အခန်း(၁၃၅) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အကြင်နာပေးခန်းကြောင့် လူတစ်သန်း တုန်လှုပ်သွားခြင်း
Vol. 9 Ch. 135
အခန်း(၁၃၅) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အကြင်နာပေးခန်းကြောင့် လူတစ်သန်း တုန်လှုပ်သွားခြင်း
နောက်ဆုံးတော့ "ဘဝရဲ့ပျော်ရွှင်မှု" ၏ ခမ်းနားသော ဇာတ်သိမ်းပိုင်းကြီးကို စတင် ထုတ်လွှင့်ပါပြီ။
ထုတ်လွှင့်ပြီး ၃ မိနစ်အကြာတွင် iQiyui နဲ့ Tencent Arts တို့၌ ကောမန့်များစွာများစွာ ပေါ်ထွက်လာသည်။
ထိုကောမန့်များက များပြားလွန်းသဖြင့် နေရာလွတ်တောင် မကျန်တော့ပါ။
ကောမန့်အကန့်တစ်ခုလုံး ပြည့်နှက်နေလေပြီ။ ဇာတ်လမ်းက အခုမှ စရုံ ရှိသေးပြီး လင်းဖန်နဲ့ စုရှောင်းယွီတို့ ဇာတ်ဝင်ခန်းပဲ ရှိပါသေးသည်။
စုရှောင်းယွီက နန်းတွင်းအဝတ်အစားများကို ဝတ်ဆင်ထားကာ လှပသော မျက်နှာနဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
လင်းဖန်ကလည်း နန်းတွင်းအဝတ်အစားများ ဝတ်ဆင်ထားပြီး အလွန်ချောမောလှပါသည်။
သူတို့နှစ်ယောက် စတင်ရိုက်ကူးသောအခါ ပရိသတ်များက လုပ်လက်စအလုပ်များကိုတောင် မေ့ကုန်ကြပါသည်။ သူတို့အားလုံး ရုပ်သံစီးရီး၏ ဇာတ်သိမ်းကို အာရုံစိုက်ထားကြသည်။
"ရှေ့ဆုံးကပဲဟေ့။”
"စုရှောင်းယွီ ငါ့နတ်သမီးလေ။ ဘာလို့ အရမ်းလှရတာလဲ။”
"လင်းဖန်က ငါ့မင်းသားလေးပဲ။”
"လင်းဖန်နဲ့ စုရှောင်းယွီနဲ့ တွဲရင်ကောင်းမှာပဲ။ ဘာလို့လဲ မသိဘူး၊ လင်းဖန်နဲ့ စုရှောင်းယွီတို့က တော်တော်လေး လိုက်ဖက်တယ်လို့ ငါထင်တယ်။”
"သွားစမ်းပါ လင်းဖန်နဲ့ ငါတို့ချွေ့ချွေ့လေးက ပိုလိုက်ဖက်တာ သိသာတယ်။ အစ်ကိုဖန်နဲ့ ချေ့ချွေ့တို့ကို ပိုသဘောတူတယ်။”
"ဘဝရဲ့ပျော်ရွှင်မှုက Harem ဒရမ်မာလား။ လင်းဖန်က မိန်းကလေးနှစ်ယောက်ရဲ့ Role နဲ့ တော်တော် ဆက်ဆံရတာပဲ။”
"ငါမျှော်လင့်နေပြီ။ Season တစ်ခုတည်းနဲ့ ဘာမှမပြောနိုင်သေးတာလေး တစ်ခုပဲ။ ဇာတ်လမ်းက အရမ်းကောင်းတယ်။ ငါကောမန့်တွေ လျှောက်မရေးတော့ဘူး။ တီဗီပဲ သွားကြည့်တော့မယ်။”
ဘဝရဲ့ပျော်ရွှင်မှုတွင် လင်းဖန်နဲ့ စုရှောင်းယွီတို့အကြား တိုက်ခိုက်သည့်အခန်းပါပါသည်။
သူတို့နှစ်ယောက်အကြား အကြည့်ချင်း ဖလှယ်မှုနဲ့ ၎င်းတို့၏ သရုပ်ဆောင်စွမ်းရည်များက ပရိသတ်အားလုံးကို လုံးဝ ဖမ်းစားသွားခဲ့ပါသည်။
စုရှောင်းယွီက ယခင်က အကလေ့ကျင့်ခဲ့ဖူးသဖြင့် သူမ၏ ခန္ဓာကိုယ်က အလွန်ပျော့ပြောင်းသည်။ တိုက်ခိုက်ရေးအခန်းများ ရိုက်ကူးဖို့ သူမအတွက် ပိုလွယ်ကူပါလိမ့်မည်။ ဥပမာအားဖြင့် ၁၈၀ ဒီဂရီ ခြေတံခွဲခြင်းကို အလွယ်လေး လုပ်နိုင်၏။
ထို့ကြောင့် သူမ ဖိုက်တင်ဇာတ်ဝင်ခန်းများ ရိုက်ကူးနေစဥ် အလွန်လှပပြီး သူအတွက် အလွန်လွယ်ကူခြင်း ဖြစ်ပါသည်။
တချို့ အမျိုးသမီးသရုပ်ဆောင်များက ခြေတံမကားနိုင်ဘဲ ကြိုးစားရာတွင်လည်း အလွန် ခက်ခဲလေ့ရှိပါသည်။
