အခန်း(၁၂၁) ငါ့မိန်းမက လှလိုက်တာ ဘယ်လိုလုပ်ရမလဲ
Vol. 9 Ch. 121
အခန်း(၁၂၁) ငါ့မိန်းမက လှလိုက်တာ ဘယ်လိုလုပ်ရမလဲ
စုရှောင်းယွီနှင့် လင်းယွီရှစ်တို့ နှစ်ယောက်စလုံး ကြက်သေ သေသွားကြပါသည်။
လင်းဖန်က ရဲတင်းလွန်းသည်။
ရှားဝမ်ချွေ့ကို အတင်းအကြပ် နမ်းလိုက်သည်။
ရှားဝမ်ချွေ့က စူပါစတားတစ်ယောက်ဖြစ်ပြီး လူများစွာက သဘောကျသည့် ကောင်မလေး တစ်ယောက် ဖြစ်သည်။ သူမ၏ ပရိတ်သတ်အရေအတွက်က သန်း ၈၀ ကျော်ကာ သန်း ၁၀၀ နီးပါးပင် ရှိပါသည်။
ယောက်ျားလေး နာမည်ကျော်များစွာက ရှားဝမ်ချွေ့နဲ့အတူ ရုပ်သံဒရမ်မာ ရိုက်ကူးချင်ကြသည်။ သူတို့ ရှားဝမ်ချွေ့နဲ့ အကြင်နာပေးခန်း ရိုက်ကူးနိုင်ပါက ပိုကောင်းပါသည်။
သို့သော်လည်း ဒီနှစ်ပေါင်းများစွာအတွင်း ရှားဝမ်ချွေ့ အချစ်ရေးဇာတ်ဝင်ခန်း တစ်ခါသာ ရိုက်ဖူးသည်။ ဘဝရဲ့ပျော်ရွှင်မှုမှာ လင်းဖန်နဲ့ အတူတူ ရိုက်ကူးခဲ့ပါသည်။
ဒီဒရမ်မာထဲတွင် ရှားဝမ်ချွေ့၏ ဖန်သားပြင်ပေါ်က ပထမဆုံးအနမ်းကော လက်တွေ့ဘဝက ပထမဆုံး အနမ်းကော အားလုံးကို လင်းဖန်အား ပေးလိုက်ရပါသည်။
ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်နေတာသာဖြစ်ပြီး ပရိတ်သတ်တွေ ဘယ်လောက်ပဲမြင်မြင် ဘာမှ ပြောမှာ မဟုတ်ပေ။ သို့သောာ်လည်း အခုဖြစ်ပျက်သွားတာက တကယ်ပဲ... လင်းဖန် ရှားဝမ်ချွေ့ကို အတင်းအကြပ် နမ်းလိုက်ခြင်း ဖြစ်ပါသည်။
ဒီသတင်းသာ ထွက်သွားပါက ပရိတ်သတ်များစွာ ရူးသွပ်ကုန်ကြလိမ့်မည်။
ထိုအခါ လင်းဖန်ကို လာရိုက်မည့် လူအရေအတွက်က သန်း ၁၀၀ ကျော် သွားလိမ့်မည်။
လင်းဖန်က သူတို့၏ အချစ်ဆုံး နတ်သမီးလေး၏ နှုတ်ခမ်းနီနီကို နမ်းခဲ့သည်။
"အရူးကောင်လင်းဖန် ညစ်ပတ်တဲ့ကောင်။ သူများကို အနိုင်ကျင့်ဖို့ပဲသိတယ်။ နင့်ကို စကားမပြောတော့ဘူး" ရှားဝမ်ချွေ့က နှုတ်ခမ်းဆူလိုက်ပါသည်။ သူမ အပြင်ထွက်သွားဖို့ ပြင်လိုက်စဥ် လင်းဖန်က သူမလက်ကို ကိုင်ထားလိုက်ပါသည်။
"ဟွန်း ဘာလုပ်တာလဲ။ နင့်အိမ်ထဲ ငါမဝင်တော့ဘူး။ ငါအိမ်ပြန်မယ်" ရှားဝမ်ချွေ့မျက်နှာက နီရဲနေသည်။ သူမ အစကတော့ လင်းဖန်အိမ်မှာ စားဖို့ သောက်ဖို့ လာခဲ့ခြင်း ဖြစ်သော်လည်း လင်းယွီရှစ် လင်းဖန်၏ ပခုံးပေါ်မှီနေတာကိုမြင်ခဲ့ရကာ အခုလည်း လင်းဖန် နမ်းတာကို ခံခဲ့ရသည်။
"လက်နာနေသေးလား။” လင်းဖန်က အနည်းငယ်နီနေသေးသည့် ရှားဝမ်ချွေ့၏ လက်ကောက်ဝတ်ကို သေချာကြည့်လိုက်ပြီး မေးလိုက်ပါသည်။
"နာတဘ်။”
"အရူးကောင် နင်နမ်းတာ နေရာမှားနေတယ်။ ပြန်လုပ်" ရှားဝမ်ချွေ့က သနားစရာကောင်းစွာ ပြောလိုက်ပါသည်။ စုရှောင်းယွီ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ရှားဝမ်ချွေ့က လူများစွာ၏ ရင်ထဲက နတ်သမီးလေး ဖြစ်သည်။ ဒါဘယ်လိုစကားတွေလဲ။ သူမ လင်းဖန်ကို တကယ်ကြီး ထပ်နမ်းခိုင်းသည်။
