chapter (53)
Vol. 4 Ch. 53
အသန့်စင်ဆုံးစနစ် အခန်း(53)
ဟန်ချီမင်နဲ့လီဖူကုံသည် ထိပ်တိုက်တွေ့နေချိန်မှာ ဟန်ချီမင်သည် "မင်းကကိုယ်အဆင့်ကိုယ်မသိတာပဲ....."ဟု ပြောလိုက်သည်။ထိုချိန်မှာ ဟန်ချီမင်ရဲ့ လက်အိတ်ထဲမှ အနီရောင်မီးလုံးကိုအနက်ရောင်အငွေ့များက ဝိုင်းထားသော အရာတစ်ခုထွက်လာပြီး လီဖူကုံရဲ့ ဓားကို ချိူးပစ်လိုက်လေသည်။
လီဖူကုံသည် သူ့ဓားကျိုးသွားတာကြောင့် "မဖြစ်နိုင်တာ....အဲ့တာဘာကြီးလဲ" ဟု ပြောကာ ကြောက်ရွံသွားလေသည်။ဟန်ချီမင်ကတော့ လီဖူကုံရဲ့ဓားကျိုးသွားတာနဲ့ တောင်ဖြိုလက်သည်းကျင့်စဥ်ဖြင့် လီဖူကုံအား တိုက်ခိုက်လိုက်လေသည်။
လီဖူကုံသည် ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး ကာလိုက်ပင်မယ့်
မြေပေါ်တွင် တရွတ်တိုက်ပါသွားကာ ဒဏ်ရာရသွားလေသည်။
ထိုအခါ အဖိုးပေသည် ဟန်ချီမင် အနိုင်ရရှိကြောင်း ကြေညာလိုက်သည်။
အဖိုးအိုသည် သူလက်ဖဝါးထဲမှ နောက်ထပ်တံဆိပ်ပြားနှစ်ခုကို ထုတ်လိုက်တဲ့အခါမှတော့ မသေမျိုးနတ်သမီးဂုဏ်းမှ ကျိူးတုယွမ် နှင့် အားကွေ့ဂိုဏ်းမှ ဝမ်ရှောက်ရှန်ဟုသော တံဆိပ်ပြားနှစ်ခုသည် ထွက်ပေါ်လာလေသည်။
ဝမ်ရှောက်ရှန်သည် ကျိုးတုယွမ်နှင့် ရင်ဆိုင်ရမည်ဖြစ်တဲ့အတွက် အနိုင်ရဖို့ မျှော်လင့်ချက်သိပ်မရှိပေ။ကျိုးတုယွမ်ကတော့ သူ့ပုခုံးအား ဖုန်ခါလိုက်ပြီး "မင်းဘာသာမင်း....အရှုံးပေးမလား ၊ ငါကိုယ်တိုင်အရှုံးပေးအောင်လုပ်ရမလား " ဟု ပြောလိုက်သည်။
ဝမ်ရှောက်ရှန်သည် ခုလိုအစော်ကားခံရမယ်လို့ မထင်ထားခဲ့ချေ။ကျိုးတုယွမ်သည် ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်ကို မကြာသေးခင်က ချိုးဖောက်သွားတဲ့အတွက် ဝမ်ရှောက်ရှန်အား အလွယ်တကူ အနိုင်ယူနိုင်မည်ဟု တွေးထားသည်။
ဝမ်ရှောက်ရှန်သည် အစော်ကားခံလိုက်ရတာကြောင့် အသက်ပေးတိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်ကာ သူ့ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်သည်။ကျိုးတုယွမ်သည် အစိမ်းနုရောင်ဓားမြှောင်တစ်လက်ကို ကိုင်ထားပြီး ဝမ်ရှောက်ရှန်အား နှစ်ချက်ခုတ်ချလိုက်သည်။
ဝမ်ရှောက်ရှန်သည် ကျိုးတုယွမ်ရဲ့ တိုက်ခိုက်မှုကို မရှောင်ရှားဘဲ
