chapter(50)
Vol. 4 Ch. 50
အသန့်စင်ဆုံးစနစ် အခန်း(50)
ကျိုးရိဖျင်ရဲ့ဓားတစ်ခုလုံးတွင် အနက်ရောင်အငွေ့များစွာက ဖုံးလွမ်းနေခဲ့ပြီး သွေးဆာနေသော ဓားတစ်ချောင်းပြောင်းလဲသွားသည်။
ကျိုးရိဖျင်သည် ချောင်ဖုန်းကို သတ်ဖို့အထိဆုံးဖြတ်ထားပြီး သူ့စွမ်းအင်ကို ရာခိုင်နှုန်းအထိ ထုတ်သုံးလိုက်သည်။
ထိုအခါ ကျိုးတုယွမ်သည် ခေါင်းခါလိုက်ပြီး "ဘာလို့အဲ့လောက်ထိမဆင်မခြင်လုပ်ရတာလဲ......"ဟု အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။ချောင်ဖုန်းသည် ကျိုးရိဖျင်ကို အထင်မသေးသဖြင့် ဝိညဥ်စွမ်းအင်ပါသော ဓားငါးချောင်းကို ထုတ်လိုက်ကာ သူဘေးနားတွင် ဝဲစေလိုက်သည်။
ကြည့်နေသောလူအားလုံးသည် ဓားငါးချောင်းကို တစ်ပြိုင်နက်သုံးတာဖြစ်တဲ့အတွက် ထူးဆန်းစွာ ကြည့်နေကြလေသည်။နှစ်ယောက်လုံးရဲ့စွမ်းအားသည် အားလုံးအတွက် အထူးအဆန်းဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ချောင်ဖုန်းသည် သေခြင်းစေတမန်ဓားအစီအရင်ကျင့်စဥ်ကို ထုတ်သုံးလိုက်တာနဲ့ ဓားငါးချောင်းလုံးသည် လေပေါ်သို့ ထောင်တက်သွားကာ ရေ ၊ လေ ၊ မြေ ၊ မီး ၊ မိုးကြိုး စသည့်ဝိညဥ်စွမ်းအင်တွေသည် ဓားငါးချောင်းလုံးကို ရစ်ခွေပုံစံဖြစ်နေလေသည်။
ကျိုးရိဖျင်သည် သူ့ရဲ့ဓားဖြင့် ချောင်ဖုန်းအား အဝေးမှ ခုတ်ချလိုက်သည်။ချောင်ဖုန်းသည် သူ့ရှိပြေးဝင်လာသော အနက်ရောင်အငွေါအတန်းကြီးကို နတ်ဘုရားခြေလှမ်းဖြင့် အလွယ်တကူရှောင်လိုက်သည်။အဖိုးပေမှ လွဲ၍ ကျန်သောသူအားလုံးသည် ချောင်ဖုန်းရဲ့လှုပ်ရှားမှုကို မမြင်ရပေ။
အဖိုးပေသည် သူမုတ်ဆိတ်မွှေးကို ကိုင်ကာ " ဒီကောင်လေးက ဧကရာဇ်နယ်ပယ်အဆင့်တောင်မရောက်ရှိသေးပင်မယ့် မြန်ဆန်မှုကငါ့ကိုတောင် မှီနိုင်တော့မှာပဲ" ဟု ချီးကျူးနေခဲ့သည်။
ချောင်ဖုန်းသည် အရိပ်သဖွယ်ဖြင့် ကျိုးရိဖျင်ကို လှည့်ပတ်နေလေသည်။ကျိုးရိဖျင် တချက်ပြုံးလိုက်ကာ " မင်းအဆင့်နဲ့ ငါ့ကိုလှည့်စားချင်နေတာလား " ဟု ပြောလိုက်ပြီး သူ့ရဲ့ဓားကို မြေကြီးပေါ်သို့ စိုက်ထိုးချလိုက်သည်။ထိုအခါ အနက်ရောင်အငွေ့များစွာ ထွက်လာပြီး တိုက်ပွဲစင်တစ်ခုလုံး မှောင်မဲသွားကာ ဘယ်သူမှမမြင်ဖတော့ပေ။
