အခန်း(၁၃၂) ရှုယန် ဘာလို့ ဒီလောက်ကံဆိုးရတာလဲ
Vol. 9 Ch. 132
အခန်း(၁၃၂) ရှုယန် ဘာလို့ ဒီလောက်ကံဆိုးရတာလဲ
ထိုသို့စဥ်းစားပြီး ဂီတဘုရင်ကြီး ကျိုးက ဝေ့ပေါ် ကိုဖွင့်လိုက်ပြီး လင်းဖန်ကို follow လုပ်လိုက်ပါသည်။
ဒါတင်မကသေးဘဲ ဂီတဘုရင်ကြီးကျိုးကိုယ်တိုင် ဝေ့ပေါ် ပို့စ်တစ်ခုပင် ရေးတင်ခဲ့ပါသေးသည်။
"အားလုံး လင်းဖန်ရဲ့ 'အချစ်ကိုဖွင့်ပြောခြင်း' သီချင်းကို နားထောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သူ့အဆိုစွမ်းရည်က တကယ်ကောင်းတယ်။ လင်းဖန်လိုလူမျိုး တရုတ်ဂီတလောကမှာ ပေါ်လာတာ ကျွန်တော် အရမ်း ဝမ်းသာပါတယ်။ ကျွန်တော် ဖျော်ဖြေပွဲကျင်းပတဲ့အခါ လင်းဖန်ကို ဖိတ်ကြားချင်ပါတယ်။ လာနိုင်မလား @လင်းဖန်"
ဝေ့ပေါ် ပေါ်တွင် သူပို့စ်တင်လိုက်တော့ ချက်ချင်းပဲ ကောမန့်ရာချီပြီး တက်လာပါသည်။
"ဂီတဘုရင်ကြီး ကျိုး ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်တယ်ဟေ့။”
"အစ်ကိုဖန်ရဲ့ သီချင်းက တော်တော်ကောင်းတယ်။ ဒါပေမယ့် ဂီတဘုရင်ကြီး ကျိုးကိုယ်တိုင် အစ်ကိုဖန်ရဲ့ လက်ရာကို ချီးကျူးနေတာာပဲ။ သဘောကျလိုက်တာ။”
"ဘုရားရေ ဂီတဘုရင်ကြီးကျိုးက အစ်ကိုဖန်ကို တကယ်ကြီး သူ့ဖျော်ဖြေပွဲမှာ တက်ရောက်ဖို့ ဖိတ်နေတာပါလား။ ငါသေချာပေါက် လက်မှတ်သွားဝယ်မယ်။”
"အစ်ကိုဖန်က သေချာပေါက် နောက်ပိုင်း ကြယ်ပွင့်အဆိုတော်ကြီး ဖြစ်လာတော့မှာ။ ဂီတဘုရင်ကြီးကျိုးနဲ့တောင် အတူတူ အလုပ်တွဲလုပ်နိုင်မှာဆိုတာ့ အစ်ကိုဖန်က တကယ်တော်တာပဲ။”
လင်းဖန် သတင်းကိုမြင်သောအခါ ဂီတဘုရင်ကြီးကျိုး၏ ဝေ့ပေါ် ပို့စ်အောက်တွင် သူ ကောမန့် ဝင်ရေးလိုက်ပါသည်။
(နောက်တစ်ခေါက် ဖျော်ဖြေပွဲကျင်းပတဲ့အခါ ကျွန်တော့်ကိုဖိတ်ပါ။ သေချာပေါက် စားသောက်ပွဲနဲ့ ဧည့်ခံပါ့မယ်)
လင်းဖန် ကောမန့်ရေးပြီးနောက် ဂီတဘုရင်ကြီးကျိုးက အမြန်စာပြန်လိုက်ပါသည်။ "ကိစ္စမရှိပါဘူး။ မင်းက စားဖိုမှူးတစ်ယောက်လို့လည်း ငါကြားတယ်။ ဟားဟား ဒါဆိုရင်တော့ သေချာ မြည်းကြည့်ရတော့မှာပေါ့။”
ဒီလိုနဲ့ လင်းဖန်နဲ့ ဂီတဘုရင်ကြီးကျိုးတို့ အချင်းချင်း Follow လုပ်လိုက်ပါသည်။
တစ်ယောက်က အနုပညာလောကထဲက ကြယ်ပွင့်တစ်ယောက် ဖြစ်သည်။
နောက်တစ်ယောက်က တရုတ်ဂီတလောကထဲက ဂီတဘုရင်ကြီး ကျိုး ဖြစ်သည်။
သူတို့နှစ်ယောက်မှာ အစကတော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှ မဆိုင်သော်လည်း လင်းဖန်၏ ထူးချွန်သော အစွမ်းအစနဲ့ 'အချစ်ကိုဖွင့်ပြောခြင်း' သီချင်းကောင်းတို့ကြောင့် ဂီတဘုရင်ကြီး ကျိုးက လင်းဖန်ကို အလေးထားလာပါသည်။
