

ဒါက သင့်လျော်သည့် စျေးနှုန်းဟု လူတွေက ခံစားခဲ့ရသည်။

ပဲပိစပ်ကို အဓိက အစားအသောက်ဖြင့် စားနိုင်သည့် မိသားစု သိပ်မရှိတာကြောင့် သူတို့က တို့ဟူးနှင့် လဲစားဖို့ ဆန္ဒရှိကြသည်။

မနေ့က တို့ဟူးကို မြည်းစမ်းဖူးသည့်လူတွေက အရသာရှိတာကို သိတာကြောင့် သူတို့စျေးနှုန်းက လက်ခံလို့ရသည်။

ထို့ကြောင့် အဒေါ်ကြီးတွေက ပြုံးကာ ပြောခဲ့သည်၊ "တို့ဟူး ၁ကျင်းယူမယ်၊ မနေ့ကပြောတဲ့အတိုင်း တို့ဟူးကို ဟင်းသီးဟင်းရွက်နဲ့ ကြော်စားတာ စားကောင်းချက်ပဲအေ။"

အမေရှောင်က ပဲပိစပ်စေ့တွေကိုချိန်ပြီး ရှစ်ချင်းလျို့က တို့ဟူးတုံးကို ဓားဖြင့်လှီးပြီး ချိန်ပေးခဲ့သည်၊ "ရော့ ဒေါ်ကြီးအတွက် တို့ဟူး ၁ကျင်း"

"မွှေကြော်စားတာအပြင် တို့ဟူးကို အမျိုးမျိုး လုပ်စားလို့ ရသေးတယ်၊ ပစ္စည်းတွေလဲတဲ့အခါကျရင် ပြောပြမယ်။"

အိမ်တွင် တို့ဟူးကို ချက်ပြုတ်စားသုံးနိုင်သည့် နည်းလမ်းများစွာ ရှိသည်။

လူတိုင်း သွားရည်ယိုအောင်လို့ သူမ အသေးစိတ် ပြင်ဆင်ထားခဲ့သည်။

တို့ဟူး မစားဖူးသည့်လူတွေပါ ပါဝင်လာခဲ့ကြသည်၊ "ဒါဆို ငါလည်း တို့ဟူး ၁ကျင်း လဲမယ်။"

"ငါလည်း တို့ဟူး ၁ကျင်း ယူမယ်။ အိမ်မှာလဲစရာ ပဲပိစပ် မရှိတော့ ဂေါ်ဖီထုပ်နဲ့ လဲမယ်။"

"ငါကတော့ တို့ဟူး ၁ကျင်းကို ကြက်ဥနဲ့ လဲမယ်။"

ထိုနည်းဖြင့် စျေးဝယ်ခဲ့ကြသည်။

လမ်းပေါ်မှာရပ်ကြည့်နေသည့်လူတွေတောင် လူအုပ်ကြီးထဲ ဝင်ပါခဲ့ရလေသည်။

မြန်မြန်ဆန်ဆန်ပဲ ဒီနေ့လုပ်သမျှ တို့ဟူးကို အစားအသောက်ဖြင့် လဲလှယ်လို့ပြီးသွားခဲ့သည်။

လူအများစုက တို့ဟူးကို ပဲပိစပ်ဖြင့် လဲခဲ့ကြသည်။

ဥတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်ကြမ်းတွေပါရှိပြီး ဘယ်သူမှတော့ ပိုက်ဆံဖြင့် မဝယ်ခဲ့ကြပေ။

ဒီလိုနည်းဖြင့် ရှစ်ချင်းလျို့က လူတိုင်းရဲ့စိတ်ကို ဆုပ်ကိုင်နိုင်ခဲ့သည်။

ပိုက်ဆံသုံးဖို့ တွန့်ဆုတ်ပါက အိမ်ကပစ္စည်းကိုတို့ဟူးဖြင့် လဲလို့ရလျှင် ခေါင်းခဲစရာ မလိုတော့ပေ။

ဒီနေ့တို့ဟူးမလဲလိုက်ရသည့်လူတွေ အလာနောက်ကျသည့်လူတွေက နောင်တရနေကြပြီး မနက်ဖြန်ကျရင် တို့ဟူးပိုလုပ်ဖို့ သူတို့ကို မှာခဲ့ကြသည်။

ရှစ်ချင်းလျို့က ပြုံးကာ သဘောတူခဲ့သည်၊ "ကိစ္စမရှိပါဘူး"

ရှောင်ဟန်ကျန့်က ထွက်မလာခဲ့ပေ။

တစ်ယောက်ယောက်က မေးတိုင်း အမေရှောင်နှင့် ရှစ်ချင်းလျို့က စိုးရိမ်သည့်ပုံ ဆင်မြန်းထားလေသည်။

သူက အားနည်းနေလို့ အိပ်ရာထဲမှာ အနားယူနေကြောင်း ပြန်ပြောခဲ့သည်။

ဒါက ရန်သူကို သတိမပေးလိုက်ချင်လို့ဖြစ်ပြီး သမားတော်ညွှန်းပေးသည့်ဆေးကို ဆက်သောက်နေတယ်ဟု ထင်စေချင်လို့ ဖြစ်သည်။

