အခန်း(၁၃၃) ရှားဝမ်ချွေ့ မျက်နှာနီသွားခြင်း
Vol. 9 Ch. 133
အခန်း(၁၃၃) ရှားဝမ်ချွေ့ မျက်နှာနီသွားခြင်း
"~~" ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်ပါသည်။
"ဟမ်" လင်းဖန်က တောက်တောက်ပပ ပြုံးပြီး သူ့ဘေးက ကောင်မလေးကို ကြည့်လိုက်ပါသည်။
"အရူးကောင်လင်းဖန် နင်ငါ့နားကပ်လွန်းနေတယ်" ရှားဝမ်ချွေ့က စိတ်ဆိုးစွာ ပြောလိုက်၏။ သူမ၏ မျက်နှာလေးက အနည်းငယ် နီရဲနေပါသည်။ ဆိုဖာက အကြီးကြီး ဖြစ်သည်။ သူမက ထောင့်မှာ ထိုင်နေပြီး လင်းဖန်က သူမဘေးမှာ ထိုင်နေပါသည်။
"ဆိုဖာပေါ်မှာ လူတွေအများကြီးလေ" လင်းဖန်က ပြုံးလိုက်၏။
"ဒါပေမယ့် နင်ငါ့ကို အနိုင်ကျင့်နေတယ်လို့ပဲ ခံစားနေရတယ်။” ရှားဝမ်ချွေ့က ပြောလိုက်၏။
လင်းဖန်က ရှားဝမ်ချွေ့ခေါင်းကို ခေါက်လိုက်ပါသည်။ "ငါ့ကိုပြော ငါနင့်ကို အနိုင်ကျင့်လို့လား။”
ရှားဝမ်ချွေ့ ထိုစကားကိုကြားသောအခါ လင်းဖန်ကို စိုက်ကြည့်ကာ ကိုက်လိုက်ပါသည်။
ကြောင်မလေး တစ်ယောက် စိတ်ဆိုးသည့်အခါ ကိုက်တတ်သည်။
လင်းဖန်က သူမနား အလွန်ကပ်နေသည်။ ဒါ အနိုင်ကျင့်တာ မဟုတ်ဘူးလား။
နောက်ပိုင်း ကြောက်စရာ ဇာတ်ဝင်ခန်းတစ်ခု ထပ်ပါလာရင်လည်း လင်းဖန်က သူမကို ထပ်ပြီး အနိုင်ကျင့်ဦးမှာ ဖြစ်သည်။
ရှားဝမ်ချွေ့ မျက်လုံးထဲမှာတော့ လင်းဖန်က လူဆိုးတစ်ယောက် ဖြစ်ပါသည်။
လင်းဖန် နာသည့်အထိ အကိုက်ခံလိုက်ရပြီး အရှုံးကို အမြန်ဝန်ခံလိုက်ပါသည်။
သူ့ကြောင်မလေး သူ့ကိုကိုက်သည်။ "ချွေ့ချွေ့" လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ နူးညံ့စွာ ခေါ်လိုက်ပါသည်။
"နှာဘူးကောင်" ရှားဝမ်ချွေ့က စိတ်ဆိုးပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။ လင်းဖန် သူမကိုခေါ်တဲ့ပုံစံက ဘယ်တုန်းက ဒီလောက်ချွဲပျစ်ဖူးလို့လဲ။
"အသီးအရွက်သုတ် စားမလား။ ဒီနေ့ည ပိုကောင်းတာ လုပ်ပေးမယ်" လင်းဖန်က ပြုံးလိုက်သည်။
"အင်း~" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပါသည်။
"အသီးအရွက်သုတ် လုပ်မပေးခင် ဆုချရမယ်" လင်းဖန်က သူ့မျက်နှာကို တိုးပေးလိုက်ပြီး ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့ မျက်နှာ နီရဲနေပါပြီ။ လင်းဖန်ရဲ့ ကောင်မလေးတောင် မဖြစ်သေးဘဲ ဘာလို့ လင်းဖန်က ဒီလောက် ရဲတင်းရတာလဲ။
ထိုသို့တွေးရင်း ရှားဝမ်ချွေ့က လင်းဖန်ကို လက်ချောင်းဖြင့် ပေါ့ပါးစွာ ပုတ်လိုက်ပါသည်။
"အရူးကောင်လင်းဖန်။ ငါတို့ဒီလိုဖြစ်နေတာတောင် ဆုလိုချင်သေးတယ်ပေါ့။ အရှက်ကို မရှိဘူး" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။
"ဆုမချဘူးလား။ ဒါဆိုလည်း ငါ့ဖာသာငါပဲ ယူတော့မယ်" လင်းဖန်က ရှေ့တိုးဖို့ ပြင်လိုက်ပါသည်။
"မလုပ်နဲ့" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွား၏။
