အခန်း(၁၃၄) အားလုံးရဲ့မျက်စိရှေ့မှာ ထိပ်တန်းလက်ရာတစ်ခု မွေးဖွားလာခြင်း
Vol. 9 Ch. 134
အခန်း(၁၃၄) အားလုံးရဲ့မျက်စိရှေ့မှာ ထိပ်တန်းလက်ရာတစ်ခု မွေးဖွားလာခြင်း
ထိုအချိန်တွင် ရှုယန်က အနောက်ဘက်မှ ဖြတ်လျှောက်သွားသည်။
လက်ထဲမှာ ပလတ်စတစ်ခွက်တစ်ခွက်ကို ကိုင်ထားပြီး ရေသောက်ဖို့ ပြင်နေခြင်းဖြစ်သည်။
ရှားဝမ်ချွေ့၏ စကားလုံးများကို သူကြားသွားသည်။
သူကြည့်ချင်တဲ့ အချိန်တိုင်း ကြည့်လို့ရတယ်ဆိုပါလား။
နောက်ပိုင်းမှာလည်း ကြုံလာရဦးမယ်တဲ့။
ရှုယန်လက်ထဲက ခွက်လွတ်ကျသွားပြီး သူ့ခြေထောက်ပေါ် ပြုတ်ကျတာတောင် လုံးဝ မသိတော့ပါ။
ဒါဆို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ဒီအဆင့်တောင် ရောက်နေကြပြီလား။
ဒီသောက်....
ရှုယန်တစ်ယောက် စိတ်ဓာတ်ပြိုလဲသွားသလို ခံစားလိုက်ရပါသည်။
သို့သော်လည်း သူ ကြိုးစားပြီး သန်မာမှ ဖြစ်မည်။ အမှောင်ထု၏ အနိုင်ယူခြင်းကို ခံလို့ မဖြစ်ပါ။
လခွမ်းပဲ ဒီကို တီဗီလာကြည့်တာ မျက်နှာ ပူနေရတယ်လို့။
နောက်ထပ် ရုပ်ရှင်ထပ်ရိုက်လို့ သူတို့ တစ်ဖွဲ့သားတည်း ထပ်ကျပါက ဘယ်လိုနေရတော့မည်နည်း။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တကယ်တွဲကြပြီးနောက် သူတို့အချစ်ကို ဘယ်လောက်တောင် ကြွားဝါကြမလဲ ရှုယန် ခန့်မှန်းကြည့်လို့ ရပါသည်။
ထိုအချိန်ကျလျှင် ကမ္ဘာကြီးတစ်ခုလုံးက သူတို့ ဆက်ဆံရေး ဘယ်လောက်တောင် ကောင်းသလဲ သိလာပါလိမ့်မည်။
လင်းကျင်းကျင်းက ပြေးလာပြီး ရှုယန်ကို ခွက်ပြန်ကောက်ပေးလိုက်ပါသည်။ သူမ စိတ်ပူစွာဖြင့် မေးလိုက်၏။ "နင် အဆင်ပြေရဲ့လား။"
ရှုယန်က ခါးသက်စွာ ပြုံးလိုက်၏။ "အဆင်ပြေပါတယ်။”
လင်းကျင်းကျင်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် ငါတော့ နင်အဆင်ပြေတယ်လို့ မထင်ဘူးနော်။”
ရှုယန်က ခွက်ကိုယူလိုက်ပြီး ပြုံးလိုက်ပါသည်။ "ငါတစ်ယောက်တည်းနေဖို့လိုလို့ပါ" (Note:တစ်ယောက်တည်းနေချင်လို့ဆိုတာ လင်းကျင်းကျင်းနာမည်နဲ့ အသံထွက်ချင်း ဆင်တူနေပါသည်)
လင်းကျင်းကျင်း ရှက်သွေးဖြာသွားသည်။ "ရှုယန်က... ငါ့ကိုလိုအပ်တယ် ဟုတ်လား"
