အခန်း(၁၃၁) စာရင်းထဲမှာ ထိပ်ဆုံး
Vol. 9 Ch. 131
အခန်း(၁၃၁) စာရင်းထဲမှာ ထိပ်ဆုံး
လင်းဖန်၏ "အချစ်ကိုဖွင့်ပြောခြင်း" မှာ ရလဒ်ကောင်းများ ရခဲ့ပါသည်။
နောက်တစ်နေ့ လင်းဖန် "ထာဝရဆန္ဒ" သီချင်းကိုလည်း အသံသွင်းခဲ့သည်။
ထိုသီချင်းနှစ်ပုဒ်စလုံးက သူ့မူရင်းဖန်တီးမှုများ ဖြစ်ပါသည်။
သီချင်းနှစ်ပုဒ်လုံးကို QQ Music တွင် တင်ပြီးသောအခါ တစ်ချိန်တည်း ခေတ်စားလာကြပါသည်။
တစ်ရက်အတွင်း သီချင်းနှစ်ပုဒ်မှ စုစုပေါင်း ၁.၃ သန်း ရရှိခဲ့သည်။
အမှန်ပင်။ သီချင်းသစ်တစ်ပုဒ်အား စတင် ထုတ်သည့်အခါ ရောင်းအားများက သေချာပေါက် မြင့်တက်နိုင်ပါသည်။ သို့သော်လည်း နောက်ပိုင်း ပြန်လည်လျော့ကျသွားလိမ့်မည်။
သို့သော် လင်းဖန်၏ သီချင်းများကတော့ လုံးဝ ခြားနားနေပါသည်။
သီချင်းနှစ်ပုဒ်စလုံးက ပုံမှန်မဟုတ်ဘဲ ဆက်လက် မြင့်တက်လာခဲ့သည်။
QQ Music တွင် ဝန်ထမ်းများ ပို၍ပင် တုန်လှုပ်သွားကြပါသည်။
"လခွမ်း...။”
"ဒါ လူသားသဘာဝနဲ့ ဆန့်ကျင်နေတယ်။ လင်းဖန်ရဲ့ သီချင်းနှစ်ပုဒ်ရောင်းအားတွေက ဆက်တက်တုန်းပဲဟ။”
"ပရိသတ်များ၏ စိတ်အားထက်သန်မှုက မြင့်မားလွန်းပါသည်။ ဒါတင်မကသေးဘဲ လင်းဖန်၏ သီချင်းနှစ်ပုဒ်ကလည်း QQ Music ၏ Rising List၊ Hot Songs List၊ New Songs Lists ထဲတွင် မြင့်တက်လျက် ရှိသည်။ ပရော်ဖက်ရှင်နယ် အဆိုတော်တချို့၏ သီချင်းများကိုတောင် ကျော်သွားပါသည်။
"လင်းဖန်က ကြမ်းလိုက်တာ။ သူ ဆိုတဲ့ သီချင်းနှစ်ပုဒ်က တကယ် ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီသီချင်းနှစ်ပုဒ်ရဲ့ ဒေတာတွေက ဒီလောက်မြန်မြန်တက်လာမယ်လို့ မထင်ထားဘူး။” ဝန်ထမ်းက ပြောလိုက်ပါသည်။
စီးပွားရေးဌာနခေါင်းဆောင် လျို့က ပြုံးကာ ပြောလိုက်ပါသည်။ "မင်းတို့အဲ့ဒီ သီချင်းနှစ်ပုဒ်ကို သေချာ ကြော်ငြာပေးရမယ်။ လင်းဖန်ရဲ့ အဆိုစွမ်းရည်အကြောင်းကို ဂီတလောက ပရော်ဖက်ရှယ်နယ်တွေကို ငါမေးပြီးပြီ။ ပရော်ဖက်ရှင်နယ် အဆိုတော်တွေထက် မနိမ့်ဘူးတဲ့။”