ဂီတအကြောင်းနားလည်သည့်လူများသာ ဂီတ၏ ခက်ခဲမှုကို နားလည်လိမ့်မည်။
"အချစ်ကိုဖွင့်ပြောခြင်း" ကရိုးရှင်းသည့်ပုံစံပေါက်ပြီး ဆိုရလွယ်သည်ဟု ထင်ရသော်လည်း အခြေခံအုတ်မြစ်နဲ့ အစွမ်းအစမရှိဘဲ ဒီလိုသီချင်းမျိုးကို ဘယ်ဖန်တီးနိုင်မလဲ။
လင်းဖန်၏ ဂီတပါရမီက သာမန်လူတွေယှဥ်နိုင်မည့် အရာမျိုး မဟုတ်တာကို ဂီတဘုရင်ကြီးကျိုး ပြောနိုင်ပါသည်။
သာမန်ပန်းချီဆရာတစ်ယောက်က ဗင်းဂို့နှင့် ပီကာဆိုတို့၏ ပန်းချီကားများ ဘယ်လောက်တောင် ကောင်းသလဲဆိုတာကို သိနိုင်သလိုမျိုး ဖြစ်သည်။
ရူပဗေဒပညာရှင်ဖြစ်ပါက အိုင်းစတိုင်းဟာ ဘယ်လောက် ကြီးမြတ်လဲဆိုတာကို နားလည်ပါလိမ့်မည်။
ဂီတဘုရင်ကြီးကျိုးက လင်းဖန်ကို အထင်ကြီးပါသည်။ ဂီတအကြောင်း အလွန် နားလည်သည့် လင်းဖန်ကို သူ စိတ်မဝင်စားဘဲ နေပါ့မလား။
ထို့အပြင် လင်းဖန်၏ အချက်အပြုတ်လက်ရာက အလွန်အရသာရှိလွန်းသည်။ အင်တာနက်ပေါ်မှာ လူပြောများနေသဖြင့် ဂီတဘုရင်ကြီးကျိုးလည်း လင်းဖန်၏ စားပွဲတော်ကို မြည်းကြည့်ချင်တာ ကြာခဲ့ပါပြီ။
နာမည်ကျော်တွေလည်း စားသောက်ပွဲများ စားတတ်ကြပါသည်။ မကြိုက်နှစ်သက်ကြပါက စားပွဲတော်မှာ အရသာမရှိလို့ ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပဲ ဝေ့ပေါ် ပေါ်တွင်် နောက်ထပ် သတင်းတစ်ခု ကျော်ကြားလာခဲ့ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု နောက်ဆုံးပိုင်းကို ထုတ်လွှင့်ပြသတော့မည်။
ဘဝရဲ့ပျော်ရွှင်မှု၏ ခန်းနားသည့် ဇာတ်သိမ်းပိုင်းကြီးအား iQiyi နဲ့ Tencent Arts တို့တွင် ည ၁၀ နာရီအချိန် တင်ပါလိမ့်မည်။
"မြန်မြန် မြန်မြန် ငါဒီနေ့ည ဘဝရဲ့ပျော်ရွှင်မှု ဇာတ်သိမ်းပိုင်းကို ကြည့်ချင်တယ်။”
"စုရှောင်းယွီလည်း ပေါ်လာပြီ။ စုရှောင်းယွီက အရမ်းလှတာပဲ။ သူ့ဇာတ်ကောင်က ဟိင်းထန်သော်သော်လို့ခေါ်တယ်ထင်တယ်။ ဒရမ်မာထဲမှာ သိုင်းအရမ်းကျွမ်းတာ။ စုရှောင်းယွီက ကိုယ်လုံးကိုယ်ပေါက်လှပပြီး ဒရမ်မာထဲမှာ သူ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေက အရမ်းလှလွန်းတယ်။ ငါ့နှလုံးသား အရည်ပျော်တော့မလိုပဲ။”
"ဟုတ်တယ်။ လင်းကျင်းကျင်းရဲ့ ကဏ္ဍကလည်း တော်တော်လေး ကောင်းတယ်။”
"ရှားဝမ်ချွေ့ကောပဲ။ ရှားဝမ်ချွေ့ရဲ့ ခေါင်းဆောင်မင်းသမီး Role က အကောင်းဆုံးပဲ။"
"အား ဒီနေ့ည ဇာတ်သိမ်းတော့မယ်။ လင်းဖန်က သေချာပေါက် အရမ်းချောနေမှာ။ ဇာတ်သိမ်းပိုင်းကို ကြည့်ကြရအောင်။”