ထို့နောက် လင်းကျင်းကျင်း ဟိုဘက်လှည့်ကာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားပါသည်။ စုရှောင်းယွီဘေးသို့ ရှက်နေသော မျက်နှာဖြင့် ပြန်ရောက်လာသည်။
ရှုယန်က ကျင်းကျင်းကို လိုအပ်သည်။ ဒါပေမယ့် သူက ကျင်းကျင်း မဟုတ်ဘူးလား။ ဖြစ်ချင်တော့ သူမအကြောင်း စဥ်းစားနေလို့ ခွက်ပြုတ်ကျသွားတာ ဖြစ်နိုင်ပါသည်။
ရှုယန်က တစ်ယောက်တည်း အေးအေးဆေးဆေး နေဖို့ လိုအပ်ခြင်းသာ ဖြစ်သည်။ အများကြီး မျက်နှာပူခဲ့ရပြီးနောက် ဘယ်သူက တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် မနေချင်မှာလဲ။
သို့သော်လည်း သူ့ရဲ့ သာမန် စကားလုံးများက သူ့ကို တစ်ဖက်သက် သဘောကျသည့် ကောင်မလေးအား အိပ်မပျော်လောက်သည့်အထိ ဖြစ်သွားစေမှန်း ရှုယန် မသိခဲ့ပေ။
ရှုယန်ပြန်လာတော့ လင်းကျင်းကျင်းက သူ့ဘေးမှာ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေလိုက်ပါသည်။
"ကျင်းကျင်း ဘာဖြစ်လို့လဲ။ ဘာလို့ မျက်နှာက အရမ်းနီရဲနေတာလား။ နင်ဖျားနေတာလား" ရှုယန်က လင်းကျင်းကျင်း၏ နဖူးကို ထိကာ မေးလိုက်ပါသည်။
"အာ... ကျွန်မ သန့်စင်ခန်း သွားလိုက်ဦးမယ်" လင်းကျင်းကျင်းက မတ်တပ်ရပ်ပြီး ထွက်ပြေးသွားပါသည်။
လင်းကျင်းကျင်း၏ နောက်ကျောကို ကြည့်ရင်း ပြောလိုက်ပါသည်။"ဘယ်လိုဖြစ်လို့ ဖျားသွားတာလဲ။ ရှောင်းယွီ ဒီမှာဆေးရှိလား။ ကျင်းကျင်းအတွက် ဆေးနဲ့ ရေအေးပဝါတစ်ထည်လောက် ပြင်ထားပေးလိုက်ပါလား။”
စုရှောင်းယွီကို ရှုယန်လှမ်းကြည့်လိုက်တော့ လက်ထဲမှာ သခွားသီးတစ်ဝက်နဲ့ ခွေးမလေး တစ်ကောင်လို အိပ်ပျော်နေပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့နဲ့က ချစ်ကြည်နူးနေကြသည်။ လင်းကျင်းကျင်းက ရှုယန်နဲ့ ရှုပ်ထွေးနေ၏။ ရှုယန်က ဟိုစုံတွဲကြောင့် နေရခက်နေပြီး စုရှောင်းယွီကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါသည်။
ခွေးကလေးများ၏ ကမ္ဘာကတော့ အလွန်ရိုးရှင်းပြီး ပျော်ဖို့ ကောင်းလွန်းပါသည်။
ဘယ်လောက်ပဲ မျက်နှာပူစရာတွေ ရှိနေပါစေ စုရှောင်းယွီ မမှုပါ။
"ဘဝရဲ့ပျော်ရွှင်မှု" နောက်ဆုံးပိုင်းကြောင့်သာ မဟုတ်ပါက စုရှောင်းယွီ သူမအခန်း သူမ ပြန်ပြီး အိပ်လိုက်တာ ကြာပါပြီ။
ခွေးမလေး၏ နေ့စဥ်ဘဝက စားသောက်ခြင်း၊ အိပ်စက်ခြင်းနဲ့ တီဗီကြည့်ခြင်းတို့သာ ပါဝင်သည်။
