← Chapters

အပိုင်း(၄၇၀)

Vol. 32 Ch. 470

အပိုင်း(၄၇၀)

Vol. 32 Ch. 470

အစိမ်းရောင်ချပ်ဝတ်  ဗိုလ်ချုပ်၏ ဦးဆောင်ခေါ်လာမှုအောက်တွင်ရှစ်ဖုန့်မှာ သူ့အတွက်   လုံချန်ဆောက်ထားပေးသော  စစ်နတ်ဘုရား မျှော်စင်ဆီသို့ တကယ်ရောက်ရှိလာသည်။

မူလက ဤနေရာမှာ ရှစ်ဖုန့်နှင့်သက်ဆိုင်သည်ဖြစ်သော်လည်း   ယခုတော့ အခြားတစ်စုံတစ်ယောက်၏ ပိုင်နက်ဖြစ်နေပုံရသည်။

ယင်းက ရှစ်ဖုန့်အား လွန်စွာ ကိုးရိုးကားရားနိုင်သော  ခံစားချက်  ကိုပေးသည်ဖြစ်၏။

“အထဲကိုသွားလိုက်..သခင်တွေနဲ့ သခင်အသစ်အားလုံးအထဲမှာရှိတယ်..”

အစိမ်းရောင်ချပ်ဝတ် ဗိုလ်ချုပ်က ရှစ်ဖုန့်အားပြောလိုက်သည်။  ထိုသို့ပြောပြီးနောက်   အစိမ်းရောင်ချပ်ဝတ်ဗိုလ်ချုပ်က  ဘေးသို့ ဆုတ်လိုက်ပြီး စစ်နတ်ဘုရားမျှော်စင်၏  ဝင်ပေါက်အား စောင့်ကြပ်နေလိုက်သည်။

စစ်နတ်ဘုရားမျှော်စင်အတွင်းသို့ ရှစ်ဖုန့်ဝင်ရောက်လိုက်သည်။  သူဝင်ဝင်ချင်း ကျယ်လောင်သော မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။  မြေပြင်နှင့် စစ်နတ်ဘုရား  မျှော်စင်တစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။

ရှစ်ဖုန့်၏ အမူအယာက ပြောင်းလဲခြင်းမရှိဘဲ   စစ်နတ်ဘုရားမျှော်စင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။ထို့နောက်  သူ၏လက်အားဆန့်ထုတ်လိုက်ပြီး  စစ်နတ်ဘုရား မျှော်စင်တံခါးကို တွန်းဖွင့်လိုက်၏။

တံခါးဖွင့်ပြီးပြီးချင်း  သူ၏ စစ်နတ်ဘုရားရုပ်ထုက  အစိတ်စိတ်အမွှာမွှာဖြစ်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။မြေပြင်ထက်၌  မြင့်မာသော ရွှေရောင်အပိုင်းအစ  အပုံတစ်ခုရှိနေသည်။

ကောင်းကင်ထဲတွင်   မာနကြီးသောပုံစံရှိသည့် ဖောင်းကြွဝတ်ရုံအား ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရွှေရောင်အပိုင်းအစပုံအားငုံ့ကြည့်ပြီး အထင်သေးမှုအပြည့်ဖြင့် ရေရွတ်ပြောဆိုလိုက်သည်။

“ဟမ့်..ဒါကဘယ်လို ရုပ်ထုအစုတ်အပျက်မျိုးလဲ.  ..ကြည့်လိုက်ရုံနဲတင် ငါ့ကို အော်ဂလီဆန်စေတယ်”

“ဝမ်းကွဲ လင်ဟွမ်.. အကြီးအကဲကငါ့တို့ကို ဒီကိုလာပြီးတော့  ဝမ်းကွဲ ညီမ လင်ရွှယ်ကိုပြန်ခေါ်ဖို့ပဲတောင်းဆိုလိုက်တာ.. မင်းဘာလို့ပြဿနာတွေဖန်တီးနေတာလဲ.. လူတွေအားလုံးကို မြို့ပြင်မောင်းထုတ်လိုက်ရုံတင်မဟုတ်ဖူး.  သူတိုရဲ့ပစ္စည်းတွေကိုလဲ ဖျက်ဆီးပစ်တယ်”

