← Chapters

အခန်း(၁၂၄) ကောင်းလိုက်တဲ့ အသံလေး

Vol. 9 Ch. 124

အခန်း(၁၂၄) ကောင်းလိုက်တဲ့ အသံလေး

Vol. 9 Ch. 124

အခန်း(၁၂၄) ကောင်းလိုက်တဲ့ အသံလေး

လင်းယွီရှစ်က ကောမန့်များကြောင့် လုံးဝ မှင်သက်နေပါပြီ။

သူမ အစ်ကိုကြီး လင်းဖန်က အလွန်နာမည်ကြီးလွန်းပါသည်။

လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ခဏလေးသာ ပေါ်သွားသော်လည်း ကြည့်ရှုသူတွေ အလွန်များပြားနေလေပြီ။

ကောမန့်များစွာ လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာပါသည်။

"အားးး လင်းဖန် အကင်ကင်နေတာလည်း ကြည့်လို့ကောင်းလိုက်တာ သူက စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အချက်အပြုတ် အရမ်းကောင်းတယ်လို့လည်းကြားတယ်။”

"ကြက်တောင်ပံ၊ သိုးသားတုတ်ထိုး၊ အာလူးပြုတ်၊ ဂျုံပြားကင်၊ မှိုတွေကော... အရသာအရမ်းရှိတာပဲ။ လင်းဖန်ရဲ့ ချက်ပြုတ်ပုံကိုကြည့်ရုံနဲ့ ပညာရှင်တစ်ယောက်မှန်း သိသာလိုက်တာ"

"လင်းဖန် လင်းဖန် လင်းဖန် လင်းဖန်"

"တိုက်ရိုက်လွှင့်နေတဲ့တစ်ယောက် ကင်မရာကို ကိုယ့်ကိုယ်ကိုပဲ ချိန်မထားပါနဲ့လား။ နင်က လှပေမယ့် ငါတို့ လင်းဖန်ကိုပဲမြင်ချင်တာပါ။ ကျေးဇူးပြုပြီး လင်းဖန်ကို ကြည့်ခွင့်ပေးပါ။”

ထို့နောက် ချက်ချင်းဆိုသလိုပဲ လင်းယွီရှစ်အား လက်ဆောင်များစွာ ပေးလာကြပါသည်။

[ မီးတောက်အပျိုစင်လေးမှ လင်းယွီရှစ်ကို လေယာဥ်တစ်စင်း ပေးခဲ့သည်။ ]

[ လင်းဖန်ရဲ့ပရိသတ်မှ လင်းယွီရှစ်ကို စူပါ ဒုံးပျံတစ်ခု ပေးခဲ့သည် ]

[ နှစ် ၁၀,၀၀၀ အထိချစ်နေမယ်မှ လင်းယွီရှစ်ကို စူပါဒုံးပျံ ၁၀ ခုပေးခဲ့သည် ]

[ ချိုလည်းချိုမြိန် ဆက်ဆီလည်းကျတဲ့ ချစ်စရာကောင်မလေးမှ လင်းယွီရှစ်ကို စူပါ ဒုံးပျံ ၂၀ခု ပေးခဲ့သည် ]

ပထမတော့ လူတွေ လေယာဥ်များ ပို့ပေးနေတာကို မြင်နိုင်သေးသည်။ နောက်ပိုင်း ပရိသတ်များ ပို့ပေးသည့် လေယာဥ်များကို မမြင်ရတော့ပါ။

ဖန်သားပြင်တစ်ခုလုံး စူပါဒုံးပျံများဖြင့် ပြည့်နှက်သွားပါသည်။

နောက်ဆုံးတော့ လင်းယွီရှစ်လည်း ပရိသတ်များ၏ စွမ်းအားကို ခံစားသွားရပါသည်။ လင်းဖန်က ရေပန်းစားနေပြီးသားဖြစ်ပြီး သို့ယွီ တိုက်ရိုက်ထုတ်လွှင့်ပြသမှု ပလက်ဖောင်းတွင် ပေါ်လာသောအခါ ပရိသတ်များစွာက သူ့ကိုမြင်ချင်နေကြပါသည်။