စုရှောင်းယွီကို ဒီလိုပဲနေပြီး အနာဂတ်မှာ သူမကို ဘယ်သူက ထောက်ပံ့ပေးမလဲဟု မေးလိုက်ပါက သူမ အရမ်းလှတာကို သတိထားရပါမည်။ အနာဂတ်မှာ သူမကို ထောက်ပံ့ပေးမယ့်လူမျိုး မရှိမှာကို စိုးရိမ်စရာလိုလို့လား။ ထို့အပြင် သူမကို မုန့်ဖိုးအဖြစ် သန်းရာဂဏန်းပေးသော အဖေတစ်ယောက်လည်း ရှိပါသေးသည်။
ဒီလို သူဌေးမလေးတစ်ယောာက်က လှပ သန့်စင်ပြီး ချစ်ဖို့ကောင်းသည်။ သူမက ခေါင်းဆောင် မင်းသမီးတစ်ယောက်လိုပင်။
လင်းဖန်က မတ်တပ်ရပ်လိုက်ပြီး ရှုယန်၏ ပခုံးကို တိုးတိတ်စွာ ကိုင်လိုက်ပါသည်။ "ကျင်းကျင်းက ဖျားနေတယ်လို့ ငါမထင်ဘူး။ မင်းက ဖျားနေတာလို့ ငါထင်တယ်။”
ရှုယန် "???"
သူ့အီးကျူက အမြဲတမ်း မြင့်မှန်း ရှုယန်သိပါသည်။ ကျင်းကျင်း၏ ကျန်းမာရေးကို ဂရုစိုက်ပေးတာ ဘာပြဿနာရှိလို့လဲ။ သူက ဘာလို့ဖျားရမှာလဲ။
ထိုအချိန်တွင် ရှုယန်တစ်ယောက် ဘဝအကြောင်း ဘာမှ နားမလည်သေးဘူးဟု ခံစားလိုက်ရပါသည်။
လင်းကျင်းကျင်း၏ မျက်နှာက ပူပြင်းလွန်းနေသဖြင့် ဖျားနာတာ မဟုတ်ရင် ဘာများဖြစ်နိုင်ဦးမှာလဲ။
ရှုယန် သက်ပြင်းချလိုက်ပါသည်။ သူ့ဘေးက လူတွေအကြောင်းကို သူ နားမလည်ပါ။ အားလုံးက မူးနေပြီး သူက အမူးပြေနေသည့် တစ်ယောက်တည်းသောလူ ဖြစ်နေသလိုပင်။
လင်းဖန်ကို ဆေးပညာအကြောင်း သင်ပေးဖို့ အချိန်တန်ပြီထင်သည်။
ခဏကြာသောအခါ လင်းကျင်းကျင်း ပြန်ရောက်လာပြီး မျက်နှာလည်း မနီတော့ပါ။
ထိုအချိန်တွင် ရှုယန်က သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ "ဒီမှာ သူဖျားနေတယ်လို့ ငါထင်တယ်။ မျက်နှာသစ်ပြီးသွားရင် အဆင်ပြေမှာပါ။ နင့်ခန္ဓာကိုယ်က အရမ်း အပင်ပန်းခံလို့ မဖြစ်ဘူး။ ကျင်းကျင်း နင်လည်း နားရမယ်။”
လင်းကျင်းကျင်းက သိမ်မွေ့စွာ ခေါင်းငြိမ့်လိုက်ပြီး ဘာမှ မပြောတော့ပေ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကတော့ ရှုယန်ကို တိတ်ဆိတ်စွာသာ ကြည့်နေမိပါသည်။
ဒီကောင်ကတော့ မျှော်လင့်ချက်မဲ့နေပါပြီ။
ရှုယန်က အိုင်ကျူနှင့် အီးကျူမြင့်မားသော်လည်း အချစ်နဲ့ ပတ်သက်ပြီး အရိပ်အကဲသိမြင်မှုကတော့ အနုတ်ဘက်ကို ရောက်နေသည့်ပုံပင်။
နောက်ဆုံးတော့ ည ၁၀ နာရီထိုးခါနီး နေပါပြီ။
