အခန်း(၁၂၆) သီချင်းမူပိုင်ခွင့်အတွက် ယှဥ်ပြိုင်ခြင်း၊ လင်းဖန် ထပ်ချမ်းသာပြန်ပြီ
Vol. 9 Ch. 126
အခန်း(၁၂၆) သီချင်းမူပိုင်ခွင့်အတွက် ယှဥ်ပြိုင်ခြင်း၊ လင်းဖန် ထပ်ချမ်းသာပြန်ပြီ
ချက်ချင်းဆိုသလိုပဲ တစ်တော့၏ တာဝန်ရှိမန်နေဂျာက လင်းဖန်ကို ဆက်သွယ်လိုက်သည်။
လင်းဖန်လို စူပါစတားမျိုးက နေရာတိုင်းတွင် ရေပန်းစား၏။
ယခုအခါ တစ်တော့၊ ခွိုက်ကျောက်နှင့် အခြားသော ပလက်ဖောင်းများကဲ့သို့ ဗီဒီယီုအတို ပလက်ဖောင်းများစွာ ရှိနေပါပြီ။ နေရာတိုင်းမှာလည်း ယှဥ်ပြိုင်မှုများ ပြင်းထန်နေကြ၏။
ဗီဒီယိုအတိုပလက်ဖောင်းတစ်ခု၏ အဓိက ဗဟိုချက်က ကြည့်ရှုသူနဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်သူများအား တိုးမြင့်လာစေဖို့ ဖြစ်သည်။
သူတို့သာ စူပါစတားတစ်ယောက်နဲ့ အတူတူ တွဲလုပ်နိုင်ပါက သေချာပေါက် အာရုံစိုက်မှု အများကြီးခံရပါလိမ့်မည်။
လင်းဖန်၏ သီချင်းက တစ်တော့တခွင် ပေါက်သွားခဲ့သည်။
တစ်တော့၏ သက်ဆိုင်ရာဝန်ထမ်းများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ပရိသတ်များကို မဆိုဦးနဲ့၊ တစ်တော့က ဝန်ထမ်းများစွာကပင် လုံးဝ အထင်ကြီးသွားမိကြပါသည်။
သူ ဘာဖြစ်လို့ ဒီလောက်အဆိုကောင်းရတာလဲ။
အရေးအကြီးဆုံးက လင်းဖန်မှာ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်၊ ဇာတ်ညွှန်းရေးဆရာတစ်ယောက်လည်း ဖြစ်သည်။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်ညွှန်းရေးသားသည့် စွမ်းရည်များက ပြီးပြည့်စုံမှု၏ အထွတ်အထိပ်ကိုပင် ရောက်နေပါပြီ။
ယခု လင်းဖန်က သီချင်းပါဆိုနိုင်ပြီဖြစ်သဖြင့် အင်တာနက်ပေါ်တွင် အလွန်အမင်း ရေပန်းစားလာနိုင်ပါသည်။
၂၁ ရာစုနှစ် မျိုးဆက်သည့် နာမည်ကျော်များ၏ စူပါစတားမှာ လင်းဖန် ဖြစ်လာလောက်သည်။
၂၁ ရာစုနှစ်တွင် လင်းဖန်က အလွန်မြန်ဆန်စွာ တိုးတက်လာသည့် ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်လာနိုင်သည်။
တစ်တော့က အလွန်တိကျပါသည်။ ထို့ကြောင့် လင်းဖန်ကို ခေါ်ယူဖို့ တိုက်ရိုက်ဆက်သွယ်လိုက်သည်။
သူ့ကို အခု မခေါ်ယူနိုင်ပါက နောက်ပိုင်းခေါ်ယူဖို့ ပိုခက်ခဲသွားပါလိမ့်မည်။
"ဟယ်လို မစ်စတာလင်း ကျွန်တော်က တစ်တော့ရဲ့ တာဝန်ရှိသူပါ။ အခု ခင်ဗျားနဲ့ ဆွေးနွေစရာလေး ရှိလို့ပါ။ ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အဆိုစွမ်းရည်တွေက ပရိသတ်ကို လုံးဝ ဖမ်းစားသွားတယ်။ ကြယ်ပွင့်တစ်ယောက်လည်းဖြစ်လို့ တစ်တော့က ခင်ဗျားကို ခေါ်ယူချင်လို့ပါ။” ဝန်ထမ်းက ယဥ်ကျေးစွာ ပြောလိုက်ပါသည်။