သူမက အစကတည်းက ခွေးမလေးဖြစ်ပြီး အခုလည်း စင်ဂယ် ခွေးမလေး ဖြစ်နေဆဲ ဖြစ်ပါသည်။ သို့သော်လည်း လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က သူတို့အချစ်ကို ခွေးမလေးအား ကြွားနေပါသည်။
သူမ မျက်နှာပူလာ၏။ စုရှောင်းယွီ ရုတ်တရက်ကြီး နောက်ခံကွက်လပ်တစ်ခုလို ခံစားမိသွားသည်။
နောက်ဆုံးတော့ ရှုယန်၏ ခံစားချက်ကို သူမ နားလည်သွားရလေပြီ။
သူတို့နှစ်ယောက်က သူတို့အချစ်ကို ကြွားဝါနေကြသည်။ ဘေးကလူတွေကိုလည်း ဂရုမစိုက်ပါ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တကယ် မတွဲရသေးပါ။ သူတို့သာ အတူတူ တွဲကြပြီး သူတို့အချစ်ကို လမ်းပေါ်မှာ ပေါ်တင်ကြွားဝါပါက မီဒီယာများစွာနဲ့ သတင်းသမားများက သေချာပေါက် သူတို့ကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်မှာ ဖြန့်ချိလိမ့်မည်။
တရားဝင် ကြေညာဖို့ အချိန်ရောက်သောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို ဘယ်သူမှ ဝေဖန်ကြမှာ မဟုတ်ပါ။ သို့သော်လည်း သူတို့၏ ကြွားဝါမှုကြောင့် အွန်လိုင်းပေါ်က ပရိတ်သတ်များ မျက်နှာ ဘယ်လောက်ပူရမလဲ မသိနိုင်ပါ။
ရှားဝမ်ချွေ့က သနားဖို့ကောင်းပြီး ဝမ်းနည်းစရာ မျက်နှာထားဖြင့် သူမ၏ လက်ကိုတော့ လင်းဖန်က ကိုင်ထားဆဲ ဖြစ်သည်။ လင်းဖန်၏ နှလုံးသားလေး နွေးထွေးသွားပါသည်။ သူ သည်းမခံနိုင်တာ မဟုတ်ပါ။ ရှားဝမ်ချွေ့၏ ပုံပန်းသဏ္ဌာန်က ယစ်မူးလောက်စရာဖြစ်သောကြောင့်ဖြစ်သည်။
သူ သည်းခံနိုင်ရင်တောင် လင်းဖန် သည်းမခံချင်ပါ။
သူ့ရှေ့က ကောင်မလေးကို ထိတွေ့ဖို့ ဘယ်သူက သည်းခံနိုင်မှာလဲ။
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကလေးကို နူးညံ့စွာကိုင်လိုက်ပြီး လက်ကောက်ဝတ်ကို ကိုင်လိုက်ပါသည်။
ထို့နောက် နူးညံ့စွာဖြင့် နမ်းလိုက်သည်။
အေးစက်ပြီး နွေးထွေးသည်။ ကြည်နူးဖို့ကောင်းပြီး စိုစွတ်သည်။
ရှားဝမ်ချွေ့၏ နှင်းလိုဖြူဖွေးသော လက်ကလေးကို နမ်းလိုက်ရသောအခါ ချစ်ဖို့ကောင်းသည့် နတ်သမီးလေးတစ်ပါးကို နမ်းလိုက်ရသလို လင်းဖန် ခံစားလိုက်ရပါသည်။ "နာသေးလား" လင်းဖန်က ထပ်မေးလိုက်သည်။
"မနာတော့ရင် နည်းနည်းလောက် ထပ်နမ်းမယ်" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ တခြားလက်တစ်ဖက်ကို ကိုင်ထားလိုက်ပါသည်။
"အာဝူး အာဝူး"
"ဆရာနဲ့ အစ်မဝမ်ချွေ့တို့။ နင်တို့နှစ်ယောက် ကြွားချင်လည်း ခွေးမလေးကို အနိုင်မကျင့်နဲ့လေ။ ခွေးမလေးက အရမ်းချစ်ဖို့ကောင်းတာ။ ထပ်အနိုင်ကျင့်ရင် ကိုက်မှာနော်" စုရှောင်းယွီက ပြောလိုက်ပါသည်။
