အခန်း(၁၂၅) တစ်တော့မှာ အရမ်းရေပန်းစားလာတဲ့ သီချင်းတစ်ပုဒ်
Vol. 9 Ch. 125
အခန်း(၁၂၅) တစ်တော့မှာ အရမ်းရေပန်းစားလာတဲ့ သီချင်းတစ်ပုဒ်
လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကောမန့်များက များပြားလွန်းလှသဖြင့် ဖတ်လို့တောင် မရတော့ပါ။
"ကောင်းလိုက်တဲ့ အသံလေးပဲ။ ဘုရားရေ ငါ့နားတွေ ဗိုက်ကြီးသွားပြီထင်တယ်။”
"အချစ်သီချင်းလေးက ကောင်းလိုက်တာ။ ဒီလောက်ချိုမြိန်တဲ့ အချစ်သီချင်းမျိုးကို မကြားဖူးဘူး"
"ဒီသီချင်းနာမည်က အချစ်ကိုဖွင့်ပြောခြင်းလို့ လင်းဖန် ပြောသွားတယ်မလား။ လင်းဖန်ရဲ့ အဆိုစွမ်းရည်က တကယ်ကောင်းတာပဲ။”
"အဲ့အကြောင်းမပြောကြရအောင်။ ငါငိုတောင်ငိုမိတော့မယ်။ လင်းဖန်က သရုပ်ဆောင်ကောင်းတယ်ပဲ ထင်ခဲ့တာ။ အခုတော့ လင်းဖန် အဆိုကောင်းတာပါ သိလိုက်ရပါပြီ။ ငါ့ကောင်လေးသာ ဖြစ်လိုက်ရင်တော့လား....။”
"အပေါ်ကောမန့်ကတစ်ယောက် အသာနေစမ်း။ ငါ့မင်းသားလေးနဲ့ ငါက ကလေးယူမှာ။”
လင်းဖန် သီချင်းဆိုနေစဥ် လှိုင်းပြာပင်လယ်အော်အိမ်ရာက နေထိုင်သူများစွာ အနီးအနားတွင် စုဝေးလာခဲ့ကြပါသည်။
ထိုအိမ်ရာတွင် နေထိုင်သူများက အဆင့်အတန်း ရှိကြသည်။ သူတို့ လင်းဖန် သီချင်းဆိုတာကို ကြားသောအခါ လင်းဖန်၏ သီချင်းကို နားထောင်ရင်း ကြက်သေ သေနေကြပါသည်။
အားလုံးက ပြိုင်ဘက်ကင်း ဂီတလောကထဲတွင် နစ်မြောခဲ့ကြ၏။ အားလုံး၏ မျက်လုံးများကလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပါသည်။
လင်းဖန်၏ အဆိုစွမ်းရည်က ကောင်းလွန်းသောကြောင့် ဖြစ်ပါသည်။
ဒီလိုအသံ၊ ဒီလိုသံစဥ်နဲ့ ဒီလိုသီချင်းမျိုးက လူတွေကို လှပသော ကမ္ဘာသစ်ဆီ ခေါ်ဆောင်သွားပေးသည်။
လင်းဖန် သီချင်းဆိုပြီးနောက် လင်းယွီရှစ်က အော်လိုက်၏။ "အစ်ကိုကြီး သီချင်းဆိုတာ အရမ်းကောင်းတာပဲ။ ဒီလောက်ကောင်းတဲ့သီချင်းမျိုး ကြားဖူးတာ ပထမဆုံးပဲ။”
စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ အတူတူရပ်နေကြပြီး ဖန်သားပြင်ပေါ်မှာ ပေါ်မလာသေးပါ။ ကောင်မလေးနှစ်ယောက်သား အံ့အားသင့်နေကြပါသည်။
လင်းဖန် ဒီလောက်တောင် ဘက်စုံတော်တာလား။
သူက ဇာတ်ညွှန်းရေးဆရာ၊ နတ်ဘုရားအဆင့် ဒါရိုက်တာ၊ ထုတ်လုပ်ရေးအပိုင်းလည်း ကျွမ်းကျင်ကာ ဂီတလည်း ရေးစပ်တတ်သည်။ သူ့၏ သရုပ်ဆောင်စွမ်းရည်များက ပို၍ပင် ကောင်းမွန်သေးသည်။ အခု သူ့အသံကပါ အလွန်ချိုမြိန်လှပါသည်။
လင်းဖန်တစ်ယောက် သီချင်းဆိုပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များကို ပြုံးပြလိုက်ပါသည်။
"ဒါဆို ဒီနေ့ ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီမှာပဲ ရပ်ကြမယ်နော်။ အားလုံးပဲ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ စီးရီး ဘဝရဲ့ပျော်ရွှင်မှုကို အာရုံစိုက်ထားပေးကြပါ။ မကြာခင် ဘဝရဲ့ပျော်ရွှင်မှုစီးရီးရဲ့ နောက်ဆုံးပိုင်းကို ရောက်လာပါတော့မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူ့စီးရီးကို ကြော်ငြာဖို့လည်း မမေ့ခဲ့ပါ။
