chapter (48)
Vol. 4 Ch. 48
အသန့်စင်ဆုံးစနစ် အခန်း(48)
ထိုနောက်မိုစီသည် သူနဲ့အတူ အဝါရောင်အလင်းတန်းထဲခုန်ဝင်ဖို့ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းတို့ကလဲ ထိုအဝါရောင်အလင်းတန်းထဲသို့ ခုန်ဝင်သွားကာ စက္ကန့်ပိုင်းအတွင်းမှာ ကုန်းမြေဘက် တစ်ခုကို ရောက်ရှိသွားခဲ့သည်။
မိုစီသည် သူ့လက်ချောင်းများကိုပြန်လှုပ်ရှားလိုက်သည့်အခါ မြေကြီးထဲမှ အပေါ်သို့ သုံးပေခန့်ထွက်နေသော ကျောက်သားစက်ဝိုင်းကြီးသည် မြေကြီးထဲသို့ပြန်ဝင်သွားခဲ့သည်။
မိုစီသည် သူ့ရဲ့ဝိညဥ်လှေကိုထုတ်ကာ အားလုံးကို တက်ခိုင်းလိုက်သည်။ထို့နောက် အားလုံးသည် ဝိညဥ်လှေနဲ့အတူ ခရီးစထွက်လို့လာခဲ့သည်။လမ်းတစ်လျှောက်လုံးတွင်မြူမှုန်များစွာရှိနေပြီး နှင်းပွင့်လေးတွေကလဲ ကျနေခဲ့သည်။
နာရီအနည်းငယ်ကြာ ပျံသန်းပြီးတဲ့အခါမှတော့ ချောင်ဖုန်းတို့စီးလာသော ဝိညဥ်လှေကြီးထက် အဆမတန်ကြီးမားတဲ့ ဝိညဥ်လှေကြီးတစ်ခုသည် ချောင်ဖုန်းတို့ ဝိညဥ်လှေ အနားကို ရောက်ရှိလာခဲ့သည်။ထို့နောက် ထိုဝိညဥ်လှေပေါ်မှ ဆံပင်ဖြူနေသော အဖိုးအိုတစ်ယောက်သည် မိုစီကို ဖိတ်ခေါ်လိုက်သည်။
"မိုစီ.........ငါမင်းတို့ကိုစောင့်နေတာကြာပြီ ၊ ခုချိန်ဆို သူများတွေငါတို့ထက်စောစောရောက်နေလောက်ပြီထင်တယ်"
ထိုအခါ မိုစီသည် သူ့ဝိညဥ်ကို ထိုဧရာမဝိညဥ်လှေအပေါ်ကို သက်ဆိုင်းလိုက်ပြီး "ကျောက်ဂျန်း........ခင်ဗျားကအပိုတွေသိပ်ပြောတာပဲ" လို့ ပြောလိုက်သည်။ချောင်ဖုန်းတို့သည် ဧရာမဝိညဥ်လှေအပေါ်ရောက်ရှိသွားပြီး မိုစီအနားမှာ ရှိနေခဲ့သည်။
မိုစီသည် ကျောက်ဂျန်းကို အားလုံးသိအောင်မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါတို့ယန်အစီအရင်ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ပဲ ၊
သူ့နာမည်က ကျောက်ဂျန်းလို့ ခေါ်ပြီး အများစုကတော့ သူ့ကို
လူသတ်ဘုရင်လို့ခေါ်ကြတယ်"
ချောင်ဖုန်းတို့သည် အတူတူနှုတ်ဆက်လိုက်ကြသည်။
"တွေ့ရတာဝမ်းသာပါတယ်.......အကြီးအကဲကျောက်ဂျန်း"
"ငါလဲမင်းတို့နဲ့တွေ့ရလို့ဝမ်းသာပါတယ်"
ထို့နောက် ကျောက်ဂန်းသည် ဧရာမဝိညဥ်လှေကြီး၏ ထိုင်လို့ရသောအခန်းများစီကို ခေါ်သွားခဲ့သည်။ထိုနေရာကို ရောက်ရှိသည့်အခါ ဇာပုဝါလေးများဖြင့် အုပ်ထားသောမိန်းမပျိုငယ်လေးများသည် အခန်းငယ်များကို သန့်ရှင်းရေးလုပ်ပေးနေကြသည်။
