chapter(46)
Vol. 4 Ch. 46
အသန့်စင်ဆုံးစနစ် အခန်း(46)
တိတ်ဆိတ်သောအခန်းငယ်အတွင်းမှာ လူသုံးယောက်သည် ထိုင်နေလေသည်။ထိုလူသုံးယောက်ကတော့ မိုစီ ၊ အကြီးအကဲဟုန်နဲ့ ချောင်ဖုန်းပင်ဖြစ်သည်။
ချောင်ဖုန်းသည် မိုစီပေးထားသော အမိန့်ပြားကို ပြန်ထုတ်၍ ပေးလိုက်သည်။မိုစီသည် စိမ်းလက်ဖက်ရည်ခွက်ကို တစ်ခွက်အရင်မော့လိုက်ပြီးနောက် သူ့သိုလှောင်ကွင်းထဲက ငွေတံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။
ချောင်ဖုန်းသည် ထိုတံဆိပ်ကို ကိုင်ကြည့်လိုက်ကာ မိုစီအားမေးလိုက်သည်။
"အကြီးအကဲ.......ဒါက"
ထိုအခါ အကြီးအကဲဟုန်က ရှင်းပြလိုက်သည်။
"ချောင်ဖုန်းအဲ့တံဆိပ်ပြားက ငါတို့ယန်အစီအရင်ဂိုဏ်းရဲ့ ပင်မတပည့်တွေမှ ရရှိတဲ့တံဆိပ်ဖြစ်တယ်"
ချောင်ဖုန်းသည် တံဆိပ်ပြားကို ပွတ်ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ငါအရည်အချင်းနဲ့ဆို အကြီးအကဲတွေက ပင်မတပည့်ပေးတာ မထူးဆန်းပါဘူး"
ထိုချိန်မှာမိုစီက စိတ်မရှည်စွာ အကြီးအကဲဟုန်အားဆူလိုက်သည်။
"ဆရာတူညီလေး..... ပြောမယ်ဆိုလဲ မင်းအဆုံးထိပြောလေ ဘာလို့မင်းပါးစပ်ကြီးက ပိတ်သွားရတာလဲ"
"ကျွန်တော်......."
မိုစီသည် စာအုပ်တစ်အုပ်ကို ဖတ်နေရင်း"တော်ပြီတော်ပြီ.....ငါပဲပြောပြလိုက်တော့မယ်...."ဟု ပြောလိုက်သည်။
"ချောင်ဖုန်း.......မင်းကျိုးတိုင်းပြည်ကမင်းသမီးရွှမ်မိန်နဲ့အတူလိုက်ခဲ့တယ်ဆိုတော့ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းအကြောင်းသိထားပြီးသားဖြစ်မှာပေါ့"
"ဟုတ်.....အကြီးအကဲ..."
မိုစီသည် စာရွက်နောက်တစ်ရွက်လှန်ကာ ခေါင်းတငြိမ့်ငြိမ့်ပြောလိုက်သည်။
ယန်အစီအရင်ဂိုဏ်းမှ ပင်မတပည့်ငါးယောက်သည် ဝူတိုင်းပြည်အတွင်းရှိ တခြားသောဂိုဏ်းများစွာနှင့်ယှဥ်ပြိုင်တိုက်ခိုက်ရမည်။
ထိုပြိုင်ပွဲကို သန့်စင်သောနယ်မြေတွင်ကျင်းပမည်ဖြစ်ပြီး ထိုပြိုင်ပွဲမှ အနိုင်ရသူဆယ်ယောက်သည် နတ်ဘုရားမျှော်စင်ဂိုဏ်းရဲ့တပည့်များဖြစ်လာမည်ကို ရှင်းပြလိုက်သည်။
မိုစီသည် သူ့စာအုပ်ကို ပိတ်လိုက်ပြီး "မနက်ဖြန် ငါတို့ယန်အစီအရင်ဂိုဏ်းကနေ ပါရမီရှင်ငါးယောက်ကို ရွေးချယ်မှာဖြစ်တဲ့အတွက် ငါတို့မင်းကို ဒီတံဆိပ်ပေးအပ်တာဖြစ်တယ် ၊ ဂိုဏ်းရဲ့ပြိုင်ပွဲစင်နေရာကို မင်းရောက်လာပါစေနော်" လို့ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ......"