လင်းဖန်က ထိုသို့ ပြောပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များ ထပ်ပြီး အားပေးလိုက်ကြပြန်သည်။
သူ့အသံက တကယ်ပဲ ကောင်းမွန်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များက ဘဝရဲ့ပျော်ရွှင်မှုကို ကြည့်ရတာ ပိုကြိုက်ပါသည်။ သူတို့ ပိုပြီး ကြည့်လေလေ ပိုပြီး ဆွဲဆောင်ခံရလေလေ ဖြစ်၏။
ဘဝရဲ့ပျော်ရွှင်မှုက ပရိသတ်များ၏ ရင်ထဲတွင် အဆိုပါ ဇာတ်လမ်းက ပြီးပြည့်စုံလွန်းပါသည်။ ဇာတ်လမ်းကြောင့် သူတို့ အကြည့်မရပ်နိုင်တော့ပါ။
အရေးအကြီးဆုံးက ဒီရုပ်သံဒရမ်မာမှာ လင်းဖန်လို ရုပ်ချောသည့် ခေါင်းဆောင်မင်းသား ပါဝင်နေသောကြောင့်ပင်။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များနဲ့ ရုပ်ရည်က ပရိသတ်ကို ဖမ်းစားသွားပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး သိပ်မကြာလိုက်ပေ။
ရေပန်းစားအကြောင်းအရာတစ်ခုက ဝေ့ပေါ် ၏ ထိပ်ဆုံးသို့ ရောက်လာခဲ့သည်။
[ လင်းဖန် သီချင်းဆိုခြင်း ]
လင်းဖန်၏ အသံကို အခုမှ ကြားဖူးကြသည့် ပရိသတ်များစွာရှိသည်။ တချို့က သူတို့ ဖုန်းမျက်နှာပြင်ကို ရီကော့ဒ်လုပ်ပြီး ဝေ့ပေါ် ပေါ်မှာ တင်တဲ့လူတွေတောင် ရှိကြပါသည်။
ခေါင်းစဥ်စကားလုံးက အနည်းငယ်သာရှိသော်လည်း ဝေ့ပေါ် အောက်မှာတော့ လိုက်ခ် ၃၀၀,၀၀၀နီးပါးနဲ့ ကောမန့် ၈၀,၀၀၀ကျော် ရှိနေပါပြီ။
"ဘုရားရေ မင်းသားလေး သီချင်းဆိုတာ ဘာဖြစ်လို့ ဒီလောက်တောင် နားထောင်ကောင်းရတာလဲ။”
"အချစ်ကိုဖွင့်ပြောခြင်းက အရမ်းကောင်းတာပဲ။ ငါကြိုက်တယ် ကြိုက်တယ်။ လင်းဖန်က ငါ့အိုင်ဒေါပဲ။”
"တိုက်ရိုက်ထုတ်လွှင့်မှုကတောင် ရေပန်းစားနေပြီ။ ဂီတဖျော်ဖြေပွဲသာ ကျင်းပလိုက်လို့ကတော့ ငါတို့ပရိသတ်တွေအတွက် ခုံလောက်မှာ မဟုတ်တော့ဘူး။”
"လင်းဖန်ရဲ့ အသံက တကယ်ကောင်းတာပဲ။ သူ့အသံကိုကြားတော့ ငါအိမ်သာတောင် သွားချင်လာတယ်။”
"ဘာလို့ သီချင်းတစ်ပုဒ်တည်းလဲ။ လင်းဖန် သီချင်းတွေ ထပ်ဆိုရင် ကောင်းမှာပဲ။ အဲ့တာဆို အိပ်ယာဝင်တိုင်း သူ့သီချင်းတွေ နားထောာင်လို့ ရတယ်။”
"ဒီနေ့ အိပ်မပျော်တော့ဘူး အစ်ကိုလင်းဖန်ဆိုတာ ကောင်းလွန်းတယ်။ ငါအိပ်လို့မရတော့ဘူး။ ငါနဲ့ အတူလာနေပေးပါ။”
လင်းဖန်က ကောမန့်များကို ဆွဲဖတ်ရင်း ပြုံးလိုက်ပါသည်။
သူ အဆိုလမ်းကြောင်းကို သိပ်ပြီး အာရုံစိုက်မှာ မဟုတ်ပါ။။ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များအတွက် သီချင်းတစ်ပုဒ်သာ ဆိုပြပြီး ဖျော်ဖြေပေးခဲ့ခြင်း ဖြစ်ပါသည်။
လင်းဖန်က ပိုက်ဆံပိုရချင်သော်လည်း ပရိသတ်များ ဆုချတာကိုတော့ မလိုချင်ပေ။
လင်းဖန်၏ လက်ရှိအစွမ်းအစနဲ့သာဆို ဇာတ်ညွှန်းရေးဆရာတစ်ယောက်လုပ်ပြီး ပြောင်မြောက်သည့် လက်ရာများ တစ်ခုပြီး တစ်ခု ထုတ်လုပ်နိုင်သည်။
ထိုသို့ စဥ်းစားပြီး လင်းဖန် ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်လိုက်ပါသည်။ "ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ရလာတဲ့ ပိုက်ဆံတွေအားလုံးကို ပရဟိတအသင်းတွေ၊ လူကြီးသူမတွေနဲ့ ဆင်းရဲတဲ့နေရာတွေက ကလေးတွေကို လှူဒါန်းလိုက်ပါ့မယ်။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့် လက်ရာဖြစ်တဲ့ 'ဘဝရဲ့ပျော်ရွှင်မှု' ကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး။”