မိန်းမပျိုငယ်လေးများသည် ကျောက်ဂျန်းကို တွေသည့်အခါ ခေါင်းငုံ၍ အရိုအသေပြုကာ ထသွားကြလေသည်။
ကျောက်ဂျန်းသည် အခန်းငယ်လေးမှာ ချောင်ဖုန်းတို့အားထိုင်ခိုင်းစေလိုက်သည်။
"ဒီကနေ သန့်စင်နယ်မြေကို ရောက်ဖို့ အချိန်အနည်းငယ်လိုသေးတယ် ၊ မိုစီ.......မင်းတပည့်တွေက ဒီတစ်ခေါက်မဆိုးဘူးပဲပြောရမယ် "
ကျောက်ဂျန်းသည် သူပြောချင်ရာပြောပြီးနောက် ထိုနေရာမှ ထွက်၍ သွားခဲ့သည်။ချောင်ဖုန်းသည် ထိုင်လိုက်ပြီး အေးအေးဆေးဆေးနောက်ကို မှီလိုက်သည်။ဧရာမဝိညဥ်လှေကြီးသည် အတောင်ပံလေးခုဖြင့် ပျံသန်းလာကာ တောင်ထိပ်တစ်ခုကို မကြာခင်ရောက်ရှိတော့မည်။
ထိုတောင်ထိပ်ကို သန့်စင်နယ်မြေဟုခေါ်ပြီး တစ်ချိန်ကတော့ နတ်ဆိုးများကို အစုလိုက်အပြုံလိုက် သတ်ခံရသော နေရာတစ်ခုပင်လဲ ဖြစ်သည်။မြူမှုန်များထူထပ်စွာရှိပြီး ရှင်းလင်သော နေရာကွင်းပြင်တစ်ခုလို ဖြစ်နေတာကြောင့် ရှေးခေတ်ဂိုဏ်းဘိုးဘေးများက တိုက်ခိုက်ဖို့ နေရာများအဖြစ်ပြုလုပ်ခဲ့ကြသည်။
ကျောက်ဂျန်းသည် နာရီအနည်းငယ်ကြာတဲ့အခါမှတော့ ချောင်ဖုန်းတို့နေသော နေရာကို ရောက်လာ၍ "မိုစီ......သူတို့ငါးယောက်ခေါ်ပြီး ငါ့နောက်လိုက်ခဲ့" ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းတို့ငါးယောက်သည် မိုစီနဲ့အတူ ကျောက်ဂျန်းနောက်ကို လိုက်သွားခဲ့သည်။ကျောက်ဂျန်းသည် ဝိညဥ်လှေပေါ်မှ ခုန်ဆင်းလိုက်တဲ့အခါ အားလုံးသည် နောက်ကလိုက်ပါလာခဲ့သည်။
မိုစီသည် သက်ပြင်းတစ်ချက်ချကာ "ဘာလိုလိုနဲ့ ဒီသန့်စင်နယ်မြေကို ထပ်ရောက်လာရပြီပဲ " လို့ပြောလိုက်သည်။
ကျောက်ဂျန်းသည် ချောင်ဖုန်းတို့ငါးယောက်ကို အသေအချာကြည့်ကာ ပြောလိုက်သည်။
"သန့်စင်နယ်မြေရဲ့ပြိုင်ပွဲက မကြာခင်စတင်တော့မှာ ဖြစ်တဲ့အတွက် မင်းတို့သိသင့်တာတစ်ချို့ငါပြောပြမယ်၊
သန့်စင်နယ်မြေရဲ့ပြိုင်ပွဲကို ဂိုဏ်းပေါင်းနှစ်ဆယ့်ငါးဂိုဏ်းက ယှဥ်ပြိုင်တာဖြစ်ပြီး တစ်ဂိုဏ်းမှ ငါးယောက်ထွက်ခွင့်ရှိတယ်၊
ယှဥ်ပြိုင်ပွဲမှာ မိစ္ဆာအတက်ပညာနဲ့တားမြစ်ဆေးလုံးတွေကိုသုံးခွင့်ရမရှိဘူး၊နောက်ပြီး အဆောင်အစီအရင်စာရွက်တွေရောပဲ ၊ ပြိုင်ပွဲစည်းကမ်းချက်တွေကို မလိုက်နာတဲ့ဂိုဏ်းသားကို သန့်စင်နယ်မြေရဲ့ မြေအောက်ခန်းအချုပ်ထောင်ထဲမှာ အနှစ်ငါးဆယ်တိတိအပြစ်ပေးခံရမယ် ၊ငါပြောတာမင်းတို့နားလည်ကြလား "