ထို့နောက်ချောင်ဖုန်းသည် သူ့အခန်းရှိရာကိုပြန်သွားခဲ့သည်။
အခန်းထဲတွင် ယီရှင်းထျန်ကတော့ မရောက်ရှိသေးတာကို တွေ့လိုက်ရသည်။
"ကြည့်ရတာ........ရှင်းထျန်ဒဏ်ရာကသေးပုံမရဘူးထင်တယ်"
ထို့နောက်ချောင်ဖုန်းသည် အခန်းထဲက ချီစွမ်းအင်များကို သန့်စင်လိုက်ပြီး တစ်ညလုံးစုပ်ယူနေခဲ့သည်။ချောင်ဖုန်းကျင့်ကြံနေတုန်းပင် မနက်မိုးလင်းသွားတာကို မသိရှိလိုက်ပေ။ထို့နောက် ယန်အစီအရင်ဂိုဏ်းသားဝတ်စုံကို လဲဝတ်လိုက်ပြီး ပင်မတပည့်ဝင်ဖြစ်သည့် တံဆိပ်ကို ကပ်ထားလိုက်သည်။ထို့နောက် အပျင်းကြောဆန့်ကာ ပြိုင်ပွဲစင်နေရာသို့ ထွက်လာခဲ့သည်။
ပြိုင်ပွဲစင်သည် မြေပြင်အထက် ခြောက်ပေခန့်မြင့်ပြီး အလွန်မာကျောသော ကျောက်သားများဖြင့် ပြုလုပ်ထားသည်။ပြိုင်ပွဲစင်၏ အောက်ဘက်တွင် ဂိုဏ်းသားအားလုံးသည် မတ်တပ်ရပ်စွာ ရှိနေပြီး အကြီးအကဲအချို့ကတော့ ခုံပေါ်များတွင် ထိုင်နေကြသည်။ထိုထဲတွင် လုဝမ်ကတော့ စင်ပေါ်တွင် ရှိနေခဲ့ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။
"ဒီနေ့မှာ ငါတို့ယန်အစီအရင်ဂိုဏ်းက သန့်စင်နယ်မြေမှာ သွားပြိုင်
ဖို့အတွက် ဂိုဏ်းရဲ့ ပါရမီရှင်ငါးယောက်ကို ရွေးချယ်မှာဖြစ်တယ် "
ထို့နောက်လုဝမ်သည် စာရွှက်တစ်ရွက်ကို ထုတ်လိုက်ပြီး နာမည်ခေါ်လိုက်သည်။
"ငါခေါ်တဲ့လူတွေက စင်ပေါ်တက်လာပေးပါ .....ရွှီးယန်း ၊ ဖုန်းယွီ ၊ ရှောင်းနိုင် ၊ အန်ဖူး ၊ စီလျန် ၊ မူကူး ၊ ချောင်ဖုန်း ၊ ချူးယွမ် "
လုဝမ်သည် ထိုလူတွေကို စင်ပေါ်ခေါ်ပြီးနောက် အောက်က ဂိုဏ်းသားတွေကို ပြောလိုက်သည်။
"သူတို့အားလုံးက ငါတို့ယန်အစီအရင်ဂိုဏ်းရဲ့ ပင်မတပည့်ဝင်တွေဖြစ်တဲ့အပြင် သူတို့တစ်ယောက်ချင်းစီရဲ့ အစွမ်းအစကို အကြီးအကဲအားလုံးမြင်ဖူးတဲ့အတွက် ရွေးချယ်ထားတာပဲ နာမည်မပါတဲ့လူတွေထဲက မကျေနပ်ရင် သူတို့ထဲကကြိုက်တဲ့လူကိုစိန်ခေါ်ခွင့်ရှိတယ်"
