← Chapters

အခန်း(၁၂၃) လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု

Vol. 9 Ch. 123

အခန်း(၁၂၃) လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု

Vol. 9 Ch. 123

အခန်း(၁၂၃) လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု

"အစ်မဝမ်ချွေ့ ငါ ညစာတောင် မစားရသေးဘူး။ နင်တို့ချစ်ကြည်နူးနေတာတွေကြည့်ရပြီး ဗိုက်ပြည့်နေပြီ။ ညစာတောင် စားဖို့ မလိုတော့ဘူး။ မစားရသေးခင် ဗိုက်တင်းနေပြီ။” စုရှောင်းယွီက သနားစဖွယ် ပြောလိုက်ပါသည်။

"ရှောင်းယွီ နင်သရုပ်ဆောင်တာ လင်းဖန်နဲ့တောင် ပြိုင်လို့ရတယ်" ရှားဝမ်ချွေ့က ပြောလိုက်၏။

စုရှောင်းယွီက ခေါင်းခါလိုက်ပါသည်။ "မပြိုင်ချင်ပါဘူး။ မဟုတ်ရင် အစ်မဝမ်ချွေ့ အကြည့်နဲ့ သေလောက်တယ်။”

တစ်ဖက်မှာတော့ လင်းယွီရှစ်က ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကြည့်ကာ အံ့သြနေပါသည်။

သူမကိုယ်တိုင်က အလွန်လှပသောာ်လည်း ခြားနားချက်တော့ရှိနေပါသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က မဆိုးဘဲ သူမ၏ ကိုယ်ခန္ဓာပုံသဏ္ဌာန်ကလည်း အလွန်လှပသည်။ သို့သော်လည်း သူမရှေ့က နာမည်ကျော်နှစ်ယောက်နဲ့ ယှဥ်လိုက်ရင်တော့ သူမက အများကြီး နိမ့်ကျနေပါသေးသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့၏ ကိုယ်လုံးကိုယ်ပေါက်များ၊ ရုပ်ရည်နဲ့ အရှိန်အဝါတို့က သာမန်လူတွေ ယှဥ်နိုင်တာမျိုး မဟုတ်ပေ။

သူတို့ အလွန်လှပသည့် အဝတ်အစားတွေ ဝတ်မထားတာကာ ပရိတ်သတ်ရှေ့မှာလည်း တရားဝင်ပေါ်လာတာ မဟုတ်ပါ။ လောလောဆယ် သူတို့ဘဝနဲ့ သူတို့နေနေသော ကောင်မလေးနှစ်ယောက်သာ ဖြစ်သည်။ မိတ်ကပ်လိမ်းမထားရင်တောင် လူတချို့ကို အလှဖြင့် သတ်နိုင်ပါသည်။

သူတို့ မိတ်ကပ်လိမ်းလိုက်ပြီး အလင်းတချို့ပေးကာ ခေတ်သစ်အလှကုန်များဖြင့် ခြယ်သလိုက်ပါက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ နတ်သမီးလေးများ ဖြစ်သွားကြလိမ့်မည်။

"အစ်မဝမ်ချွေ့နဲ့ အစ်မရှောင်းယွီတို့က အရမ်းလှတာပဲ" လင်းယွီရှစ်က သူတို့နားလျှောက်လာခဲ့သည်။ သူမ မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်ဆုံးတော့ သူမ၏ အိုင်ဒေါများ ဖြစ်သည့် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ဒီနေ့ တွေ့နိုင်ခဲ့ပါပြီ။

သူမ အစ်ကိုက တကယ်တော်တာကိုတော့ ဝန်ခံရတော့မည်။

ရှားဝမ်ချွေ့နဲ့ ရင်းနှီးရုံသာမကဘဲ သူမကို မိန်းမဟုတောင် ခေါ်ခဲ့သည်။ စုရှောင်းယွီနဲ့ ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်ပါသည်။

သူသာ သူမကို ပိုးပန်းနိုင်ပါက... လင်းယွီရှစ်က တခစ်ခစ် ရယ်မောလိုက်သည်။ တစ်လင်တစ်မယားစနစ် ဒီလောကကြီးမှာ မဖြစ်နိုင်ပါ။