ချောင်ဖုန်းသည် ရုတ်တရက်ရပ်တန့် လိုက်ပြီး သူ့ရှိလာနေသောအနက်ရောင်အငွေ့များကို ဂရုမစိုက်ဘဲဟ သူ့ရဲ့ဓားများကိုကြည့်လိုက်တဲ့အခါ ဓားများအတွင်းသို့ ဝိညဥ်စွမ်းအင်များသည် အကုန်တိုးဝင်သွားပြီဖြစ်သည်။
ထို့နောက် ချောင်ဖုန်းသည် လက်ဖြန့်လိုက်သည့်အခါ ဓားငါးချောင်းလုံးသည် သူ့နားချက်ချင်းရောက်ရှိလာလေသည်။အနက်ရောင်အငွေ့များကလဲ ချောင်ဖုန်းနှင့် နီးကပ်နေပြီဖြစ်သည်။ချောင်ဖုန်းသည် လက်သီးစုပ်လိုက်တဲ့အခါ သူ့ရဲ့ဓားငါးချောင်းသည် အနက်ရောင်အငွေ့များကို ဖြတ်သန်းသွားပြီး ကျိူးရိဖျင်ရှိကို တိုက်ရိုက်သွားလေသည်။
ကျိုးရိဖျင်သည် သူရှိလာနေသော ဓားငါးချောင်းကို ကြည့်ကာ အံသြသွားသည်။ကျိုးရိဖျင်သည် သူထုတ်လွှင့်လိုက်သော အနက်ရောင်အငွေ့များမှာ ရတနာလက်နက်များကိုပင် အမှုန့်ကြေနိုင်စေသော်လည်း ချောင်ဖုန်းရဲ့ဓားငါးချောင်းသည် ထိုအနက်ရောင်အငွေ့များကို အလွယ်တကူ ဖျက်စီးပစ်နိုင်တဲ့အပြင် သူ့ရှိကို လာနေသည့်အတွက် သူ့ရဲ့ဓားစွမ်းအင်ဖြင့် ချောင်ဖုန်း၏ ဓားငါးချောင်းကို ထပ်မံတိုက်ခိုက်လိုက်သည်။
သို့သော် ကျိုးရိဖျင်သည် မျက်နှာတွင်ကြောက်ရွံမှုဖြစ်ပေါ်လာပြီး လက်ဖျားများပင် အေးစက်သွားကာ ကြောက်ရွံသွားလေသည်။
ကျိုးရိဖျင်ရဲ့တိုက်ခိုက်မှုသည် ချောင်ဖုန်းရဲ့ဓားငါးချောင်းအပေါ်သက်ရောက်မှုမရှိတော့တဲ့အပြင် ခြေထောက်များမှာ လှုပ်ရှားလို့ မရတော့ပေ။
ကျိုးရိဖျင်သည် စိတ်ဓာတ်ကျစွာ မျက်လုံးစုံမှတ်ကာ ခေါင်းငုံလိုက်ပြီး "ငါအရှုံးပေးတယ်......"ဟု ပြောလိုက်သည်။ထိုအခါ ချော င်ဖုန်းသည် သူ့လက်ဖဝါးကို ပြန်ဖြန့်လိုက်တဲ့အခါ ကျိူးရိဖျင်ရဲ့ မျက်နှာတည့်တည့်ကို ရောက်ရှိနေတဲ့ဓားငါးချောင်းသည် ရပ်တန့်သွားပြီး ချောင်ဖုန်းရှိကို ပြန်လည်ရောက်ရှိသွားပြီး သိုလှောင်ကွင်းထဲသို့ ထည့်သွင်းလိုက်သည်။
အနက်ရောင်အငွေ့များပျောက်ကွယ်သွားတဲ့နောက်တွင်
တိုက်ပွဲကွင်းပြင်ထဲတွင် လူနှစ်ယောက်သည် အကောင်းပကတိအတိုင်း ဒဏ်ရာမရှိစွာဖြင့် ရပ်နေလေသည်။ထိုအခါ ဂိုဏ်းပေါင်းစွာမှ လူများသည် ကြည့်နေကာ အံ့အားသင့်နေကြလေသည်။
"ဘယ်သူနိုင်သွားလဲ...... မင်းသိလိုက်လား"
"ငါကဘယ်လိုလုပ်ပြီးသိမှာလဲ........"