သူမ ပြောလိုက်တာကြောင့် လင်းဖန်က ပို၍ပင် သည်းမခံနိုင်တော့ပါ။
ရှားဝမ်ချွေ့က မလုပ်နဲ့ သို့မဟုတ် မလုပ်ချင်ဘူးဟု ပြောလိုက်ပါက သာမန်သာ ဖြစ်သည်။
သို့သော်လည်း သူမ ပြောလိုက်တာက "လူတွေ အများကြီးရှိတယ်" ဟူ၍ဖြစ်သည်။
ထို့နောက် ရှားဝမ်ချွေ့က သူမ၏ ခေါင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး နူးညံ့စွာ ပြောလိုက်ပါသည်။
လင်းဖန် မျက်လုံးများ ဝိုင်းစက်သွား၏။
သူ ခံနိုင်ရည်မရှိတော့ပါ။
ဒါဆို လူနည်းနည်းပဲရှိရင် သူဆုချခံရမယ်ဆိုတဲ့ သဘောလား။
ထိုလုပ်ရပ်လေးအား ရှုယန် မြင်သွားပါသည။
ရှုယန်က ရှားဝမ်ချွေ့ကို သဘောကျနေဆဲ ဖြစ်၏။ သူက သစ္စာရှိသော လူတစ်ယောက် ဖြစ်ပါသည်။
ပြိုင်ပွဲက နှုတ်ထွက်ခဲ့သော်လည်း ရှားဝမ်ချွေ့၏ စကားလုံးများကို မေ့ဖို့ ခက်ခဲပါသည်။
ရှုယန်က လင်းဖန်၏ အိမ်ကို လာပြီး စားသောက်ရုံသာ ဖြစ်သည်။
သို့သော်လည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ လုပ်ရပ်များကို မြင်ခဲ့ရသည်။
ရှုယန် သူ့ကမ္ဘာကြီး အရောင်အဆင်း ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။ သူ့ဘေးမှာ မိန်းမချောလေးတစ်ယောက် ရှိနေတာတောင် မသိတော့ပါ။
လင်းဖန်က သူ့ရှေ့ကကောင်မလေးကို ကြည့်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာသည်။
ဒါ သူ့အပြစ် မဟုတ်ပေ။ လင်းဖန်က နှာဘူး မဟုတ်ပါ။ သို့သော်လည်း ဒီလောက်လှပသည့် ကြောင်မလေး ရှေ့မှာတော့ သူ တကယ်ပဲ သည်းမခံနိုင်ပေ။
ထို့အပြင် ရှားဝမ်ချွေ့ကလည်း ဒီနေ့ စုရှောင်းယွီနဲ့ အဝတ်အစား ဆင်တူဝတ်ထား၏။ နှစ်ယောက်စလုံးက စကတ်တိုတိုလေးများ ဝတ်ထားကာ သွယ်သွယ်လျလျ ခြေတံဖြူဖြူလေးများ ပေါ်နေပါသည်။
သူမ၏ ခန္ဓာကိုယ်က စုရှောင်းယွီထက်ပင် ပိုလှပသေးသည်။
ရင်ဘတ်က မသေးဘဲ ခါးသွယ်သွယ်ရှိကာ လှပပြီး ထက်မြက်သည့် မျက်နှာမျိုး ရှိသည်။ သရုပ်ဆောင် စွမ်းရည်လည်း ကောင်းမွန်၏။ အရေးအကြီးဆုံးက အလွန်ဆွဲဆောင်မှုရှိခြင်း ဖြစ်ပါသည်။
"နင် အသီးအရွက်သုတ် စားချင်ရင် ပူဆာလေ" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ရင်း ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့က မျက်တောင်ခတ်လိုက်ပြီး ချစ်ဖို့ကောင်သည့် ကြောင်လက်ကလေးလို လုပ်လိုက်သည်။ သူမ မျက်နှာက ရှက်နေပြီး ချွဲနွဲ့စွာ ပြောလိုက်ပါသည်။ "မြောင် မြောင်။” ချိုသာသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ရင်ထဲဖောက်ထွင်းသွား၏။
လင်းဖန် သူ့တစ်ဘဝလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရပါသည်။
ဒီလိုအသံမျိုးနဲ့ကောင်မလေး တစ်ယောက် လင်းဖန်ရှေ့မှာ ချွဲနွဲ့ပြနေသဖြင့် လင်းဖန် အရှုံးပေးချင်လာပါပြီ။
