← Chapters

Chapter (49)

Vol. 4 Ch. 49

Chapter (49)

Vol. 4 Ch. 49

အသန့်စင်ဆုံးစနစ် အခန်း(49)

အဖိုးမင်တိုက်ခိုက်လိုက်တဲ့အခါ စာရွက်အပေါ်ရှိ ဘောလုံးလေးနှစ်လုံးသည် ကျလာလေသည်။ထိုအခါ နံပါတ်ပိုင်ရှင်များဖြစ်သည့် လျန်ဖုံနှင့် ဝေကျုံသည် အသင့်ဟန်ပြင်လိုက်ပြီး တိုက်ခိုက်သည့်ကွင်းပြင်ထဲသို့ ခုန်ဝင်လိုက်ကြသည်။

ထိုနှစ်ယောက်လုံးသည် ဓားရှည်ကိုင်သော ဘုရင်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားများပင်ဖြစ်ကြသည်။

"စီနီယာအကိုလျန်ဖုံ.....သင်ပြပါအုံး"

ဝေကျုံသည် သူ့ရဲ့ဓားကို ဝိညဥ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီးနောက် လျန်ဖုံကို ပြေးဝင်တိုက်လိုက်သည်။လျန်ဖုံသည်လည်း သူရဲ့ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းကာ ပြေးဝင်လာသော လျန်ဖုံကို ပြန်လည်ခုခံတိုက်ခိုက်လိုက်သည်။

ဝေကျုံနှင် လျန်ဖုံ သည် အနီးကပ်တိုက်ခိုက်ရေးကျင့်စဥ်ကို ကျင့်ကြံထားကြသည့်အတွက် ဓားဖြင့်နှစ်ယောက်သားအပြန်အလှန်အနီးကပ် တိုက်ခိုက်လိုက်ကြသည်။ထို့နောက် နှစ်ယောက်သားသည် ​အနောက်သို့ အတော်ပင်ဆုတ်လိုက်ကြပြီး မြေကြီးကို ဆောင့်ကန်ကာ ကိုယ်ပိုင်စွမ်းအင်လက်သီးဖြင့် နှစ်ယောက်သားထပ်မံယှဥ်ထိုးလိုက်ကြသည်။

ထိုအခါ ဝေကျုံရဲ့ကိုယ်ပိုင်လက်သီးစွမ်းအင်သည် လျန်ဖုံထက်သာလွန်းနေတာကြောင့် လျန်ဖုံရဲ့ လက်မောင်းအရိုးကျိူးကြေသွားကာ

မြေပေါ်မှာ ထိုးကျသွားလေသည်။ထိုအခါ ဝေကျုံသည် သူ့၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး "စိတ်မကောင်းဘူး....... ကျွန်

တော်လက်လွန်သွားပြီ" ဟု လှောင်ပြောင်ပြောလိုက်သည်။

အဖိုးမင်သည် ဒဏ်ရာရသွားသော လျန်ဖုံကို ဂိုဏ်းရဲ့တာဝန်ရှိသူကို ခေါ်ခိုင်းလိုက်ပြီးနောက် "အနိုင်ရရှိသူ......ဝေကျူံ "ဟုအော်လိုက်သည်။ဝေကျုံသည် ပြုံးကာဖြင့် သူ့ရဲ့အဖွဲ့ရှိကို ပြန်သွားလိုက်သည်။အဖိုးမင်သည် သူ့ရဲ့လှံဖြင့် စာရွက်ပေါ်ကို ထပ်မံတိုက်ခိုက်လိုက်သည့်အခါ ဘောလုံးလေးနှစ်လုံးသည် ကျလာပြီး ချင်ယန်နှင့်စုန်ဘိုင်ဟုန်ဟု ခေါ်သော လူနှစ်ယောက်သည် တိုက်ပွဲကွင်းပြင်ထဲကို ခုန်ဆင်းလာလေသည်။

ချင်ယန်သည် သူရဲ့မြှားကို ထုတ်လိုက်ပြီး "ငါနင်နဲ့ဆော့ကစားဖို့........အချိန်မရှိဘူး " ဟု စုန်ဘိုင်ဟုန်ကို ပြောလိုက်သည်။

"တော်တော်မာန်တက်နေတဲ့မိန်းကလေးပဲ ငါစုန်ဘိုင်ဟုန်ကလဲ အဲ့တာမျိုးမှ ကြိုက်တာ"

ချင်ယန်သည် လေပေါ်သို့တက်လိုက်ပြီး "ကမ္ဘာမြေဖြိုနတ်ဘုရားမြှားကျင့်စဥ်" ဟု ပြောလိုက်သည်။ချင်ယန်၏ နောက်တွင်