ဘဝရဲ့ပျော်ရွှင််မှု နောက်ဆုံးပိုင်းအား စတင် ထုတ်လွှင့်တော့မည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ဆိုဖာပေါ်မှာ အတူတူထိုင်နေပြီး တီဗီကြည့်ဖို့ ပြင်နေပါသည်။
ဒါက သူတို့ အတူတူ ရိုက်ကူးဖူးသည့် ပထမဆုံး ရုပ်သံဒရမ်မာဖြစ်ပြီး ရှားဝမ်ချွေ့၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းလည်း ဖြစ်ပါသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းက ရှည်လွန်းသဖြင့် ပထမတွဲ ၄၆ပိုင်းမှာ တန်းလန်းကြီး ပြီးသွားပြီး ဘဝရဲ့ပျော်ရွှင်မှု ဇာတ်သိမ်း မဟုတ်သေးပါ။
ရင်းနှီးမြှုပ်နှံငွေ နည်းပါးမှုကြောင့် ဒုတိယတွဲ၏ ဇာတ်သိမ်းကိုလည်း မရိုက်နိုင်သေးပါ။
ရုပ်သံဒရမ်မာများစွာနဲ့ ကာတွန်းများစွာမှာ တန်းလန်းကြီး ရပ်တန့်လိုက်ရတာမျိုး ရှိခဲ့ပါသည်။
ဥပမာအားဖြင့် "Homer and Landau-Hero's Comeback" နဲ့ "The Black Troop of the Divine College" တို့ ဖြစ်ပါသည်။
သို့သော် ဒီနေ့ ဘဝရဲ့ပျော်ရွှင်မှုက ပထမတွဲ၏ နောက်ဆုံးပိုင်းကို ထုတ်လွှင့်ပြသတော့မည်။ ဒီဇာတ်လမ်းက မျှော်လင့်ထားဖို့ ထိုက်တန်ပါသည်။
ဇာတ်သိမ်းအပါအဝင် နောက်ဆုံး သုံးပိုင်းကို တစ်ချိန်တည်းမှာပင် ထုတ်လွှင့်သွားတော့မည်ဖြစ်သည်။
ဒီအပိုင်းတွင် လင်းဖန်နဲ့ ရှုယန်တို့၏ ဇာတ်ဝင်ခန်းများသာ မကဘဲ လင်းဖန်နဲ့ စုရှောင်းယွီတို့၏ ဇာတ်ဝင်ခန်းများလည်း ပါသေးသည်။ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ချိုမြိန်သော လမ်းခွဲအကြင်နာပေးခန်းလည်း ပါသေးသည်။
ဇာတ်ဝင်ခန်းများစွာ ရောနှော ပါဝင်နေသဖြင့် ပရိသတ်များစွာ မျှော်လင့်စောင့်စားနေကြပါသည်။
Tencent Arts နဲ့ iQiyi ၏ ကောမန့်အကန့်အောက်တွင် ကောမန့်များစွာ ရေးသားနေသည့် ပရိသတ်များစွာရှိပါသည်။ "အားးး ဇာတ်သိမ်းကိုကြည့်ချင်နေပြီ။ ဘာလို့ မတင်သေးတာလဲ။”
"အကြိုဇာတ်လမ်းကို ကြည့်တာနဲ့ အရမ်းကြည့်ချင်နေပြီ။ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့ကြားက ချိုမြိန်တဲ့ အကြင်နာပေးခန်းလည်း ပါတယ်။ အဲ့တာ ငါတို့ချွေ့ချွေ့လေးရဲ့ အကြင်နာပေးခန်းပေါ့။”