သို့သော်လည်း လင်းဖန်ကတော့ လုံးဝ ခြားနားပါသည်။
မိန်းကလေးများက ယောက်ျားလေးများထက် ပိုပြီး ပျော့ပြောင်းလေ့ ရှိ၏။
သို့သော်လည်း လင်းဖန်၏ ခန္ဓာကိုယ်ကလည်း အလွန်ပျော့ပြောင်းပါသည်။
သိုင်းပညာဇာတ်ဝင်ခန်းတိုင်းနဲ့ သူ့အက်ရှင်များကို သေသေချာချာ၊ ပြီးပြည့်စုံစွာနဲ့ ချောမွေ့စွာ ဆောင်ရွက်ထားသည်။
သူတို့နှစ်ယောက်ပါဝင်သည့် ဇာတ်ဝင်ခန်းကို ထုတ်လွှင့်ပြီးသောအခါ ဗီဒီယို၏ ကောမန့်များ ဗြောင်းဆန်သွားခဲ့၏။
"လင်းဖန်နဲ့ စုရှောင်းယွီတို့ သရုပ်ဆောင် ကောင်းချက်ပဲ။ သူတို့ သိုင်းကွက်တွေကလည်း သောက်ရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။”
"သူတို့ အထူးပြုလုပ်ချက်တွေ သုံးထားတာလား။ မဖြစ်နိုင်ဘူး။ သုံးတယ်ဆိုရင်တောင် အဲ့အက်ရှင်တွေက လင်းဖန်လုပ်တာပဲ။”
"ဟုတ်တယ် လင်းဖန်နဲ့ စုရှောင်းယွီတို့ လုံးဝ အစားထိုး သရုပ်ဆောင်မသုံးခဲ့ကြဘူး။ သူတို့ကို လက်မကြီးကြီးထောင်ပေးရမယ်။”
"အထင်ကြီးသွားပြီ။ အဓိကအချက်က ဒီရုပ်သံဒရမ်မာရဲ့ ဇာတ်လမ်းဇာတ်ကွက်ကတောင် အရမ်းဆွဲဆောင်မှုရှိနေတာပဲ။ ကြိုက်တယ်ကွာ။”
ဇာတ်လမ်းပြီးဆုံးသွားသောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ပန်းခင်းထဲက ဇာာတ်ဝင်ခန်း ရှိပါသေးသည်။
လင်းဖန်က ရှားဝမ်ချွေ့ကို အနိုင်ကျင့်သည်။ ရှားဝမ်ချွေ့က လင်းဖန်ကို လိုက်ဖမ်း၏။ ဇာတ်လမ်းက အလွန်ချိုမြိန်ပါသည်။
လင်းဖန်ကို ရှားဝမ်ချွေ့က အနိုင်ကျင့်သောအခါ လင်းဖန်က လိုက်ဖမ်းသည်။
ထို့နောက် လင်းဖန်က ရှားဝမ်ချွေ့ကို မြေပေါ် တွန်းချလိုက်ပြီး သူတို့မျက်လုံးချင်း ဆုံသွားကြသည်။
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး သူမ၏ ရှက်ရွံ့မှုကို ပေါ်လွင်အောင် ပုံဖော်ထား၏။
လင်းဖန် သူမကို သဘောကျသည့်ပုံစံ၊ ဘယ်လောက်စွဲလမ်းနေသည့် ပုံစံကို သေချာ ပြသထားပါသည်။
လင်းဖန်နဲ့ စုရှောင်းယွီတို့၏ သရုပ်ဆောင်စွမ်းရည်များက လိုက်ဖက်သည်ဟု ပြောလျှင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဇာတ်ဝင်ခန်းများက တကယ်ပဲ အပြစ်အနာအဆာ ကင်းသည်ဟု ဆိုရမည်။ ပြီးပြည့်စုံလွန်းပါသည်။
ရှားဝမ်ချွေ့နဲ့ သူသရုပ်ဆောင်ခဲ့တုန်းက သူတို့ကြားမှာ အမြဲတမ်း လှပသည့် မီးပွားလေးများ ရှိနေတတ်သည်။
ဇာတ်လမ်းထဲမှာလည်း အားလုံး၏ သရုပ်ဆောင်စွမ်းရည်က ကောင်းမွန်လွန်း၏။
ထို့နောက် သူတို့နှစ်ယောက် ဘာမဟုတ်တာများကို ချိုချိုမြိန်မြိန် စကားပြောခဲ့ကြပါသည်။ သူတို့ ခွဲခွာကြရမှာ တွန့်ဆုတ်နေကြပြီး အားလုံး သနားမိသွားကြ၏။
ရှားဝမ်ချွေ့၏ သံယောဇဥ်ဖွင့်ဟမှု၊ သူမနဲ့ လင်းဖန်တို့၏ အကြည့်၊ သူမတို့၏ ခွဲခွာမှုများလည်း ရှိသေးသည်။
နောက်ဆုံးမှာတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ အကြင်နာပေးခန်းရောက်လာပါပြီ.
