← Chapters

အခန်း(၁၂၂) မျက်နှာပူရလွန်းခြင်း

Vol. 9 Ch. 122

အခန်း(၁၂၂) မျက်နှာပူရလွန်းခြင်း

Vol. 9 Ch. 122

အခန်း(၁၂၂) မျက်နှာပူရလွန်းခြင်း

ရှားဝမ်ချွေ့က လင်းဖန်ကိုသူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး သူမမျက်နှာက ရှက်သွေးဖြာ နီရဲသွားပါသည်။ "မြောင်မြောင် - ငါ့ကို မိန်းမလို့ထပ်ခေါ်ရင် နင့်ကိုကိုက်မှာနော် ကြောင်တွေကိုက်ရင် အရမ်းနာလိမ့်မယ်"

လင်းဖန်ကခေါင်းခါလိုက်ပြီး နောက်ဆုံးတော့ ပြုံးလိုက်ပါသည်။ "မိန်းမ နင်ရှုံးသွားပြီထင်တယ်"

ရှားဝမ်ချွေ့က ခြေဆောင့်ပြီး ပြောလိုက်ပါသည်။ "စိတ်ဆိုးတယ်။”

လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်ပြီး ထပ်နမ်းလိုက်ပါသည်။ သူက နူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "မနာတော့ဘူးမလား၊ နောက်ဆို သတိထားပါ့မယ်။ နင့်ကို နာအောင်မလုပ်တော့ဘူး။"

"ငါ့အပြစ်ပါ။” လင်းဖန်က အပြုံးဖြင့်ပြောလိုက်ပါသည်။ သူ့မိန်းမရှေ့မှာ အရှုံးကိုဝန်ခံတာ ဘာမှမဖြစ်ပါ။ အများဆုံး နောက်ဆို ကြောင်မလေး အထက်စီးကရှိရုံသာ ဖြစ်လိမ့်မည်။

ရှားဝမ်ချွေ့ လင်းဖန်၏ မျက်နှာထားကို မြင်သောအခခါ အနည်းငယ် ပြုံးလိုက်ပါသည်။ သူမ၏ နှုတ်ခမ်းနီနီဖြင့် လင်းဖန်၏ ပါးပြင်ကို နူးညံ့စွာ ထိတွေ့လိုက်သည်။ "မဟုတ်ဘူး၊ ငါမှားသွာားတာပါ။ ငါနင့်ကို အနိုင်မကျင့်သင့်ဘူး။ နင် ကောင်းကောင်း သရုပ်ဆောင်နိုင်တယ်ဆိုတော့ ဆုချမယ်။”

လင်းဖန် ဘဝတစ်ခုလုံး ထိပ်ဆုံးရောက်သွားသလို ခံစားလိုက်ရပါသည်။

စုံတွဲများ ရန်ဖြစ်သည့်အခါ ကောင်လေးများက အမြဲလိုလို အရှုံးကိုဝန်ခံရပြီး ကောင်မလေးကို ချော့ပြီးမှ ပြန်အဆင်ပြေကြသည်။

လင်းဖန်က အမှားကို ဦးစွာ ဝန်ခံလိုက်သဖြင့် ရှားဝမ်ချွေ့က သူ့ကိုဆုချခဲ့ပါသည်။ သူမအမှားကိုလည်း ဝန်ခံခဲ့၏။

ထို့အပြင် သူ့ရှေ့က ကောင်မလေးက ချိုမြိန်ပြီး နွေးထွေးလွန်းပါသည်။

တစ်ခါတစ်လေ လင်းဖန်နဲ့ သရုပ်ဆောင်စွမ်းရည်ချင်း ပြိုင်သည်။ သို့သော်လည်း အမြဲတမ်း လင်းဖန်ကို "ကွမ်းရန်" ဟု ခေါ်တတ်သည်။

ရှေးခေတ်(စုန့်ခေတ်)က ကွမ်းရန်၏ အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းပါသည်။ ယောက်ျားဟု ခေါ်ဆိုခြင်း ဖြစ်သည်။

တစ်သက်တာအတွက် ယောက်ျား ဖြစ်သည်။

သာမန် ကောင်မလေးများနဲ့ ကောင်လေးများ သရုပ်ဆောင်စွမ်းရည် ယှဥ်ပြိုင်ပါက ဒီလောက် ချိုမြိန်နိုင်ပါ့မလား။

သူ မှတ်မိတာသာ မမှားပါက ရှားဝမ်ချွေ့ဘက်က စနမ်းဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါသည်။