ထိုချိန်မှာ အဖိုးပေသည် ချောင်ဖုန်းအား အနိုင်ရရှိသူအဖြစ်ကြေညာလိုက်တဲ့အခါ မသေမျိုးနတ်သမီးဂိုဏ်းမှလူများသည် မယုံကြည်နိုင်ဖြစ်သွားပြီး ပေါက်ကွဲသွားလေသည်။ကျိူးတုယွမ်သည် လက်သီးဆုပ်လိုက်ကာ ပြောလိုက်သည်။
"တောက်......ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
ရွယ်ချင်းကတော့ ချောင်ဖုန်းအနိုင်ရရှိသွားသည့်အတွက် ပြုံးနေလေသည်။ထို့နောက် ချောင်ဖုန်းနှင့်ကျိုးရိဖျင်နှစ်ယောက်လုံးသည်
သူတို့ရဲ့အဖွဲ့ရှိရာကို ပြန်သွားလိုက်သည်။ကျိုးတုယွမ်သည် ကျိူးရိဖျင်အား မေးသော်လည်း ကျိုးရိဖျင်သည် အသံပိတ်ကာ စိတ်ပျက်စွာနဲ့ ခေါင်းငုံနေလေသည်။
ထိုချိန်မှာလူတစ်ယောက်သည် သူ့လက်ထဲက ဖန်ခွက်ကိုပင် လက်ဖြင့် ခွဲပစ်လိုက်ပြီး ပေါက်ကွဲနေလေသည်။
"ငါကြားထားတဲ့သတင်းက တကယ်ပဲအမှန်ပဲကို ၊ စိတ်ချပါ ငါမင်းကိုအလွတ်မပေးဘူး"
နာရီအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ စာရွက်ပေါ်ရှိဘောလုံးအားလုံးကုန်သွားကာ ပြိုင်ပွဲဝင် အယောက်ငါးဆယ်က ထွက်လိုက်ရပြီး ငါးဆယ်သာကျန်ရှိတော့သည်။
အဖိုးပေသည် ပြိုင်ပွဲကို မနက်ဖြန်မှ ဆက်လက်ပြိုင်ဖို့ ပြောလိုက်ပြီး သူတို့စီစဥ်ပေးထားသည့် နေရာများတွင် တည်းခိုခိုင်းလိုက်သည်။
"အားလုံးပဲ ပြိုင်ပွဲကို မနက်ဖြန်မှ ဆက်လက်ကျင်းပမှာ ဖြစ်ပြီး သန့်စင်နယ်မြေရဲ့ အခန်းများတွင် မင်းတို့ခေတ္တနေနိုင်တယ် ၊ ဒီကြားထဲ ဂိုဏ်းအချင်းချင်းတိုက်ခိုက်မှုဖြစ်သွားမယ်ဆိုရင် အဲ့ဂိုဏ်းနှစ်ခုကို ပြိုင်ပွဲမှ ပယ်ထုတ်ရလိမ့်မယ်"
ထိုအခါ သန့်စင်နယ်မြေရဲ့လူများသည် တောင်အောက်ရှိတည်းခိုခန်းများကိုခေါ်ဆောင်သွားဖို့ရောက်ရှိလာခဲ့သည်။ထိုအခါ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း တောင်လှေကားထစ်မှ ဆင်းသွားခဲ့ကြသည်။
သန့်စင်နယ်မြေသည် တောက်ထိပ်တစ်ခုပေါ်တွင် တည်ဆောက်ထားသော ပြိုင်ပွဲစင်နေရာဖြစ်ပြီး တောင်အောက်တွင် တည်းခိုခန်းများစွာတည်ဆောက်ထားသည်။ရွယ်ချင်းသည် တောင်အောက်ရောက်သည့်အခါ မသေမျိုးနတ်သမီးဂိုဏ်းမှအကြီးအကဲကို နှုတ်ဆက်ကာ ခဏဆိုပြီး ထွက်လာခဲ့သည်။
ထို့နောက် အဖွဲ့လိုက် လမ်းလျှောက်နေသော ချောင်ဖုန်းတို့ရှိရောက်ရှိလာလေသည်။မိုစီသည် ရွယ်ချင်းရောက်လာတဲ့အခါ "ငါတို့ရှေ့က သွားနှင့်မယ်" လို့ပြောကာ ထွက်ခွာသွားလေသည်။
