chapter (51)
Vol. 4 Ch. 51
အသန့်စင်ဆုံးစနစ် အခန်း(51)
ကျိုးရိဖျင်သည် ထွက်ခွာသွားသော ချောင်ဖုန်းနှင့် ရွယ်ချင်းကိုကြည့်ကာ တစ်ယောက်ထဲမျက်မှောင်ကြုတ်ကာ ဘေးနာရှိသစ်ပင်ကို လက်သီးဖြင့်ထိုးချလိုက်သည်။ထို့နောက် ချောင်ဖုန်းကိုလဲ ကျိန်းလိုက်သည်။
"ရီချောင်ဖုန်း........ငါမင်းကို ဒီညလုံးဝအလွတ်မပေးဘူး"
ချောင်ဖုန်းသည် မိုစီပြောပြမှုကြောင့် သန့်စင်နယ်မြေမှ အကြီးအကဲများသည် ကျင့်ကြံဖို့ သီးသန့်အခန်းများကို စီစဥ်ပေးထားကြောင်းသိလိုက်သည်။
ချောင်ဖုန်းလဲ အေးဆေးအနားယူဖို့ ကုတင်ပေါ်သို့ လှဲချလိုက်သည်။
သို့သော်မိုစီသည် သန့်စင်နယ်မြေသည် နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ခဲ့သော နေရာဖြစ်ပြီး ကောင်းကင်နတ်ဆိုးသားရဲတစ်ကောင်ကို ချုပ်နှောင်ထားတယ်လို့ ပြောတာကို သတိရသွားခဲ့သည်။
တတတတဇထရ"ငါသန့်စင်ဖို့ အကြိမ်ရေ သိပ်မရှိတော့ဘူးပဲ ၊ စနစ်ရဲ့အချက်ပြသံလဲ ငါမကြားရသေးဘူး ၊ ငါအဲ့ကောင်းကင်နတ်ဆိုးသားရဲကို သတ်ဖြတ်နိုင်ရင် သန့်စင်ဖို့အကြိမ်ရေများများရနိုင်မယ်ထင်တယ်"
ထိုချိန်မှာ စနစ်ရဲ့အသံသည် ရုတ်တရက်ထွက်ပေါ်လာပါသည်။
"စနစ်ရှင်အတွက် တာဝန်ထွက်ပေါ်လာပါပြီ ၊ စနစ်ရှင်သည် ကောင်းကင်နတ်ဆိုးသားရဲအား သတ်နိုင်ခဲ့ရင် သန့်စင်ခွင့် အကြိမ်ရေဆယ်ကြိမ်ရရှိပါမည်"
ချောင်ဖုန်းသည် ခေါင်းကိုက်သွားလေသည်။
"ဘယ်လို.......ငါကကောင်းကင်နတ်ဆိုးသားရဲကို သတ်ဖြတ်ရမှာဟုတ်လား ၊ ငါက ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်ဆိုးသားရဲကောင်မျိုးကို သတ်နိုင်မှာလဲ"
ချောင်ဖုန်းသည် တစ်ယောက်ထဲ ထိုင်ကာ တွေးနေလေသည်။ထိုချိန်မှာ မိုစီသည် ချောင်ဖုန်းကို လာ၍ ခေါ်လေသည်။ထိုအခါချောင်ဖုန်းလဲ မိုစီနောက်ကို လိုက်သွားကြသည်။ချောင်ဖုန်းသည် ဖုန်းယွီတို့သည် သူ့ကို စောင့်နေတာကို တွေ့လိုက်ရသည်။
ထို့နောက် အသက်ငါးဆယ်အရွယ်မိန်းမတစ်ယောက်ကမေးလိုက်သည်။
"အကြီးအကဲမိုစီ.....ငါတို့သွားဖို့အဆင်သင့်ဖြစ်ပြီလား......"