လင်းဖန်၏ တစ်ဘဝလုံး အရောင်အသွေး စုံလင်သွားသလိုပင်။

ကြောင်မလေးလို ကောင်မလေးမျိုးကို ပိုင်ဆိုင်ထားရတာ ကောင်းလွန်းပါသည်။

အရင်တုန်းက ရုပ်ရှင်ရိုက်နေခြင်းဖြစ်သောကြောင့် သူတို့နမ်းခဲ့ကြခြင်းဖြစ်သည်။ ဘယ်သူမှ နားလည်မှုလွဲမှာ မဟုတ်ပါ။ အကြင်နာပေးခန်းတစ်ခုသာဖြစ်သည်။ နောက်တော့ ရှားဝမ်ချွေ့ကို နားလည်မှုလွဲကာ လင်းဖန် ထပ်နမ်းခဲ့ပါသည်။

သို့သော်လည်းရှားဝမ်ချွေ့က တစ်ခါမှ တကယ်စိတ်မဆိုးဖူးပါ။ အကြိမ်တိုင်းမှာ ရှက်သွားပြီး စိတ်ဆိုးချင်ယောင်ဆောင်ကာ လင်းဖန်ကို ကိုက်ချင်ယောင်ဆောင်လိုက်သည်။

အခုတော့ သူမကို တောင်းပန်သည့်အခါမှာလည်း တခြားကောင်မလေးတွေလို မဟုတ်ဘဲ လင်းဖန်ကို ချိုမြိန်သော အနမ်းတစ်ခု ပေးခဲ့ပါသည်။

အခုဆို လင်းဖန်၏ အချစ် အီးကျူက သုညဖြစ်နေရင်တောင် တစ်ခုတော့ အတည်ပြုလို့ရပါပြီ။

ကြောင်မလေးက သူ့ကို တကယ်သဘောကျသည်။

သူမ သဘောကျသည့် ကောင်လေးရှေ့မှာသာ ကြောင်မလေး ဒီလိုပုံစံမျိုး ဖြစ်နိုင်ပါသည်။

မယုံပါက လမ်းပေါ်က မိန်းမလှလေးတစ်ယောက်ကို နမ်းကြည့်ပြီး သူတို့တုန့်ပြန်ချက်ကို ကြည့်နိုင်သည်။

အလွန်ချောမောလွန်းပါက နှစ်ယောက်အကြား ဇာတ်လမ်းလေးတွေ ဖြစ်လာနိုင်သည်။ ရုပ်ဆိုးပါက ရာဇဝတ်မှု ဖြစ်သွားပါလိမ့်မည်။

အမှန်ပင်။ ရည်းစားရှိသူ ဖြစ်ပါက ဆေးရုံသို့ တစ်ခါတည်း ရောက်သွားနိုင်ပါသည်။

ကောင်မလေးတစ်ယောက်ကို အလွယ်တကူ နမ်းလို့ ရပါ့မလား။

မရပါ။ သို့သော်လည်း လင်းဖန်ကတော့ သူ့ဘေးက ကြောင်မလေးကို ကြိုက်တဲ့အချိန်တိုင်း နမ်းနိုင်ပါသည်။ သူတို့ မတွဲကြသေးသော်လည်း သူမ၏ ပထမဆုံးအနမ်း၊ ပထမဆုံး လက်ကိုင်ခြင်းနဲ့၊ ပထမဆုံး အနမ်းဦးတို့ အားလုံးကို လင်းဖန်ကိုသာ ပေးအပ်ခဲ့ပါသည်။

ကြောင်မလေးလည်း သူ့ကို သဘောကျပါသည်။

လင်းဖန် ဒီအချက်ကို နားလည်သွားသောအခါ နောက်ဆုံးတော့ စိတ်အေးလက်အေး အပြုံးတစ်ခု ပြုံးနိုင်ပါတော့သည်။

အခုချိန်ကစပြီး လင်းဖန် တကယ်ပဲ စိတ်အေးအေးနေနိုင်ပါပြီ။

တစ်နေ့ကျလျှင် သူမကို ပိုးပန်းပြီး အလိုလိုက်မည်။ အနုပညာလောကထဲတွင် သူတို့အချစ်ကို ထုတ်ကြွားမည်။ သူတို့ မနက်ခင်းအတူနိုးထပလာပြီး မနက်စာလည်း အတူစားမည်။ နေ့လည်ခင်းတွင် သူမ၏ ခါးလေးကို နူးညံ့စွာ ဖက်ရင်း နေ့လည်စာ အတူတူ ချက်ပြုတ်မည်။