တစ်တော့ကို ခေါ်ယူချင်တယ်ဆိုတာာ ဘာကို ဆိုလိုမှန်း လင်းဖန် သိပါသည်။ နာမည်ကျော်များစွာတွင် တစ်တော့အကောင့်ရှိကြပြီး ထိုအကောင့်များကို အသုံးပြုကာ ပရိသတ်များနှင့် ဆက်သွယ်ကြသည်။
အမှန်ပင်။ ဒါက နာမည်ကျော်များကို မထိခိုက်စေပါ။ တစ်တော့သို့ အသုံးပြုသူများအား ခေါ်ဆောင်သည့် နည်းလမ်းတစ်ခုသာ ဖြစ်ပါသည်။။
"ကျွန်တော် စဥ်းစားပေးပါ့မယ်" လင်းဖန်က ပြောလိုက်သည်။
"ကောင်းတာပေါ့ မစ်စတာလင်း။ ကျွန်တော်တို့ တစ်နှစ်ကို ယွမ် ၁.၂ သန်း စာချုပ် ချုပ်ဖို့ စီစဥ်ထားပါတယ်။ ခင်ဗျား ဘယ်လိုသဘောရပါလဲ။ ခင်ဗျားရဲ့ အလုပ်ကို ကန့်သတ်ချက် ဘာမှ မရှိပါဘူး။ ခင်ဗျားကို အကောင့်တစ်ခုပေးဖို့ပဲ လိုတာပါ။ ခင်ဗျားမှာ အချိန်ရရင် ဗီဒီယိုတချို့ တင်လို့ရတာပေါ့" ဝန်ထမ်းက ပြောလိုက်ပါသည်။
"ကောင်းပါပြီ။ ကျွန်တော့်ကို စာချုပ်ပို့လိုက်ပါ။” လင်းဖန်ကပြောလိုက်သည်။ တစ်တော့ကိုဝင်ဖို့ မဆိုးလှပါ။ တစ်ဖက်မှာ သူ့လုပ်ငန်းများကို ကြော်ငြာနိုင်ပြီး နောက်တစ်ဖက်မှာတော့ စာချုပ်အရ ၁.၂သန်း ရနိုင်တာ မဆိုးလှပါ။
လင်းဖန်က ပိုက်ဆံ မလိုသော်လည်း ရနိုင်ပါက ပိုကောင်းပါသည်။
"မစ်စတာလင်း တစ်ခုရှိသေးတယ်။ ခင်ဗျားရဲ့ သီချင်း 'အချစ်ကိုဖွင့်ပြောခြင်း' က လုံးဝ မူရင်းလား။ ဟုတ်တယ်ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီက ခင်ဗျားသီချင်းရဲ့ သီးသန့်မူပိုင်ခွင့်ကို ဝယ်ယူချင်ပါတယ်။ စျေးနှုန်းကို ခင်ဗျားသတ်မှတ်လို့ရပါတယ်" ဝန်ထမ်းက ပြောလိုက်၏။
လင်းဖန် ဒါကိုကြားလိုက်သောအခါ တစ်တော့က သီချင်းမူပိုင်ခွင့်ကို သိပ်ပြီး အလေးမထားတာကို သိလိုက်ရပါသည်။ "ကျွန်တော့် မူရင်းလက်ရာပါ။ ဒါပေမယ့် သီးသန့်မူပိုင်ခွင့်က ရောင်းချဖို့ မဟုတ်ဘူး။ ဒီသီချင်းကို အသုံးပြုခွင့်ကိုတော့ ၁ နှစ်ကို ယွမ် ၂၀၀,၀၀၀ နဲ့ ဝယ်လို့ ရပါတယ်။ ခင်ဗျားတို့ သဘောတူတယ်ဆိုရင် စာချုပ်ချုပ်ရအောင်။”
တစ်တော့ကို သီချင်းမူပိုင်ခွင့်ရောင်းဖို့က အသုံးမဝင်ပါ။ ဘာပဲဖြစ်ဖြစ် ဒါက လင်းဖန် ဒီတိုင်း ရေးစပ်ထားသော သီချင်း ဖြစ်သည်။ QQ ကို ရောင်းချတာ ပိုကောင်းပါသည်။
QQ Music ၏ နယ်ပယ်က တစ်တော့ထက် ပိုကျယ်ပြန့်သည်။