သီချင်းဆိုတာထက် လင်းဖန်၏ ရုပ်သံဒရမ်မာ ဘဝရဲ့ပျော်ရွှင်မှုကို လူတွေပိုကြိုက်ကြပါသည်။
ထို့အပြင် ဒီနေ့ည ဇာတ်သိမ်းပိုင်းကို တရားဝင်ထုတ်လွှင့်ပြသတော့မည်ဖြစ်သည်။
ဆိုဖာပေါ်တွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ ထိုင်နေကြသည်။ စုရှောင်းယွီ၊ လင်းကျင်းကျင်းနဲ့ လင်းယွီရှစ်တို့လည်း ဇာတ်သိမ်းပိုင်းကို သူတို့နဲ့တူတူကြည့်နေကြပါသည်။
ကောင်မလေးသုံးယောက်က အရိပ်အကဲနားလည်ပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့အတွက် ခုံဖယ်ထားပေးပါသည်။
ထို့ကြောင့် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ပိုပိုပြီး နီးကပ်လာသည်။
သူတို့နှစ်ယောက်က ရုပ်သံဒရမ်မာကြည့်နေတာ ဖြစ်သော်လည်း ဒီလို မရည်ရွယ်သည့် လုပ်ရပ်လေးကလည်း သူတို့အချစ်ကို ကြွားဝါနေခြင်း ဖြစ်ပါသည်။
ရှုယန်ကလည်း လင်းဖန်အိမ်မှာ ရုပ်သံဒရမ်မာကို စောင့်ကြည့်နေပါသည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ ချစ်ကြည်နူးနေကြပြီး အချင်းချင်း အကြည့်များ ဖလှယ်နေတာကို မြင်သောအခါ သူ့နှလုံးသား အေးခဲသွားသည်ဟု ခံစားလိုက်ရဿည်။
သူက ဒီကို ရုပ်သံဒရမ်မာတစ်ကား၏ ဇာတ်သိမ်းပိုင်းကို လာကြည့်ရုံသက်သက် ဖြစ်သည်။ ဘာဖြစ်လို့ ကံအရမ်းဆိုးရတာလဲ။
"အာဝူး ရှုယန်။ ဒီမှာ လာကြည့်လေ။ အစ်မဝမ်ချွေ့နဲ့ ဆရာကြီးတို့ မျက်နှာပူအောင်လုပ်တာကို မခံနဲ့" စုရှောင်းယွီက ချစ်ဖို့ကောင်းစွာ ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
"ဟုတ်ပါပြီ” ရှုယန်က သက်ပြင်းချကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသေးသည်။
ရှားဝမ်ချွေ့က မကြာခဏ ရယ်မောနေပြီး လင်းဖန်ကို နှစ်ချက်လောက် ရိုက်လိုက်တာကို မြင်သောအခါ သူ့ဘဝခြားနားသွားသလို ခံစားလိုက်ရပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူရှိနေရင် ဘယ်လောက်ပျော်နေကြလဲ ကြည့်ပါဦး။
ရှားဝမ်ချွေ့ ရိုက်နှက်ဖူးသည့် ယောက်ျားလေး ဆိုလို့ လင်းဖန်သာ ရှိသည်။ နေ့တိုင်း လင်းဖန်၏ ရင်ဘတ်ကို ထုရိုက်တတ်၏။
စုရှောင်းယွီက စကတ်တိုတိုလေး ဝတ်ထားသည်။ သူမ ခြေထောက်များ စုထားသည့်အခါ အတော်လေး လှပပါသည်။
ရှုယန်က စုရှောင်းယွီကိုကြည့်လိုက်ပြီး စုရှောင်းယွီလည်း လှတာကို သတိထားမိသွားပါသည်။
ရှုယန် ထပ်ကြည့်ဖို့ ပြင်လိုက်တော့ စုရှောင်းယွီက သူမ ခြေထောက်ကို စောင်ဖြင့် အုပ်လိုက်ပါပြီ။
ရှုယန် "..."