သို့သော်တစ်ယောက်မှ အသံမထွက်လာရဲပေ။သူတို့ရှစ်ယောက်လုံးရဲ့အစွမ်းကို မဟာမိတ်တွေ့ဆုံပွဲက တွေ့ရှိပြီးသားဖြစ်သောကြောင့် အားလုံးသည် တိတ်ဆိတ်စွာ ရှိနေကြသည်။
"မင်းတို့ထဲက တစ်ယောက်မှစိန်ခေါ်မယ့်သူမရှိရင် ဒုတိယအဆင့်ကို စမ်းသက်မယ်"
လုဝမ်သည် ကိုယ်ပိုင်ဝိညဥ်စွမ်းအားကို စွမ်းအားကို စမ်းသက်နိုင်သော ဝိညဥ်ကျောက်တုံးကို စင်ပေါ်မှာတွင်ပဲ ထုတ်လိုက်သည်။
"မင်းတို့ထဲက ဘယ်သူအရင်စထိုးမလဲ "
ထိုအခါချူးယွမ်သည် ရှစ်ယောက်ထဲမှ ရှေ့ကိုထွက်လာကာ "ချူးယွမ် အရင်ဆုံးစလိုက်ပါ့မယ်....အကြီးအကဲလုဝမ်"
ချူးယွမ်သည် တိမ်လွှာမြို့တွင် ချောင်ဖုန်းကို ကာကွယ်ပေးခဲ့သောမိန်းကလေးပင်ဖြစ်သည်။ချူးယွမ်သည် သူရဲ့ချီစွမ်းအင်များကို လည်ပတ်လိုက်ပြီး လက်သီးမှာစုစည်းလိုက်သည်။
ထို့နောက် အရှိန်ပြင်းစွာဖြင့် ဝိညဥ်ကျောက်တုံးကို ထိုးလိုက်သည်။
ထိုအခါ ဝိညဥ်ကျောက်တုံးရဲ့အမှတ်သည် သုညအမှတ်မှခုနှစ်ဆယ်ထိတက်လာပြီး ခြောက်ဆယ့်ငါးကို ပြန်ကျကာ ရပ်တန့်သွားသည်။
ထိုအခါ ကြည့်နေသောအကြီးအကဲများသည် "မဆိုးဘူး....မဆိုးဘူး" ဟုပြောလိုက်ကြသည်။ချူးယွင်သည် သူ့အမှတ်ကို သေချာကြည့်လိုက်ပြီး လုဝမ်အနားမှာ ရပ်နေလိုက်သည်။ထို့နောက် ဖုန်းယွီသည် ရှေ့ကို ထွက်လာကာ သူ့ရဲ့စွမ်းအင်များကို စုစည်းလိုက်သည်။
ထိုအခါကြည့်နေသော ဂိုဏ်းသားများက ဖုန်းယွီကို ကြည့်ကာချီးကျူးနေလိုက်ကြသည်။
"စီနီယာကဖုန်းယွီက....... စီနီယာအမချူးယွင် ထက်သာမှာ သေချာတယ်"
ထို့နောက် ဖုန်းယွီသည် ပြင်းထန်သော ကိုယ်ပိုင်လက်သီစွမ်းအားဖြင့်ထိုးချလိုက်သည်။ထိုအခါ ဝိညဥ်ကျောက်တုံးရဲ့ အမှတ်သည် သုညမှ ခုနှစ်ဆယ်ထိရောက်ရှိသွားသည်။
"စီနီယာအမဖုန်းယွီက တကယ်တော်တာပဲ......"
