← Chapters

အခန်း(၁၂၉) နင်က ငါ့မိန်းမ

Vol. 9 Ch. 129

အခန်း(၁၂၉) နင်က ငါ့မိန်းမ

Vol. 9 Ch. 129

အခန်း(၁၂၉) နင်က ငါ့မိန်းမ

[ လူကြီးမင်း၏ ၆၁၁၅ ဖြင့်ဆုံးသော ငွေစုအကောင့်ထဲ ၂၂:၃၁ တွင် ၂,၄၀၀,၀၀၀ ယွမ်လက်ခံရရှိပါသည်။ ကျန်ငွေ ၈၄,၀၀၀,၀၀၀.၂၃ ယွမ်။ ( ဆောက်လုပ်ရေး ဘဏ်) ]

[ မစ်စတာလင်း၊ လူကြီးမင်း၏ အကောင့်အား Supreme VIP ပလက်တီနမ် ကတ်စတမ်မာအဖြစ် အလိုအလျောက် အဆင့်မြှင့်တင်လိုက်ပါပြီ။။ မေးမြန်းစရာများ ရှိပါက ဝန်ထမ်းကို ဆက်သွယ်နိုင်ပါသည်။ ၂၄ နာရီစလုံး ဝန်ဆောင်မှု ပေးနိုင်သည့်ကတ်စတမ်မာ ဆားဗစ်ဝန်ထမ်းများ ရှိပါသည်။ ( ဆောက်လုပ်ရေးဘဏ် ) ]

မက်ဆေ့ချ်နှစ်ခု ဝင်လာပြီးနောက် လင်းဖန် နောက်ဆုံးတော့ ပြုံးလိုက်ပါသည်။

ယခု ငွေသားစုငွေထဲမှာ ယွမ် ၈၄ သန်းကျော် ရှိနေပါပြီ။ ဒီလောက် များပြားသည့်ပမာဏကို သေချာပေါက် ဆောက်လုပ်ရေးဘဏ်က တန်ဖိုးထားလိမ့်မည်။ သူသာ ဆောက်လုပ်ရေး ဘဏ်သို့သွားပါက အနည်းဆုံး စီအီးအိုအဆင့်ရှိ ပုဂ္ဂိုလ်များ သူ့ကို လာရောက်ကြိုဆိုလိမ့်မည်။

လင်းဖန်က ရေချိုးလိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပါသည်။ တိုးတိုးတိတ်တိတ်ဖြင့် တစ်တော့ကို ဖွင့်လိုက်သည်။

တစ်တော့၏ ဆယ်လီ အဆင့်သတ်မှတ်ချက် ပထမနေရာမှာ ကျော်ကြားမှု ၁၁ သန်းဖြင့် လင်းခယ့်ရှင်းဖြစ်ကြောင်း သူ သတိထားမိပါသည်။

ရှုယန်က ကျော်ကြားမှု ၄.၃၃ သန်းဖြစ်ကာ ရှားဝမ်ချွေ့က ၄.၃ သန်းသာ ရှိသည်။

စုရှောင်းယွီက အဆင့် ၉ မှာဖြစ်ပြီး ကျော်ကြားမှု ၃.၈၃ သန်းသာ ရှိပါသည်။

ပထမနေရာဖြစ်သည့် လင်းခယ့်ရှင်းက သူမနောက်ကွယ်တွင် လူပေါင်းများစွာကို ခါချနိုင်ခဲ့သည်။

ဒုတိယအဆင့် ချူးယောင်ယောင်ဆိုသည့် တစ်ယောက်လည်း ရှိသည်။ သူမလည်း အလွန်ခေတ်စားပါသည်။ သို့သော် လင်းဖန်တော့ သူတို့ကို ယွဲ့ဟွာမှာ တစ်ခါမှ မကြားဖူးပေ။

လင်းဖန် ချက်ချင်းပဲ ရှားဝမ်ချွေ့ကို ဝီချက် မက်ဆေ့ချ်ပို့လိုက်ပါသည်။

လင်းဖန် : ""

ရှားဝမ်ချွေ့ : "~~~"

ရှားဝမ်ချွေ့ : "မြောင် ငါရှိတယ်"

လင်းဖန် : "နင်အိပ်ပြီလား"

ရှားဝမ်ချွေ့ : နင်ရူးနေလား။ ငါအိပ်နေရင် နင့်ကို ဘယ်လိုလုပ် မက်ဆေ့ချ်ပို့လို့ရမှာလဲ။”

လင်းဖန် : "နင်မအိပ်ဘူးဆို ကောင်းတယ်။ ငါနင့်ကို စစ်မှာနော်"

ရှားဝမ်ချွေ့ : "???"