ဖောင်းကြွဝတ်ရုံအား ဝတ်ဆင်ထားသော  ချောမောသည့် လူငယ်တစ်ယောက်က ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားသော အမူအယာဖြင့်ရှိနေသည့် ပုံရိပ်အား

ကြည့်၍    အပြစ်ဖော်ဆုံးမလိုက်သည်။

“ဟမ့်”

လင်ဟွမ်အမည်နှင့်လူငယ်က  ထိုလူငယ်၏ စကားအားကြားလိုက်ရသောအခါတွင်   အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်သူကပြောလိုက်၏။

“အဲ့လိုနိမ့်ကျတဲ့လူတွေက ငါတို့နဲ့ တစ်မြို့တည်းအတူတူနေလို့ဘယ်ရမှာလဲ.. အဲ့လိုသာ တကယ်လုပ်ခဲ့ရင် အဲ့တာက ငါတို့ရဲ့ အဆင့်အတန်းကို စော်ကားသလိုပဲဖြစ်နေမှာ”

လူငယ်စကားပြောပြီးသောအခါတွင် စစ်နတ်ဘုရားမျှော်စင် တံခါးက ရုတ်တရက်ပွင့်လာသည်။  တံခါးအားဖြတ်သန်း၍ လျှော်လှမ်းဝင်လာသောပုံရိပ်က  စကားပြောနေသော လူနှစ်ယောက်၏အာရုံအား စွဲဆောင်သွားသည်။သူတို့နှစ်ဦးတည်းသာမဟုတ်ပေ။  အခန်းအတွင်းရှိနေသော လူအချို့ကလည်း လျှောက်လှမ်းဝင်သော ပုံရိပ်အားကြည့်လိုက်သည်။

စစ်နတ်ဘုရား မျှော်စင်အတွင်းသို့ရှစ်ဖုန့်ဝင်လာပြီး

နောက်တွင်သူအား အကဲဖြတ်နေကြသောသူများက

တစ်ယောက်တည်းမဟုတ်ပေ။  သူကလည်း မျှော်စင်အတွင်းမှလူများအား

အကဲဖြတ်လိုက်သည်။

မရင်းနီးသော အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီး

နှစ်ယောက်တို့အား ရှစ်ဖုန့်တွေ့လိုက်ရသည်။  အသက်အကြီးဆုံးမှာ နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်အရွယ်ရှိသည်။  သူမက ချစ်ဖို့ကောင်းသောပုံစံရှိပြီး ချောမွေ့သောအသားအရေနှင့် အေးစက်သောမျက်နှာထားတစ်ခုကို ပိုင်ဆိုင်ထားသည်။ နန်းတော်ကောင်းကင်ယံထက်မှ ပဲ့တင်ထွက်ပေါ်လာခဲ့သော အသံမှသူမထံမှ ဖြစ်သည်ဟု ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်သည်။

အငယ်ဆုံးမှာ အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ခန့်ရှိသည်။  သူမက လည်းချစ်ဖို့ကောင်းပြီး ချော့မွေ့သောအသားအရေနှင့်မျက်နှာကိုပိုင်ဆိုင်ထားသည်။ သူမ၏ပုံစံမှာ ကြွေရုပ်လေးတစ်ခုကဲ့သို့ဖြစ်၏။

အခြားသော အငယ်ဆုံးသူမှာ ရှစ်လင်ပင်ဖြစ်သည်။အသေးလေးမှာ

ဟင်းလင်းပြင်ထဲမှ သူ့အကိုဖြစ်သူ၏ ရုပ်ထုအား ခြေမွဖျက်ဆီးပစ်လိုက်သူကို ဒေသထွက်စွာဖြင့်ကြည့်နေ၏။  ယခု သူ့အကိုဖြစ်သူအားမြင်လိုက်ရသောအခါတွင်  အသေးက လျှင်မြန်စွာပြေးလာလိုက်သည်။

“ကိုကြီး”