"အစ်ကိုကြီး နင့်ကို ခဏလောက်ပဲ ရိုက်ပြလိုက်တာ တိုက်ရိုက်ထုတ်လွှင့်မှု အရမ်းရေပန်းစားသွားပြီ။ ဘယ်လိုလုပ်ရမလဲ။” လင်းယွီရှစ်က တိုက်ရိုက်လွှင့်တာကို ပိတ်ပစ်လိုက်ချင်သော်လည်း မလုပ်ရဲတော့ပါ။

ဘာပဲဖြစ်ဖြစ် ပရိသတ်များစွာ ဆက်တိုက် ဝင်လာနေသဖြင့် ဒီသတင်းက သေချာပေါက် ဝေ့ပေါ် ပေါ်မှာ ရေပန်းစားလာပါလိမ့်မည်။

အစကတော့ ပုံမှန် အောက်ဒိုးတိုက်ရိုက်ထုတ်လွှင့်မှုလေး ဖြစ်သော်လည်း အခုတော့ ကြယ်ပွင့်တစ်ယောက်၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သွားပါပြီ။

လင်းဖန်က ပြုံးလိုက်ပြီး လင်းယွီရှစ်၏ ဖုန်းကို ယူလိုက်ပါသည်။ "ဟုတ်လား။ ဒါဆို ငါ့တာဝန်ထားလိုက်။”

လင်းယွီရှစ်က ပရိသတ်များစွာ၏ စိတ်အား ထက်သန်မှုကြောင့် မှင်သက်နေမိပါပြီ။

စူပါဒုံးပျံတစ်ခုက ယွမ် ၂,၀၀၀ တန်သည်။

စူပါဒုံးပျံ အခု ၂၀ ဆို ၄၀,၀၀၀ ယွမ် တန်ပါသည်။

နာရီဝက်အတွင်း သူမ စူပါဒုံးပျံ အခု ၅၀ ရခဲ့သည်။ တစ်နည်းအားဖြင့် ထိုစူပါဒုံးပျံအားလုံးကို ပေါင်းလိုက်သောအခါ ယွမ် ၁၀၀,၀၀၀ တန်ပါသည်။

နာရီဝက်အတွင်း စုစုပေါင်း ၁၀၀,၀၀၀ ယွမ် တန်ဖိုးရှိသည့် လက်ဆောင်များကို သူမရခဲ့သည်။

ဒါကလင်းဖန် ပရိသတ်များ၏ စည်းလုံးမှု ဖြစ်၏။

ကြည့်ရှုသူအသစ်များ ဆက်လက်ဝင်လာနေဆဲဖြစ်သည်။

လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုကို လွှဲယူလိုက်သောအခါ ချောမောသော မျက်နှာတစ်ခု ပေါ်လာပါသည်။

ထို့နောက် ပရိသတ်များစွာ ရူးသွပ်ကုန်ကြလေသည်။

"ချောလိုက်တာ ချောလိုက်တာ ချောလိုက်တာ လင်းဖန်က တီဗီထဲကထက် အပြင်မှာ ပိုချောတာပဲ"

"လင်းဖန် လင်းဖန် လင်းဖန် လင်းဖန်"

"လင်းဖန် ချစ်တယ်"

"လင်းဖန် သီချင်းဆိုတာ ကြားချင်တယ်။ သီချင်းဆိုပြပါလား။”

"ငါလည်း သီချင်းဆိုတာ ကြားချင်တယ်။ လင်းဖန်က အဆိုနတ်ဘုရားပဲ။”

လင်းဖန်က ပရိသတ်များ စိတ်အားထက်သန်နေပုံကိုကြည့်ကာ ပြုံးလိုက်ပါသည်။

သူ့ပရိသတ်များ လက်ဆောင် အများကြီး မပေးစေချင်ပါ။ ဘာပဲဖြစ်ဖြစ် သူက သူတို့ထက် အများကြီး ပိုချမ်းသာသည်။

