chapter(47)
Vol. 4 Ch. 47
အသန့်စင်ဆုံးစနစ် အခန်း(47)
ချောင်ဖုန်းသည် တည်ငြိမ်စွာနဲ့ပဲ လမ်းလျှောက်ကာ လုဝမ်နားမှာ ရပ်နေလိုက်သည်။အကြီးအကဲရှုဟွမ်သည် တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။
"ငါတို့ယန်အစီအရင်ဂိုဏ်းရဲ့ ပါရမီရှင်ထက်ကျော်လွှားနိုင်တဲ့လူကို အထွပ်အမြတ်ရတနာဂိုဏ်းက အမှိုက်ဆိုပြီး စွန့်ပစ်လိုက်တာ
သူတို့သာ ခုအခြေအနေကို သိရင် ဘယ်လိုဖြစ်နေမလဲ သိချင်လိုက်တာ..... ဟီးဟီး"
"ဟုတ်တယ်..... ဒီချောင်ဖုန်းက ဘုရင်နယ်ပယ်ရဲ့အလယ်အလတ်အဆင့်ကို ရောက်ရှိနေရုံမကဘူး မကြာခင်ဘုရင်နယ်ပယ်အထွဋ်အထိပ်ကို ရောက်တော့မယ်ထင်တယ်"
လုဝမ်သည် သူတို့ဝိညဥ်ကျောက်တိုင်၏အမှတ်စွမ်းအားအမြင့်ဆုံး ငါးယောက်ကို ခွဲထုတ်လုပ်သည်။ထိုလူတွေကတော့ ချောင်ဖုန်း ၊ ရွီးယန်း ၊ ဖုန်းယွီ ၊ ချူးယွမ် နှင့် မူးကူးတို့ပင်ဖြစ်သည်။
လုဝမ်သည် ကျန်သုံးယောက်အား မေးမြန်းလိုက်သည်။
"မင်းတို့သုံးယောက်ကလဲ မကျေနပ်တဲ့လူရှိရင် စိန်ခေါ်နိုင်တယ်"
ထိုအခါသူတို့သုံးယောက်သည်လဲ ဘုရင်နယ်ပယ်အစောပိုင်းအဆင့်ရောက်ရှိနေသည့်အတွက် ကိုယ်ပိုင်ဝိညဥ်စွမ်းအားကို ဂရုမစိုက်ဘဲ စိန်ခေါ်လိုက်သည်။
"တပည့်ရှောင်းနိုင်......ချောင်ဖုန်းနဲ့ယှဥ်ပြိုင်ချင်ပါတယ်"
ထိုအခါ လုဝမ်သည် ဝိညဥ်ကျောက်တုံးကို ပြန်သိမ်းထည့်လိုက်ပြီး ကျန်ခြောက်ယောက်နှင့် စင်အောက်ကို ဆင်းလာလိုက်သည်၏
စင်ပေါ်တွင် ရှောင်းနိုင်နဲ့ချောင်ဖုန်းသည် အချင်းချင်း နှုတ်ဆက်လိုက်ပြီး စတင်တိုက်ခိုက်လေသည်။
ရှောင်းနိုင်သည် သူ့ရဲ့ဓားကို ထုတ်ကာ ချောင်ဖုန်းအား ဝင်ခုတ်လိုက်သည်။ထိုအခါ ရှောင်ဖုန်းကလဲ သူ့ရဲ့ဓားကို ထုတ်ကာ ရှောင်းနိုင်ရဲ့ ဓားကို ခုခံလိုက်သည်။ ထို့နောက် ရှောင်းနိုင်သည် ခြေထောက်တွင် ခရမ်းရောင်စွမ်းအင်များထွက်လာပြီး"ပန်ယွီခြေထောက်ပြင်းကန်ချက်ကျင့်စဥ်....." ဟု ပြောကာ ချောင်ဖုန်းအားကန်ချလိုက်သည်။
ချောင်ဖုန်းသည် ကျွမ်းထိုးကာ ရှောင်းနိုင်ရဲ့ ခြေသိုင်းကွက်ကို အလွယ်တကူပြီးရှောင်လိုက်သည်။ထို့နောက် ရှောင်းနိုင်သည် သူ့လက်များကို ချိုးလိုက်ပြီး "မင်းနဲ့ကစားရတာပျင်းသွားပြီး.....ငါတကယ်တိုက်တော့မှာမလို့ မင်းရဲ့အစွမ်းထက်ဆုံး တိုက်ကွက်ကို ထုတ်ဖို့ လိုအပ်မယ်ထင်တယ်" ဟု ပြောလိုက်သည်။
ချောင်ဖုန်းကတော့ ဂရုမစိုက်သည့်ဟန်ဖြင့် "ဆရာတူအကိုသင်ပြပါအုံး.... " ဟု ပြောလိုက်သည်။ထိုအခါ ရှောင်းနိုင်သည် သူ့ရဲ့ဓားကို ကြောက်နက်ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်သည်။ ထိုအခါ ချောင်ဖုန်းကလဲ သူ့ဓားကို နဂါးဝိညဥ်စွမ်းအားကို အသက်သွင်းလိုက်သည်။