ညနေခင်းတွင် လက်ကိုကိုင်ကာ ကမ်းခြေဘေးတွင် အတူတူလမ်းလျှောက်မည်။

ညဘက်တွင် သူမနဲ့ အတူ အိပ်မက်ကမ္ဘာသို့ အတူတူသွားမည်။

သူ့အနာဂတ်က လှပလွန်းပါသည်။

"မြောင် မြောင်" ရှားဝမ်ချွေ့က ချိုမြိန််စွာ ပြုံးရင်း လင်းဖန်ရှေ့တွင် လက်ရမ်းလိုက်ပါသည်။

လင်းဖန်ကို ကြည့်ရင်း သူမလည်း တစ်ခုတော့ အတည်ပြုနိုင်ခဲ့ပါသည်။

လင်းဖန်ဘေးမှာ လှပသည့် ကောင်မလေး များစွာ ရှိသည်။ အထက်တန်းကျောင်းတက်စဥ်တုန်းကနဲ့ တက္ကသိုလ်တက်စဥ်တုန်းက မိန်းမလှလေးများစွာရှိခဲ့သည်။ အခုလည်း ဘေးမှာ စုရှောင်းယွီလို လင်းကျင်းကျင်းလို အလှလေးများစွာရှိပါသည်။

သို့သော်လည်း လင်းဖန်က သူမအပေါ်မှာတော့ အမြဲတမ်း ခြားနားပါသည်။ သူမ သူ့ကို နမ်းလိုက်တိုင်း မှင်သက်သွားလိမ့်မည်။

ဒီငတုံးကောင်လင်းဖန်လည်း သူမကို သဘောကျလောက်သည်။

ရှားဝမ်ချွေ့လည်း အလွန်ပျော်ရွှင်သွားပါသည်။

သူမ အမြင်မှာတော့ သူမကလည်း သာမန် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမက စူပါစတားတစ်ယောက်ဟူသော ဂုဏ်ရှိသော်လည်း သူ့ဘေးမှာ တူညီသည့် ကောင်မလေးများစွာ ရှိပါသည်။

လင်းဖန် သူမကိုကြည့်သည့်အခါ တခြား ကောင်မလေးများကို ကြည့်သည့် အကြည့်နဲ့ ခြားနားပါသည်

လင်းဖန်က သူမ ဝတ်ဆင်ထားပုံကို အမြဲတမ်း သေချာကြည့်ကာ ဓာတ်ပုံများပင် ခိုးရိုက်တတ်သေးသည်။

သူမ စကတ်တိုတို၊ ဘောင်းဘီတိုတို ဝတ်ထားတာကိုမြင်ပါက လင်းဖန်က သူမ၏ နှင်းလိုဖြူဖွေးသာ ခြေတံများကို ခဏခဏ ကြည့်တတ်သည်။

တခြားကောင်မလေးများကိုတော့ လင်းဖန် နှစ်ခါပြန်မကြည့်ပါ။

ရင်းနှီးမြှုပ်နှံသူတစ်ယောက်က သူမကို အတင်းအကြပ် သောက်ခိုင်းသည့်အခါ သူမကို ကာကွယ်ပေးဖို့ ရပ်တည်ခဲ့တာလည်း သူပဲဖြစ်သည်။ ထိုအချိန်တုန်းက လင်းဖန်မှာ ယောက်ျားပီသလွန်းလှပါသည်။

သူ၏ နောက်ကျောပုံသဏ္ဌာန်မှာ ရှားဝမ်ချွေ့၏ စိတ်ထဲ၌ ပုံသေစွဲမြဲနေခဲ့သည်။

သူသာ ပြိုင်ဘက်ကင်း ဖြစ်သည်။

သူ ရှိရင် လုံလောက်ပါပြီ။

"နင် ဘာစားချင်လဲ၊ ချက်ကျွေးမယ်လေ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"နင် ချက်ထားတာဆို ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး။" ရှာဝမ်ချွေ့က ပြောလိုက်ပါသည်။ သူတို့နှစ်ယောက် ချစ်ကြည်နူးနေကြတာကိုမြင်ပြီး စုရှောင်းယွီ သည်းမခံနိုင်တော့ပါ။

သူမ မျက်နှာပူခံရဦးမည်။

"အာဝူး အာဝူး ဆရာ ငါအကင်စားချင်တယ်။ လေ့ကျင့်ခန်း မလုပ်ခင် အကင်စားချင်တယ်" စုရှောင်းယွီက ပြောလိုက်ပါသည်။

သူတို့နှစ်ယောက် ချစ်ကြည်နူးနေကြတာကို စုရှောင်းယွီ နေတတ်အောင်နေဖို့သာရှိတော့သည်။

နောက်ဆုံးတော့ ရှုယန်၏ခံစားချက်များကို သူမ နားလည်ခဲ့ပါပြီ။

ရှုယန် မျက်နှာအပူခံခဲ့ရတုန်းက အလွန်အထီးကျန်ခဲ့၏။ စိတ်ပျက်လက်ပျက်ဖြစ်ကာ သနားစရာကောင်းခဲ့သည်။ သူ့ဘဝက အမှောင်ထုများဖြင့် ပြည့်နှက်နေခဲ့၏။

လင်းဖန်နဲ့ ရှားဝမ်ချွေ့က အချင်းချင်း ကြည့်လိုက်ပြီး ငါးကင်ပုံသဏ္ဌာန် လက်ဟန်ပြလိုက်ပါသည်။ ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေပြီး ခေါင်းငြိမ့်ကာ နောက်လှည့်သွားပါသည်။

စုရှောင်းယွီ "..."