တစ်လင်တစ်မယားစနစ်ဆိုတာဘာဲ။ သူသာ ဟာရမ်ဘဝနဲ့ နေနိုင်ပါက...။

လင်းယွီရှစ်က ဒီလိုတွေးနေသော်လည်း လင်းဖန်က ရှားဝမ်ချွေ့ကိုသာ မျက်စိကျကြောင်း သိနေပြီးသား ဖြစ်ပါသည်။

သူမတို့နှစ်ယောက်က အနုပညာလောကမှာ အလွန်လှပသော နာမည်ကျော်နှစ်ယောက်ဖြစ်သည်။

"ညီမက လင်းယွီရှစ်ပါ။ လင်းဖန်ရဲ့ ညီမအရင်းပါ။ ခုနက ဖြစ်သွားတာကို စိတ်မဆိုးပါနဲ့နော်။ ညီမက ဒီတိုင်း သူ့ကို မှီလိုက်တာပါ။” လင်းယွီရှစ်က ရှားဝမ်ချွေ့ အထင်လွဲမှာကို စိုးရိမ်သဖြင့် ပြောလိုက်ပါသည်။

ဒီလိုသာဆို ရှားဝမ်ချွေ့လို စူပါစတားမျိုးကို နောက်ပိုင်း တွေ့နိုင်ပါဦးမလား။

"ရပါတယ် ငါစိတ်မဆိုးပါဘူ" ရှားဝမ်ချွေ့က လင်းယွီရှစ်ကို ဆွဲခေါ်လိုက်သည်။ "အရူးကောင် လင်းဖန်ရဲ့ ညီမက လှလိုက်တာ။ ငါတို့လိုပဲ စူပါစတားလုပ်လို့ရလောက်တယ်။”

စုရှောင်းယွီကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "အာဝူး အဲ့တာဆို ငါတို့တွေ အခုကစပြီး ညီအစ်မတွေ လုပ်ကြတာပေါ့။ နင့်ကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ခွေးတွေလွှတ်ပြီး ကိုက်ခိုင်းပစ်မယ်။"

ကောင်မလေးသုံးယောက် ဗီလာထဲတွင် စကားပြောခဲ့ကြပါသည်။ သူတို့အကြိုက်ချင်းတူတာ များကြပါသည်။

ညနေခင်းသို့ရောက်လာပြီး နေဝင်ချိန်ရောက်သောအခါ ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းဖန်တို့ ပင်လယ်နဲ့ သိပ်မဝေးသော နေရာတစ်ခုသို့ သွားခဲ့ကြသည်။

ပင်လယ်ဘေးမှာ လူတွေ အများကြီး ရှိနေပါသည်။ ဒါက လှိုင်းပြာပင်လယ်အော်အိမ်ရာဖြစ်သဖြင့် အိမ်ရာထဲက လူတွေနဲ့ လင်းဖန် ရင်းနှီးပါသည်။ ထိုလူများက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို မဝန်းရံကြပါ။

ဒီလိုအဆင့်မြင့်အိမ်ရာကြီးများတွင် နာမည်ကျော်များကို မကြာခဏ တွေ့ရတတ်သည်။ ရေးကြီးခွင်ကျယ် မဟုတ်ပေ။

ကမ်းခြေနဲ့ သိပ်မဝေးသော နေရာတစ်ခုတွင် လင်းဖန်က ပစ္စည်းကိရိယာများဖြင့် အကင်စက် ဆင်လိုက်ပါသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လည်း ဘေးဘက်မှ ကူညီပေးနေကြပါသည်။ စုရှောင်းယွီက အကင်စားချင်နေတာ ကြာပြီ ဖြစ်သည်။

အကင်စားတာ ပြဿနာ မရှိပါ။ ညရောက်လျှင် သူတို့ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်ပေးလို့ရသည်။ လင်းဖန်၏ အိမ်မှာ ဂျင်မ်လည်း ရှိပါသည်။