စုရှောင်းယွီ ချစ်ဖို့ကောင်းသော ခွေးပေါက်လေးလို ပြုမူနေတာကိုကြည့်ရင်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက်စလုံး ပြုံးလိုက်ပါသည်။
"ငါ့ကို နမ်းဖို့ မလိုတော့ပါဘူး။ ခွင့်လွှတ်ပါတယ်။” ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီရဲနေဆဲဖြစ်ကာ အနည်းငယ် ရှက်နေပါသည်။ သူမ၏ လက်ကို နူးညံ့စွာ ပြန်ရုတ်သိမ်းလိုက်ပြီး လင်းဖန်ကို အနည်းငယ် ဦးညွှတ်လိုက်ပါသည်။ ရှေးဟောင်းမိသားစုတစ်စုက သမီးတစ်ယောက်လိုပင်။
အကျင့်မကောင်းတဲ့ ကောင်မလေး လင်းဖန် သည်းမခံနိုင်တော့ပါ။
စကားလုံးနည်းနည်း၊ မျက်နှာထားနည်းနည်းလေး ပြောင်းလိုက်ရုံနဲ့ စိတ်ခိုင်သော လင်းဖန်အတွက်တောင် သည်းခံနိုင်ဖို့ ခက်ခဲပါသည်။ သူ့ညီမလေးနဲ့ ခွေးမလေးသာ အနားမှာ မရှိပါက ရှားဝမ်ချွေ့ကို လင်းဖန် ချက်ချင်း အပြစ်ပေးမိပါလိမ့်မည်။
၅ နှစ်လုံးလုံး မရှုံးခဲ့ပါ။ ၃ နှစ်ဆို တန်ပါသည်။
အရင်တုန်းက လင်းဖန်သာဆို တကယ်ပဲ ဒီလိုပုံစံ ဖြစ်လိမ့်မည်။
လက်ရှိ လင်းဖန်မှာတော့ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်များ ရှိနေပါသည်။
"ငါ့ဇနီးလေး မနာတော့ရင် အဆင်ပြေပါပြီ" လင်းဖန်က ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားကာ လင်းဖန်ကို ကြည့်လိုက်သည်။
လင်းဖန် တကယ်ကြီး သူမအကျင့်ကို သင်ယူခဲ့သည်။
သူ့ကို မိန်းမဟုပင် ခေါ်နေသေး၏။ ဘယ်တုန်းက သူမက လင်းဖန်၏ မိန်းမ ဖြစ်သွားတာလဲ။
ရှားဝမ်ချွေ့ကလည်း အရှုံးကို ဝန်ခံမှာ မဟုတ်ပါ။ ချက်ချင်း စိတ်လျှော့လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ၏ မျက်နှာပေါ်က ရှက်ရွံ့မှု ပိုမို နက်ရှိုင်းသွားပါသည်။ "ရှင်သွားဖို့ အချိန်ကျပြီ မဟုတ်ရင် သခင်မတွေ့ရင် စိတ်ဆိုးလိမ့်မယ်။”
လင်းဖန် ကြက်သေ သေသွားပါသည်။
သူ့မိန်းမကိုပင် ခေါ်လိုက်သည်။ သရုပ်ဆောင်စွမ်းရည် ကောင်းမွန်သည့် ရှားဝမ်ချွေ့က လင်းဖန်နဲ့ တိတ်တိတ်ပုန်း ချစ်နေသည့် မိန်းကလေးတစ်ယောက်လို သရုပ်ဆောင်လိုက်ပါသည်။
လင်းဖန်က ရှေ့တိုးကာ အတည်ပေါက် ပြောလိုက်ပါသည်။ "အဲ့တာ ကောင်းတာပေါ့။ ငါ့မိန်းမကို ပထုတ်နိုင်ရင် အခုချိန်ကစပြီး နင်ငါ့မိန်းမလုပ်လို့ရပြီ။”
ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေပါသည်။ သူမမျက်နှာကို တစ်ဖက်သို့လှည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ သူမ နူးညံ့စွာပြောလိုက်သည်။ "ဟန်း~ ဒါဆိုလည်း ဒီနေ့ည မပြန်နဲ့ပေါ့။”
လင်းဖန် သည်းမခံနိုင်တော့ပါ။