"လင်းဖန်က ကြယ်ပွင့်တစ်ယောက် မဟုတ်ဘဲ အဆိုလမ်းကြောင်းကို ရွေးချယ်ချင်တယ်ဆိုရင် တကယ့်စူပါစတားတစ်ယောက်ဖြစ်လာမှာ အသေအချာပဲ။ အလားအလာက အကန့်အသတ်မဲ့တယ်။ ဒါပေမယ့် နှမြောစရာ ကောင်းတယ်...။ ဒါပေမယ့်လည်း အဲ့ဒီသီချင်းနှစ်ပုဒ်တည်းကိုပဲ ကောင်းကောင်း ကြော်ငြာပေးလိုက်ရင် အကျိုးအမြတ်တွေ အများကြီး ရလာလိမ့်မယ်။”
"လင်းဖန်ရဲ့ သီချင်းနှစ်ပုဒ်ကို လင်းဖန်ရဲ့ ပရိသတ်တွေတင်မကဘူး ငါတို့ရဲ့ အသုံးပြုသူတွေကပါ အားပေးကြတယ်။ ဒီလောက်ဆို သီချင်းတွေကို ကြော်ငြာဖို့ လုံလောက်ပြီ" စီးပွားရေးဌာနခေါင်းဆောင် လျို့က ပြုံးကာ ပြောလိုက်ပါသည်။
QQ Music တစ်ခုလုံး လင်းဖန်၏ သီချင်း နှစ်ပုဒ်ကို ကြော်ငြာပေးနေကြပါသည်။ အားလုံးက လင်းဖန် သီချင်းများ၏ အရည်အသွေးကြောင့်သာ ဖြစ်သည်။
ထိုသီချင်းနှစ်ပုဒ်က တကယ့် ရွှေများ ဖြစ်လာကြပါပြီ။
QQ Music ၏ ပြင်းထန်သော ကြော်ငြာပေးမှုအောက်တွင် လင်းဖန်၏ သီချင်းနှစ်ပုဒ်အား လူတွေ ပိုပိုသိလာကြပါသည်။
ဒါတင်မကသေးဘဲ ဝေ့ပေါ် ပေါ်မှာလည်း ခေတ်စား အကြောင်းအရာတစ်ခု ဖြစ်လာပြန်သည်။
[ လင်းဖန်ရဲ့ သီချင်းနှစ်ပုဒ် ရောင်းအားက တစ်ရက်တည်းနဲ့ ၁.၅ သန်းအထိရောက်သွားတယ်။ တရုတ်ဂီတလောကထဲမှာ အဆင့် ၃ နေရာဖြစ်လာပြီ ]
ထိုခေတ်စားအကြောင်းအရာ အပေါ်ဆုံးသို့ ရောက်လာသောအခါ အားလုံးမှင်သက်ကုန်ကြပါသည်။ တရုတ် ဂီတလောကထဲတွင် အဆိုတော်များစွာ ရှိသည်။ ဂီတဘုရင်ကြီး လေးပါး၊ ကောင်းကင်ဘုံ ဘုရင်မကြီး စသည်ဖြင့် ရှိကြသည်။
ထိုအဆိုတော်များ သီဆိုကြသည့် သီချင်းများစွာကို လူတိုင်းသိကြပါသည်။
တစ်ရက်တည်း ရောင်းအား ၁.၅ သန်းအထိ ရောက်သွားသဖြင့် ထိုသီချင်းနှစ်ပုဒ်မှာ အဆင့် ၃ နေရာထိတောင် တက်လာခဲ့ပါပြီ။
အထူးသဖြင့် လင်းဖန်၏ 'အချစ်ကိုဖွင့်ပြောခြင်း' ဖြစ်သည်။
တစ်နည်းအားဖြင့် လင်းဖန်၏ သီချင်းများက ထိပ်ဆုံးနေရာအထိ ရောက်သွားပါပြီ။
တရုတ် ဂီတလောကတွင် လင်းဖန်က ဒီသီချင်းကို အသုံးချပြီး ထိပ်ဆုံး ၃ နေရာထဲ တက်လှမ်းနိုင််ခဲ့သည်။