ဤအချိန်တွင်ရှစ်ဖုန့်အားဖက်လိုက်ပြီး   ရှစ်လင်မှာတစ်ခုခုဖြစ်နေပုံပေါ်၏။ သူ၏မှီခိုအားထားစရာဆက်နွယ်သူအားတွေ့လိုက်ရသောအခါတွင်  ရှစ်ဖုန့်အားဖက်လိုက်ပြီးငိုတော့သည်။

“လင်အာ.မငိုပါနဲ့”

ရှစ်ဖုန့်က ရှစ်လင်၏ ခေါင်းလေးအားကြင်နာယုယစွာပွတ်သပ်

လိုက်ပြီးသူမအားနှစ်သိမ့်လိုက်သည်။  နောက်ဆုံးတွင် နန်းမြို့တော်မှ ရက်အနည်းငယ်သူထွက်ခွာသွားပြီးနောက် ရှစ်လင်မှာ ကြယ်တစ်ပွင့် စစ်သည်တော်နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး   အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်

လာသည်ကို   ရှစ်ဖုန့်တွေ့လိုက်ရသည်။

ရှစ်လင်အား နှစ်သိမ့်ပေးနေရင်း ရှစ်ဖုန့်ခေါင်းကိုထပ်မံမော့လိုက်ပြီး   စစ်နတ်ဘုရားမျှော်စင်အတွင်းရှိ လင်မိသားစုဝင် လေးယောက်အားကြည့်လိုက်သည်။  ဧကရာဇ်လင်ဝူချန်ရစ်ထားခဲ့သော မျိုးဆက်များကတကယ့်ကို အံ့ဖွယ်ပင်ဖြစ်သည်။ဤလူများထဲတွင် ချစ်ဖို့ကောင်းသောအမျိုးသမီးက ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သည်။  သူမက ကြယ်ငါးပွင့် မဟာသူတော်စင်နယ်ပယ်ဖြစ်၏။  အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ကောင်မလေးပင် ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ဖြစ်နေသည်။ မဟာသူတော်စင်နယ်ပယ်အဆင့်သို့ရောက်ရန်အတွက် ခြေတစ်လှမ်းစာသာလိုတော့သည်ဖြစ်သည်။

“ကိုကြီး..သူတို့ကညီမလေးကို အဝေးကြီးခေါ်သွားချင်နေကြတာ…ညီမလေး မသွားချင်ဘူး.ကိုကြီးဆီကနေညီမလေး မထွက်သွားချင်ဘူး. ညီမလေးကိုကြီးဘေးမှာပဲနေချင်တယ်”

ရှစ်လင်က ရှစ်ဖုန့်အားဖက်၍ငိုနေသည်။

ငိုကြွေးနေသော ညီမဖြစ်သူအားကြည့်၍ ရှစ်ဖုန့်ရုတ်တရက် တင်းကျပ်မှုကိုခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် ယခင်က ငရဲဘုံကိုးခု ဧကရာဇ် တစ်ဖြစ်လည်း ဧကရာဇ်ကျိုးယိုဖြစ်ခဲ့သူလက်ရှိ

ရှစ်ဖုန့်တစ်ယောက်  နောက်ဆုံး၌ စွမ်းအားမဲ့မှုကိုခံစားလိုက်ရသည်။ စစ်မှန်သောစွမ်းအားကြီး အင်အားစုတစ်ခုနှင့် ရင်ဆိုင်ရချိန်၌ သူ့အနေဖြင့် ညီမဖြစ်သူအားကာကွယ်ပြီး အဝေးသို့ ခေါ်ဆောင်သွားခြင်းမှတားဆီးနိုင်သည့် ခွန်အားတို့ရှိမနေခဲ့ပေ။

စွမ်အား။သူ့၌သာ ယခင်ဘဝကကဲ့သို့စွမ်းအားမျိုးရှိနေခဲ့လျှင် ..ထိုကဲ့သို့စွမ်းအားမျိုးဖြင့်ဆိုပါက မည်ကဲ့သို့ဖြစ်မည်နည်း။အကယ်၍ ယခင် ဧကရာဇ်ကျိုးယိုသာဆိုလျှင်  ကြီးမြတ်သော တစ္ဆေစစ်သူကြီးရှစ်ဦးနှင့်  မီလီယံရာချီသော   တစ္ဆေစစ်သားများအားခေါ်ဆောင်၍ ဧကရာဇ် လင်ဟူ၏ မျိုးဆက်များအား  တိုက်ရိုက်နင်းခြေပစ်လိုက်မည်ဖြစ်သည်။