လင်းဖန် : "နင်နဲ့ ဗီဒီယိုကော ပြောချင်လို့။”

ရှားဝမ်ချွေ့ : "နေဦး။ ငါအခု အတွင်းခံပဲဝတ်ထားတာ။ ဘောင်းဘီဝတ်လိုက်ဦးမယ်။ shy.jpg။”

လင်းဖန် : "နင် မဝတ်လည်း ရပါတယ်။”

ရှားဝမ်ချွေ့ : "ဟွန်း သေလိုက်လေ အရူးကောင်လင်းဖန် ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။ Aggrieved.jpg"

ရှားဝမ်ချွေ့ ဝတ်ပြီးသွားသောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဗီဒီယိုကော ပြောကြပါသည်။

ရှားဝမ်ချွေ့က လှပနေဆဲ ဖြစ်သည်။

သူမလေးက ခေါင်းလျှော်ထားပုံရပြီး ရေတောင်မခြောက်သေးဘဲ လင်းဖန်နဲ့ ဗီဒီယိုကောပြောနေသည့် ပုံပင်။

ရှားဝမ်ချွေ့က တကယ်ပဲ အတွင်းခံပဲ ဝတ်ထားတာ ဖြစ်နိုင်ပါသည်။ သူမကို ဗီဒီယိုကောခေါ်ဖို့ မသင့်တော်ပါ။

ဒီလို လှပသည့် ကောင်မလေးတစ်ယောက် လင်းဖန်ရှေ့မှာ ရှိနေပါသည်။ လင်းဖန် တောက်တောက်ပပ ပြုံးလိုက်၏။

သူ့မိန်းမက တကယ်ပဲ လှပသည်။ သူ့ခန္ဓာကိုယ်ကလည်း သည်းမခံနိုင်စရာ ဖြစ်သည်။

"နှာဘူးကောင် နင်ဘာကြည့်နေတာလဲ။” ရှားဝမ်ချွေ့က နှုတ်ခမ်းဆူကာ ပြောလိုက်ပါသည်။

"ဝမ်ချွေ့ လင်းခယ့်ရှင်းကိုသိလား။ သူက တစ်တော့ပေါ်မှာ အရမ်းနာမည်ကြီးပြီး အရမ်းခေတ်စားတာ တွေ့လိုက််တယ်" လင်းဖန်က ပြောလိုက်သည်။

"ဒါပေါ့ လင်းခယ့်ရှင်းက အရမ်းနာမည်ကြီးတဲ့ စူပါစတား တစ်ယောက်ပဲကို။ သူငယ်ငယ်တုန်းက ရုပ်သံဒရမ်မာတွေ အများကြီးရိုက်ဖူးပြီး လူတွေအများကြီးကလည်း သဘောကျကြတယ်။ နောက်တော့ ပေကျင်းရုပ်ရှင် တက္ကသိုလ်ကို သါားပြီး ကျောင်းတက်ရင်းနဲ့ ရုပ်သံဒရမ်မာ နှစ်ကားကို ရိုက်ခဲ့သေးတယ်။ နှစ်ကားစလုံး နာမည်ကြီးသွားတယ်။ မကြာသေးခင်က ပေကျင်းရုပ်ရှင် တက္ကသိုလ်က ဘွဲ့ရထားပြိး သူ့လက်ရာအသစ်တွေကိုလည်း လူတွေက မျှော်နေတာ" ရှားဝမ်ချွေ့က မျက်တောင်ခတ်လိုက်ပါသည်။

"အင်း နားလည်ပါပြီ" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။

"နင်ဘာနားလည်တာလဲ။ သူ့ ဝီချက် အကောင့်ယူမလား။ ငါ့မှာရှိတယ်~" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ပြီး ပြုံးလိုက်ပါသည်။

"တော်ပါပြီ" လင်းဖန်က တောက်ပစွာ ပြုံးလိုက်သည်။ သူမသေချင်ပါ။

"လင်းခယ့်ရှင်းက အရင်းနာမည်ကြီးတာနော်။ အသက် ၂၀ လောက်ပဲ ရှိသေးတယ်ထင်တယ်။ သူ့သရုပ်ဆောင်စွမ်းရည်တွေကလည်း မဆိုးဘူး။ ကြည့်ရတာ နောက်ပိုင်း နင့်မှာ ပြိုင်ဘက်တစ်ယောက် ရှိလာတော့မယ် ထင်တယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟမ် ဘာလို့ ပြိုင်ဘက်ဖြစ်မှာလဲ" ရှားဝမ်ချွေ့က မေးလိုက်ပါသည်။

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ငါကနင့်ကို စူပါစတားစစ်စစ်ဖြစ်လာပြီး အားလုံးထက် ကျော်လွန်စေချင်တာလေ။ ဒါမှ ဘယ်သူမှ နင့်ကို အနိုင်ကျင့်လို့ရမှာ မဟုတ်တော့ဘူး။”