"နားလည်ပါတယ်....... အကြီးအကဲ"
ဝိညဥ်လှေကြီးများဖြင့် ဂိုဏ်းတစ်ဂိုဏ်းပြီး ရောက်ရှိလာပြီး
နောက်ဆုံး နှစ်ဆယ့်ငါးဂိုဏ်းလုံး စုံသွားခဲ့သည်။ချောင်ဖုန်းတို့သည် တိုက်ပွဲကွင်းပြင်ကြီးရဲ့ အပြင်ဘက်တွင်ရှိသော နေရာတွင် ယာယီတဲလေးများထိုးကာ ထိုင်နေခဲ့ကြသည်။
ခဏအကြာမှာ ချောင်ဖုန်းသည် ခရမ်းရောင်ဝတ်စုံလေးဝတ်ထားပြီးမျက်နှာကို ပုဝါလေးတပ်ထားသော မိန်းမပျိုလေးကို တွေ့မိတဲ့အခါ ရင်းနှီးသလိုခံစားနေရပြီး ရွယ်ချင်းဟုစိတ်ထဲတွင်ထင်နေလေသည်။တစ်ဖက်က မိန်းမပျိုလေး၏ စိတ်ထဲတွင်လဲ ချောင်ဖုန်းကို မြင်ကာ"မဖြစ်နိုင်ဘူး......ငါသတိရလွန်းလို့ မြင်ယောင်နေတာများလား" ဟု တွေးနေရင်း ထပ်ကြည့်နေမိမှာဆိုးလို့ မျက်နှာကို တခြားတစ်ဖက်လွဲလိုက်သည်။
ထို့နောက်ချောင်ဖုန်းသည် မိန်းမပျို၏ဘေးကိုကြည့်လိုက်သည့်အခါ မသေမျိုးနတ်သမီးဂိုဏ်းမှကျိုးရိဖျင်နှင့်ကျိူးတုယွမ်ဆက်၍ တွေ့သွားခဲ့သည်။
ချောင်ဖုန်းသည် သူတို့ကိုကြည့်ကာ ပြုံးလိုက်ပြီး လက်ချောင်းများကို ချိုးလိုက်ကာ စိတ်ထဲတွင် "မကြာခင်ငါ့အလှည့်ပေါ့ကွာ ဟီးဟီး" ဟု တွေးနေလေသည်။ကျိုးရိဖျင်သည် ချောင်ဖုန်းက သူ့အားကြည့်ပြီး ပြုံးနေတယ်ထင်ကာ ကျိူးတုယွမ်ကို ပြောလိုက်သည်။
"အကိုယွမ်.....ယန်အစီအရင်ဂိုဏ်းကကောင်ဘာလို့ ဒီဘက်ကိုကြည့်ပြီးပြုံးနေရတာလဲ"
ထိုအခါ ကျိူးတုယွမ်သည် ရယ်မောကာဖြင့် ကျိူးရိဖျင်အားပြောလိုက်သည်။
"ညီလေးရိဖျင်.......မင်းကတော်တော်အတာပဲ ငါတို့ရဲ့ဘေးမှာဂျူနီယာညီမလေးတစ်ယောက်လုံးရှိနေတယ်လေ"
ကျိုးရိဖျင်သည် လက်သီးဆုပ်လိုက်ပြီး "ဘာပဲဖြစ်ဖြစ် အဲ့ဒီကောင်ကျွန်တော်နဲ့တွေ့ရင်တော့ မသက်သာစေရဘူး " ဟု ပြောလိုက်သည်။
ထို့နောက်ချောင်ဖုန်းသည် နောက်ထပ်တစ်ဖွဲ့ကို တွေ့သွားခဲ့သည်။ထိုလူကတော့ ဝမ်ရှောက်ရှန်ပင်ဖြစ်သည်။ဝမ်ရှောက်ရှန်သည် အာကွေ့ဂိုဏ်းဟု ခေါ်သော ဂိုဏ်းတစ်ခု၏ ဂိုဏ်းသားဖြစ်မှန်း ချောင်ဖုန်းခုမှ သိရှိသွားခဲ့သည်။
ထိုလူတွေကတော့မဟူရာမြို့ဟောင်းတွင် ချောင်ဖုန်းရဲ့မျက်နှာကို မမြင်ရသည့်အတွက် မမှတ်မိခဲ့ကြချေ။
ထို့နောက်အားလုံးသည် ပြင်းထန်သောအရှိန်အဝါတစ်ခုကို ခံစားကြရလိုက်သည်။
"နတ်နယ်ပယ်အဆင့်ရောက်ရှိနေတဲ့လူတစ်ယောက်ရဲ့ အရှိန်အဝါလား......"