ဖုန်းယွီပြီးတဲ့နောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဝိညဥ်ကျောက်တုံးဆက်လက်ထိုးလေသည်။ထိုလူတွေရဲ့ အမှတ်ကတော ခြောက်ဆယ်နှင့်ခြောက်ဆယ့်ငါးမှတ်အကျော်သာ ရရှိကြသည်။
ထိုလူတွေသည်လည်း လုဝမ်အနားမှာ သွားရပ်နေကြ၏။ နောက်ဆုံးမှာတော့ ရွီးယန်းနှင့်ချောင်ဖုန်းသာ ကျန်ရှိလေသည်။
ရွီးယန်းသည် ချောင်ဖုန်းရဲ့ဘေးမှ ရှေ့သို့တက်သွားပြီး ချောင်ဖုန်းအားပြောလိုက်သည်။
"မင်းနဲ့ငါရဲ့ကြားက ကွာခြားချက်ကို မင်းသိအောင်ငါသေချာပြပေးမယ်"
ရွီးယန်းသည် သူရဲ့စွမ်းအားများကို လက်သီးထိပ်မှာ စုစည်းလိုက်သည် ။ထိုအချိန်မှာ သူရဲ့စွမ်းအားအရှိန်အဝါကြောင့်ခြေထောက်အောက်က ကျောက်သားကြီးပင်လှုပ်နေလေသည်။
ချောင်ဖုန်းသည် ရွီးယန်းကို ကြည့်၍ ပြောလိုက်သည်။
"ဂိုဏ်းရဲ့နံပါတ်တစ်ပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ် ၊ ဆိုးတာက မင်းငါ့ကိုမမှီသေးဘူး"
ရွီးယန်းသည် ချောင်ဖုန်းပြောတာကို မကြားဘဲ သူ့အာရုံနဲ့သူရှိနေခဲ့သည်။ ထို့နောက် ကိုယ်ပိုင်စွမ်းအားဖြင့် ဝိညဥ်ကျောက်တုံးကို ထိုးချလိုက်သည်။ထိုအခါ ဝိညဥ်ကျောက်တုံးအမှတ်သည် ခုနှစ်ဆယ့်ငါးအမှတ်တွင်လင်းထိန်သွားလေသည်။
အကြီးအကဲအားလုံးသည် ရွီးယန်ရဲ့ စွမ်းအားကို ကြည့်ကာ ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိသွားမှန်းသိလိုက်ကြသည်။
"ဒီကောင်လေးက တကယ်ပဲကြိုးစားတာပဲ ၊ ကြည့်ရတာနောက်နှစ်အနည်းငယ်အတွင်း ငါ့တို့ကို ကျော်တက်သွားမယ်ထင်တယ်"
ရွီးယန်းသည် ဘဝင်မြင့်နေသောပုံဖြင့် လုဝမ်ရဲ့နားမှာ သွားရပ်နေလိုက်သည်။လုဝမ်သည် ချောင်ဖုန်းသာ ကျန်ရှိတဲ့အတွက်တိုက်ခိုက်ဖို့ပြောလိုက်သည်။
"ကောင်လေး.......မင်းအလှည့်ရောက်ပြီး ၊ ငါတို့ကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့.....အကြီးအကဲ"
ချောင်ဖုန်းသည် လုဝမ်ကို အရိုအသေပြုလုပ်ပြီး မျက်လုံးနှစ်ဖက်ကို စုံမှိတ်ကာ ကိုယ်ပိုင်စွမ်းအားကို လက်သီးထိပ်တွင် စုစည်း လိုက်လေသည်။
ထို့နောက် အရှိန်ပြင်းစွာဖြင့် အားလုံးရှေ့တွင်ထိုးချလိုက်လေသည်။
"ရှစ်ဆယ့်ငါး......ဘာ ရှစ်ဆယ့်ငါးဟုတ်လား "
ရွီးယန်းအပါအဝင်အားလုံးသည် ချောင်ဖုန်းရဲ့ ကိုယ်ပိုင်စွမ်းအားကို ကြောက်လန့်သွားကြလေသည်။