'ဘဝရဲ့ပျော်ရွှင်မှု' ဒရမ်မာကြောင့် ရှားဝမ်ချွေ့ လူကြိုက်များမှု အများကြီး တိုးလာပါသည်။ သို့သော်လည်း ရုပ်သံဒရမ်မာ တစ်ခုတည်းကိုပဲ အားကိုးဖို့ မလုံလောက်ပါ။

သူမကို ကူညီဖို့အတွက် လင်းဖန်က အနုပညာလောကထဲတွင် ခြေချနိုင်ဖို့ လိုအပ်ကာ တစ်ဆင့်ခြင်း သန်မာလာဖို့ လိုအပ်ပါသည်။

ဇာတ်ညွှန်းအသစ်တစ်ခုရေးပြီး ရုပ်သံဒရမ်မာအသစ်တစ်ခု ရိုက်ကူးဖို့ အချိန်ကျပါပြီ။

ရှားဝမ်ချွေ့က ခေါင်းခါလိုက်ပါသည်။ သူမ၏ မျက်နှာက အနည်းငယ်နီရဲနေပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။ "နင်ကလွဲပြီး ငါ့ကို ဘယ်သူမှ အနိုင်ကျင့်မှာ မဟုတ်ဘူး။ အတော်ဆုံး စူပါစတားဖြစ်လာဖို့ကတော့ ငါ အများကြီး လိုပါသေးတယ်။ အဲ့တာတွေ ငါဂရုမစိုက်ဘူး။ ငါဂရုစိုက်တာ တစ်ခုပဲရှိတယ်။”

လင်းဖန်က သူ့ အလိုလို မေးလိုက်မိသည်။ "ဘာလဲ။”

ရှားဝမ်ချွေ့က အတည်ပေါက် ပြောလိုက်၏။ "ငါသရုပ်ဆောင်ရတာ ကြိုက်ပြီး ပရိသတ်ကို လက်ရာကောင်းကောင်းတွေ ပြသရတာ ကြိုက်ပါတယ်။ ဒါပေမယ့် နင်ချက်ပေးတဲ့ ဟင်းလျာတွေကို ပိုစားချင်ပြီး နင်နဲ့ ကစားချင်တယ်။ ငါတို့နှစ်ယောက်လုံးပျော်ရင် အဆင်ပြေပြီ။ စူပါစတားဖြစ်လာတာ မဖြစ်လာတာက အရေးမကြီးပါဘူး။”

လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ ကင်မရာထဲက ရှားဝမ်ချွေ့ကိုကြည့်လိုက်ရင်း သူ့နှလုံးသား နာကျင်လာပါသည်။

ရှားဝမ်ချွေ့၏ သရုပ်ဆောင်စွမ်းရည်များက သေချာပေါက် လင်းခယ့်ရှင်းထက် မနိမ့်ပါ။

သူမ၏ ရုပ်ရည်ကလည်း သေချာပေါက် အနုပညာလောကထဲမှာ အကောင်းဆုံးထဲက တစ်ခု ဖြစ်သည်။

လင်းဖန်က လင်းခယ့်ရှင်း၏ ဓာတ်ပုံကိုလည်း ကြည့်လိုက်ပါသည်။ သူမ၏ ရုပ်ရည်က ၉၅မှတ်ကျော်ကျော်လောက် ရနိုင်သော်လည်း အများဆုံး လင်းကျင်းကျင်းထက် အနည်းငယ် ပိုလှရုံသာရှိသည်။

ရှားဝမ်ချွေ့၏ လူကြိုက်များမှုက လင်းခယ့်ရှင်းကို မယှဥ်နိုင်ရသည့် အကြောင်းအရင်းမှာ နှစ်တွေ အကြာကြီး ရှားဝမ်ချွေ့က အလုပ်များစွာကို ငြင်းခဲ့ပြီး အချစ်ရေးဇာတ်ဝင်ခန်းများကို မရိုက်ကူးခဲ့သောကြောင့် ဖြစ်ပါသည်။

ရှားဝမ်ချွေ့က စူပါစတားတစ်ယောက် ဖြစ်သော်လည်း နာမည်ကျော်တွေကြားထဲမှာ ခြားနားချက်က ကြီးမားလှပါသည်။

ဒီလိုကြီးမားသော ခြားနားချက်တစ်ခုက လက်ရာတစ်ခုတည်းနဲ့ ကျော်လွန်နိုင်သည့် အရာမျိုး မဟုတ်ပါ။

လင်းခယ့်ရှင်းတွင် ပရိသတ် ပိုများကာ fanbase ပိုကျယ်ပြန့်သော်လည်း လင်းဖန်၏ ဆုံးဖြတ်ချက်ကို ထိခိုက်မှု မရှိပါ။

သူ သေချာပေါက် ပိုကောင်းသည့် ဇာတ်ညွှန်းများကို ရေးသားပြီး ရှားဝမ်ချွေ့နဲ့ ပိုကောင်းသည့် လက်ရာများ ရိုက်ကူးပါမည်။

ယခု အနုပညာလောကထဲကို ဝင်ရောက်ခါစ ရှိသေးသဖြင့် စမှတ်သာရှိသေးသည်။ အဝေးကြီးလိုပါသေးသည်။

ရှားဝမ်ချွေ့နဲ့ စကားပြောနေစဥ် လင်းဖန် မှင်သက်သွားမိပါသည်။

ဒီလိုကောင်မလေးက ၃ နှစ်လောက်အထိ အကြင်နာပေးခန်းကော အချစ်ရေးဇာတ်ဝင်ခံများကိုပါ မရိုက်ကူးခဲ့ဖူးပါ။ ရှားဝမ်ချွေ့က အလွန်ချစ်ဖို့ကောင်းပြီး သူ့ရှေ့မှာ ထူးခြားသည့်ပုံစံရှိပါသည်။ လင်းဖန် သူ့ကို မချစ်စရာ အကြောင်း ရှိပါ့မလား။

လင်းဖန် "မိန်းမ"

ရှားဝမ်ချွေ့ "ဟမ်"

ရှားဝမ်ချွေ့၏ လှပသော မျက်နှာလေး နီရဲသွားပါသည်။ သူမ အံကြိတ်လိုက်ပြီး လင်းဖန်ကို ပြန်ကြည့်လိုက်သည်။ ခေါင်းအုံးတစ်လုံးကို ယူလိုက်ပြီး စိတ်ဆိုးစွာ ပြောလိုက်ပါသည်။ "ငါအကွက်ထဲဝင်တော့မလို့ ဟွန်း ဘယ်သူက နင့်မိန်းမလဲ။”

လင်းဖန်က ပြုံးလိုက်သည်။ "နင် လက်ခံပြီးသားလေ။ ဒီမင်္ဂလာပွဲကို ပြန်နောက်ဆုတ်လို့ မရဘူးနော်။ ငါ့မှာ ဗီဒီယိုသက်သေရှိတယ်။”

ရှားဝမ်ချွေ့၏ မျက်နှာ ပို၍ပင် နီရဲသွားပါသည်။ "အရှက်မရှိတဲ့ကောင်။”

လင်းဖန်က ပိုမိုတောက်ပစွာ ပြုံးလိုက်သည်။ "ဒါဆို ငါ့မိန်းမလို့ ဝန်ခံပြီလား။”

ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး ပြောလိုက်ပါသည်။ "ဟွန်း ဝန်မခံပါဘူး။ ဘယ်သူက နင့်မိန်းမလို့ ဝန်ခံမှာလဲ။ နင့်ကို စကားမပြောတော့ဘူး။ ဖုန်းချတော့မယ်။”

လင်းဖန် "မချနဲ့လေ"

ရှားဝမ်ချွေ့ "နင်က လူဆိုးကောင်ပဲ"

လင်းဖန် "ငါက နင့်ရှေ့မှာပဲ လူဆိုး။ တခြားသူတွေရှေ့မှာဆိုရင် လူကောင်းလေးပါ။”

ရှားဝမ်ချွေ့ "~~~"

ရှားဝမ်ချွေ့ "ငါအိပ်တော့မယ် လင်းဖန်"

လင်းဖန် "ဝမ်ချွေ့ မနက်ဖြန် အပြင်မှာ လျှောက်လည်ပြီး လျှောက်စားကြမယ်။”

ရှားဝမ်ချွေ့ "အိုကေ။”

လင်းဖန် " ဒါဆိုလည်း ဗီဒီယိုကော ချလိုက်တော့"

ရှားဝမ်ချွေ့ "မချဘူး နင်အရင်ချ"

လင်းဖန် "ငါမှ မချရက်တာ။”

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး နူးညံ့စွာ ပြောလိုက်ပါသည်။ "မောင်ကြီးရေ ဒါဆိုလည်း ကျွန်မ ဖုန်းချပြီ။ ဂွတ်နိုင်ပါ မွ~။”

ချိုသာသော အသံလေးတစ်ခုက လင်းဖန်၏ အာရုံထဲ ဝင်ရောက်လာပါသည်။ လင်းဖန် အနည်းငယ် စိတ်လှုပ်ရှားသွား၏။

သူ့ကြောင်မလေးက ဘာလို့ ဒီလောက်ချစ်ဖို့ ကောင်းရတာလဲ။

လင်းဖန် ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

တစ်နေ့ကျရင် သူ့ကြောင်မလေးကို ပိုးပန်းနိုင်ရမည်။

All Chapters