မိုစီသည် ခေါင်းငြိမ့်ပြလိုက်သည့်အခါ ဟွမ်ဆွင်းဟုခေါ်သောမိန်းမသည် ရှေ့ကနေ ချောင်ဖုန်းတို့အားဦးဆောင်ခေါ်သွားခဲ့သည်။ချောင်ဖုန်းလဲ ထိုအဖွဲ့နဲ့အတူ အနောက်လိုက်ပါသည်။မိုးစတင်ချုပ်နေပြီဖြစ်သည့်အတွက် မီးတုတ်များကို ကိုင်ကာ အမှောင်ထဲတွင်သွားနေကြရသည်။
ထို့နောက် မြေအောက်ထဲတွင် သွားရန်လှေကားထစ်များပြုလုပ်ထားတာကို သိလိုက်ရသည်။လှေကားအထစ်နှစ်ဆယ်ခန့်ဆင်းပြီးနောက်တွင် မြေအောက်လှိုင်ဂူတစ်ခုလုံးသည် သလင်းကျောက်များဖြင့် လင်းထိန်နေတာကို တွေ့လိုက်ရသည်။
အားလုံးသည် မီးတုတ်များကို ငြိမ်းကာလူနှစ်ယောက်စာရှိသော လမ်းကျဥ်းကလေးကို ဆက်လျှောက်လာကြသည်။ထိုလမ်းကျဥ်းလေးအဆုံးမှာတော့ တံခါးတစ်ခုရှိနေခဲ့သည်။ဟွမ်းဆင်းသည် သူ့သိုလှောင်ကွင်းထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ကျောက်တံခါးပေါ်ရှိ လွတ်နေသော သော့လိုနေရာတွင် သူထုတ်လိုက်သောပစ္စည်းကို ထည့်လိုက်သည်။
ထိုအခါ ကျောက်တံခါးကြီးသည် အပေါ်သို့ တက်သွားပြီး အခန်းပေါက်တစ်ခုဖြစ်သွားသည်။ထိုအခါ အားလုံးသည် တံခါးပေါက်အတွင်းသို့ ဝင်လိုက်ကြလေသည်။ချောင်ဖုန်းတို့သည် အထဲရောက်တာနဲ့ အဖြူရောင်ဝတ်စုံနှင့်စာတန်းတစ်ခုကို နဖူးတွင်စည်းထားသော ဧကရာဇ်နယ်ပယ်အဆင့်လူဆယ်ယောက်သည် နေရာကိုယ်စီတွင် ရပ်နေကြတာကို တွေ့လိုက်ရသည်။
ထို့နောက်မိုစီသည် အားလုံးကို ဘာပဲဖြစ်ဖြစ်စိတ်မလှုပ်ရှားဖို့ ပြောလိုက်သည်။ချောင်ဖုန်းတို့သည် မိုစီအားခေါင်းငြိမ့်ပြလိုက်ပြီး ရှေ့ဆက်လျှောက်လာပြီးနောက် အားလုံးသည် ဧရာမကောင်းကင်နတ်ဆိုးသားရဲကြီးကို တွေ့လိုက်ရသည်။
ဧရာမကောင်းကင်နတ်ဆိုးသားရဲကြီးသည် တစ်ကိုယ်လုံးမဲနက်ကာ အတောင်စုံလင်စွာရှိသော ငှက်တစ်ကောင်ကြီးပင်ဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်အနှံမှာ ဧရာမသံကြိုးကြီးတွေဖြင့် ချုပ်နှောင်ထားလေသည်။ ထိုကောင်းကင်နတ်ဆိုးသားရဲကို ဂိုဏ်းပေါင်းစုံမှ လူများသည် လာရောက်ကြည့်ရှုနေကြလေသည်။
ဟွမ်ဆွင်းသည် ချောင်းနှစ်ချက်ဆိုးလိုက်ပြီး ကောင်းကင်နတ်ဆိုးသားရဲအကြောင်းရှင်းပြလိုက်သည်။
"ဒါကငါတို့သန့်စင်နယ်မြေရဲ့ ဘိုးဘေးတွေ ဖမ်းမိထားတဲ့ ကောင်းကင်နတ်ဆိုးသားရဲပဲ ၊ ဒီကောင်းကင်နတ်ဆိုးသားရဲက
ထုတ်လွင့်တဲ့စွမ်းအားကြောင့် ဒီနေရာကို ဘယ်နတ်ဆိုးသားရဲမကပ်ရဲကြဘူး ၊ ဒါပေမယ့် ခုနောက်ပိုင်း ဒီကောင်းကင်နတ်ဆိုးသားရဲကြီးက လှုပ်ရှားမှုမရှိတော့တာ အတော်ကြာပြီ"
ထို့နောက် ဟွမ်ဆွင်းသည် ပုဝါထုတ်ကာ သူ့ပါးစပ်ကို သုတ်လိုက်ကာထပ်ပြောလိုက်သည်။သို့သော်ထိုချိန်မှာ ချောင်ဖုန်းသည် သူ့နားထဲတွင် တစ်စုံတစ်ယောက်သည် သူ့ကို စကားပြောနေတာကိုကြားလိုက်ရသည်။
"ငါနိုးကတည်းက ဒီနေရာမှာပိတ်မိနေတာ နှစ်ပေါင်းအတော်ကြာနေပြီ ၊ ဒီလောက်ထိ စိတ်ဝိညဥ်စွမ်းအားမြင့်တဲ့သူနဲ့ တစ်ခါမှမတွေ့သေးဘူး"
ချောင်ဖုန်းသည် ဘေးပတ်ပတ်လည်နှင့် လူအုပ်ကြီးကို ကြည့်ကြည့်လိုက်သော်လည်း အားလုံးသည် ကောင်းကင်နတ်ဆိုးသားရဲကို အာရုံစိုက်နေတာကို တွေ့လိုက်ရသည်။
"ငါ့ကိုဘယ်သူစကားပြောနေတာလဲ ၊ ငါများစိတ်ထင်နေတာလား"
ထိုချိန်မှာ ချောင်ဖုန်းသည်"ဟီး....စိတ်ဝိညဥ်စွမ်းအင်ကို အသုံးပြုကြည့်သင့်တယ်...."ဆိုတာ ထပ်မံကြားလိုက်ရသည်။
ထိုအခါ ချောက်ဖုန်းသည် သူ့ရဲ့စိတ်ဝိညဥ်စွမ်းအင်ကို ထုတ်လွှင့်လိုက်သည်။
ချောင်ဖုန်းရဲ့ဝိညဥ်ခန္ဓာကိုယ်သည် အပြင်သို့ထွက်သွားပြီးနောက်မှာ ဝိညဥ်စွမ်းအင်တစ်ခုသည် ချောင်ဖုန်းရှေ့မှာ ပေါ်လာခဲ့သည်။ချောင်ဖုန်းသည် ထိုအရာကို ကြည့်ကာ "ငါ့ကိုစကားပြောနေတာမင်းလား" ဟု မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းရှေ့မှ ဝိညဥ်စွမ်းအင်သည် "ဒီကအကိုကြီး.....ငါ့ကိုမင်းကူညီမလို့ရောက်လာတာမလား....."
"ငါကမင်းကိုကူညီရမယ်.....မင်းဘယ်သူလဲတောင်ငါမသိတာ ၊ ငါမင်းကို ဘယ်လိုကူညီရမှာလဲ"
ထိုအခါ ပုံရိပ်တောင်မပေါ်သော ဝိညဥ်စွမ်းအင်လေးသည် ချောင်ဖုန်းရဲ့ပုခုံးပေါ်ကို တက်လာပြီး သူရဲ့အကြောင်းများကို ပြောပြလိုက်သည်။
ကောင်းကင်နတ်ဆိုးသားရဲသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သန့်စင်နယ်မြေရဲ့ဘိုးဘေးများတိုက်ခိုက်မှုကြောင့် ဒဏ်ရာများစွာရသွားပြီး ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ထို့လိုချုပ်နှောင်ခံရပြီးတဲ့အခါ လူပေါင်းစုံရဲ့ နှိပ်စက်မှုဒဏ်ကြောင့် အမြဲတစေနာကျင်ခဲ့ရသည်။
ဒီလိုနဲ့ နှိပ်စက်မှု ဒဏ်များကြောင့် နောက်ဆုံးမှာတော့ နှစ်ပေါင်းအတော်ကြာမေ့မြောသွားခဲ့သည်။ကောင်းကင်နတ်ဆိုးသားရဲသည် ပြန်နိုးလာတဲ့အခါမှာတော့ အတိတ်ကို မေ့သွားကာ ကလေးလေးတစ်ယောက်လိုပင်ဖြစ်သွားသည်။
သို့သော် လူတစ်ယောက်သည် သွေးသစ္စာချိတ်ဆိုဖို့ တစ်နှစ်တစ်ခါ လာရောက်ခြိမ်းခြောက်နှိပ်စက်ခဲ့သည်အကြောင်းပြောပြလိုက်သည်။
ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲရဲ့အကြောင်းစုံကိုသိရှိသွားခဲ့သည်။
"အကိုကြီးမင်းငါ့ကို ကယ်မှာမလား......."
ချောင်ဖုန်းသည် ကယ်ဖို့ မလွယ်ကူနိုင်ကြောင်းပြောလိုက်တဲ့အခါကောင်းကင်နတ်ဆိုးသားရဲရဲ့ဝိညဥ်စွမ်းအင်လေးသည် ချောင်ဖုန်းအား သူနဲ့သွေးသစ္စာအရင်ချိတ်ဆက်ပေးဖို့ပြောလိုက်သည်။
"အကိုကြီးငါမင်းနဲ့သွေးသစ္စာချိတ်ဆိုထားရမယ် ၊ မဟုတ်ရင် ငါက မကြာခင်ကြွေလွင့်ရတော့မယ်ထင်တယ်"
ချောင်ဖုန်းသည် အဆင့်မြင့်သော သားရဲကောင်များကို စီးနင်းဖော်အဖြစ်သွေးသစ္စာချိတ်ဆိုတာကို ကြားဖူးသော်လည်း နတ်ဆိုးသားရဲကောင်အား သွေးသစ္စာချိတ်ဆိုလို့ရတယ်ဆိုတာ မကြားဖူးပေ။
သို့သော် သူ့အတွက်အရှုံးမရှိတဲ့အတွက် ချိတ်ဆိုဖို့ သဘောတူလိုက်သည်။ကောင်းကင်နတ်ဆိုးသားရဲသည် မလှုပ်ရှားတာကြာပြီ ဖြစ်တဲ့အတွက် သူ့ရဲ့အတောင်ပံနှစ်ဖက် သည် လှုပ်ရှားလာသည့်အခါ အားလုံးသည် ရုတ်တရက်ကြောက်လန့်သွားကာ အကြီးအကဲများသည် အားလုံးကို နောက်ဆုတ်ခိုင်းလိုက်သည်။
ချောင်ဖုန်းကလဲ သူ့စိတ်ဝိညဥ်စွမ်းအင်ကို ပြန်သိမ်းလိုက်ကာ တည်တည်ငြိမ်ငြိမ်နေလိုက်သည် ။သွေးသစ္စာချိတ်ဆိုမှုသည် ကောင်းကင်နတ်ဆိုးသားရဲက ချောင်ဖုန်းအား သခင်အဖြစ်ကို သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။
ကောင်းကင်နတ်ဆိုးသားရဲသည် အော်ဟစ်လိုက်တဲ့အခါ အားလုံးသည် မခံနိုင်မရပ်နိုင်ဖြစ်သွားကာ တချို့သည် နံရံများကို ပြေးဆောင့်သွားကြသည်။ထိုချိန်မှာ ချောင်ဖုန်းနှင့်ကောင်းကင်နတ်ဆိုးသားရဲသည် သူ့တို့နှစ်ယောက်ရဲ့သွေးများကို ချိတ်ဆက်လိုက်ကြသည်။
"ဂုဏ်ယူပါတယ် စနစ်ရှင်သည် ကောင်းကင်နတ်ဆိုးသားရဲအားထိန်းချုပ်နိုင်သည့်အတွက် သန့်စင်ခွင့်အကြိမ်နှစ်ဆယ် ရရှိသွားပါပြီ "
ချောင်ဖုန်းသည် အကြိမ်ရေနှစ်ဆယ်တောင် ရရှိသွားလို့ ဝမ်းသာသွားခဲ့သည်။
ထိုအခါကောင်းကင်နတ်ဆိုးသားရဲသည် ချောင်ဖုန်းနှင့်ချိတ်ဆက်သွားတဲ့အခါ သူ့ရဲ့စွမ်းအင်နည်းနည်းကို ပြန်လည်ရရှိသွားလေသည်။
သို့သော် ကောင်းကင်နတ်ဆိုးသားရဲဌက်သည် မလှုပ်ရှားဘဲ မူလအတိုင်းပြန်နေလိုက်သည်။
ထိုအခါမှသာ မြေအောက်အခန်းထဲမှ အားလုံးသည် အပြင်သို့ ပြန်ထွက်ခွာသွားကြသည်။ချောင်ဖုန်းသည် သူနေသောအခန်းကို ပြန်ရောက်သည့်အခါ အခန်းတံခါးကို ပိတ်လိုက်ပြီး ကုတင်ပေါ်သို့ ထိုင်လိုက်သည်။