ကမ္ဘာကြီး ဒီဇာတ်ဝင်ခန်းကြောင့် အေးခဲသွားသည်။
ဒီဇာတ်ဝင်ခန်းက ချိုမြိန်လွန်းလှသည်။
ဒီဇာတ်ဝင်ခန်းထဲတွင် အကြင်နာပေးခန်းကြောင့် ၂၀ စက္ကန့်လောက် အေးခဲသွားသည်။
ကောင်းကင်နဲ့ မြေကြီးတို့ အလယ်၊ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရှိနေသည်။
ဇာတ်ဝင်ခန်းက ချိုမြိန်လွန်းသဖြင့် ပရိသတ်များစွာ၏ ရင်များ နာကျင်လာ၏။
ပရိသတ်ကို မဆိုဦးနဲ့။ အိမ်မှာ တီဗီကြည့်နေကြသည့် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့တောင် စိတ်လှုပ်ရှားသွားကြပါသည်။
အဲ့ဒီတုန်းက သူတို့ဘယ်လိုများ ဒီလောက်ကောင်းအောင် သရုပ်ဆောင်နိုင်ခဲ့တာလဲ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တီဗီပေါ်က သူတို့ အကြင်နာပေးခန်းကို ကြည့်နေကြသည်။ ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့လိုက်ပါသည်။
ဖန်သားပြင်ပေါ်က သူမရဲ့ပထမဆုံး အကြင်နာပေးခန်းက လင်းဖန်နဲ့ဖြစ်နေသည်။
ဒီလောက်ဆို လုံလောက်ပါပြီ။
ရှားဝမ်ချွေ့မှာ အထက်တန်းတုန်းက လင်းဖန်၏ ထိုင်ခုံအဖော်ဖြစ်သည်။
ထိုအချိန်တုန်းကသာ လင်းဖန် လက်ဦးမှု ရယူခဲ့ပါက လင်းဖန်အား သူမ၏ ပထမဆုံး အနမ်းကို ပေးလိုက်ရတာ ကြာပါပြီ။ ရုပ်ရှင်ရိုက်သည့်အထိ စောင့်ဖို့ မလိုတော့ပါ။
ရုပ်သံဒရမ်မာ၏ ဇာတ်ဝင်ခန်း ပြီးဆုံးသွားခဲ့သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အကြင်နာပေးခန်း ပြီးဆုံးသွားပါပြီ.