ရှောင်းနိုင်သည် လေပေါ်သို့ခုန်တက်လိုက်ပြီး သူ့ရဲ့ဓားကို ကိုင်ကာ ဓားဖြင့်ကျင့်စဥ်တစ်ခုကို ပုံဖော်လိုက်သည်။ထိုအခါ ရှောင်းနိုင်၏ နောက်တွင် ကျားသစ်နက်ပုံစံဝိညဥ်စွမ်းအင်ကြီးသည် ပေါ်ထွက်လာခဲ့သည်။ချောင်ဖုန်းသည် ရွီးယန်းရဲ့အကျွမ်းကျင်ဆုံးဖြစ်သည့် နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ကိုသာ ပုံဖော်လိုက်သည်။
ရွီးယန်းသည် ချောင်ဖုန်းထုတ်လိုက်သော ကျင့်စဥ်မှာ သူကြိုးစားလေ့ကျင့်နေကြဖြစ်သော ကျင့်စဥ်တစ်ခုဖြစ်ပြီး ချောင်ဖုန်းထုတ်လိုက်သော ဧရာမဓားဝိညဥ်စွမ်းအင်ကြီးက သူ့ထက်အဆမတန်သန်မာနေသောကြောင့် ချောင်ဖုန်းအား ကြောက်လန့်သွားသည်။
ချောင်ဖုန်းသည် ခံစားချက်မဲ့သေခြင်းတရားအစီအရင်ကျင့်စဥ်သာအသုံးပြုလိုက်မယ်ဆိုရင် ရှောင်းနိုင်မှာ အစအနပင်ပျောက်သွားမည်ဖြစ်သည်။ထို့ကြောင့် နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ကိုသာအသုံးပြုလိုက်ခြင်းဖြစ်သည်။
ထိုအခါ ကျားသစ်နက် ဝိညဥ်စွမ်းအားနဲ့ဧရာမဓားဝိညဥ်စွမ်းအင်သို့ ထိပ်တိုက်ဆုံသော အခါ ကျားသစ်နက်ဝိညဥ်စွမ်းအင်သည် ဧရာမဓားဝိညဥ်ကြီးကြောင့် ထက်ခြမ်းကွဲကာ ပျောက်ကွယ်သွားခဲ့သည်။
ရှောင်းနိုင်သည် အခြေအနေကို ကြည့်ပြီး ခေါင်းငုံကာ အရှုံးပေးလိုက်သည်။
"ငါအရှုံးပေးတယ်......"
ထိုအခါ ဆူဆူညံညံအသံများထွက်ပေါ်လာလေသည်။
"စီနီယာအကိုရှောင်းနိုင်က တကယ်ကြီး အရှုံးပေးလိုက်တာလား "
"ဟုတ်တယ်.....ယုံတောင်မယုံနိုင်ဘူး "
လုဝမ်သည် "ချောင်ဖုန်း.....အနိုင်ရရှိတယ်"ဟု ပြောကာ စိန်ခေါ်မယ့်သူရှိသေးလားမေးမြန်းလိုက်သည်။ဒီတစ်ခါမှတော့ အသံထွက်မယ့်သူမရှိတာကြောင့် ဂိုဏ်းရဲ့ပါရမီငါးယောက်ကို ရွေးချယ်လိုက်သည်။
"ချောင်ဖုန်း ၊ ရွီးယန်း ၊ ဖုန်းယွီ ၊ ချူးယွမ်း ၊ မူးကူး..........မင်းတို့ငါးယောက်က သန့်စင်နယ်မြေက ယှဥ်ပြိုင်ပွဲမှာ ငါတို့ယန်အစီအရင်ဂိုဏ်းရဲ့ ကိုယ်စားလှယ်ငါးယောက်အနေနဲ့ဝင်ပြိုင်ရမယ်"
ထို့နောက် လုဝမ်သည် သူတို့အားလုံးကို အမိန့်ပြားတစ်ခုစီပေးလိုက်ကာ "ဒါက သန့်စင်နယ်မြေကို ဝင်ခွင့်အမိန့်ပြားပဲ ၊ ဒီအမိန့်ပြားပျောက်ရင် မင်းတို့ဝင်ပြိုင်လို့ ရမှာမဟုတ်တော့ဘူး "ဟုပြောလိုက်သည်။
ထိုအခါ အားလုံးသည် ထိုသံအမိန့်ပြားကို သိုလှောင်းကွင်းလက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ကြသည်။ထို့နောက်လုဝမ်သည် ဆေးပုလင်းတစ်ပုလင်းစီဆက်ထုတ်ပေးလိုက်သည်။
"မင်းတို့ငါးယောက်လုံး.......လေ့ကျင့်ဖို့ တစ်ပတ်အချိန်ရမယ် ၊ အဲ့ဒီအတွက် လေ့ကျင့်ဆောင်မှာ သွားလေ့ကျင့်နိုင်တယ်"
ထို့နောက် လူအုပ်စုကြီးသည် ခွဲသွားပြီး ချောင်ဖုန်းတို့ငါးယောက်ကတော့ လေ့ကျင့်ဆောင်ကို ဦးတည်လိုက်သည်။လေ့ကျင့်ဆောင်တွင် လက်ထောက်ရေးမှူးက ချောင်ဖုန်းတို့လိုချင်သည့် အခန်းသော့များကို ပေးလိုက်သည်။