သို့သော် ယခုအချိန်၌ သူ့တွင်ထိုကဲ့သို့လုပ်နိုင်စွမ်းရှိမနေသေးပေ။

ယခု သူရှစ်ဖုန့်မှာ   ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် သေးငယ်သော ကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။ လင်မိသားစု သူ့အတွက်ကြီးမားလွန်းနေသည်ဖြစ်၏။

သူ့၌သွေးကျောက်ပြားရှိပြီး  ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်စွမ်းအားကိုအသက်သွင်း၍စစ်နတ်ဘုရားမျှော်စင်မှ  ကြီးမြတ်သော  ဧကရာဇ်လင်ဝူ၏   မျိုးဆက်လေးဦးအား သတ်ပစ်နိုင်သော်လည်း  အပြင်ဘက်ရှိ ရာချီသော သူတော်စင်နယ်ပယ် စစ်သည်များကို သူရင်ဆိုင်ရအုံးမည်ဖြစ်သည်။  သူ့အနေဖြင့် လင်မိသားစု၏  အဆုံးမရှိသော စွမ်းအားကြီးသူများကိုလည်းရင်

ဆိုင်ရလိမ့်မည်ဖြစ်သည်။

စွမ်းအားမဲ့သော ခံစားချက်က ရှစ်ဖုန့်၏နှလုံးသားအတွင်းပြည့်နှက်နေသည်။ သူ့အားဖက်ကာငိုကြွေးနေသော ရှစ်လင်၏ ခေါင်းလေးကို ရှစ်ဖုန့်ထိလိုက်သည်။  တစ်ခြားဘာကိုမှ  ရှစ်ဖုန့်မပြောပေ။

ယနေ့ခွဲခွာပြီးနောက် ဘယ်အချိန်မှ သူ၏ညီမဖြစ်သူအားပြန်တွေ့နိုင်မည်ကို ရှစ်ဖုန့်မသိပေ။  သူမကြီးပြင်းလာမှုအားသူ

စောင့်ကြည့်ချင်ခဲ့သည်။

သို့သော် စွမ်းအားကြီးလင်မိသားစုနှင့်

သူရင်ဆိုင်နေရသော်လည်း  စစ်နတ်ဘုရားခန်းမအတွင်းမှ လူလေးယောက်အား   ရှစ်ဖုန့်အေးစက်စွာကြည့်လိုက်သည်။သူက အေးစက်စွာပြောလိုက်၏။

“ဒီသခင်လေးအရင်ဆုံးပြောမယ်..

အနာဂတ်မှာ ဒီသခင်လေးရဲ့ညီမကို ဘယ်ကောင်ပဲဖြစ်ဖြစ်အနိုင်ကျင့်ခဲ့ရင်  သူတို့က လင်မိသားစုက ဒါမှမဟုတ် ဧကရာဇ်လင်ဝူရဲ့မျိုးဆက်ဆိုတာတွေကို ဒီသခင်လေးဂရုစိုက်နေမှာမဟုတ်ဖူး.. ဒီသခင်လေးညီမတစ်ခုခုဖြစ်တာနဲ့ သူတို့ကိုဘာပဲဖြစ်ဖြစ် ဒီသခင်လေး သတ်ပစ်မယ်”

ရှစ်ဖုန့်၏ အေးစက်သောအကြည့်နှင့်စကား

လုံးတို့အောက်တွင်   ဧကရာဇ်လင်ဝူ၏  မျိုးဆက်လေးယောက်မှာ ရုတ်တရက်အမှုမဲ့ အမှတ်မှတ်ဖြစ်မှုအာရုံတစ်ခုကိုခံစားလိုက်ရသည်။   ယင်းမှာသူတို့အား ကြီးပြင်းလာနေသော သားရဲရိုင်းတစ်ကောင်က  စိုက်ကြည့်နေသကဲ့သို့ပင်ဖြစ်သည်။