ထိုအခါ ရွယ်ချင်းသည် မမေးတရဲဖြင့် မေးလိုက်သည်။
"ရှင်ကတကယ်ပဲ...... ကိုကိုချောင်ဖုန်းအစစ်လား"
ချောင်ဖုန်းသည် ဆရာကြီးပုံစံဖြင့် လက်နောက်ပစ်ကာပြောလိုက်သည်။
"မသေမျိုးနတ်သမီးဂိုဏ်းရဲ့ပါရမီရှင်တစ်ယောက်က ငါ့ကိုမှတ်မိမယ်မထင်ထားဘူး"
ထိုအခါ ရွယ်ချင်းသည်ချောင်ဖုန်းအား ဝမ်းသာအားရဖြင့် ပြေးဖက်လိုက်ကာ ငိုလိုက်သည်။
"ကိုကိုချောင်ဖုန်း.....တကယ်ပဲရှင်လား"
ချောင်ဖုန်းရဲ့ရင်ခွင်ထဲတွင် ရွယ်ချင်းသည် ကလေးတစ်ယောက်လို ပြုမှုဆက်ဆံနေလေသည်။ချောင်ဖုန်းသည် ရွယ်ချင်းခေါင်းကို ပွတ်ကာ စနောက်၍ ပြန်လည်ပြောဆိုလိုက်သည်။
"ရွယ်ချင်း.....ဒီနေရာမှာလူတွေအများကြီးရှိသေးတယ်လေ သတိလဲထားအုံး "
ထိုအခါ ရွယ်ချင်းသည် မျက်နှာကြီးနီရဲလာကာရှက်သွားပြီး ဖက်ထားရာမှ လွှတ်လိုကာ ချောင်ဖုန်းအားကျောခိုင်းလိုက်သည်။ထိုချိန်မှာ ကျိူးရိဖျင်သည် ချောင်ဖုန်းတို့အား ကြည့်ကာ ပေါက်ကွဲနေလေသည်။
"သူတို့နှစ်ယောက်က ဘယ်လိုပက်သက်မှုမျိူးရှိနေတာလဲ......"
ရွယ်ချင်းသည် ချောင်ဖုန်းသည် အမှိုက်တစ်ယောက်မဟုတ်တော့သည့်အပြင် သန့်စင်နယ်မြေမှာ ပြန်လည်တွေ့ရှိရမယ်လို့ မထင်ထားတာကြောင့် ဝမ်းသာနေခဲ့သည်။ချောင်ဖုန်းသည် ရွယ်ချင်းကို နောက်မှ ရုတ်တရက်ဖက်လိုက်သည့်အခါ ရွယ်ချင်းသည် လန့်သွားလေသည်။
"ကိုကိုချောင်ဖုန်း.......နင်...နင်ငါ့ကို အသားယူတယ်"
ချောင်ဖုန်းသည် ရွယ်ချင်းအား "ရွယ်ချင်း.....ခုနလေးတင် နင်ငါ့ကိုဖက်တာကရော" ဟု ပြောကာ ပြန်လည်စနောက်လိုက်သည်။ရွယ်ချင်းသည် ရှက်ရှက်နဲ့ဘာပြောရမလဲ ဖြစ်နေခဲ့သည်။ထို့နောက်ချောင်ဖုန်းသည် ရွယ်ချင်းကို လွှတ်ပေးလိုက်ပြီး "ရွယ်ချင်း......နင်ဒီအတောအတွင်းအိမ်ပြန်ဖြစ်သေးလား" ဟု မေးလိုက်သည်။
ထိုအခါ ရွယ်ချင်းသည် ခေါင်းခါ၍ "ဟင့်အင်း.....ရွယ်ချင်းမသေမျိုးနတ်သမီးဂိုဏ်းကို စရောက်ထဲက ခုချိန်ထိ အိမ်တော်ကို မပြန်ဖြစ်သေးဘူး" ဟု ပြန်ဖြေလိုက်သည်။
ချောင်ဖုန်းသည် အိမ်ပြန်ဖို့ တစ်ချက်တွေးလိုက်ပြီး ရွယ်ချင်းအားပြောလိုက်သည်။
"အချိန်လဲမစောတော့ဘူးဆိုတော့......ငါတို့နောက်မှ တွေ့ကြရအောင်"
"ဟုတ်.....ကိုကိုချောင်ဖုန်း ၊ အဲ့တာဆို ရွယ်ချင်းသွားတော့မယ်နော်
"
ထိုအခါရွယ်ချင်းသည် ချောင်ဖုန်းကို လက်ခါပြ၍ နှုတ်ဆက်၍ ထွက်သွားလေသည်။