← Chapters

chapter (52)

Vol. 4 Ch. 52

chapter (52)

Vol. 4 Ch. 52

အသန့်စင်ဆုံးစနစ် အခန်း(52)

ထိုအခါ ချောင်ဖုန်းရဲ့ဘေးတွင် ငှက်ပေါက်စအသေးလေးဝိညဥ်ပုံစံသည် ပေါ်ထွက်လာခဲ့သည်။

"အကိုကြီး......ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းအပြင်ထုတ်နိုင်ဖို့ နည်းလမ်းရှိတယ်မလား"

ချောင်ဖုန်းသည် စိတ်ပျက်စွာခေါင်းခါ၍ပြောလိုက်သည်။

"မင်းနေရာထိရောက်လာဖို့ မပြောနဲ့ ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမား ဆယ်ယောက်ကို ငါတစ်ယောက်နဲ့ယှဥ်နိုင်ဖို့ မလွယ်ကူဘူး"

ထိုအခါ ကောင်းကင်နတ်ဆိုးသားရဲဌက်သည် "အကိုကြီး........အခုဆိုရင် ငါရဲ့စွမ်းအင်အနည်းငယ်ကို ပြန်ရရှိနေပြီဖြစ်တဲ့အတွက် အဲ့လူဆယ်ယောက် လောက်တော့ ထိန်းနိုင်တယ်" ဟုပြောလိုက်သည်။

ချောင်ဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ "မထူးဘူးလေ........ငါတို့စမ်းကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

ထိုအခါ ငှက်ပေါက်စလေးသည် ကျွမ်းထိုးမှောက်ခုံဆော့ကစားလိုက်ကာ ဝမ်းသာသွားလေသည်။

"ရေး......ငါဒီနေရာကြီးကနေ ထွက်ရတော့မယ်"

ချောင်ဖုန်းသည် အားလုံးအိပ်စက်သော အချိန်တစ်ခုကို စောင့်နေခဲ့သည်။ညဥ့်နက်သော အချိန်တစ်ခုရောက်တာနဲ့ ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲဌက်အား စတင်လှုပ်ရှားဖို့အမိန့်ပေးလိုက်သည်။

ထိုအခါကောင်းကင်နတ်ဆိုးသားရဲဌက်သည် ဝိညဥ် ခန္ဓာကိုယ်ဖြင့်

ဧကရာဇ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားတွေကို စတင်တိုက်ခိုက်လေသည်။ထိုအခါ မြေအောက်ခန်းကို စောင့်နေသောသူသည် အမည်မသိသော ဝိညဥ်စွမ်းအင်တစ်ခုရဲ့ လှုပ်ရှားမှုကြောင့် သူတို့ရဲ့ခေါင်းဆောင်ရှိကို အချက်ပြပေးလိုက်သည်။

ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများသည် ကောင်းကင်နတ်ဆိုးသားရဲဌက်ရဲ့ တိုက်ခိုက်မှုဒဏ်ကို ခုခံကာကွယ်နေချိန်တွင် ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် ထိုနေရာမှ ဖြတ်သွားကာ ကျောက်တံခါးကိုလဲ ဖျက်စီးပစ်လိုက်ပြီး ကောင်းကင်နတ်ဆိုးသားရဲဌက်ရှေ့ကို ရောက်ရှိသွားခဲ့သည်။

ချောင်ဖုန်းသည် အချိန်ဆွဲမနေဘဲ အသွင်ကိုးမျိူးမရဏဓားကို ထုတ်လိုက်ပြီး ငါရဲ့ယုံကြည်ချက်က ဒီဓားပဲဟုပြောကာ လေပေါ်သို့ ခုန်လိုက်ပြီး ကိုယ်ပိုင်စွမ်းအားကို ဓားထဲသို့ ကူးပြောင်းကာသံကြိုးကြီးတစ်ချောင်းကို ခုတ်ဖြတ်ချလိုက်တဲ့အခါ ဧရာမသံကြိုးကြီးသည် တစ်ချက်ထဲနဲ့ ပြတ်သွားလေသည်။