အကြင်နာပေးခန်းက စက္ကန့် ၂၀ စာလောက် ရှိသည်။ ကောမန့်များက မြန်ဆန်များပြား လွန်းသဖြင့် ဘာတွေရေးထားမှန်းဖတ်ဖို့တောင် မဖြစ်နိုင်တော့ပါ။
"အားးး သူတို့နမ်းလိုက်ကြပြီဟေ့။"
"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နမ်းကြပြီ။ သူတို့ကို သဘောကျလိုက်တာ။ သူတို့နှစ်ယောက် သရုပ်ဆောင်တာ အရမ်းချိုမြိန်တာပဲ။”
"ဒါရိုက်ကူးရေးလုပ်နေတာ သူတို့နှစ်ယောက် အပြင်မှာလည်း ဒီလိုဖြစ်နိုင်ရင် ငါကျေနပ်ပြီ။”
"လင်းဖန်ပဲ ရှားဝမ်ချွေ့နဲ့ ထိုက်တန်တယ်။ ဘယ်သူနဲ့မှ မတန်ဘူး။”
"ဒီဇာတ််လမ်းက စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်။ အရမ်းကြိုက်တာပဲ။”
"ရှားဝမ်ချွေ့က အရမ်းလှတာပဲ။ ငါလည်း သူ့ကို နမ်းချင်တယ် ဘယ်လိုလုပ်ရမလဲ။”
ဒီလိုဇာတ်လမ်းမျိုး၊ အချိုးအကွေ့မျိုးနဲ့ ပြီးပြည့်စုံလှသည့် နောက်ဆက်တွဲ ထုတ်လုပ်မှုများအပြင် သရုပ်ဆောင်များအကြားက သရုပ်ဆောင်စွမ်းရည်များကြောင့် ပရိသတ်၏ အာရုံစိုက်မှုကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်နိုင်ခဲ့ပါသည်။
ဒီလိုဇာတ်ဝင်ခန်းမျိုးက ဝေ့ပေါ် ပေါ်မှာ ရေပန်းစားသင့်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုက ပြီးပြည့်စုံလွန်းသည်။
တိုးတက်နိုင်သည့် နေရာကို ပြပါဆိုပါက ဇာတ်ညွှန်းပြဿနာတော့ ရှိပါသည်။ သူ ဆက်ပြီး တိုးတက်ကာ၊ ဂန္ဓဝင်ဇာတ်လမ်းများကို တစ်ပုဒ်ပြီး တစ်ပုဒ် ဖန်တီးမည်။ ထို့နောက် သရုပ်ဆောင်များအား ပြီးပြည့်စုံအောင် ပုံဖော်ခိုင်းမည်။
၃ ပိုင်းစလုံး လျှပ်တပြတ်လိုပဲ ပြီးဆုံးသွားခဲ့ပါသည်။
လင်းဖန်နဲ့ ရှုယန်တို့ အကြားက ဇာတ်ဝင်ခန်းကလည်း အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။
ချောမောသည့် ယောက်ျားလေးနှစ်ယောက်အတူတူ သရုပ်ဆောင်နေခြင်းကြောင့် အမျိုးသမီး ပရိသတ်များစွာ အားပေးကြမ်းကြပါသည်။
အော်ဟစ်နေသည့် အမျိုးသမီး ပရိသတ်များပင် ရှိသေးသည်။
"လင်းဖန် လင်းဖန် လင်းဖန်"
"ရှုယန် ရှုယန် ရှုယန်”
ပရိသတ်များ၏ စိတ်အားထက်သန်မှုက အားလုံး၏ စိတ်ကူးယဥ်နိုင်စွမ်းကို ကျော်လွန်သွားခဲ့ပါပြီ။
ဘဝရဲ့ပျော်ရွှင်မှု ထုတ်လွှင့်ပြသမှုက အားလုံး၏ ရင်ကို ဖမ်းစားသွားသည်။
ဒီရုပ်သံဒရမ်မာက သေချာပေါက် အောင်မြင်ပါသည်။
ဇာတ်သိမ်းပြီးသောအခါ ဒီရုပ်သံဒရမ်မာ၏ သတင်းမှာ ဝေ့ပေါ် ၏ ရေပန်းစားအကြောင်းအရာ စာရင်းသို့ အလျှင်အမြန် ရောက်ရှိသွားသည်။
ထို့နောက် ပထမနေရာက (လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ချိုမြိန်လိုက်တာ)
ဒုတိယနေရာက (လင်းဖန်နဲ့ စုရှောင်းယွီတို့ သရုပ်ဆောင်စွမ်းရည်က ပြီးပြည့်စုံလိုက်တာ)
တတိယနေရာက (လင်းဖန်နဲ့ ရှုယန်တို့၏ ဇာတ်ဝင်ခန်း)
စတုတ္ထနေရာက (ဘဝရဲ့ပျော်ရွှင်မှု ဇာတ်သိမ်း)
ဝေ့ပေါ် ပေါ်တွင် ထိပ်တန်းရေပန်းစား အကြောင်းအရာ လေးခုအားလုံးမှာ ဘဝရဲ့ပျော်ရွှင်မှုနဲ့သာ သက်ဆိုင်နေပါသည်။
အထူးသဖြင့် ဝေ့ပေါ် ပေါ်က ထိပ်ဆုံး ရေပန်းစားအကြောင်းအရာက အောက်က အချို့ထက် အများကြီး ကျော်လွန်နေပါသည်။
ဝေ့ပေါ် ၏ ထိပ်တန်းရေပန်းစား အကြောင်းအရာ သုံးခုမှာလည်း လင်းဖန်၏ နာမည်ပါဝင်နေသည်။
တစ်နည်းအားဖြင့် ဒီဒရမ်မာ၏ လူကြိုက်များမှုမှာ လင်းဖန် မပါရင် ဖြစ်မလာနိုင်ပေ။