သူ ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်တင်ချင်းမှာပဲ ကောမန့် ရာချီ ထောင်ချီ ပေါ်လာပါသည်။
"အား အစ်ကိုဖန် ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်တယ်ဟေ့။”
"အစ်ကိုဖန် သီချင်းဆိုတာ အရမ်းကောင်းတာပဲ။ သရုပ်ဆောင်စွမ်းရည်ကော အကျင့်စရိုက်ကော အကုန်ကောင်းတယ်။ ပရဟိတတွေကိုတောင် လှူဒါန်းသေးတယ်။ အစ်ကိုလင်းဖန်ကို လက်မအကြီးကြီး ထောင်ပြလိုက်ပြီနော်။"
"ငါက ဒီတိုင်း ဖြတ်သွားဖြတ်လာလေးပါ။ ရုပ်သံဒရမ်မာကိုလည်း တစ်ခါမှ မကြည့်ဖူးဘူး။ အစ်ကိုဖန် ပရဟိတတွေကို လှူဒါန်းတဲ့အတွက်ကြောင့် ဒီနေ အစ်ကိုဖန်ရဲ့ ပရိသတ်ဖြစ်လာတာပါ။ ချက်ချင်း VIP ဝင်ပြီး ဘဝရဲ့ပျော်ရွှင်မှုကို ကြည့်လိုက်ပါတော့မယ်။"
"လင်းဖန်က အချောဆုံး။”
လင်းဖန် ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်ပြီးနောက် ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းယွီရှစ်တို့နဲ့အတူ လေ့ကျင့်ခန်းလုပ်ဖို့ အိမ်ပြန်လာပါသည်။ တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်မှာ ဂျင်မ်ကိရိယာမျိုးစုံရှိနေ၏။ ကောင်မလေးနှစ်ယောက်က နာမည်ကျော်များဖြစ်သဖြင့် အကင်များ စားသောက်ပြီးနောက် သေချာပေါက် ဝိတ်ကျဖို့ လေ့ကျင့်ခန်းများ လုပ်ရန် လိုအပ်ပါသည်။
လင်းဖန်လည်း အမြဲလိုလို လေ့ကျင့်ခန်း လုပ်တတ်ပါသည်။ ဒါက အစာကြေဖို့ အကူအညီ ဖြစ်စေ၏။
ဘာမှန်းမသိလိုက်ဘဲ လင်းဖန်၏ သီချင်းက ဆက်တိုက်ဆိုသလို ဆက်လက် ကျော်ကြားနေဆဲ ဖြစ်သည်။
ဘာမှန်းမသိလိုက်ဘဲ လင်းဖန်သီချင်းဆိုနေသည့် ဗီဒီယိုမှာ ဝေ့ပေါ် ၏ ထိပ်တန်း ရေပန်းစားအကြောင်းအရာစာရင်း၏ ထိပ်ဆုံးကို ရောက်ရှိသွားခဲ့ပါပြီ။
ဝေ့ပေါ် ပေါ်က နောက်ထပ် ရေပန်းစားအကြောင်းအရာတစ်ခု။
ဒီသီချင်းကြောင့် လင်းဖန် နောက်ထပ် ပရိသတ် ၅၀၀,၀၀၀ ကို ရရှိလိုက်ပါသည်။
ထို့နောက် လင်းဖန်၏ သီချင်းကို တစ်တော့ပေါ်သို့ တင်လိုက်ကြပါသည်။
တစ်တော့က ဗီဒီယိုများစွာရှိသည့် ဗီဒီယိုအတို ကုမ္ပဏီတစ်ခု ဖြစ်သည်။
တစ်တော့ပေါ်တွင် လင်းဖန် သီချင်းဆိုနေသည့် ဗီဒီယိုများစွာ တက်လာသည်။
ဗီဒီယိုတိုင်းတွင် လိုက်ခ် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ နီးပါးရှိကာ ကောမန့် သောင်းချီပြီး ရှိနေပါသည်။
ကောမန့်များအားလုံးကလည်း အကောင်းချည်းပဲ ဖြစ်၏။
"လခွမ်း ဒီကောင်လေး သီချင်းဆိုတာ တကယ်ကောင်းတာပဲ။ ဒီကောင်လေးရဲ့ ဖုန်းနံပါတ်ကို သိကြလား။”
"အရင်ကောမန့်ကလူ ဘယ်တောမှာ နေတာလဲ။ သူက စူပါစတားလင်းဖန်လေ။ အစ်ကိုလင်းဖန်က အရမ်းချောပြီး သူ့အသံကလည်း ဆွဲဆောင်မှု အရမ်းရှိတာ။ အရမ်း စွဲလမ်းသွားပြီ၊ ဘယ်လို လုပ်ရမလဲ။”
"ကြိုက်တယ်၊ ကြိုက်တယ်၊ လင်းဖန် လင်းဖန် လင်းဖန်...”