တခြားနည်းလမ်း မရှိပေ။ သူ့မိန်းမက လှပလွန်းပြီး သူ သည်းမခံနိုင်တော့ပါ။
အဓိကက ရှားဝမ်ချွေ့ကို အသီးအရွက်သုတ် စားချင်ပါက ပူဆာပြဖို့ လင်းဖန် ပြောလိုက်သောအခါ သူမ တကယ်လုပ်သောကြောင့်ဖြစ်ပါသည်။
"လုပ်ပါ ငါစားချင်တယ်" ရှားဝမ်ချွေ့က လင်းဖန်၏ လက်မောင်းကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ကာ နူးညံ့စွာ ပြောလိုက်ပါသည်။
"အင်းအင်း ငါသွားလုပ်ပေးမယ်" လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်၏။ စောင်တစ်ထည်ကို ကောက်ယူပြီး ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်လေးကို ခြုံပေးလိုက်ပါသည်။
ဘာကြောင့်လဲဆိုတော့ ရှုယန်လည်း ဆိုဖာပေါ်မှာ ထိုင်နေသောကြောင့် ဖြစ်ပါသည်။ ရှုယန်သာ မြင်သွားပါက မကောင်းပါ။
ရှုယန်က လင်းကျင်းကျင်းလို မိန်းမလှလေးမျိုးကို ရထားရင် လုံလောက်ပါပြီ။ ကြောင်မလေးက သူ့အပိုင် ဖြစ်၏။
လင်းဖန်ပြန်လာတော့ အသီးအရွက်သုတ် တစ်ပန်းကန် ကိုင်ထားသည်။ ရှားဝမ်ချွေ့ကို ကြည့်ပြီး ပြုံးလိုက်၏။
ထို့နောက် လင်းဖန်က ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်လေးကို ခြုံထားသည့် စောင်ကို တိုးတိတ်စွာ ဖယ်လိုက်ပါသည်။ သူမ၏ ခြေတံသွယ်သွယ်လေး ပိုပေါ်လာ၏။
ရှားဝမ်ချွေ့ "???"
သူမ နားလည်သွားပါသည်။ ရဲတင်းလိုက်တာ။
သူသာ ကြည့်ချင်ပါက သူမကို ပြောလို့ ရသည်။ နေ့တိုင်း လင်းဖန်၏ အိမ်ကို ဒီလိုအဝတ်အစားများဝတ်ပြီး လာလို့ရပါသည်။ ဒါမှမဟုတ် လင်းဖန်၏ အိမ်ကို ရောက်မှ ဒီလိုအဝတ်အစားများ လဲလိုက်လို့ ရသည်။
လင်းဖန်က အလွန် အရှက်မရှိပါ။
ကောင်မလေးများ၏ ခြေတံသွယ်သွယ်များကို ကြည့်ပြီး တခြားကောင်လေးတွေကိုတော့ ကြည့်ခွင့်မပေးပါ။
ရှားဝမ်ချွေ့က ဘာမှမဖြစ်ချင်ယောင်ဆောင်နေလိုက်ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက လင်းဖန်ကို ကြည့်လိုက်ပြီး နူးညံ့စွာ မေးလိုက်ပါသည်။ "နင်မြင်ချင်လို့လား။”
ရှားဝမ်ချွေ့၏ စကားကို ကြားသောာအခါ လင်းဖန်က တမင်သက်သက်ပြုံးပြီး ပြောလိုက်ပါသည်။ "ဘာကို မြင်ချင်တာတုန်း၊ နင်ပူမှာဆိုးလို့လေ။”
ရှားဝမ်ချွေ့ မျက်တောင်ခတ်လိုက်ကာ ချိုသာစွာ ပြုံးလိုက်ပါသည်။ "သြော် ဟုတ်တယ် ပူတယ်။”
ရှားဝမ်ချွေ့က သူမစောင်ကို ထပ်ပြီး အနည်းငယ် မတင်လိုက်ပါသည်။
ရှားဝမ်ချွေ့ ရှက်သွေးဖြာနေ၏။
သူမ အနည်းငယ်လည်း တွန့်ဆုတ်နေပါသည်။
ဒီလိုလုပ်တာ ရေလာမြောင်းပေး လုပ်လွန်းရာ မကျဘူးလား။
သူမ ဣန္ဒြေမရှိတော့ဘူးလား။
ထို့နောက် လင်းဖန်က စောင်ထူထူကို ဖယ်လိုက်ပြီး ရှားဝမ်ချွေ့အား စောင်ပါးတစ်ထည် လဲခြုံပေးလိုက်ပါသည်။ ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်များကို နူးညံ့စွာ ခြုံပေးလိုက်၏။