ချောင်ဖုန်းသည် အခန်းငါးကို ရွေးချယ်လိုက်ပြီး သော့ဖွင့်ကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။ချောင်ဖုန်းသည် အခန်းထဲရောက်သည့်အခါ ထိုအခန်းရဲ့ ချီစွမ်းအားများသည် အခန်းခြောက်ထက် ပို၍ အားကောင်းပြီး ဖိအားရှိနေသလိုပင် ခံစားလိုက်ရသည်။
ချောင်ဖုန်းသည် လုဝမ်ပေးသည် ဆေးပုလင်းကို ထုတ်လိုက်ကာ ကြည့်လိုက်သည်။ထိုဆေးလုံးသည် သိုင်းအဆင့်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ဖော်စပ်ထားပြီး ထိုဆေးလုံးကို ပိုင်တျန်ဆေးလုံးဟု ခေါ်သည်။ချောင်ဖုန်းသည် သူ့လက်ထဲရှိပိုင်တျန်ဆေးလုံးသည်
အရည်အသွေးညံသော ဆေးလုံးမျိူးပင်ဖြစ်သည်။
ချောင်ဖုန်းသည် ဆေးလုံးအားလုံးကို ထုတ်လိုက်ကာ သန့်စင်ပစ်လိုက်သည်။
"ပိုင်တျန်ဆေးအားလုံးကို သန့်စင်မယ်"
ထိုအခါပိုင်တျန်ဆေးအားလုံးသည် မူလထက် ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကောင်းမွန်လာခဲ့သည်။ ချောင်ဖုန်းသည် ပိုင်တျန်ဆေးလုံးကို ကိုင်ကြည့်လိုက်ပြီး "ဒီပိုင်တျန်ဆေးလုံးက မူလထက်ရှစ်ဆယ်ရာခိုင်နှုန်းထိပဲ ကောင်းမွန်လာတာပဲ" လို့ ခေါင်းခါ၍ ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် ဆေးလုံးကို မျိူချကာ ဆေးလုံးထဲမှ စွမ်းအားများကို စုပ်ယူကာ စတင်ကျင့်ကြံလိုက်သည်။တစ်ခြားလေးယောက်ကလဲ တစ်ခြားအခန်းများတွင် စတင်၍ ကျင့်ကြံနေကြပြီဖြစ်သည်။
လေးရက်မြောက်နေ့မှာတော့ ချောင်ဖုန်းသည် "ချိူးဖောက်စမ်......" ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်သည် အဝါရောင်များလင်းထိန်သွားပြီး ဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိသွားခဲ့သည်။
ချောင်ဖုန်းသည် မျက်လုံးနှစ်ဖက်ပွင့်လာပြီး လေ့ကျင့်သော နေရာမှာပင် လှဲချလိုက်သည်။
"ဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိသွားပြီဆိုတော့ ငါဒီအတောအတွင်းမှာ ဧကရာဇ်နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်တော့မှာမဟုတ်ဘူး အဲ့ဒီအတွက် ကျန်တဲ့ရက်တွေကို ကျင့်စဥ်တွေပဲ လေ့ကျင့်ရမယ် "
ချောင်ဖုန်းသည် နဝမအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်နေသည့်အတွက် စိတ်ဝိညဥ်စွမ်းအင်ကို တိုက်ခိုက်တဲ့နေရာမှာလဲ အသုံးပြုနိုင်ပြီဖြစ်သည်။ချောင်ဖုန်းသည် သူ့ရဲ့စိတ်ဝိညဥ်စွမ်းအားကို ထုတ်လိုက်တဲ့အခါ ယခုအခါမှာ ချောင်ဖုန်းသည် ဝိညဥ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်လာလေသည်။
"ဒါငါရဲ့စိတ်ဝိညဥ်စွမ်းအားက ဒီအဆင့်ထိရောက်ရှိသွားတာလား......"