"တစ်တော့မှာ အစ်ကိုလင်းဖန်ရဲ့ ဗီဒီယိုတွေနဲ့ ပြည့်နေတာပဲ။ အစ်ကိုလင်းဖန်က ငါ့ရဲ့မင်းသားလေး။”
"သီချင်းက တကယ်ကောင်းတယ်။ အဲ့တာကြောင့် အစ်ကိုလင်းဖန်က ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ ဖြစ်နေတာကိုး။ သူ ရေးတဲ့ သီချင်းစာသားတွေကအစ ကောင်းနေတာပဲ။"
နေ့တစ်ဝက်အတွင်း လင်းဖန် သီချင်းဆိုနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုမှာ အလွန်အမင်း ရေပန်းစားလာခဲ့သည်။
ဒီသီချင်းက တစ်တော့ပေါ်က ပရိသတ်များစွာအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိခဲ့ပါသည်။
နေ့တိုင်းမအိပ်ခင် လူများစွာ နားထောင်ကြသော သီချင်းပင် ဖြစ်လာခဲ့ပါသည်။
တစ်တော့တွင်။
အော်ပရေးရှင်းမန်နေဂျာက တစ်တော့ဒေတာများကို ကြည့်လိုက်ကာ လုံးဝ ကြက်သေ သေသွားခဲ့ပါသည်။
"လခွမ်း...."
"လင်းဖန် သီချင်းဆိုထားတာတဲ့။ လင်းဖန်ရဲ့ သီချင်းက တစ်တော့ပေါ်မှာ ဘယ်လောက်တောင် ရေပန်းစားနေလဲဆိုတာ မင်းတို့ သိကြလား။”
"နေ့တစ်ဝက်တည်းနဲ့ တစ်တော့ပေါ်မှာ ကြည့်ရှုသူ သန်း ၆၀၀ ရှိသွားပြီ။ အသုံးပြုသူ ၂၀ က ပြန်တင်ထားကြတယ်။ မိုက်လိုက်တာကွာ။”
"တစ်တော့က ကြော်ငြာပေးနေတဲ့ ဗီဒီယိုတွေက လင်းဖန်ရဲ့ သီချင်းလောက်တောင် မကောင်းဘူး။”
လင်းဖန်၏ သီချင်းက ထိမိသည်သာမကဘဲ စာသားများ၏ ခံစားချက်၊ လင်းဖန်၏ ရုပ်ရည်၊ အသံတို့နှင့် ပေါင်းစပ်လိုက်သောအခါ ပရိသတ်များစွာ၏ ရင်ကို ကိုင်လှုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဒါက လင်းဖန် အစိမ်းသက်သက် သီဆိုထားသည့် သီချင်းသာဖြစ်ပြီး ကြော်ငြာထားခြင်း မရှိပေ။
နေ့တစ်ဝက်အတွင်း ဒီလောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာခဲ့ပါသည်။
သူတို့သာ ကြော်ငြာလိုက်ပါက... လင်းဖန်၏ သီချင်းက ဂီတလောကမှာ ဂန္တဝင်သီချင်းတစ်ပုဒ်ပင် ဖြစ်လာနိုင်သည်။
ဒီသီချင်းက ဂီတလောကတစ်ခုလုံးကို လှုပ်ခါသွားစေလောက်ပါသည်။