"အားလုံးပဲ လက်ဆောင်တွေ အများကြီး ပို့ပေးဖို့ မလိုပါဘူး။ ကျွန်တော်က အားလုံးရဲ့ အချစ်တွေကို ရပြီးသားမို့လို့ပါ။ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စလိုက်တာက ကျွန်တော့်ညီမလေးပါ။ ကြည့်ရှုသူတွေအများကြီး ဝင်လာလိမ့်မယ်လို့ ထင်မထားဘူး။ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကရတဲ့ အကျိုးအမြတ်တွေအားလုံးကို လှူဒါန်းသွားပါ့မယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ လင်းဖန်၏ စကားလုံးများကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတိုင်း အံ့သြကုန်ကြပါသည်။

ဒါ သူတို့ သဘောကျသည့် အိုင်ဒေါ၊ သူတို့ ကြိုက်နှစ်သက်သည့် စူပါစတား ဖြစ်သည်။

သူ့အကျင့်သီလက ကောင်းမွန်လွန်းပါသည်။ တိုက်ရိုက်ထုတ်လွှင့်တာတောင် ပိုက်ဆံရှာဖို့ မဟုတ်ပါ။ တိုက်ရိုက်ထုတ်လွှင့်မှုက ရရှိသည့် ပိုက်ဆံအားလုံးကို လှူဒါန်းသွားမည်ဖြစ်သည်။

လင်းဖန် စူပါစတားဖြစ်လာတာ အချိန်အနည်းငယ်သာ ရှိသေးပြီး ရုပ်သံဒရမ်မာတစ်ခုတည်းမှာပဲ သရုပ်ဆောင်ဖူးပါသည်။ ငွေတွေ အများကြီး မရလောက်သေးပါ။ သို့သော်လည်း လင်းဖန်က ဒီလို လုပ်ရပ်မျိုးကို လုပ်ရဲသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များ ပိုမိုစိတ်အားထက်သန်လာကြပါသည်။

သူတို့အစက လက်ဆောင်အများကြီး မပေးထားကြပါ။ သို့သော် လင်းဖန် ဒီလိုပြောလိုက်ပြီးနောက် ပရိသတ်များက လက်ဆောင်များ ပို၍ပင် ပို့လာပါသည်။

ဖန်သားပြင်တွင် စူပါဒုံးပျံများဖြင့် ပြည့်နှက်သွား၏။ မိနစ်ပိုင်းအတွင်း ဒုံးပျံ ၅၀ ကျော်ရခဲ့ပါသည်။

လင်းဖန် သက်ပြင်းချလိုက်သည်။ ပရိသတ်တွေက စိတ်အားက်သန်လွန်းပါသည်။

ယခင်တုန်းက ရုပ်ရည်ချောမောတာ သူ့ကိုထမင်းကျွေးမှာလားဟု မေးခွန်းထုတ်ခဲ့ဖူး၏။ အခုတော့ ရုပ်ချောတာ တကယ်ပဲ ထမင်းကျွေးနိုင်သည့်ပုံပင်။

"အားလုံး ဒီလောက် စိတ်အားထက်သန်နေမှတော့ ကျွန်တော် သီချင်းတစ်ပုဒ် ဆိုပြပါ့မယ်။”

"သီချင်းနာမည်က အချစ်ကိုဖွင့်ပြောခြင်းတဲ့။ ခင်ဗျားတို့ သဘောကျပြီး ဝန်ခံချင်တဲ့လူ တစ်ယောက်ယောက် ရှိရင် ဒီသီချင်းလေးကို ကျက်ထားလိုက်ပေါ့။” လင်းဖန်က ပြုံးလိုက်ပြီး လည်ချောင်းရှင်းလိုက်ပါသည်။

လင်းဖန်က သူ့ပရိသတ်များအပေါ် ဆိုးဆိုးရွားရွား မဆက်ဆံပါ။ သူ့မှာ နတ်ဘုရားအဆင့် ဂီတပါရမီ ရှိသည်။ သူ့ပရိသတ်များအတွက် သီချင်းတစ်ပုဒ်တောင် ဆိုပြနိုင်ပါသည်။