ခြေထောက်လေးကြည့်ရုံပဲ မဟုတ်ဘူးလား။ စုရှောင်းယွီက တွေ့သွားပါသည်။
လင်းကျင်းကျင်းဘေးမှာပဲ နေတာ ပိုကောင်းလိမ့်မည်။
ရှုယန်က လင်းကျင်းကျင်းဘေးမှာ တိုးတိတ်စွာ ထိုင်လိုက်ပါသည်။ ရှုယန် လာနေတာကို မြင်သောအခါ လင်းကျင်းကျင်း၏ မျက်နှာ အနည်းငယ် နီရဲသွားပြီး ပြုံးရုံသာ ပြုံးပြလိုက်ပါသည်။
ထို့အပြင် လင်ကျင်းကျင်းမှာလည်း ခြေတံ သွယ်သွယ်လေးများ ရှိသည်။ စုရှောင်းယွီလို စောင်ဖြင့် အုပ်မထားပေ။
"ရှုယန် ရေသောက်ဦးမလား" လင်းကျင်းကျင်းက မေးလိုက်၏။
"အင်း အတူတူသောက်မလား" ရှုယန်က လင်းကျင်းကျင်းကို ကြည့်လိုက်ပါသည်။
"ရပါတယ်။ ရှင်ပဲ သောက်ပါ။ ကျွန်မ ရေယူပေးမယ်" လင်းကျင်းကျင်းက ပြောလိုက်၏။
လင်းကျင်းကျင်း သူ့ကို ရေယူလာပေးတာကို မြင်ပြီး ရှုယန် သူ့ဘဝ ပုံမှန်ပြန်ဖြစ်သွားသလို ခံစားလိုက်ရပါသည်။
တွေ့လား၊ သူ့အပေါ် လင်းကျင်းကျင်း ဆက်ဆံတာာ အကောင်းဆုံးပဲ။
ချစ်ဖို့ကောင်းသည့် ခွေးမလေး စုရှောင်းယွီကတော့ ခြေထောက်တောင် မပြချင်ပါ။
ရှားဝမ်ချွေ့ကိုတော့ ပြောဖို့ မလိုတော့ပေ။ သူ အိမ်ထဲဝင်လာကတည်းက ရှားဝမ်ချွေ့က ရှုယန်ကို မနှုတ်ဆက်ပေ။ ရိုင်းပျတာ မဟုတ်ဘဲ လင်းဖန်နဲ့ စကားပြောနေသောကြောင့် ဖြစ်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ချစ်ကြည်နူးနေသော ပုံစံများကြောင့် ရှုယန် စိတ်ဓာတ်ကျသွားပါသည်။
ကျင်းကျင်း၏ ခြေတံဖြူဖြူသွယ်သွယ်များကို ကြည့်ရင်း ရှုယန် ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။
ကျင်းကျင်း၏ ဘေးမှာ နေတာ အကောင်းဆုံး ဖြစ်သည်။
"နေရာတိုင်း ချစ်ပြနေရင် သူများတွေ နေစရာရှိမှာ မဟုတ်တော့ဘူး" စုရှောင်းယွီက ပြောလိုက်ပါသည်။ "အဲ့တာဆို ငါဆရာ့ဘေးမှာပဲ နေတော့မယ်။”
စုရှောင်းယွီက လင်းဖန်ဘေးမှာ ထိုင်လိုက်ပြီး စောင်ကို ဖယ်လိုက်ပါသည်။ သူမ၏ ခြေတံဖြူဖြူသွယ်သွယ်များ ပေါ်လာ၏။
စုရှောင်းယွီ၏ ခန္ဓာကိုယ်ကလည်း လှပပါသည်။ သူမ၏ ရင်ဘတ်က အနည်းငယ် သေးငယ်သော်လည်း တခြား ခန္ဓာကိုယ် အစိတ်အပိုင်းများက လှပပါသည်။
စုရှောင်းယွီက အစားသောင်းကျန်းသူ ဖြစ်သော်လည်း သခွားသီးနဲ့ ငှက်ပျောသီးလို အရာများကိုသာ စားလေ့ ရှိသည်။
အမြဲလိုလို စုရှောင်းယွီက ဒီလိုသစ်သီးဝလံ ဟင်းသီးဟင်းရွက်များကို ပြင်ဆင်ထားပြီး စားလေ့ ရှိပါသည်။
လင်းဖန်ဘေးတွင် စုရှောင်းယွီက သူမ၏ ခြေတံသွယ်များကို တမင်သက်သက် ဖုံးမထားပါ။
ရှုယန်က စောင်ကို တိတ်တဆိတ် ကြည့်နေမိသည်။
သူတို့၏ ခြားနားချက်ကို ခံစားမိသွားပါသည်။
ရှားဝမ်ချွေ့တို့ မျက်နှာပူအောင်လုပ်တာကို အသာထားဦး။ စုရှောင်းယွီကတောင် သူ့ကို ခွဲခြားခွဲခြား ဆက်ဆံပါသည်။
သူ ဘာလို့... ဒီလောက်ကံဆိုးရတာလဲ။