ဂီတလောကထဲက လူသစ်တစ်ယောက်က ဒီလိုရလဒ်များ ရလာသဖြင့် ဆန်းကြယ်မှု တစ်ခုလို့တောင် ဆိုနိုင်နေပါပြီ။
ထို့အပြင် ဒါကလည်း အစပိုင်းသာ ရှိသေးသည်။ လင်းဖန်၏ နာမည်က တရုတ်ဂီတ လောက၏ အမြင်ထဲဝင်လာပြီဖြစ်သည်။
"ကောင်းလိုက်တာ။ အစ်ကိုဖန် ဒီသီချင်းကို ဘာလို့ ဒီလောက်ကောင်းအောင် ဆိုနိုင်ရတာလဲ။ ညီအစ်ကိုတို့ QQ Music ကိုသွားပြီး အစ်ကိုဖန်ကို သီချင်းအသစ် အဆင့်သတ်မှတ်ချက်ထဲမှာ ထိပ်ဆုံးအဆင့်ရောက်အောင် ကူညီပေးလိုက်ကြ။”
"တက်ကြ တက်ကြ တက်ကြ။ အစ်ကိုဖန်က အဆိုကောင်းတယ်။ အစ်ကိုဖန်ကို အားပေးမှ ဖြစ်မယ်။"
"သီချင်းလေးက ကောင်းလိုက်တာ။ ထပ်မပြောတော့ဘူး။ အစ်ကိုဖန် ထိပ်ဆုံးရောက်အောင် ငါငွေဖြည့်တော့မယ်။ ငွေနည်းနည်းလောက်ပဲ သုံးရမှာမလား။ အစ်ကိုဖန်ကို ထောက်ပံ့မယ်ကွ။”
"ဟုတ်တယ် ငါလည်း ဘဝရဲ့ပျော်ရွှင်မှုကို ကြည့်ဖို့ VIP မန်ဘာဝင်ပြီးသွားပြီ။ အစ်ကိုဖန်ရဲ့ သီချင်းကိုသာ နားထောင်ခွင့်ရမယ်ဆို VIP ထပ်ဖြစ်လာလည်း ဘာဖြစ်လဲ။”
ကောမန့်ပေါင်းစုံ ဝေ့ပေါ် ပေါ်တွင် ဝင်ရောက်လာပါသည်။
QQ Music ၏ Rising list, Hot Songs list, New Songs list စသည်တို့၏ ထိပ်ဆုံးတိုင်းတွင် ပထမနေရာကို တရုတ်ဂီကလောက၏ ဂီတဘုရင်ကြီး လေးပါးထဲက တစ်ယောက်က သိမ်းပိုက်ထားသည်။ ဂီတဘုရင်ကြီး ကျိုးဖြစ်၏။ သူ့နာမည်က ကျိုးထျန်ဟိုက် ဖြစ်သည်။ ကျိုးထျန်ဟိုက်၏ "ဆောင်းဦးလေပြည်" သီချင်းကိုလည်း လူပေါင်းများစွာက ချီးကျူးထားပါသည်။
သို့သော်လည်း လင်းဖန်၏ 'အချစ်ကိုဖွင့်ပြောခြင်း' အား QQ Music ပေါ်သို့ တင်လိုက်ပြီးကတည်းက အချစ်ကိုဖွင့်ပြောခြင်း သီချင်း၏ Rising List, Hot Songs list, New Songs list နဲ့ လူကြိုက်များမှု မှတ်တမ်း အားလုံး ဆက်တိုက် မြင့်တက်နေခဲ့ပါသည်။
ညဘက်တွင် လင်းဖန်၏ 'အချစ်ကိုဖွင့်ပြောခြင်း' မှာ ထိပ်တန်း ၄ နေရာ၏ ဒုတိယနေရာထိတောင် ရောက်လာခဲ့ပါပြီ။