သာယာငြိမ့်ငြောင်းသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် သီချင်းကို နောက်ခံတီးလုံးမပါဘဲ သီဆိုနေသည်။

( ကျန်းမြစ် ဘယ်ဘက်တစ်ဖက်ကမ်းရဲ့ ကော်ဖီလေးတစ်ခွက် )

( ကို့လက်ထဲမှာ ကော်ဖီတစ်ခွက်ကိုင်ထားရင်း မင်းရဲ့အလှကို မြည်းစမ်းမယ် )

( မင်းကို ပိုးပန်းဖို့ မလွယ်ဘူးဆိုပြီး ကို့ကို နောက်ဆုတ်စေချင်တယ် )

( စျေးအကြီးဆုံးလက်ဆောင်တွေ ယူလာဖို့ မလိုဘူး လတ်လတ်ဆတ်ဆတ် ကြွေကျထားတဲ့ သစ်ရွက်လေးတွေကိုသာ လိုချင်တယ် )

( မင်းကိုပိုင်ဆိုင်ရရင် ကမ္ဘာကြီးကို ပိုင်ဆိုင်လိုက်ရသလိုပဲ )

လင်းဖန် ဒီအထိ ဆိုပြီးသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး မှင်သက်သွားကြပါသည်။

လင်းဖန်၏ ပရိသတ်အားလုံး လင်းဖန်သီချင်းဆိုတာကို ကြားဖူးကြတာ မဟုတ်ပါ။

သူတို့လင်းဖန်၏ အသံကို ကြားလိုက်ကြရသောအခါ သီချင်းနာမည်နဲ့ စာသားများကြောင့် တိုက်ရိုက်လွှင့်မှုကို ကြည့်ရှုနေကြသူအားလုံး အားပေးကြသည်။

"ကောင်းလိုက်တာ မင်းသားလေးက ဘာလို့ အဆို ဒီလောက်ကောင်းရတာလဲ။”

"ဒီသီချင်းက အရမ်းကောင်းလွန်းတယ်။ ငါ့အတန်းဖော်ကိုတောင် ဖွင့်ပြောချင်လာပြီ။”

"သီချင်းလေးက ကောင်းလိုက်တာ။ ဒီသီချင်းကို ကြားဖူးတာ ပထမဆုံးပဲ။ လင်းဖန်က တကယ့် အဆိုနတ်ဘုရားပဲ။”

"အခုချိန်ကစပြီး လင်းဖန်က ငါ့အိုင်ဒေါပဲ။ သူဆိုတဲ့ သီချင်းတွေက ကောင်းလွန်းတယ်။”

"ငိုနေပါပြီ။ ဒီလောက်ကောင်းတဲ့ သီချင်းမျိုး တစ်ခါမှ မကြားဖူးဘူး။”

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များ လင်းဖန်၏ သီချင်းကိုကြားသောအခါ မျက်လုံးများမှိတ်လိုက်ရင်း လှပသော မြင်ကွင်းများကို ခံစားလိုက်ကြသည်။

လင်းဖန်က သူ့အသံကိုအသုံးပြုရင်း သူတို့အတွက် လှပသော ရှုခင်းများကို ခြယ်သပေးသည်။ ယောက်ျားနဲ့ မိန်းမတို့အကြားက ချစ်ခြင်းမေတ္တာ ဖြစ်၏။

အထူးသဖြင့် လင်းဖန်၏ အသံက နားထောင်ရ အလွန်ကောင်းသောကြောင့် ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သီချင်းတစ်ပုဒ်လုံးကို ဆိုပြီးသွားသောအခါ ပရိသတ်သတ်များစွာက အော်ဟစ်နေကြပြီ ဖြစ်သည်။

ဒါသာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ပါက ပရိသတ်အားလုံး လင်းဖန်အတွက် အော်ဟစ်ပြီး အားပေးကြလိမ့်မည်။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ဝေ့ပေါ် ပေါ်၌ အလျှင်အမြန် ရေပန်းစားလာပါသည်။