တို့ဟူးတွေကို လဲလှယ်လို့ ကုန်သွားပြီးနောက် ခြံတံခါးပိတ်ပြီး ရှစ်ချင်းလျို့က မောပန်းစွာ ထိုင်ခုံပေါ် ထိုင်လိုက်သည်။

သူမက ဦးနှောက်ကို သုံးကာ အလုပ်လုပ်ခဲ့သည်။

သူမရဲ့ စိုက်ပျိုးရေး အတွေ့အကြုံဖြင့် ကွင်းထဲဆင်းရရင်တောင် တို့ဟူးလုပ်ရတာလောက် ပင်ပန်းမည်မဟုတ်ပေ။

"နောက်ထပ် ၂ရက်လောက်ဆိုရင် လူငှားလုပ်လို့ရပါပြီ။"

အမေရှောင်၊ ရှောင်ပိုင်လီနှင့် ရှောင်အာ့လန် တို့လည်း ပင်ပန်းပေမယ့် သူတို့က ပျော်ရွှင်နေကြသည်။

ဒီနေ့တော့ ဘယ်သူမှ ပိုက်ဆံဖြင့် မဝယ်ခဲ့ကြပေမယ့် ပဲပိစပ်၊ အစေ့အဆန်နှင့် ဟင်းသီးဟင်းရွက် အများကြီး ရလိုက်သည်။

မိသားစုတွေ ရက်အနည်းငယ်လောက် စားဖို့ လုံလောက်သည်။

ပင်ပန်းပေမယ့် အလုပ်လုပ်ရမှာကို သူတို့မကြောက်ပေ။

အမေရှောင်က ပြောခဲ့သည်၊ "ရက်အနည်းငယ်လောက်ပိုလုပ်ရရင်တောင် အမေတို့မကြောက်ပါဘူး၊ တို့ဟူးက ရေရှည်ဖြေရှင်းချက်ပဲလေ။"

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်၊ "ကျွန်မတို့ကိုယ်တိုင် လုပ်ရတာ အရမ်းပင်ပန်းတယ်၊ ပိုင်လီနဲ့ အာ့လန်က ဖွံ့ဖြိုးဆဲအရွယ်ဆိုတော့ ပင်ပန်းတာ မကောင်းဘူး။"

ထိုအချိန်မှာပဲ ရှောင်ဟန်ကျန့်က လမ်းလျှောက်ထွက်လာခဲ့သည်၊ "၂ရက်အတွင်း ဆေးကိစ္စ ဖြေရှင်းပြီးရင် လူငှားပြီး လုပ်ကြတာပေါ့။"

သူ့အမေ၊ ဇနီးနှင့် မောင်နှမတွေ ပင်ပန်းမှာကို သူ မလိုလားပေ။

သူတို့နှစ်ယောက်ပြောတာကို အမေရှောင်ကြားတော့ တွန်းအား မပေးတော့ပေ။ "ကောင်းပါပြီ၊ သားတို့သဘောပါပဲ။"

ဒီနေ့ရွာထဲက လူတွေအများကြီး တို့ဟူးဝယ်သွားပြီး ရှစ်ချင်းလျို့က တို့ဟူးချက်နည်း အများကြီး သူတို့ကို ပြောပြခဲ့သည်။

အိမ်ပြန်ရောက်သည့်အချိန်မှာ သူတို့က လုပ်ကြည့်ခဲ့ကြသည်။ တို့ဟူးမကြိုက်သည့်လူတချို့ကလွဲရင် လူအများစုက အရသာရှိမှန်း သိသွားခဲ့သည်။

အမျှော်အမြင်ရှိသည့်လူတွေကလည်း ရှောင်မိသားစုဆီက တို့ဟူးကိုဝယ်ပြီး အပြင်လူတွေကို ပြန်ရောင်းလို့ရကြောင်း တွေးခဲ့ကြသည်။

ရွာပြင်မှာ မရှိသေးသည့်ပစ္စည်းဖြစ်တာကြောင့် ရှားပါးပစ္စည်း ဖြစ်သည်။

ထို့ကြောင့် နောက်တစ်နေ့ကျတော့ လူတွေ အများကြီး တို့ဟူး လာလဲလှယ်ကြသည်။

ရှောင်အိမ်က လူတွေကလည်း ထိုသတင်းကို ကြားသွားခဲ့ကြသည်။ အကြီးဆုံးနဲ့ တတိယသား မိသားစုက သည်းမခံနိုင်ဘဲ သူတို့ဇနီးတွေက ရှောင်မိသားစုအိမ်ကို လာခဲ့ကြသည်။

လူတွေအများကြီး အပေါက်ဝမှာ ဝိုင်းအုံကာ တို့ဟူး လဲလှယ်နေတာတွေ့တော့ သူတို့တွေက မနာလိုဖြစ်နေကြသည်။

All Chapters