နောက်တစ်ညပြီး မွန်းတည့်ချိန် ၁၂ နာရီတွင် 'အချစ်ကိုဖွင့်ပြောခြင်း' သီချင်းမှာ QQ Music ၏ အဆင့်သတ်မှတ်ချက်ထိပ်ဆုံးကို တရားဝင် ရောက်ရှိသွားပါတော့သည်။
Rising List မှာ ထိပ်ဆုံး။
Hot Songs List မှာ ထိပ်ဆုံး။
New Songs List မှာ ထိပ်ဆုံး။
လူကြိုက်များမှု မှတ်တမ်းမှာ ထိပ်ဆုံး။
ဂီတဘုရင်ကြီး ကျိုး၏ သီချင်းသစ် "ဆောင်းဦးလေပြည်" ကို လုံးဝ အနိုင်ယူသွားပါသည်။
"အစ်ကိုဖန် ပထမနေရာ ရောက်သွားပြီဟေ့။"
"အစ်ကိုဖန်က တော်လိုက်တာ။"
"ဒီသီချင်းက တကယ့် ကောင်းချီးတစ်ခုပဲ။ ကြားတဲ့သူတိုင်း နားဝင်ချိုတယ်။ ဒီလောက် အသံကောင်းတဲ့လူမျိုး မတွေ့ဖူးသေးဘူး။”
"အားကျလိုက်တာ။ ငါလည်းအဲ့လိုအသံမျိုး လိုချင်တယ်။ လင်းဖန်ရဲ့ အဆိုစွမ်းရည်က ကောင်းလွန်းတယ်။ ဒါကို ခဏ ဘေးဖယ်ထားဦး။ သူ ပထမနေရာ ရနိုင်တာ မထူးဆန်းတော့ဘူး။”
"ဒါ အစ်ကိုဖန်ရဲ့ အဆိုစွမ်းရည် အစစ်အမှန်လား။ ငါ့ရင်ထဲမှာတော့ အစ်ကိုဖန်က စူပါစတားကြီးတစ်ယောက်ပါပဲ။"
QQ Music တွင်။
ဝန်ထမ်းအားလုံး 'အချစ်ကိုဖွင့်ပြောခြင်း'၏ ဒေတာများကို ကြည့်လိုက်ကြပါသည်။
ဂဏန်းများက ကြောက်ဖို့ကောင်းလောက်အောင် လျင်မြန်စွာ မြင့်တက်နေသည်။
၂ ရက်နဲ့ နေ့တစ်ဝက်အတွင်းမှာပင် လင်းဖန်၏ 'အချစ်ကိုဖွင့်ပြောခြင်း' က ထိပ်ဆုံး ၄ နေရာထဲ ဝင်သွားပြီး ဂီတဘုရင်ကြီး ကျိုး၏ သီချင်းသစ်ကို ကျော်လွန်သွားပါပြီ။”
ပြောစရာမလိုအောင် တရုတ်ဂီတလောကထဲက ဂီတဘုရင်ကြီးကျိုး၏ အဆင့်အတန်းက အလွန်အရေးပါသည်။
သူ ထုတ်သည့် သီချင်းသစ်တိုင်းနဲ့ သူကျင်းပသည့် ဖျော်ဖြေပွဲတိုင်းမှာ အားပေးသည့် ပရိသတ်များစွာ ရှိနေသည်။
သို့သော်လည်း သူ့သီချင်းသစ်ကို QQ Music ၏ အဓိက အဆင့်သတ်မှတ်ချက် လေးမျိုးစလုံးတွင် လင်းဖန်၏ သီချင်းက ကျော်တက်သွားပါသည်။
တစ်ချိန်တည်းမှာပင် အနားယူနေသည့် ဂီတဘုရင်ကြီးကျိုးလည်း ဒီသတင်းကို ကြားလိုက်ရပါသည်။