ဒါ သရုပ်ဆောင်နေတာ မဟုတ်တော့ပေ။ သူတို့ စိတ်ချင်း ဆက်နွယ်နေကြခြင်း ဖြစ်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက်စလုံးက သရုပ်ဆောင်ကောင်းများ ဖြစ်ကြပါသည်။ သူတို့နှစ်ယောက် စာသားများကို မကျက်ခဲ့သလို ရှေးဟောင်းအဝတ်အစားများလည်း မဝတ်ထားပါ။ သူတို့ လုံးဝကို လက်တန်းသရုပ်ဆောင်သွားခြင်း ဖြစ်ပါသည်။
ရှားဝမ်ချွေ့က မရှုံးပေ။ သို့သော် လင်းဖန်ကတော့ လုံးဝ ရှုံးနိမ့်သွားပါပြီ။
ဒီတိုင်းသာ ဆက်သွားပါက တစ်သက်လုံး ရှားဝမ်ချွေ့ အနိုင်ယူတာကို ခံရတော့မည်။
သူ့မိသားစုအဆင့်အတန်း ရှုံးနိမ့်လို့ မဖြစ်ပါ။
လင်းဖန်က အပေါ်စီးကပဲဖြစ်ရမည်။ ရှားဝမ်ချွေ့က သူ့အောက်မှာပဲရှိရမည်။ မဟုတ်ပါက သူ့မိသားစု အဆင့်အတန်း ဗရုသုက္ခ ဖြစ်သွားပါလိမ့်မည်။
ဒါက သရုပ်ဆောင်နေတာဟု ထင်ရသော်လည်း တကယ်တော့ မိသားစုအဆင့်အတန်းခြင်း ပြိုင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ဘယ်သူက အထက်စီးမှာရှိပြီး ဘယ်သူက အောက်မှာလဲဆိုတာ ဆုံးဖြတ်နေခြင်း ဖြစ်၏။ ဒီလိုအရေးကြီးသည့် အခြေအနေမျိုးတွင် လင်းဖန်သတိထားဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူ့မိန်းမရှေ့မှာ မိသားစု အဆင့်အတန်းအတွက် တိုက်ခိုက်ချင်ပါက အရှက်မဲ့မှ ဖြစ်မည်။
"မိန်းမ အိပ်ခန်းထဲဝင်ကြရအောင်" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့လက်ကို ကိုင်လိုက်ကာ အခန်းထဲဝင်ဖို့ ပြင်လိုက်သည်။
"ကောင်းပြီလေ~~" ရှားဝမ်ချွေ့၏ အပြုံးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလိုပင်။
သို့သော်လည်း ထိုအပြုံးက လင်းဖန်ကို သေစေလောက်သည်။ ဒါရှားဝမ်ချွေ့ရဲ့ တကယ့်ပုံစံအစစ်အမှန်လား။ သူမ ပြုံးလိုက်သည့်အခါ အလွန်လှပပါသည်။
မိသားစုအဆင့်အတန်းလည်း သွားလိုက်တော့။ ဘယ်သူက အထက်စီးကရှိရှိ အောက်ကရှိရှိ အတူတူပဲ မဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ် အများကြီး ခြားနားမှာ မဟုတ်ပါ။
လင်းဖန်က စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပါသည်။ ကြည့်ရတာ ရှားဝမ်ချွေ့နဲ့ တိုက်ခိုက်ဖို့ အနည်းငယ် ခက်ခဲသည့်ပုံပင်။
ရှားဝမ်ချွေ့၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းလွန်းသည်။ အရမ်းလည်းလှပသည်။
သူ အရှုံးကို ဝန်ခံချင်ရင်တောင် ယုံကြည်ချက် ပြည့်ဝစွာဖြင့် ဝန်ခံရမည်။ "မိန်းမ ငါရှုံးပါပြီကွာ။”လင်းဖန်က ပြောလိုက်သည်။
ရှားဝမ်ချွေ့ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါသည်။ နောက်ဆုံး ဝှက်ဖဲကိုတောင် သုံးပြီး သူ့ကို အိပ်ခန်းဆောင်ထဲဝင်ဖို့ ပြောခဲ့သည်။ ရှားဝမ်ချွေ့က အပြုံးဖြင့်သာ အောင်အောင်မြင်မြင် ပြန်ချေပလိုက်သည်။
သူ့မိန်းမက လှပလွန်းပါသည်။ သူ ဘာလုပ်ရမလဲ။