ကြီးမားသောအဖြူရောင်စက်ဝိုင်းကျင့်စဥ်သည် ဖြစ်ပေါ်လာကာ ချင်ယန်သည် မြှားကြိုးကို ဆွဲကာ စုန်ဘိုင်ဟုန်ကို ပစ်ကာ တိုက်ခိုက်လိုက်သည်။

ထိုအခါ အဖြူရောင်စွမ်းအင်ပုံစံမြှားချွန်များစွာသည် စုန်ဘိုင်ဟုန်စီကိုကျရောက်သွားသည်။စုန်ဘုန်ဟုန်သည် သူလက်ထဲမှ ဓားကောက်အတိုလေးကို လှည့်ကစားလိုက်ပြီး " အဲ့လောက်နဲ့ ငါ့ကို နိုင်မယ်ထင်နေတာလား" ဟု ပြောဆိုကာ ဓားကောက်တိုလေးဖြင့်သူ့ရှိလာနေသော မြှားချောင်းများကိုတိုက်ခိုက်လိုက်သည်။

စုန်ဘိုင်ဟုန်၏ ဓားကောက်တိုသည် မြှားချောင်းလေးများကို တစ်ချက်ထဲနဲ့ဖျက်ဆီးပစ်လိုက်ပြီ သူ့လက်ထဲကို ချက်ချင်းပြန်ရောက်ရှိလာလေသည်။

စုန်ဘိုင်ဟုန်သည် ဇာတ်ကိုလှည့်ချိုးလိုက်ပြီး " နင်စွမ်းအား ဒါအကုန်ပဲလား " ဟု မေးလိုက်သည်။ထိုအခါ ချင်ယန်သည် "ကောင်းပြီလေ.....နင်ကတောင်းဆိုနေမှာတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့ဟု ပြောလိုက်သည်။

ချင်ယန်၏ မြှားသည် ရုတ်တရက်ပုံပြောင်းသွားသည့်ကို သေချာကြည့်နေသောသူများကသာ ရိပ်မိနိုင်မည်။ချင်ယန်ခုနအတိုင်းပင် မြှားချောင်းများဖြင့် စုန်ဘိုင်ဟုန်ကို ပစ်ချလိုက်သည်။

စုန်ဘိုင်ဟုန်သည် ရယ်မောလိုက်ကာ "ဟား...ကြည့်ရတာနင့်က ဒီတစ်ကွက်ထဲပဲ တက်တယ်ထင်တယ်"ဟု ပြောကာ သူ့ရဲ့ဓားကောက်တိုဖြင့်တိုက်ခိုက်လိုက်သည်။သို့သော် ယခုအခါမှတော့ စုန်ဘိုင်ဟုန်သည် မယုံနိုင်ဖြစ်သွားလေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ........"

စုန်ဘိုင်ဟုန်သည် ဒီတစ်ခါမှာတော့ ချင်ယန်၏မြှားချောင်းများကို ဖျက်းဆီးလို့ မရတာကြောင့် "ဓားချောင်းများ၏အရှင်ကျင့်စဥ် " ဟု အော်လိုက်ပြီး သူ့ရဲ့ဓားကောက်တိုကို လေပေါ်တွင် လှည့်ပတ်စေလိုက်သည်။

ထို့နောက် သူ့အနီးကပ်ကို ရောက်ရှိနေပြီဖြစ်သော ချင်ယန်၏ မြှားချောင်းများကို တိုက်ခိုက်လိုက်သည်။သို့သော် သူမထင်ထားသည်က ထိုချိန်မှာ ချင်ယန်သည် သူ့နောက်ကို ရောက်ရှိလာပြီး မြှားတစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

"ရှင်ရှုံးသွားပြီ........"

အဖိုးမင်သည် လက်နောက်ပစ်ကာ "အနိုင်ရရှိသူ ချင်ယန်" ဟုပြောလိုက်သည်။ထိုအခါ မြေပြင်ပေါ်တွင်သယတိလစ်သွားသော စုန်ဘိုင်ဟုန်ကို သူတို့ဂိုဏ်းရဲ့အကြီးအကဲကခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် လူတော်တော်များတိုက်ခိုက်ပြီးတဲ့အခါ စာရွက်ပေါ်တွင်လဲ ဘောလုံးအနည်းငယ်တာ ကျန်တော့သည်။

အဖိုးပေသည် နောက်ထပ်တစ်ခါစာရွက်ကို တိုက်ခိုက်လိုက်သည့်အခါ ဘောလုံးနှစ်လုံးသည် ကျလာသည်။ထိုနှစ်ယောက်ကတော့

ချင်းရွယ်နှင့်ထန်ဝီပင် ဖြစ်သည်။ချင်းရွယ်နှင့်ထန်ဝီသည် ပြိုင်ပွဲစင်ထဲသို့ တိုက်ခိုက်ဖို့ ဝင်လိုက်ကြသည်။