သီချင်းနားထောင်ရတာကို ကြိုက်နှစ်သက်သည့် လူအများစုက QQ Music, NetEase နဲ့ တခြား နေရာများကိုသာ သွားကြပါသည်။
"ကောင်းပါပြီ" စဥ်းစားပြီးနောက် ဝန်ထမ်းက သဘောတူလိုက်ပါသည်။
နေ့လည်ခင်းတွင် စာချုပ်ချုပ်ဆိုပြီးနောက် လင်းဖန် ဘဏ်အကောင့်ထဲ ၁.၄ သန်း ဝင်ရောက်လာခဲ့ပါသည်။
ထို့နောက် QQ Music ၏ ဝန်ထမ်းက လင်းဖန်ကို ဆက်သွယ်လာပါသည်။
"မစ်စတာလင်း ရှင့်သီချင်းရဲ့ သီးသန့်မူပိုင်ခွင့်ကို ဝယ်ချင်လို့ပါ။ ကူညီကြော်ငြာပေးမယ်လို့လည်း ကတိပေးပါတယ်။ နောက်ပိုင်းအဆင့်တွေမှာ သီချင်းရဲ့ အသားတင်အမြတ်ကို ရှင်နဲ့ ခွဲယူသွားမှာပါ။ ဒီသီချင်းအတွက် သီးသန့် မူပိုင်ခွင့်က တစ်ပုဒ် ၃၀၀,၀၀၀ ပါ။ လက်ခံနိုင်မလား မသိဘူး။” QQ Music ၏ ဝန်ထမ်းက မေးလိုက်ပါသည်။
"တစ်ပုဒ် ၃၀၀,၀၀၀ က တော့ လုံလောက်မယ် မထင်ဘူး။ ဒီသီချင်းက QQ Music ကို အကျိုးကျေးဇူးတွေ အများကြီး ပြုနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲ့တာကြောင့် စျေးမြှင့်ပေးဖို့ အကြံပေးချင်ပါတယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ မစ်စတာလင်း ကျွန်မတို့ ထပ်ပြီး စဥ်းစားလိုက်ပါ့မယ်။ အကြောင်းထူးရင် ဆက်သွယ်လိုက်ပါ့မယ်" QQ Music ၏ ဝန်ထမ်းက ပြောလိုက်ပါသည်။
သိပ်မကြာလိုက်ပေ။
နောက်ထပ် ကုမ္ပဏီတစ်ခုဆီက ဖုန်းတစ်ခု လင်းဖန်ကိုင်လိုက်ရသည်။
ထိုကုမ္ပဏီက NetEase ဖြစ်၏။ သီချင်းများကို ကြော်ငြာရာတွင် အလွန်ပရော်ဖက်ရှင်နယ်ကျသူများ ဖြစ်သည်။ သူတို့တွင် ပရော်ဖက်ရှင်နယ် အစွမ်းအစကောင်းများ ရှိကြပြီး အသုံးပြုသူလည်း များပြားသည်။ သူတို့ QQ Music ထက် မနိမ့်ကျနိုင်လောက်ပါ။
"မစ်စတာလင်း သီးသန့်မူပိုင်ခွင့် ရောင်းချဖို့ ရှိသေးလားရှင့်။ ရှင့်ဆီကို QQ Music က ဆက်သွယ်ပြီးတာ ကျွန်မတို့ သိပြီးပါပြီ။ တကယ်လို့ ရှင် စာချုပ်မချုပ်ရသေးရင် ကျွန်မတို့ ကုမ္ပဏီကိုလည်း စဥ်းစားပေးလို့ ရပါတယ်။”
"ကျွန်မတို့ ကုမ္ပဏီက ဒီသီချင်းကို ကြော်ငြာပေးဖို့ ရင်းမြစ်ကောင်းကောင်းနဲ့ ဝင်ငွေရှယ်ယာ ကောင်းကောင်းလည်း ပေးပါ့မယ်လို့ ကတိပေးနိုင်ပါတယ်။”
"ကျွန်မတို့ ဒီသီချင်းအတွက် မူပိုင်ခွင့်ကြေး ယွမ် ၁ သန်း ပေးပါ့မယ်" NetEase ၏ ဝန်ထမ်းက ဖြောင့်မတ်စွာဖြင့် ပြောလိုက်ပါသည်။
သာမန်လူတွေသာ သီချင်းရေးပါက ထိုကုမ္ပဏီကြီးများ ပေးနိုင်တာ ယွမ်သောင်းဂဏန်းက မိုင်ကုန်ပဲ ဖြစ်သည်။