"လင်းဖန်နဲ့ စုရှောင်းယွီတို့ရဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း စောင့်ကြည့်သင့်တယ်။ ပြီးတော့ လင်းဖန်နဲ့ ရှုယန်တို့က သရုပ်ဆောင်လောကရဲ့ ဘုရင်ကြီးတွေလိုပဲ။”
"မြန်မြန် မြန်မြန် ငါ အပ်ဒိတ်ကို စောင့်နေပြီ။ ဖရုံစေ့နဲ့ ဘီယာတွေတောင် အသင့်ပြင်ထားပြီးပြီ။"
"ဘဝရဲ့ပျော်ရွှင်မှုဇာတ်သိမ်းပိုင်းကို မျှော်နေပြီနော်။ လင်းဖန်ကိုလည်း မျှော််နေပြီ။”
၁၀ နာရီ ထုတ်လွှင့်ပြသမှုအတွက် ဖန်သားပြင်ရှေ့တွင် စောင့်မျှော်နေကြသော ပရိသတ်များစွာ ရှိပါသည်။
"ဘဝရဲ့ပျော်ရွှင်မှု" ကိုထုတ်လွှင့်ပြသခဲ့တာ ကြာပါပြီ. မူပိုင်ခွင့်များကို ကောင်းမွန်စွာ ကာကွယ်ထားသဖြင့် ခိုးကူး ဗားရှင်းများလည်း မရှိပါ။
အစကတော့ Tencent Arts နဲ့ iQiyi တို့က စောစော ထုတ်လွှင့်ချင်သော်လည်း လင်းဖန်က ငြင်းခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က ၎င်း၏ မူလ ရည်ရွယ်ချက်ကို ထိန်းသိမ်းထားချင်ပါသည်။
သူရိုက်ကူးထားသည့် ရုပ်သံဒရမ်မာတွေက သူ့ပရိသတ်များအတွက်သာ ဖြစ်သည်။ ပရိသတ်များ မန်ဘာဖြစ်လာရင်လုံလောက်ပြီး ပရိသတ်၏ ပိုက်ဆံကို အလကားမဖြစ်စေဖို့က အရေးကြီးပါသည်။
ပရိသတ်များ မန်ဘာဝင်ပြီးတာတောင် ထပ်တိုးစရိတ်များ တောင်းခံတာမျိုး လင်းဖန် လုပ်မှာ မဟုတ်ပါ။
လင်းဖန်၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ကုမ္ပဏီကြီးနှစ်ခုက ဘဝရဲ့ပျော်ရွှင်မှုကို စောစောမထုတ်လွှင့်တော့ပါ။
ထို့ကြောင့် ဒီနေ့ညကျမှ ဒရမ်မာ ဇာတ်သိမ်းကို တရားဝင်ထုတ်လွှင့်ပြသရပါသည်။ နောက်ဆုံးတော့ ၁၀ နာရီထိုးကာ တင်လိုက်ပါပြီ။
Tencent Arts နဲ့ iQiyi တို့က "ဘဝရဲ့ပျော်ရွှင်မှု" ဇာတ်သိမ်းပိုင်းကို တစ်ချိန်တည်းမှာပဲ တင်လိုက်ကြပါသည်။
ယွဲ့ဟွာ၏ ဝန်ထမ်းများ၊ ဒါရိုက်တာ လုပမ်ခိုင်း၊ ပရိုဂျူဆာ လျို့မူ၊ စီအီးအိုလီနဲ့ တခြား နာမည်ကျော်များစွာကတောင် ဇာတ်သိမ်းပိုင်ကို စောင့်ကြည့်နေပါသည်။
အားလုံးတွင် မဖော်ပြနိုင်သော် ယုံကြည်ချက်များရှိနေသည်။
"ဘဝရဲ့ပျော်ရွှင်မှု" ဇာတ်သိမ်းပိုင်းအား တင်လိုက်သည့်အခါ ဒီရုပ်သံဒရမ်မာက သေချာပေါက် တရုတ်ရုပ်ရှင်လောက၏ အထွတ်အထိပ်ကို ဖန်တီးနိုင်တော့မည်ဖြစ်သည်။
ဂန္ဓဝင်လက်ရာတစ်ခု မွေးဖွားလာတော့မည်။