လင်းယွီရှစ်က ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုများ ပြုလုပ်ရတာ ဝါသနာပါသည်။

ဒီနေ့လည်း ပင်လယ်ဘေးမှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေခဲ့ပါသည်။

သူမ၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအား ကြည့်ရှုနေသူ သိပ်မများပေ။ အဘယ့်ကြောင့်ဆိုသော် လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုစတိုင်က ရိုးရှင်းသောကြောင့် ဖြစ်သည်။ သူမက စန္ဒရားတီးပြတတ်သည်။ ကဗျာများ ရွတ်ပြတတ်သည်။ သူမ စာလေ့လာနေတာကိုတောင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပြုလုပ်တတ်ပါသည်။

ဒီနေ့ လင်းယွီရှစ်က အပြင်ဘက် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို မှတ်တမ်းတင်ချင်ရုံနဲ့ သူမ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့၏ ဓာတ်ပုံများကို မရိုက်ခဲ့ပါ။

၂ မိနစ်လောက်ကြာသောအခါ ဘယ်သူမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို လာမကြည့်ကြသေးပါ။

၁၀ မိနစ်လောက် ကြာသောအခါ နောက်ဆုံးတော့ ကြည့်ရှုသူ ဆယ်ဂဏန်းရှိလာပြီ ဖြစ်သည်။

နာရီဝက်လောက်ကြာသောအခါ ကြည့်ရှုသူ ၁၀၀ ကျော်လာပါပြီ။ အားလုံးက လင်းယွီရှစ်၏ ပရိတ်သတ်များ ဖြစ်သည်။

"နင့်ခြေထောက်တွေက လှလိုက်တာ။”

"နင်က အရမ်းလှတာပဲ။ သီချင်းဆိုပြပါလား။”

"ကမ်းခြေမှာလား။ အဆင့်မြင့်အိမ်ရာကြီး ထင်တယ်နော်။ အရမ်းလှတာပဲ။ ဘာလို့ ဘယ်သူမှ မကြည့်ကြတာလဲ။”

လင်းယွီရှစ်က ပြန်ပြောလိုက်သည်။

"ကျွန်မ ဒီနေ့ ကျွန်မအစ်ကိုနဲ့ အတူတူ ကမ်းခြေမှာ အကင်စားနေတာပါ။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု မလုပ်ချင်ပေမယ့် အားလုံးအတွက် Outdoor တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုလေး လုပ်လိုက်ပါတယ်။ လက်ဆောင်ပေးစရာရှိရင် ပေးလို့ ရတယ်နော်။”

လင်းဖန်က တကယ်ပဲ ချမ်းသာပါသည်။ သို့သော်လည်း လင်းယွီရှစ်က ကျူရှင်သင်သည်။ အချိန်ပိုင်းအလုပ် လုပ်သည်။ တစ်ခါတစ်လေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုလည်း ထုတ်လွှင့်တတ်သည်။ သူမ ပညာသင်ဆုများစွာ ရနိုင်သည်။ သူမက အလွန်ထက်မြက်ပါသည်။ တက္ကသိုလ်မှာ သူမကို ဘယ်သူမှ ထောက်ပံ့ပေးဖို့ မလိုပါ။

လင်းယွီရှစ်၏ စကားကို ကြားပြီးနောက် လင်းဖန် သူမထံ လျှောက်လာပါသည်။

"နင် Live လွှင့်နေပြန်ပြီလား။” လင်းဖန်က မေးလိုက်သည်။ လင်းယွီရှစ်ကို ကြည့်လိုက်ပြီး သူမ ဖုန်းကင်မရာကို ကြည့်လိုက်ပါသည်။

"ဟုတ်တယ် အစ်ကိုကြီး။ ကြည့်နေတဲ့လူတွေ အများကြီးတော့ မရှိပါဘူး။ အကင် သွားလုပ်ပါ။ ဒီတိုင်း Live လွှင့်နေတာပါ။” လင်းယွီရှစ်က ပြောလိုက်၏။