ချောင်ဖုန်းသည် ဝိညဥ်ခန္ဓာကိုယ်ကြီးဖြင့် တံခါးအပြင်ကို အလွယ်တကူထိုးဖောက်၍ သွားကြည့်လိုက်သည်။ထို့နောက် သူ့ဘေးရှိအခန်းထဲကိုလဲ ဝင်သွားခဲ့တဲ့အခါ ရွီးယန်းသည် ဓားတစ်ချောင်းကိုင်ကာ လေ့ကျင့်နေတာကို တွေ့လိုက်ရသည်။
ရွီးယန်းသည် လေ့ကျင့်နေတာကို ရပ်လိုက်ပြီး "ငါ့ကိုတစ်ယောက်ယောက်ကြည့်နေသလို ဘာလို့ခံစားရတာလဲ ၊ ငါစိတ်များထင်နေတာလား...." တွေးမိသွားသည်။ချောင်ဖုန်းသည် အမှားဖြစ်မည်စိုးရိမ်၍ သူရဲ့စိတ်ဝိညဥ်စွမ်းအားကို ယုတ်သိမ်းလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် ဓားငါးချောင်းထုတ်ကာ သေခြင်းတရားစေတမန်အစီအရင်ကျင့်စဥ်ကို လေ့ကျင့်လိုက်လေသည်။
တဖြည်းဖြည်းနဲ့ အချိန်သည် ခုနှစ်ရက်ဆိုသည့်အချိန်သည် ခဏလေးအတွင်းပဲ ကုန်ဆုံးသွားခဲ့သည်။ လေ့ကျင့်ဆောင်ထဲမှ လူငါးယောက်သည်လည်း စီမံခန့်ခွဲရေးဌာနကို လှမ်းလာကြလေသည်။
စီမံခန့်ခွဲရေးအခန်းထဲတွင် အကြီးအကဲဟုန်နှင့်အတူ တခြားအကြီးအကဲတွေလဲရှိနေခဲ့သည်။သူတို့အားလုံးသည် ချောင်ဖုန်းတို့၁အလာကို စောင့်နေခဲ့ပြီး စိတ်များလဲ လှုပ်ရှားနေခဲ့သည်။ခဏအကြာမှာတော့ ငါးယောက်သည် ရောက်ရှိလာကာ ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ......အကြီးအကဲတို့"
ထိုအခါ အကြီးအကဲအားလုံးသည် ချောင်ဖုန်းတို့ရှိမှ နဂိုထက် စွမ်းအင်များတိုးတက်မိတာကို ခံစားလိုက်ရသည်။
"မင်းတို့အားလုံးထွက်ခွာကြဖို့ အဆင်သင့်ဖြစ်ပြီလား"
ချောင်ဖုန်းတို့လဲ အဆင်သင့်ဖြစ်နေတာကြောင့် အားလုံးသည် ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ မိုစီသည် ချောင်ဖုန်းတို့ငါးယောက်နောက်မှ ထွက်လာခဲ့သည်။
"မင်းတို့အားလုံးငါ့နောက်လိုက်ခဲ့ပါ......."
မိုစီသည် စီမံခန့်ခွဲရေးဌန၏ အခန်းတစ်ခန်းပေါက်အတွင်းကို ငါးယောက်လုံးကို ခေါ်သွားခဲ့သည်။ချောင်ဖုန်းတို့အားလုံးသည် မိုစီခေါ်သည့် နောက်ကို လိုက်သွားတဲ့အခါ မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ထိုအရာကတော့အစီအရင် ဒိုင်ဗားရှင်းတစ်ခုကို တွေ့ရှိလိုက်ခြင်းကြောင့်ဖြစ်သည်။ဒိုင်ဗားရှင်းဆိုတာ ရောက်ရှိနေသောနေရာကနေ အဝေးတစ်နေရာကို ပို့ဆောင်ပေးနိုင်သော အရာတစ်ခုဖြစ်သည်။
ချောင်ဖုန်းတို့သည် နေရာကျယ်ပြန့်သောစက်ဝိုင်းအကြီးကြီးတစ်ခုခုကို တွေ့လိုက်ရသည်။
ထို့နောက်မိုစီသည် ဒိုင်ဗားရှင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဒီဒိုင်ဗားရှင်းကို တည်ဆောက်ဖို့ဂိုဏ်းကအရင်းအမြစ်များစွာရှာပြီး မဖြစ်ဖြစ်အောင်ဖန်တီးထားတာပဲ"
ထို့နောက်မိုစီသည် သူလက်ချောင်းများကို လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည့်အခါ စက်ဝိုင်းကြီးသည် လည်ပတ်သွားပြီး အလယ်မှ အဝါရောင်အလင်းတန်းကြီးသည် ကောင်းကင်ယံကို ထိုးတက်သွားလေသည်။