ရှားဝမ်ချွေ့က လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
"အရူးကောင် ငတုံးကောင် အကျင့်မကောင်းတဲ့ကောင်" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ ဒီတစ်ခေါက် သူမ စောင်ကို ဖယ်မပေးတော့ပါ။
သူမဘက်က ခြေလှမ်း စလှမ်းတာတောင် လင်းဖန်က အသိအမှတ် မပြုပေ။
"ဒီလိုခြုံလိုက်ရင် မပူတော့ဘူးလေ" လင်းဖန်က ပြုံးရင်း ပြောလိုက်ပါသည်။ အမှန်ပင်။ စောင်ကို ဖယ်လိုက်ပါက ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်လေးများကို မြင်နိုင်၏၊။ သို့သော် သူက ဒီလိုလူမျိုး မဟုတ်ပါ။
သူမြင်ချင်သော်လည်း ဒီလိုမျိုး လုပ်မှာ မဟုတ်ပါ။
ထို့အပြင် ဗီလာထဲက အဲကွန်းကိုလည်း ဖွင့်ထားသည်။ မကြာခင် အေးလာပါလိမ့်မည်။
လင်းဖန်က လူကောင်းတစ်ယောက် ဖြစ်သည်။ သူ့ကြောင်မလေးက လွဲပြီး တခြားကောင်မလေးများ၏ ခြေတံသွယ်သွယ်လေးများကို မကြည့်သလောက် ရှားပါသည်။
လင်းဖန်၏ အပြုအမူကိုကြည့်ရင်း ရှားဝမ်ချွေ့ နှလုံးသား နွေးထွေးသွားပါသည်။
လင်းဖန်က ဒီလိုလူမျိုးဆိုတာကို သူမ အမြဲတမ်း သိခဲ့ပါသည်။
လင်းဖန်နဲ့ သူမ တစ်အိပ်ယာတည်းမှာ အိပ်ရင်တောင် လင်းဖန်က အခွင့်အရေး မယူတတ်ပေ။
သူတို့ ဘဝရဲ့ပျော်ရွှင်မှု အကြင်နာပေးခန်းကို ရိုက်ကူးခဲ့စဥ်ကလည်း လင်းဖန်က တမင်တကာ ၁၀ခါလောက် သို့မဟုတ် အကြိမ်ပေါင်းများစွာ မှားချင်ယောင်ဆောင်နိုင်သည်။ ဇာတ်ဝင်ခန်း မကောင်းပါက အကြင်နာပေးခန်းကို ထပ်ရိုက်ရပါမည်။
သို့သော်လည်း သူမနဲ့ လင်းဖန်တို့၏ အကြင်နာပေးခန်းက တစ်ခေါက်သာ ရိုက်လိုက်ရပါသည်။
သူက အမြဲတမ်း ဒီလိုလူမျိုး ဖြစ်၏။ ဒါရှားဝမ်ချွေ့ လင်းဖန်ကို သဘောကျရသည့် အကြောင်းအရင်းများထဲက တစ်ခု ဖြစ်ပါသည်။ ကောင်မလေးများ၏ ခြေတံသွယ်သွယ်များကို အမြဲတမ်း ကြည့်တတ်သည့် တခြား ယောက်ျားတွေလို မဟုတ်ပါ။
လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်လိုက်ပြီး သူမအတွက် စောင်ကို သေချာ ပြင်ပေးလိုက်ပါသည်။ သူ နူးညံ့စွာပြောလိုက်၏။ "ငါ့ကြောင်မလေးက လှနေလို့ပေါ့။ စောင်ခြုံမပေးထားရင် ဘဝရဲ့ပျော်ရွှင်မှု ဇာတ်သိမ်းပိုင်းဆီ ငါစိတ်ရောက်မှာ မဟုတ်ဘူး။”
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့ စိတ်ဆိုးလိမ့်မည်ဟု ထင်ထားသော်လည်း သူမ၏ တုန့်ပြန်မှုက သူထင်ထားတာထက် သာလွန်နေပါသည်။
ရှားဝမ်ချွေ့က အနည်းငယ်ရှက်သွားပြီး ခေါင်းငုံ့လိုက်သည်။ သူမက စကတ်တိုတိုလေးဝတ််ထားပြီး ခြေတံများကို စုထားသည်။ သူမ ထိုင်လိုက်သည့်အခါ ပေါ်ပေါ်ထင်ထင် မထိုင်ပါ။
ရှားဝမ်ချွေ့က ပြုံးလိုက်ပြီး စောင်ပါးတစ်ထည်လုံးကို ဖယ်လိုက်ပြီး ဘေးဘက်တွင်ချလိုက်ပါသည်။
"တကယ်တော့ နင်ကြည့်လို့ရပါတယ်။”
"နင်ကြည့်ချင်တဲ့အချိန်တိုင်း ကြည့်လို့ရတယ်။ အနာဂတ်ကျရင်လည်း မြင်ရမှာပဲကို~ ။”