"အေးပါ" လင်းဖန်က ပြုံးလိုက်သည်။ လင်းယွီရှစ်၏ Live များက ဘယ်လိုပဲ အဆင်ပြေပြေ၊ ဒါ သူမ ငွေရနိုင်သည့် ကိုယ်ပိုင်နည်းလမ်း ဖြစ်သည်။ တရားမဝင်တာ မဟုတ်သရွေ့ လင်းဖန် ဝင်ပါမှာ မဟုတ်ပါ။

လင်းဖန်က ဖန်သားပြင်ပေါ်မှာ စက္ကန့်ပိုင်းသာ ပေါ်လာသော်လည်း Live ကို ကြည့်ရှုနေသည့် ကြည့်ရှုသူ ၁၀၀ ကျော်က ဗြောင်းဆန်သွားကြပါသည်။

"လခွမ်း စူပါစတားလင်းဖန်ပဲ။”

"လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူရဲ့ အစ်ကိုအရင်းလား။ ငါက ခြေတံသွယ်သွယ် မိန်းမလှလေးတစ်ယောက်ရဲ့ Live ကို ဒီတိုင်းဘာရယ်မဟုတ်ဘူး လာကြည့်တာ။ ကြယ်ပွင့်ကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်ဟေ့"

"လင်းဖန်ကို နောက်တစ်ခေါက် ထပ်ပြပါဦး။ လင်းဖန်က အရမ်းချောပြီး သရုပ်ဆောင် အရမ်းကောင်းတာ။ တကယ့် ကြယ်ပွင့်ကြီး တစ်ယောက်ပဲ"

တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုရှိ ကြည့်ရှုသူများစွာက တောင်းဆိုကြသည်။ လင်းဖန်၏ ပေါ်လာမှုကြောင့် လင်းယွီရှစ် Live ၏ ရေပန်းစားမှုက မြင့်တက်လာခဲ့ပါသည်။

လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်ပြီး လင်းဖန် အကင်ကင်နေသည့် နေရာကို ကင်မရာဖြင့် ပြလိုက်ပါသည်။

ထို့နောက်... ၂ မိနစ်အတွင်း လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပေါက်သွားခဲ့ပါသည်။

ပထမတော့ ကြည့်ရှုသူတစ်ရာကျော်သာ ရှိသည်။ ထို့နောက် ရာနဲ့ချီလာပြီး ချက်ချင်း ထောင်ကျော် လာပါသည်။

၁၀မိနစ်အတွင်း ကြည့်ရှုသူ သောင်းကျော်က လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုသို့ ရောက်လာကြပါသည်။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုပလက်ဖောင်း သို့ယွီ၏ ရေပန်းစားမှုကလည်း မြင့်တက်နေသည်။ လင်းဖန်က Live တစ်ခုတွင် ပေါ်လာသည်။ အားအင်ပြည့်ဝစွာ အကင် ကင်နေသည့် လင်းဖန်ကတော့ အရင်လို ချောမောဆဲပင်။

ပရိတ်သတ်များက live ထဲက လင်းဖန်ကို ရှုထောင့်ပေါင်းစုံက ကြည့်နေပါသည်။

ကြည့်ရှုသူ သောင်းကျော်လာတာတောင် ရပ်မသွားသေးပါ။ ပရိတ်သတ်များနဲ့ ကြည့်ရှုသူများက ထပ်ပြီး ရောက်လာာကြပါသည်။

မိနစ် ၂၀ အတွင်း ကြည့်ရှုသူ ၁၀၀,၀၀၀ ကျော်ရောက်လာပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။

အွန်လိုင်းပေါ်မှာ သတင်းပြန့်တာ မြန်လွန်းပါသည်။

လင်းယွီရှစ်တောင် ဒီလိုဖြစ်လာမည်ဟု ထင်မထားပါ။ လင်းဖန် Live မလွှင့်တာ တော်တော်ကြာပြီဖြစ်ကာ သူမ၏ ဖုန်းထဲမှာ စက္ကန့်ပိုင်းလောက်ပဲ ပေါ်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတော့ သူမ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အလွန်ရေပန်းစားလာခဲ့ပါသည်။

All Chapters