အရင်တုန်းက လင်းဖန်က ရေပန်းစားဖို့ သူ့သရုပ်ဆောင်စွမ်းရည်များကို အားကိုးရသည်။

ဒီတစ်ခေါက်တော့ သူ့အသံကို အားကိုးပြီး ပရိသတ်အားလုံးကို ဖမ်းစားလိုက်ပြန်ပါပြီ။ လင်းယွီရှစ်တောင် လင်းဖန်၏ အသံကို ကြားသောအခါ မှင်သက်သွားရ၏။

သူမအစ်ကိုလင်းဖန်က သီချင်းဆိုလည်း ကောင်းတာပဲလား။

ကောင်းကင်ဘုံဘုရင်ကြီး ၄ ပါး၏ သီချင်းများနဲ့ ကောင်းကင်ဘုံဘုရင်မကြီး ရေးသားသော သီချင်းများစွာကို သူမကြားဖူးပါသည်။ ထိုသီချင်းများက ကောင်းမွန်သော်လည်း လင်းယွီရှစ်၏ မျက်လုံးထဲမှာတော့ လင်းယန်၏ အဆိုစွမ်းရည်ကို ကောင်းကင်ဘုံဘုရင်ကြီး ၄ ပါးနဲ့ ကောင်းကင်ဘုံဘုရင်မကြီးတို့ကတောင် မယှဥ်နိုင်လောက်ပါ။

စုရှောင်းယွီက လင်းဖန် သီချင်းဆိုတာကို ကြားဖူးနေကျဖြစ်သည်။

ရှားဝမ်ချွေ့ လင်းဖန်သီချင်းဆိုတာကိုကြားသောအခါ သူ့ဘေးသို့ လျှောက်လာကာ လှပသော သူမ၏ မျက်လုံးများကလည်း အံ့အားသင့်မှုများနဲ့ ပြည့်နှက်နေပါသည်။

လင်းဖန် ဒီသီချင်းဆိုတာကို ကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

တကယ်ပဲ ကောင်းလွန်းပါသည်။

လင်းဖန် ဒီသီချင်းကိုဆိုပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုထဲ ကြည့်ရှုသူ ၁ သန်းကျော်နေပါပြီ။

ပရိသတ်အားလုံးက လင်းဖန်၏ သီချင်းတွင် နစ်မြောသွားကြသည်။

နောက်ခံဂီတလည်းမပါ တီးလုံးလည်း မပါပေ။

လင်းဖန်က သီချင်းကို ဂီတတူရိယာ တီးခတ်မှုများ မပါဘဲ ဒီအတိုင်း အစိမ်းသက်သက် သီဆိုခြင်း ဖြစ်သည်။ မည်သည့် ထောက်ပံ့မှုမှ မပါဘဲ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်အားလုံး လင်းဖန်၏ အသံကြောင့် ယစ်မူးသွားကြပါသည်။

လင်းဖန်က သာမန်သီချင်းတစ်ပုဒ်ကိုဆိုနေတာ မဟုတ်ပေ။ လူတစ်ယောက်၏ နှလုံးသားကို ညှို့ယူနိုင်သော ကောင်းကင်ဘုံ သံစဥ်တစ်ခု ဖြစ်သည်။

ထိုသီချင်းကိုဆိုပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကြီး ယာယီတိတ်ဆိတ်သွားပါသည်။

ပရိသတ်များစွာက တိုက်ရိုက်ထုတ်လွှင့်မှုထဲက လင်းဖန်ကိုကြည့်လိုက်သည်။ ထပ်ပြီး ကြားချင်နေသေးပါသည်။ သူတို့နားထောင်လို့ မဝသေးပါ။ သို့သော်လည်း လင်းဖန်က ဆိုပြီးသွားပြီဖြစ်သည်။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းတစ်ခုလုံး လင်းဖန်၏ အစိမ်းသက်သက် သီဆိုမှုကြောင့် လုံးဝ ဗြောင်းဆန်သွားခဲ့ပါတော့သည်။

All Chapters