လူတစ်ယောက်သည် လေဟာနယ်အက်ကြောင်းထဲမှ ထွက်ရှိလာခဲ့သည်။သူ့လက်ထဲတွင် လှံတစ်ချောင်းကို ကိုင်ထားကာ သူရှိမှ ပြင်းထန်သောအရှိန်အဝါကို ခံစားနေကြရသည်။
ထိုလူသည် လေပေါ်ကနေ သစ်သားပုံးလေးတစ်ခုကို ကွင်းပြင်ရဲ့အလယ်ကိုချပေးလိုက်သည်။
"အဲ့ပုံးထဲမှာ နံပါတ်တွေရေးထားတဲ့တံဆိပ်ပြားလေးတွေ ရှိတယ် ၊ မင်းတို့ပြိုင်ပွဲဝင်တိုင်းတစ်ယောက်ချင်းစီက ကျပန်းတစ်ခုယူကြပါ"
ထိုအခါ အားလုံးသည် သစ်သားပုံးလေးထဲမှ တစ်ယောက်ချင်းစီ တံဆိပ်ပြားလေးများကို ယူလိုက်ကြသည်။
ချောင်းဖုန်းသည် သူတံဆိပ်ပြားလေးကို ကြည့်လိုက်သည့်အခါ နံပါတ်ခုနှစ်ဆယ့်ခြောက်ကို တွေ့လိုက်ရသည်။လူအားလုံးသည် သူတို့ရဲ့ တံဆိပ်ပြားကို ကြည့်လိုက်ပြီး ကိုင်ထားကြလေသည်။
ထို့နောက်လေထဲက လူသည် သူ့ရဲ့လှံကို ပြိုင်ပွဲစင်ရဲ့အလယ်တည့်တည့်ကို ပစ်ချလိုက်သည်။ထိုအခါ ပြိုင်ပွဲစင်ရဲ့ဘေးပတ်ပတ်လည်သည် အကာအကွယ်အစီအရင် အဝါရောင်တန်းကြီးသည် ထွက်ပေါ်လာလေသည်။
ထိုလူသည် သူ့ရဲ့လှံရှိရာအောက်ကိုဆင်းလိုက်ပြီး မျက်လုံးနှစ်ဖက်မှိတ်ရင်း အားလုံးကြားနိုင်သော စွမ်းအင်လှိုင်းဖြင့်ပြောလိုက်သည်။
"ငါ့ကို မင်းတို့အားလုံးက အဖိုးမင်လို့ ခေါ်နိုင်တယ် ၊
အခုမင်းတို့လက်ထဲမှာ နံပါတ်ကိုယ်စီရသွားပြီဆိုတော့ ငါခေါ်တဲ့လူနှစ်ယောက်က တိုက်ခိုက်ဖို့အဆင့်သင့်ပြင်ထားပါ"
ထို့နောက် အဖိုးမင်သည် သူ့သိုလှောင်ကွင်းထဲမှာ စွမ်းအင်ဖြင့်ပြုလုပ်ထားသော စာရွက်အကြီးကြီးတစ်ခုခုကို အားလုံး၏ ကောင်းကင်ယံအထက် လေပေါ်တွင် ဝဲစေလိုက်သည်။အားလုံးသည် ထိုစာရွက်ကြီးကို ကြည့်လိုက်သည့် ထိုစာရွက်သည် ကျားကွက်ပုံစံတစ်ခုနှင့်တူပြီး တစ်ကနေ တစ်ရာအထိရှိသော အရောင်စုံ ဘောလုံးလေးများကို တွေ့လိုက်ရသည်။
ပြိုင်ပွဲဝင်တွေသည် သူ့ရဲ့ယူလိုက်သောနံပါတ်နဲ့တူသော ဘောလုံးလေးများပေါ်တွင် သူတို့၏ဂိုဏ်းနှင့်နာမည်များကိုပါ တွေ့လိုက်ရသည်။အားလုံးသည် အသစ်ဆန်းမြင်ဖူးတာဖြစ်သဖြင့်စိတ်ဝင်စားနေကြလေသည်။ထို့နောက် အဖိုးမင်သည် မြေပေါ်တွင်စိုက်နေသော သူရဲ့လှံကို ဆွဲနှုတ်လိုက်ပြီး လှံကို လက်မှကိုင်ထား၍ လှံစွမ်းအင်လှိုင်းဖြင့် ကောင်းကင်ပေါ်ထိစာရွှက်ကို တိုက်ခိုက်လိုက်သည်။