သို့သော်လည်း လင်းဖန်ကတော့ လုံးဝ ခြားနားပါသည်။
QQ Music က စျေးကို နည်းနည်းနှိမ်ချင်သော်လည်း NetEase ဝန်ထမ်းများက မတုံးအပါ။
သူတို့ စျေးနှိမ်ချင်တဲ့လူက ဘယ်သူမို့လို့လဲ။ သူက လင်းဖန် ဖြစ်သည်။
လင်းဖန်မှာ အခု ပရိသတ် သန်းဆယ်ချီပြီး ရှိနေသည်။
ဒါက အစသာ ရှိသေးသည်။
ယခု သီချင်းတစ်ပုဒ်၏ မူပိုင်ခွင့်ကြေးက ယွမ် ၁ သန်းတန်နေပြီဖြစ်သည်။ အလွန်ရှားပါးပါသည်။
နာမည်ကျော် အဆိုတော်တချို့အတွက်တောင် သူတို့သီချင်းမူပိုင်ခွင့်ကြေး သိန်းဂဏန်းလောက် ရနိုင်ပါက အလွန်ကောင်းနေပါပြီ။
သို့သော်လည်း NetEase က လင်းဖန်၏ အနာဂတ် အလားအလာကို တန်ဖိုးထားသည်။
လင်းဖန်က စူပါစတားတစ်ယောက်ဖြစ်၏။ သူ့သရုပ်ဆောင်စွမ်းရည်များက အတော်လေး ကောင်းမွန်ပြီး အဆိုစွမ်းရည်များကလည်း ကောင်းမွန်သည်။ သူ့အနာဂတ် အလားအလာက အတော်လေး ကြီးမားပါသည်။
နောက်ပိုင်းတွင် လင်းဖန်မှာ ပရိသတ် သန်းရာချီပြီး ရှိလာကာ လင်းဖန်ရဲ့ သီချင်းကို ထောက်ပံ့ပေးသည့် ပရိသတ် ဒီလောက် များလာပါက ဘယ်လိုလုပ်မည်နည်း။
အနည်းဆုံး ပရိသတ် သန်း ၃၀ လောက်တော့ NetEase ထဲ ဝင်လာပါလိမ့်မည်။ ဒါက အလွန်များပြားသော ဝင်ရောက်သူ ပမာဏ ဖြစ်သည်။
ပရိသတ် သန်း ၃၀ တစ်ယောက်ချင်းစီတိုင်းသာ ၁ ယွမ်စီ ပေးပါက ဘယ်လောက်ဖြစ်သွားမလဲ။
ယွမ် သန်း ၃၀ ဖြစ်သည်။
လင်းဖန်ကို ပေးရမည့် ပိုက်ဆံအရေအတွက်က ယွမ် ၁၅ သန်း ဖြစ်သည်။
အားလုံး သိထားသည့်အတိုင်း သီချင်းတစ်ပုဒ်၏ စျေးမှာ ၁ ယွမ်တော့ မဖြစ်နိုင်ပါ။ တစ်ပုဒ်ကို ၅ယွမ်ဆိုပါက ပရိသတ် သန်း ၃၀ ဆို ဝင်ငွေ သန်း ၁၅၀ ရှိသွားနိုင်ပါသည်။
ဒါတောင် အစပဲ ရှိပါသေးသည်။ လင်းဖန်သာ နောက်ပိုင်း တခြားသီချင်းများ ဆက်ထုတ်ပါက NetEase ကို ဦးစားပေးပါလိမ့်မည်။
ထို့ကြောင့် NetEaseက လင်းဖန်ကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့ခြင်း ဖြစ်ပါသည်။
လင်းဖန်ကို ခေါ်ယူနိုင်ဖို့ လိုအပ်ချက်က NetEase Music ၏ ဖြောင့်မတ်မှုကို လင်းဖန်မြင်စေရန် အမြင့်ဆုံးစျေးကို ပေးဖို့ပဲ ဖြစ်ပါသည်။
တစ်နည်းအားဖြင့် ဒါက NetEase ၏ အမြော်အမြင် ဖြစ်သည်။
အနာဂတ်မှာ လင်းဖန် ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု သူတို့ ယုံကြည်ပါသည်။ သူတို့ ဒီသီချင်း၏ မူပိုင်ခွင့်ကို ဝယ်ယူဖို့အတွက် ပိုက်ဆံအများကြီး သုံးရရင်တောင် လင်းဖန်ကို ခေါ်ယူနိုင်ပါက တန်ပါသည်။