ချောင်ဖုန်းသည် ထိုအခါမှသာ ရွယ်ချင်းကျိန်းသေမှန်းသိသွားလေသည်။

"သူကတကယ်ပဲ........ ညီမလေးရွယ်ချင်းပဲ ၊ ကြည့်ရတာ သူ့ရဲ့အရည်အချင်းက ငါထင်ထားတာထက် ပိုတာပဲ"

ကျိုးရိဖျင်သည် ရွယ်ချင်းကို ကြည့်ပြီး ပြုံးနေသော ချောင်ဖုန်းအားဒေါသထွက်နေသည်။ထို့နောက်စိတ်ထဲတွင်လဲ " မင်းငါနဲ့မတွေ့စေနဲ့ မဟုတ်လို့ကတော့.......မင်းကံကောင်းမယ်မထင်နဲ့တော့" ဟု တွေးနေခဲ့သည်။

ထန်ဝီသည် ပြိုင်ပွဲစင်ရောက်တာနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည် ။ထန်ဝီသည် ဓားရှည်နှစ်လက်ကိုင်သော တိုက်ခိုက်ရေးသမားဖြစ်ပြီး သူ့ကိုယ်သူလဲ ယုံကြည်ချက်အပြည့်ဖြင့် ရွယ်ချင်းကို အနိုင်ယူနိုင်ဖို့ ဆုံးဖြတ်ထားသည်။

ရွယ်ချင်းသည် သူ့ရဲ့ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းကာ သူ့၏ ခန္ဓာကိုယ်အားလှည့်ပတ်စေလိုက်သည်။ထို့နောက်ရွယ်ချင်းသည် သူ၏မျက်လုံးများမှ စိမ်းပြာရောင်စွမ်းအင်များထွက်လာပြီး လက်ချောင်းများဖြင့် သူ့ဓားကို ထိန်းချုပ်ကာ ထန်ဝီကိုညွှန်လိုက်သည်။

ထန်ဝီသည် ရွယ်ချင်းရဲ့ တိုက်ခိုက်ချက်ဖို့ ချေဖြတ်ဖို့ သူ့ရဲ့ဓားနှစ်လက်ဖြင့် ခုတ်ချလိုက်လေသည်။ထိုအခါ ကြက်ခြေခတ်ဓားချက်ရာနှစ်ခုသည် ရွယ်ချင်းရဲ့ဓားလမ်းကြောင်းပေါ်ရောက်ရှိသွားခဲ့သည်။ဒါပေမယ့် အားလုံးထင်မထားသည့်အရာ ဖြစ်ပေါ်သွားခဲ့သည်။

ထိုအရာကတော့ ရွယ်ချင်းသည် ထန်ဝီကို ကျောက်ရုပ်အဖြစ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ထိုအခါ သူခုတ်ချလိုက်သည့် ကြက်ခြေခတ် ဓားချက်နှစ်ခုကလဲအလိုလိုပျောက်ပြယ်သွားသည်။

ရွယ်ချင်းသည် ထန်ဝီအနားကို ရောက်ရှိနားကို ရောက်ရှိသွားသော သူ့ဓားကို အလွယ်တကူ ​ပြေးယူလိုက်ပြီး ကျောက်ရုပ်ဖြစ်နေသော ထန်ဝီအနောက်ကို လမ်းလျှောက်သွားလိုက်သည်။

ကျိူးရိဖျင်သည် အသံကျယ်ကြီးဖြင့် အော်ဟစ်နေလေသည်။

"ညီမလေးရွယ်ချင်းက တကယ်တော်တာပဲ ၊ ဂိုဏ်းရောက်လာတာမကြာသေးဘူး ဂိုဏ်းရဲ့ထိပ်တန်းကျင့်စဥ်ကိုတောင် ကျွမ်းကျင်သူအဆင့်ကို ရောက်အောင်ကျင့်နိုင်နေပြီ"

ရွယ်ချင်းသည် သူရဲ့စွမ်းအားကို ပြန်ဖျက်သိမ်းလိုက်တဲ့အခါ ထန်ဝီသည် ကျောက်ရုပ်မဟုတ်တော့ဘဲ အဖိုးပေသည် "အနိုင်ရရှိသူ.....ရွယ်ချင်း" ဟု ပြောလိုက်တာကြောင့် ကြောင်တောင်တောင်ဖြစ်သွားလေသည်။