လက်ထောက်က ပြောလိုက်၏။ "အစ်ကို ထျန်းဟိုက် လင်းဖန်လို့ခေါ်တဲ့လူတစ်ယောက် ပေါ်လာပါတယ်။ သူက 'အချစ်ကိုဖွင့်ပြောခြင်း'ဆိုတဲ့ သီချင်းကိုဆိုပြီး QQ Music ရဲ့ စာရင်း လေးခုစလုံးမှာ ထိပ်ဆုံးနေရာကို ရောက်သွားပါတယ်။ ကျွန်တော်တို့ နည်းလမ်းတစ်ခုခုသုံးပြီး ကျွန်တော်တို့ သီချင်းအတွက် သရဖူကို ပြန်ယူလိုက်ရမလား။”
ကျိုးရှင်းဟိုက် ဒါကို ကြားသောအခါ မျက်လုံးဖွင့်ကြည့်လိုက်ပါသည်။
အမြဲတမ်းလိုလို ကျိုးရှင်းဟိုက်က ထိပ်ဆုံးတွင် အထီးကျန်ခဲ့ရသည်။ ကောင်းကင်ဘုရင်ကြီးကျိုးအဖြစ် နာမည်ကျော်သီချင်း များစွာကို သူသီဆိုခဲ့ပါသည်။
လင်းဖန်၏ သီချင်းသစ်က သူ့ကို လုံးဝ ကျော်တက်သွားကြောင်း ကြားလိုက်ရသောအခါ ကျိုးရှင်းဟိုက် အနည်းငယ်တုန်လှုပ်သွားရပါသည်။
ကျိုးရှင်းဟိုက်က ချက်ချင်း လင်းဖန်၏ အချစ်ကိုဖွင့်ပြောခြင်း သီချင်းကို ဒေါင်းလုတ်ဆွဲလိုက်ပါသည်။ နားထောင်ပြီးနောက် ကျိုးရှင်းဟိုက်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး မတ်တပ်ရပ်လိုက်ပါသည်။
"ဒီသီချင်းက... မဆိုးဘူးပဲ။”
"နောက်ခံတီးလုံးဖြစ်ဖြစ်၊ စာသားဖြစ်ဖြစ်၊ မုဖြစ်ဖြစ်၊ ဒီသီချင်းရဲ့ မယ်လိုဒီဖြစ်ဖြစ်၊ လင်းဖန် သီချင်းအထဲ နှစ်မြှုပ်ထားတဲ့ ခံစားချက်ဖြစ်ဖြစ် ကောင်းလွန်းတယ်။”
"ငါတို့ အဲ့လို နည်းလမ်းတွေမသုံးဘူး။ ငါ့ခွန်အားနဲ့ အဲ့လို တရားနည်းလမ်းမကျတဲ့ နည်းလမ်းတွေ သုံးစရာ မလိုဘူး။ လင်းဖန်ရဲ့ ဒီသီချင်းသစ် အချစ်ကိုဖွင့်ပြောခြင်းကို သူ့အစွမ်းအစနဲ့သူ အနိုင်ရထားတာ။ ဒီသီချင်းက ကျော်ကြားသင့်ပါတယ်။”
ကျိုးရှင်းဟိုက်က အပြည့်အဝ ချီးကျူးလိုက်ပါသည်။
လက်ထောက်က မှင်သက်သွား၏။
သူမရှေ့မှာ ရှိနေတာ ခြေတစ်ချက်လောက် နင်းလိုက်ရုံနဲ့ တရုတ်ဂီတလောကတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် ဂီတဘုရင်ကြီး ကျိုး ဖြစ်ပါသည်။
ဂီတဘုရင်ကြီးကျိုး ဘယ်တုန်းက လူတစ်ယောက်ကို ဒီလောက် ချီးကျူးဖူးလို့လဲ။
လင်းဖန်ကို သူ အသိအမှတ်ပြုသည့် စကား ပြောလိုက်တာ ယုံရခက်ပါသည်။
လင်းဖန်၏ သီချင်းမှာ တကယ်ပဲ ဂီတဘုရင်ကြီး ကျိုး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါသည်။