ထိုအခါ ကောင်းကင်နတ်ဆိုးသားရဲဌက်ရဲ့ ခန္ဓာကိုယ်အစစ်သည် ချောင်ဖုန်းကိုင်သော ဓားကို ကြည့်ကာ ​အကြောင်းမဲ့သက်သက်ကြောက်ရွံမှုဒဏ်ကို ခံစားနေရလေသည်။

ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲအား ခြည်နှောင်ထားသောကြိုးအားလုံးကိုဖယ်ရှားပြီးတဲ့ အခါ ကောင်းကင်နတ်ဆိုးသားရဲငှက်သည် အနက်ရောင်စွမ်းအင်အငွေ့ပုံစံပြောင်းသွားကာ ​ချောင်ဖုန်းရဲ့ ခေါင်းထဲသို့ တိုးဝင်သွားလေသည်။

ထိုအခါ ချောင်ဖုန်းကလဲ သူ့ရဲ့ဓားကို ပြန်သိမ်းလိုက်ပြီး ထိုနေရာမှ လျင်မြန်စွာထွက်ခွာလာလိုက်သည်။ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများသည် ဒဏ်ရာများနှင့် အကုန်လဲကျနေလေသည်။

ချောင်ဖုန်းသည် ထိုလူတွေလဲကျနေသဖြင့် အောင်မြင်ပြီထင်ကာ ဝမ်းသာနေချိန်မှာ သူသွားမည့်လမ်းတွင် ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဖုန်းယွီလွင်ရောက်ရှိလာလေသည်။ဖုန်းယွီလွင်သည် နတ်ဆိုးသားရဲဌက်ကို စောင့်ရှောက်သောအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေသောသူဖြစ်သည်။

ဖုန်းယွီလွင်သည် ချောင်ဖုန်းကို မြင်တဲ့အခါ ကိုယိပိုင်လက်သီးစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်သည်။ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် ပြေးနေတာတောင် အနည်းငယ်ထိခိုက်သွားခဲ့သည်။

"ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့်စွမ်းအားပဲ ၊ ငါ့သူကို ဘယ်လိုမှ ယှဥ်နိုင်မှာမဟုတ်ဘူး "

ဖုန်းယွီလွင်သည် တစ်နေရာနဲ့တစ်နေရာ ခဏလေး ရောက်ရှိလာပြီး ချောင်ဖုန်းအနားကို ရောက်ရှိလာခဲ့သည်။

"မင်းဘယ်သူလဲ......ဘာဖြစ်လို့သန့်စင်နယ်မြေရဲ့မြေအောက်ခန်းထဲကိုရောက်နေတာလဲ"

ချောင်ဖုန်းသည် အသွင်ကိုးမျိူးမရဏဓားကို ထုတ်လိုက်ပြီး ဝိညဥ်စွမ်းအင်အသက်သွင်းကာ စဥ်စားမနေဘဲ ဖုန်းယွီလွင်အား တိုက်ခိုက်လိုက်သည်။

ဖုန်းယွီလွင်သည် သူ့တိုက်ပြန်တိုက်ခိုက်တာကြောင့် ဒေါသထွက်သွားကာ "မင်းကသေချင်နေတာပဲ...."ဟု ချောင်ဖုန်းအားပြောလိုက်သည်။

ဖုန်းယွီလွင်သည် ချောင်ဖုန်းရဲ့ဓားချက်ကို အလွယ်တကူရှောင်လိုက်ပြီး သူဓားဖြင့် အေးဆေးပင် ခုတ်ချလိုက်သည်။ချောင်ဖုန်းသည် ဒဏ်ရာတစ်ချက်ရသွားသော ညာဘက်ပုခုံးကို ကိုင်၍ နောက်သို့ဆုတ်ကာ ဖုန်းယွီလွင်၏ ဓားချက်ကိုရှောင်လိုက်ရသည်။

"သေစမ်း.....ကြည့်ရတာငါဒီကနေထွက်သွားလို့မရတော့ဘူးထင်တယ်"

ဖုန်းယွီလွင်သည် သူ့ဓားဖြင့် ချောင်ဖုန်းအား ရွယ်ကာ "မင်းက သန့်စင်နယ်မြေရဲ့မြေအောက်ခန်းထဲကို ရောက်ရှိနေတဲ့အတွက် စစ်ဆေးဖို့ အညံခံပါ" ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ကြံရာမရဖြစ်နေချိန်မှာ ကောင်းကင်နတ်ဆိုးသားရဲဌက်သည် ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်ထဲမှ ဌက်ပေါက်စလေးအဖြစ်ထွက်ပေါ်လာပြီး ဖုန်းယွီလင်ကို စတင်တိုက်ခိုက်လိုက်ပြီး "အကိုကြီး......ငါဒီကောင်ရှင်းထားမယ် မင်းအမြန်ပြေးတော့" လို့ တိုက်ခိုက်ရင်းပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းလဲ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။ချောင်ဖုန်းသည် ခဏလေးအတွင်းမှာ အပြင်သို့ ပြန်လည်ရောက်ရှိလာပြီး သူ့အခန်းထဲသို့ မြန်စွာ ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ ကောင်းကင်နတ်ဆိုးသားရဲဌက်ပေါက်စလေးသည် ချောင်ဖုန်းနားကို ရောက်ရှိလာပြီး ဒဏ်ရာများစွာဖြင့်" အကိုကြီး......အဲ့ကောင်ကတော်တော်စွမ်းတယ် ၊ တော်သေးလို့ သူ့လက်ထဲကနေ လွတ်လာတာ" ဟု မောပန်းစွာပြောလိုက်ပြီး ချောင်ဖုန်းခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်သွားလေသည်။

ချောင်ဖုန်းသည် သူ့တပ်ထားသောမျက်နှာဖုံးကို ခွာလိုက်ပြီး "ရှင်းထျန်ရဲ့မျက်နှာဖုံးလေး ရှိနေလို့ပဲ မဟုတ်ရင် ငါကို အဲ့လူလိုက်ရှာနေလောက်ပြီ" ဟုတွေးလိုက်သည်။

ချောင်ဖုန်းသည် သူ့ရဲ့ဒဏ်ရာတွေကို ကုသဖို့ ပြန်၍ကျင့်ကြံလိုက်သည်။

မိုးလင်းသွားတဲ့အခါမှတော့ ချောင်ဖုန်းသည် ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ပြန်လည်သက်သာသွားခဲ့သည်။ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲကို ဆက်သွယ်ကြည့်တဲ့အခါမှတော့

ကောင်းကင်နတ်ဆိုးသားရဲသည်လည်း သူ့ကိုယ်သူဒဏ်ရာများပြန်လည်ကုသနေတာကို တွေ့လိုက်ရသည်။

"ကောင်းကင်နတ်ဆိုးသားရဲပီသပါတယ်.....လူတွေအတိုင်းကျင့်ကြံပြီး ဒဏ်ရာတွေကို ကုသနိုင်တာပဲ"

ထိုချိန်မှာ တံခါးရှေ့တွင် ခြေသံတစ်ခုကို ကြားလိုက်ရပြီး မိုစီရောက်ရှိလာတာကို သိလိုက်ရသည်။မိုစီသည် ပြိုင်ပွဲစင်သို့ သွားရန် အားလုံးကို လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။ထိုအခါ အားလုံးသည် သန့်စင်နယ်မြေရဲ့တိုက်ပွဲစင်ပေါ်သို့ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်းရောက်ရှိလာပါတော့သည်။

ပြိုင်ပွဲစင်ပေါ်သို့ ရောက်တဲ့အခါ အားလုံးသည် ကိုယ့်နေရာနဲ့ကိုယ်ရှိနေကြလေသည်။ချောင်ဖုန်းနှင့်ရွယ်ချင်းသည် အချင်းချင်းပြုံးပြလိုက်ကြသည်။ကျိုးရိဖျင်ကတော့ ချောင်ဖုန်းတို့ကိုကြည့်ကာ ပေါက်ကွဲ၍ နေလေသည်။

ကျိုးတုယွမ်သည် ကျိုးရိဖျင်ရဲ့ပုခုံးကို ကိုင်ကာ"ဆရာတူညီလေး......မင်းစိတ်မပူပါနဲ့ အဲ့ကောင်ငါနဲ့တွေ့ရင် မလွတ်မြှောက်စေရဘူး " ဟု ပြောလိုက်သည်။ကျိုးရိဖျင်သည် မနေ့ညက ချောင်ဖုန်း၏ အခန်းကို သွားခဲ့သော်လည်း လူမရှိသဖြင့် ဒေါသထွက်စွာဖြင့် ပြန်လာခဲ့ရသည်။

ထိုချိန်မှာ အဖိုးပေသည် လေထဲမှ တဆင့် ပြိုင်ပွဲစင်ရဲ့အလယ်တည့်တည့်သို့ရောက်ရှိလာပြီး သူဘေးနားတွင် လူတစ်ယောက်လဲ ပါလာခဲ့သည်။ထိုလူကတော့ ဖုန်းယွီလွင်ပင်ဖြစ်သည်။ဖုန်းယွီလွင်သည် အဖိုးပေရဲ့အနားမှာနေပြီး ပြိုင်ပွဲဝင်အားလုံးကို လိုက်လံကြည့်နေလေသည်။

ချောင်ဖုန်းသည် မသိသလိုပင် နေကာ ရပ်နေလေသည်။ထို့နောက်အဖိုးပေသည် ပြိုင်ပွဲစတင်ဖို့ အတွက် သူ့လက်ဖဝါးများကို ဖြန့်လိုက်သည့်အခါ ကဒ်ပြားတံဆိပ်နှစ်ခုသည် ပေါ်ထွက်လာလေသည်။

အဖိုးပေသည် ထိုကပ်ပြားတံဆိပ်ကို စွမ်းအားသုံးပြီး လိုက်တဲ့အခါ

ကျန်ရှိပြိုင်ပွဲဝင်အယောက်ငါးဆယ်ထဲမှ လူနှစ်ယောက်ရဲ့ကိုယ်ရေးအကြောင်းသည် လေထဲတွင် ပေါ်ထွက်လာလေသည်။

[ - ကျန်းနန်းဂိုဏ်းဟန်ချီမင် ဘုရင်နယ်ပယ်အစောပိုင်းအဆင့် နှင့်- ပန်းသခင်ဂိုဏ်းလီဖူကုံ ဘုရင်နယ်ပယ်အစောပိုင်းအဆင့်]

ထိုအခါ ဟန်ချီမင်နှင့်လီဖူကုံသည် ပြိုင်ပွဲစင်ထဲသို့ ဆင်းလာလိုက်ပြီး အချင်းချင်းအရိုအသေပြုလိုက်သည်။

ဟန်ချီမင်သည် တိုက်ခိုက်ရေးလက်အိတ်တစ်ခုဝတ်ဆင်ထားပြီး လီဖူကုံကတော့ ပုဆိန်တစ်လက်ကို ကိုင်ထားလေသည်။

ဟန်ချီမင်သည် သူ့ရဲ့လက်နှစ်ဖက်ကို စုစည်းထားပြီး လက်ဖဝါးများတွင် စွမ်းအင်စုစည်းလိုက်သည်။ထို့နောက် "တောင်ဖြိုလက်သည်းကျင့်စဥ်" လို့ပြောလိုက်ပြီး လီဖူကုံကို ခုန်အုပ်လိုက်သည်။

ထိုအခါ လီဖူကုံသည်ရီလိုက်ပြီး သူ့ရဲ့ ဓားကိုလက်ချောင်းနှစ်ချောင်းဖြင့် ပွတ်ဆွဲကာ "အဆုံးမဲ့သတ်ဖြတ်ခြင်းကျင့်စဥ် " ဟု အော်လိုက်ပြီး သူ့အနားကို ရောက်လာသော ဟန်ချီမင်ကို ခုတ်ချလိုက်သည်။

ထိုအခါ ဟန်ချီမင်ရဲ့လက်ချောင်းများနှင့်လီဖူကုံရဲ့ဓားသည် ထိပ်တိုက်တွေ့ဆုံသွားလေသည်။

စာစဥ်(5) pdf fileလေး လာဝယ်လို့ရပါတယ်ဗျ😘😘

All Chapters