လင်းယွီရှစ် "..."

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဘာစကားမှမပြောရင်တောင် သူတို့ အချစ်ကို ကြွားနိုင်သေးသည်။

အထူးသဖြင့် လင်းယွီရှစ်အတွက် ရှားဝမ်ချွေ့ ဝင်လာကတည်းက လျစ်လျူရှုခံရသလို ခံစားရပါသည်။ သူမက လင်းဖန်၏ ညီမလေး ဖြစ်သည်။

သို့သော်လည်း သူမ အစ်ကိုလင်းဖန်က ရှားဝမ်ချွေ့ကိုသာ ဂရုစိုက်သည်။

"သွားကြရအောင် သူတို့ကိုထားလိုက်" စုရှောင်းယွီက လင်းယွီရှစ်ဘေးသို့ လျှောက်သွားကာ ပြောလိုက်ပါသည်။

"ကိုယ့်ညီမအရင်းထက် အချစ်ကို ပိုဦးစားပေးတယ်ပေါ့။ နင့်ကို မခေါ်တော့ဘူး။" လင်းယွီရှစ်က လင်းဖန်ကို မျက်စောင်းရွယ်လိုက်ပါသည်။ လင်းဖန်၏ ပြုံးကာ ပြောလိုက်သည်။ "နင်တို့ကို ကမ်းခြေသွားပြီး အကင်ကျွေးပါ့မယ်။”

လင်းယွီရှစ်၏ မျက်လုံးများ ဝိုင်းစက်သွားပါသည်။ သူမ အစကတော့ အနည်းငယ် စိတ်ဆိုး၏။ သို့သော်လည်း လင်းဖန်၏ လက်ရာကို  စားရတော့မည်ဟု ကြားလိုက်ရသောအခါ ချက်ချင်း စိတ်ပြေသွားပါသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း လင်းဖန်၏ အချက်အပြုတ်စကေးတွေ ဘယ်လောက် ကောင်းမှန်း သူမ သိခဲ့ရသောကြောင့် ဖြစ်ပါသည်။

လင်းဖန်က အိမ်ချက် ဟင်းလျာမျိုးစုံ၊ ကျောက်ပုစွန်၊ ပင်လယ်ဂရု၊ ပင်လယ်စာ ပေါင်းစုံနဲ့ ရိုးရိုးရှင်းရှင်း ကြက်ဥထမင်းကြော်နဲ့ ကျားကျန့်ခေါက်ဆွဲများကိုတောင် အလွန်အရသာရှိအောင် ချက်ပြုတ်တတ်ပါသည်။

အခုလင်းဖန်၏ အကင်ကို စားရတော့မည်။

အလွန်ပျော်ဖို့ကောင်းလွန်းပါသည်။

ညီမထက် အချစ်ကို ဦးစားပေးတာကိုတော့ လင်းယွီရှစ် ဂရုမစိုက်တော့ပါ။

လင်းဖန်သာ ရှားဝမ်ချွေ့နဲ့ တကယ် တွဲနိုင်ပါက လင်းယွီရှစ်က ရှားဝမ်ချွေ့လို စူပါစတားမျိုးကို နောက်ပိုင်းအချိန်မရွေးတွေ့နိုင်ပါသည်။

ထို့ကြောင့် လင်းဖန်၏ တစ်သက်တာ ပျော်ရွှင်မှုအတွက် ရှားဝမ်ချွေ့ကို ပိုးပန်းခွင့်ပြုမည်ဟု လင်းယွီရှစ်ဆုံးဖြတ်ပြီးသားဖြစ်ပါသည်။ ရှားဝမ်ချွေ့က အနုပညာလောကက ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး လင်းယွီရှစ်၏ အိုင်ဒေါလည်းဖြစ်သည်။ လင်းဖန်၏ သူငယ်ချင်း ဖြစ်ရုံတင်မကဘဲ လင်းဖန်နဲ့ လက်ထပ်နိုင်ပါက သူမ၏ အနာဂတ်လှပပါလိမ့်မည်။

All Chapters