ချက်ချင်းပဲ ထိုခံစားချက်က သူတို့၏ကိုယ်မှပျောက်ကွယ်သွားသည်။

“ရဲတင်းလိုက်တာ…နိမ့်ကျတဲ့ ကျင့်ကြံသူတစ်ယောက်ကများ   ငါတို့ကို ဘယ်လိုတောင်ဒီလိုပြောရဲရတာလဲ..ငရဲကိုသွားလိုက်စမ်း”

ရုတ်ခြည်းဆိုသလို  လေထဲ၌လွင့်မျောနေဆဲဖြစ်သော

လင်ဟွမ်ဟူသည့်လူငယ်က ခက်ထန်စွာအော်ဟစ်လိုက်သည်။ သူ၏လက်ဖဝါးအလယ်တွင် အစိမ်းရောင် စိတ်ဝိညာဉ်ချီစီးကြောင်းတစ်ခုက လည်ပတ်နေပြီး   ၎င်းတို့က ဦးခေါင်းတစ်လုံးအရွယ်အစားရှိသော စိတ်ဝိညာဉ်ချီလုံးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။  သူက၎င်းအား ရှစ်ဖုန့်ထံတွန်းထုတ်လိုက်ပြီး   စိတ်ဝိညာဉ်ချီလုံးက ရွှတ်ခနဲထွက်လာသည်။

ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်စွမ်းအား။ အသက်ဆယ့်လေးဆယ့်ငါးနှစ်သာရှိနေသော ဤလူငယ်က လည်း မဟာသူတော်စင်နယ်ပယ်ကျွမ်း

ကျင်သူတစ်ယောက်ဖြစ်သည်။

ကြယ်တစ်ပွင့်မဟာသူတော်စင်

နယ်ပယ်တစ်ယောက်၏ စွမ်းအားဖြစ်သည်။ အကယ်၍ ရှစ်ဖုန့်၌သာ အခြားသော ဆိုလိုရင်းများရှိမနေခဲ့လျှင်  ဤစိတ်ဝိညာဉ်ချီလုံး၏ တိုက်ခိုက်မှုက   ရှစ်ဖုန့်အား သတ်ပစ်ရန်လုံလောက်သည်ဖြစ်၏။

စိတ်ဝိညာဉ်ချီလုံးအားရှစ်ဖုန့်က ခေါင်းမော့၍ အေးစက်စွာစိုက်ကြည့်လိုက်သည်။ သူ့အတွင် ရှောင်တိမ်းရန်ရည်ရွယ်ချက်တို့မရှိပေ။

သူ၏ဘယ်ဘက်လက်ဖဝါး၌  သွေးနီရောင်အလင်းတစ်ခုက လင်းလက်နေပြီးဖြစ်သည်။

“ဒီလူတွေက ဒီသခင်လေးအသက်ကိုလိုချင်တယ်လား..

ရတယ်. သူတို့သေချင်နေမှတော့ ငါ့အတွက်သေကြရမယ်”

ရှစ်ဖုန့်ကခပ်ကြမ်းကြမ်းပင်တွေးလိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် အေးစက်သောအသံခပ်တိုးတိုး

ထွက်ပေါ်လာသည်။

“ရပ်လိုက်လင်ဟွမ်”

ချစ်ဖို့ကောင်းသော အမျိုးသမီးက ရုတ်တရက်  သူမ၏ဖြူဖွေးသေးသွယ်သောလက်တို့အား   ဆန့်ထုတ်လိုက်ပြီး လင်ဟွမ်ပစ်လွှတ်လိုက်သော အစိမ်းရောင်စိတ်ဝိညာဉ်ချီလုံးအား  ဆုပ်ကိုင်လိုက်သည်။  “ဝုန်း” ဟူသောအသံနှင့်အတူ   ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်စွမ်းအားဖြင့်ဖွဲ့စည်းထားသော  စိတ်ဝိညာဉ်ချီလုံးမှာ  ထိုမိန်းကလေးကြောင့် ရုတ်ခြည်းကွဲကြေသွားပြီး   လေထဲ၌ မှေးမှိန်ပျောက်ကွယ်သွားသည်။

“ဝမ်းကွဲ လင်လဲ့”

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters