အခန်း(၁၃၀) သီချင်းတစ်ပုဒ်နဲ့ ကျော်ကြားခြင်း
Vol. 9 Ch. 130
အခန်း(၁၃၀) သီချင်းတစ်ပုဒ်နဲ့ ကျော်ကြားခြင်း
ရှားဝမ်ချွေ့နဲ့ ဗီဒီယိုကောပြောပြီးနောက် လင်းဖန် ရှားဝမ်ချွေ့၏ ပရိုဖိုင်းပုံကိုကြည့်ကာ အနည်းငယ် စိတ်ဆိုးသွားပါသည်။
ဒီအကျင့်မကောင်းတဲ့ ကောင်မလေးကတော့။ သူ ဘယ်လို အပ်ရတော့မည်နည်း။
ရှားဝမ်ချွေ့၏ ချိုမြိန်သော တိုက်ခိုက်မှုကို ဘယ်သူက ခံနိုင်ရည်ရှိမည်နည်း။
လင်းဖန် မအိပ်ခင် ရေချိုးလိုက်ပါသည်။
ပုံမှန်ဆို တခြားကောင်မလေးများအတွက် လင်းဖန် ခံစားချက်မရှိပါ။
ရှားဝမ်ချွေ့ တစ်ယောက်တည်းသာရှိ၏။
အရူး ကြောင်မလေး။
သူတို့ တကယ်အတူတူနေရမည့် နေ့ကို ရောက်လာပါက သူ့တိုက်ခိုက်မှုများကို ရှားဝမ်ချွေ့ ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။
ရှားဝမ်ချွေ့ အခု သူ့ကို ဘယ်လို ဆက်ဆံသွားတာလဲ။
ထိုနေ့ကျရင် လင်းဖန် ရှားဝမ်ချွေ့ကို ကလဲ့စားပြန်ချေမည်ဖြစ်သည်။
နောက်တစ်နေ့ လင်းဖန် ပုံမှန်အတိုင်း နိုးလာပြီး Sign-in ဝင်လိုက်ပါသည်။ ဒီတစ်ခေါက် ဓာတ်ဆားရေတစ်ဗူးရသည်။
သူ့ဘဝ အခြေအနေ ဆိုးနေသည်ဟု ခံစားလိုက်ရပါသည်။ ရေခဲသေတ္တာကို ဖွင့်လိုက်သောအခါ ဓာတ်ဆားရေ အဗူး ၂၀ လောက် ရှိနေပါပြီ.
ကိုကာကိုလာ ၁၈ ဗူး၊ အိုက်စ်တီး ၁၆ ဗူး၊ Pulse ၂၃ ဗူးလည်း ရှိသေးသည်။
တခြားသူများ၏ စနစ်က ပစ္စည်းကောင်းများ ပေးနိုင်သော်လည်း လင်းဖန်ကတော့ သူ့စနစ်ထံမှ ရေသန့်ဗူးသာ ရနိုင်ပါသည်။
ဒါက ဓာတ်ဆားရေဗူး ရတာ အကြိမ် ၂၀ရှိပြီ ဖြစ်သည်။ အနည်းဆုံး Pulse ကတစ်ဗူး ၄ယွမ် တန်ပါသေးသည်။ ဓာတ်ဆားရေက ၁ ယွမ်သာ တန်ပါသည်။
စနစ်က ပိုပိုပြီး အားမကိုးရ ဖြစ်လာသည်။
လင်းဖန်နိုးလာသောအခါ သူ့စားသောက်ဆိုင်မှာ အလုပ်သွားလုပ်လိုက်ပါသည်။
ကုမ္ပဏီကိုကတော့ လင်းဖန် အမြဲတမ်း သွားဖို့ မလိုပေ။ ကုမ္ပဏီထဲက သူ့အဆင့်အတန်းက တော်တော်လေး မြင့်မားပါသည်။
သူ စားသောက်ဆိုင်ကို ရောက်လာတော့ ကြိုစောာင့်နေသည့် ပရိသတ်အုပ်ကြီး ရှိနေပါသည်။
စားသောက်ဆိုင်ကို ပိတ်ထားတာ ကြာပြီ ဖြစ်သော်လည်း နေ့တိုင်း လာစောင့်နေတတ်သည့် ပရိသတ်တချို့တော့ ရှိနေဆဲ ဖြစ်သည်။
"အားး အစ်ကိုလင်းဖန်လာပြီဟေ့"
"အစ်ကိုလင်းဖန် အရမ်းချောတာပဲ။ အစ်ကိုလင်းဖန် ဒီတစ်ခေါက် Koenigsegg One ကို စီးလာတာပဲ။”
"ဘုရားရေ တကယ်ကြီး အစ်ကိုလင်းဖန်ပါလား။ အစ်ကိုလင်းဖန်က ရိုက်ကူးရေးလုပ်နေတာာ မဟုတ်ဘူးလား။ ငါတို့အတွက် ချက်ပြုတ်ပေးဖို့ စားသောက်ဆိုင်ကို တကယ်လာတာပဲ။”
လင်းဖန်က စိတ်အားထက်သန်နေသော ပရိသတ်များကို ကြည့်ကာ ပြုံးပြလိုက်ပါသည်။
မီးဖိုချောင်ထဲဝင်ပြီး ၂ နာရီလောက် အလုပ်များပြီးနောက် လင်းဖန်ဝင်ငွေ ၆,၀၀၀ ကျော် ရခဲ့ပါသည်။
လင်းဖန်၏ ဟင်းလျာများက အိမ်ချက်ဟင်းလျာများဖြစ်သော်လည်း ပရိသတ်များက စျေးကြီးသည့် ဟင်းလျာများကို မှာယူခဲ့သည်။
သူ ချက်ပြုတ်ပြီးသွားသောအခါ သူ့အချက်အပြုတ်စွမ်းရည်များ ထပ်ပြီး တိုးတက်လာသည်ဟု လင်းဖန် ခံစားလိုက်ရပါသည်။
တစ်ဖက်မှာတော့ ပရိသတ်များက အော်ဟစ်နေကြသည်။
လင်းဖန်၏ ဟင်းလျာများအားလုံးက သာတူညီမျှ အရသာရှိနေသောကြောင့် ဖြစ်သည်။
ဟင်းလျာက ဘယ်လောက်ပဲ စျေးကြီးနေပါစေ သို့မဟုတ် စျေးအပေါဆုံး ကြက်ဥထမင်းကြော် ဆိုရင်တောင် လင်းဖန် ချက်ပြုတ်တာဆို သေချာပေါက် အရသာရှိပါလိမ့်မည်။
ဘယ်လိုပရိသတ်က ဒီလို စားပွဲတော်မျိုးကို မကြိုက်ဘဲ နေမည်နည်း။
"အစ်ကိုလင်းဖန်ရဲ့ စားပွဲတော်တွေက တကယ်အရသာရှိတာပဲ။”
"အထူးသဖြင့် ကြက်ဥထမင်းကြော်ပဲ။ တခြား စျေးကြီးတာတွေ မှာမစားနိုင်ပေမယ့် ဒီကြက်ဥထမင်းကြော်က တကယ် အရသာရှိလွန်းတယ်။”
"ကျောက်ပုစွန်တွေက အရသာရှိချက်ပဲ။ ဘူဖေးနဲ့ ပင်လယ်စာ ဆိုင်တွေထက် အများကြီး ပိုကောင်းတယ်။ အစ်ကိုဖန်က အရမ်းတော်တာပဲ။”
"အစ်ကိုဖန်ကိုယ်တိုင် ချက်ပေးထားတဲ့ စားသောက်ပွဲတွေကို စားခဲ့ဖူးပြီ။ အစ်ကိုဖန်ကလည်း အရမ်းချောတာပဲ။ ဓာတ်ပုံကို ဘယ်ထောင့်ကရိုက်ရိုက် အပြစ်အနာဆာကို မရှိဘူး။”
"လင်းဖန် လင်းဖန် လင်းဖန်"
ပရိသတ်များစွာက လင်းဖန်၏ စားသောက်ပွဲများကို အသည်းအသန်စားသောက်နေပါသည်။ စားသောက်ဆိုင် တစ်ဆိုင်လုံး ကတ်စတမ်မာများဖြင့် ပြည့်နှက်နေကြသည်။ တချို့ကတ်စတမ်မာ များစွာက စာားသောက်ဆိုင်အပြင်ဘက်မှာတောင် စားပွဲများ ထောင်ကာ စားသောက်နေကြပါပြီ။
လင်းဖန်က ဒီနေ့ အေးအေးချမ်းချမ်းဖြစ်နေပြီး စားသောက်ဆိုင်ကို ဖွင့်နေပါသည်။
၃ နာရီကြာသောအခါ ပရိသတ်များစွာ လင်းဖန်ကို သဘောကျသွားကြပါသည်။
သို့သော်လည်း ထိုပရိသတ်များက အဆင့်အတန်းရှိကြပြီး လင်းဖန်ကို ဓာတ်ပုံရိုက်ခိုင်း၊ လက်မှတ်် ထိုးခိုင်းတာမျိုး မလုပ်ပါ။
သို့သော်လည်း QQ Music App ကိုဒေါင်းလုတ်ဆွဲပြီး ထအော်သည့် ပရိသတ်တစ်ယောက်တော့ ရှိပါသည်။ "အစ်ကိုဖန်ရဲ့ "အချစ်ကိုဖွင့်ပြောခြင်း" QQ Music ပေါ်မှာ ရောက်လာပြီ ငါဒေါင်းလုတ်ဆွဲ နားထောင်ပြီး အစ်ကိုဖန်ကို အဆင့်သတ်မှတ်ချက်မြင့်မြင့်ရအောင် ကူညီပေးမယ်။”
"ဟုတ်တယ်။ ငါလည်း အဲ့သီချင်းကိုတွေ့တယ်။ အရင်တုန်းက အစ်ကိုဖန် 'အချစ်ကိုဖွင့်ပြောခြင်း' သီချင်းဆိုတာကို နားထောင်ချင်ရင် ဝေ့ပေါ် ပေါ်က ဗီဒီယို တွေကို လိုက်ရှာနေရသေးတယ်။ အခုတော့ QQ Music ပေါ် တက်လာပြီ။”
"ဘာပဲဖြစ်ဖြစ် ငါဒေါင်းလုတ်ဆွဲလိုက်မယ်။”
"အစ်ကိုဖန်ရဲ့ အဆိုစွမ်းရည်က အရမ်းကောင်းတာပဲ။ ငါ့နားတွေ ကိုယ်ဝန်ရတော့မယ်ထင်တယ်။”
"အားး အစ်ကိုဖန် အဆင့်သတ်မှတ်ချက် မြင့်လာအောင် ကူညီပေးချင်လိုက်တာ။ ဒီသီချင်း ဘာလို့ အရမ်း ကောင်းနေရတာလဲ။”
"ဘယ်လိုအသံလေးလဲ။ ကောင်းလိုက်တာ။"
ပရိသတ်များစွာက ပြောလိုက်ပါသည်။ လင်းဖန်၏ စားသောက်ဆိုင်ထဲတွင် လင်းဖန် ချက်ပြုတ်ပေးသော အစားအစာများကို စားရင်း လင်းဖန်၏ သီချင်းကို နားထောင်နေကြသည်။
လင်းဖန် ၃ နာရီခွဲလောက် အလုပ်များပြီးနောက် စားသောက်ဆိုင်ထဲက ကုန်ကြမ်းများ အကုန်ပြောင်စင်သွားပါသည်။
"အားလုံးပဲ ဒီနေ့တော့ ဒီလောက်ပါပဲနော်။”
"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်သီချင်းကို အားပေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ နောက်မှ တွေ့ကြမယ်။” လင်းဖန်က ပြုံးလိုက်ပြီး Koenigsegg One ကားကြီးထဲဝင်ကာ စားသောက်ဆိုင်မှ ထွက်သွားသည်။
လင်းဖန် ထွက်သွားပြီးနောက် အားလုံး အနည်းငယ် ဝမ်းနည်းသွားပါသည်။
"မသွားပါနဲ့။ အစ်ကိုဖန် သွားတော့မယ်။ ငါသူနဲ့ စကားပြောချင်တုန်းပဲ။"
"ဟုတ်တယ်။ အစ်ကိုဖန်ရဲ့ စားသောက်ပွဲတွေက အရသာရှိလွန်းတယ်... ငါစားတောင်မစားရသေးဘူး။”
"လင်းဖန်ကို တွေ့ဖို့ ဒီမှာတဲထိုးပြီးနေမယ်။ ဒီကိုပုံမှန်လာပြီး တဲထိုးနေမယ်။ တစ်နေ့ကျ လင်းဖန် စိတ်ကောင်းဝင်တဲ့အခါ ငါတို့ကိုချက်ပြုတ်ကျွေးချင်ကျွေးလိမ့်မယ်။”
"ဒီလောက် အချက်အပြုတ်ကောင်းတဲ့ ကောင်လေးမျိုးသာ ငါ့မှာရှိလို့ကတော့...”
၃နာရီခွဲအတွင်း လင်းဖန်၏ စားသောက်ဆိုင် ၁၃,၀၀၀ ယွမ်ရခဲ့ပါသည်။
ဒါတောင် စားသောက်ဆိုင်အသေးစားလေးဖြစ်သည်။ စားသောက်ဆိုင်ငယ်ကို စားသောက်ဆိုင်ကြီးအဖြစ်သာ ပြောင်းလဲလိုက်ပြီး လင်းဖန်၏ ကျော်ကြားမှုနဲ့သာ တွဲလိုက်ပါက နေ့တိုင်း ယွမ်သိန်းနဲ့ချီပြီး ရနိုင်ပါသည်။
နေရာပေါင်းစုံတွင် ဆိုင်ခွဲများ ဖွင့်လိုက်ပါက လင်းဖန်၏ စားသောက်ဆိုင် ဘယ်လောက် ဝင်ငွေရှိလာမလဲဆိုတာ မည်သူ ပြောနိုင်မှာလဲ။
လင်းဖန်က ထိုအချက်များကို အရင်ကတည်းက တွက်ချက်ပြီးပါပြီ။ စားသောက်ဆိုင် ဒီလောက် အများကြီးလည်း ဖွင့်ဖို့ စိတ်မဝင်စားပါ။
သူချက်ပြုတ်သည့် ဟင်းလျာများက အရသာရှိသော်လည်း လင်းဖန်က ငွေရေးကြေးရေး စိတ်မဝင်စားပေ။
သူ ချမ်းသာတာ မချမ်းသာတာ အရေးမကြီးပါ။ အရေးကြီးတာက နေ့တိုင်း ပျော်ပျော်နေနိုင်ဖို့ ဖြစ်၏။
ဒီနေ့ ပရိသတ်များစွာက လင်းဖန်၏ သီချင်း "အချစ်ကိုဖွင့်ပြောခြင်း" QQ Music တွင် တရားဝင် ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း တွေ့သွားကြပါသည်။
တစ်တော့ပေါ်တွင် အလွန်ခေတ်စားသည့် ထိုသီချင်းက QQ Music တွင်တင်လိုက်ပြီးနောက် ဂီတကိုချစ်မြတ်နိုးသူများ၏ ချီးမွမ်းမှုကို ခံရခဲ့ပါသည်။
အချစ်ကိုဖွင့်ပြောခြင်းမှာ QQ Music ပေါ်တွင် လုံးဝ ခေတ်စားနေပါပြီ။
"လခွမ်း ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သီချင်းလဲ။”
"ဒီသီချင်းကို စူပါစတား လင်းဖန် ဆိုထားတာလား။ အရမ်းကောင်းတာပဲ။”
"ငါ အံ့သြသွားပြီ။ လင်းဖန်ရဲ့ သီချင်းမှာ ဆွဲဆောင်မှုရှိပြီး ထူးခြားတဲ့အသံမျိုး ရှိနေတယ်...။”
QQ Music ပေါ်တွင် အချစ်ကိုဖွင့်ပြောခြင်း သီချင်း၏ အရည်အသွေးမြင့် ဗားရှင်းကို ဒေါင်းလုတ်ဆွဲချင်ပါက ၃ ယွမ် ပေးရသည်။
သီချင်း အများစုက အခမဲ့ဖြစ်သည်။ သို့သော်လည်း လင်းဖန်၏ သီချင်းကတော့ လုံးဝ ခြားနားပါသည်။ သီချင်းအတော်များများကလည်း စျေးနှုန်း ရှိပါသည်။ ဝတ္ထုများကို ဖတ်ဖို့ ငွေပေးရသလို မူပိုင်ခွင့်ကြောင့် ဖြစ်ပါသည်။
သူတို့ ငွေပေးရသည်ဆိုရင်တောင် လင်းဖန်၏ သီချင်းက တစ်ရက်အတွင်း ဒေါင်းလုတ် ၃၀၀,၀၀၀ကျော် သွားပါသည်။
ဒါ ဘာကိုဆိုလိုသနည်း။
တစ်ရက်တည်းနဲ့ သီချင်းတစ်ပုဒ်တည်းနဲ့ ယွမ် ၉၀၀,၀၀၀ ကိုရလိုက်ခြင်း ဖြစ်သည်။
QQ Music ၏ ဝန်ထမ်းအားလုံး ကြက်သေ သေကုန်ကြပါသည်။
ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက်၏ သီချင်းဆိုရင်တောင် တစ်ရက်တည်းနဲ့ ယွမ် ၉၀၀,၀၀၀ ရနိုင်ဖို့ မဖြစ်နိုင်ပါ။
ဒီလောက်ဆို လင်းဖန်၏ သီချင်းက လုံးဝ ခေတ်စားလွန်းတာကို ပြသဖို့ လုံလောက်ပါသည်။
QQ Music ပေါ်တွင် တင်လိုက်ပြီးနောက် လင်းဖန်၏ "အချစ်ကိုဖွင့်ပြောခြင်း" သီချင်းမှာ ထိပ်ဆုံးနေရာသစ်တစ်ခုကို ရောက်သွားပြန်ပါသည်။