"ဘယ်လို......ငါရှုံးသွားတာလား ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အဖိုးပေသည် ပြိုင်ပွဲစင်ထဲမှ နှစ်ယောက်လုံးကို ပြန်ထွက်ခိုင်းလိုက်ပြီး ဘောလုံးလေး နှစ်လုံးကျအောင် ထပ်လုပ်လိုက်သည်။ဒီတစ်ခါမှတော့ ဘောလုံးလေးနှစ်ခုမှာ ရီချောင်ဖုန်းနှင့်ကျိူးရိဖျင်ဟုသော နာမည်ကို အားလုံး မြင်လိုက်ကြရသည်။

ထိုအခါ ချောင်ဖုန်းနဲ့ကျိုးရိဖျင်သည် ပြိုင်ပွဲစင်နေရာထဲသို့ ခုန်ဝင်လိုက်ကြသည်။ရွယ်ချင်းသည် ထိုအခါမှသာ ချောင်ဖုန်းအား သူစိတ်ထင်တာမဟုတ်မှန်းသိရှိသွားလေသည်။

"တကယ်ပဲ......ကိုကိုချောင်ဖုန်းလား ၊ ငါစိတ်ထင်နေတာမဟုတ်ဘူးပေါ့ အဲ့တာဆို ၊ နောက်ပြီးယန်အစီအရင်ဂိုဏ်းရဲ့ပါရမီရှင်ငါးယောက်အနေနဲ့ယှဥ်ပြိုင်ခွင့်ရတယ်ဆိုတော့ ကိုကိုချောင်ဖုန်းက အရမ်းတော်တာပ​ဲ ၊ ဒါပေမယ့် သူနဲ့ခုတိုက်ရမယ့်လူက ဆရာတူအကိုရိဖျင်ဖြစ်နေတဲ့အတွက် ကိုကိုချောင်ဖုန်း.... ရှင်သတိထားရမယ်နော်"

ဘေးနားကကျိုးတိုယွမ်သည် ရွယ်ချင်းကို ကြည့်ကာစိုးရိမ်နေသည့်ပုံပေါက်နေသဖြင့် "ဆရာတူညီမလေး......နင်အဲ့လောက်စိတ်ပူစရာမလိုပါဘူး ၊ ဆရာတူညီလေးရဲ့အစွမ်းက.....အဲ့ယန်အစီအရင်ဂိုဏ်းက ကောင်လေးကိုတော့ အသာယာလေးနိုင်ပါတယ်"

ပြိုင်ပွဲစင်ပေါ်မှာတော့ ချောင်ဖုန်းကို တွေ့တဲ့အခါ ကျိူးရိဖျင်သည် သူ့လက်ချောင်းကို အသံမြည်ကို ချိုးလိုက်ပြီး "ဆရာတူညီမလေးကို ကြည့်ရဲတဲ့အတွက် မင်းကို မှတ်လောက်အောင်တော့ ငါပညာပေးရမယ်" လို့ပြောလိုက်သည်။

ချောင်းဖုန်းသည် ကျိုးရိဖျင်စကားကို ကြားသည့် ရီလိုက်၍ ပြန်ပြောလိုက်သည်။

"ကြည့်ရတာ စီနီယာအကိုက ကျွန်တော်ကို မမှတ်မိဘူးထင်တယ်......"

ကျိုးရိဖျင်သည် ချောင်ဖုန်းရဲ့အသံကို ကြားသော်အခါ ဇဝေဇဝါးဖြစ်နေလေသည်။ထိုအခါ ချောင်ဖုန်းသည် ကျိုးရိဖျင်မှတ်မိအောင်ထပ်ပြောလိုက်သည်။

"စီနီယာအကိုက....... ​မဟူရာမြို့ဟောင်းရဲ့ နတ်ဘုရားရုပ်ထုနယ်မြေမှာ ကျွန်တော်နဲ့ဆုံခဲ့တာကို မေ့သွားပြီထင်တယ်"

ထိုအခါမှသာ ကျိုးရိဖျင်သည် ချောင်ဖုန်းအား မှတ်မိသွားကာ ဒေါသထွက်သွားလေသည်။

"လတ်စသတ်တော့......မင်းကမသေသေးဘူးပဲ ၊ နောက်ပြီး မင်းလိုကောင်နဲ့ယှဥ်တိုက်ရလိမ့်မယ်လို့ ငါမထင်ထားမိဘူး ၊ ဒီတစ်ခါတော့ ငါမင်းကို အလွတ်ပေးမယ်မထင်နဲ့ "

ကျိုးရိဖျင်သည် သူ့ဓားကို ထုတ်ကာ "အသူရာရှီဟန်သတ်ဖြတ်ခြင်းကျင့်စဥ် " ဟု ပြောလိုက်သည်။ထိုအခါ အငွေ့အမဲရောင်များသည် လေထဲမှတဆင့် သူ့ရဲ့ဓားအတွင်းထဲသို့ ဝင်သွားလေသည်။

All Chapters