သူ့ရဲ့ဓားကွက်ကို အသုံးပြုကာ ခုခံကာကွယ်လိုက်သည်။
သို့သော်ဝမ်ရှောက်ရှန်သည် ကျိုးတုယွမ်ရဲ့ ဓားချက်တစ်ခုကိုသာ ဖျက်စီးပစ်နိုင်ပြီး နောက်တစ်ချက်သည် အရှိန်ပြင်းစွာ ရောက်ရှိလာတဲ့အခါ ဓားဖြင့်လျင်မြန်စွာ ကာလိုက်တဲ့အခါ တစ်ချက်ထဲနဲ့ပင် လွင့်ထွက်သွားလေသည်။
ကျိုးတုယွမ်သည် "ကလေးလေးက ငါနဲ့တိုက်ခိုက်ချင်နေတာလား...."ဟု လှောင်ပြောင်စွာပြောလိုက်သည်။
ထိုအခါ ဝမ်ရှောက်ရှန်သည် အရှုံးပေးကာ နှုတ်ထွက်သွားရပြီး
ကျိုးတုယွမ်သည် အေးဆေးပင် သူ့နေရာကို ပြန်သွားလိုက်သည်။
ထို့နောက် ပြိုင်ပွဲအနည်းငယ်ပြိုင်ပြီးတဲ့နောက်မှာ ယန်အစီအရင်ဂိုဏ်းမှဖုန်းယွီနှင့်ရွီးယန်းသာ အနိုင်ရရှိပြီး ကျန်နှစ်ယောက်က ထွက်ခွာသွားရပြီး ချောင်ဖုန်းကတော့ သူ့အလှည့်မရောက်ရှိသေးပေ။
အားလုံးသည် ရင်ခုန်စွာနဲ့ စောင့်နေကြလေသည်။နောက်ထပ်တိုက်ပွဲနှစ်ပွဲသာ ကျန်ရှိသောကြောင့်လဲ ဖြစ်သည်။အဖိုးပေသည် နောက်ထပ်တံဆိပ်ပြားနှစ်ခုအားထုတ်လိုက်သည့်အခါ
[မသေမျိုးနတ်သမီးဂိုဏ်းမှရွယ်ချင်း-ဘုရင်နယ်ပယ်အစောပိုင်းအဆင့် နှင့် ဆေးတန်ခိုးရှင်ဂိုဏ်းမှယီကျုံစွန်း-ဘုရင်နယ်ပယ်အစောပိုင်းအဆင့်]
ဟုရေးထားသောကဒ်ပြားလေးနှစ်ခုသည် ထွက်ပေါ်လာလေသည်။
ထိုအခါ ဆေးတန်းခိုရှင်ဂိုဏ်းမှ လူငါးယောက်သည် သူတို့၏ ဆရာတူအကိုကျုံစွန်းရဲ့ အစွမ်းအစကို သိသော်ကြောင့် စိတ်မပူပဲ သာသာယာယာပင်ဖြစ်နေကြသည်။
ရွယ်ချင်းနှင့်ယီကျုံစွန်းသည် စင်ပေါ်သို့ ရောက်ရှိလာပြီး ယီကျုံးစွန်းသည် သေးငယ်သောအပ်ချောင်းများကို လက်ချောင်းလေးကြားမှ ထုတ်လိုက်ကာ ပြောလိုက်သည်။
"မင်းက မိန်းကလေးဆိုပြီး ငါအလျော့ပေးမယ်မထင်နဲ့နော်"
ထိုအခါ ရွယ်ချင်းကလဲ ခါးထောက်ကာ"ရှင့်မှာ အဲ့လိုအရည်အချင်းမျိုးရှိဖို့ မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။
ထိုအခါ ယီကျုံစွန်းသည် အပ်ချောင်းများကိုင်သော လက်တစ်ဖက်ကို လေပေါ်သို့မြှောက်တင်လိုက်ပြီး "ကုသရေးသတ်ဖြတ်သူကျင့်စဥ် "ဟု ပြောလိုက်တဲ့အခါ အနီရောင်အငွေ့တန်းများသည် နေရာပေါင်းစုံမှရောက်ရှိလာပြီး သူ့ရဲ့အပ်ချောင်းလေးများထိပ်တွင် စုစည်းသွားလေသည်။
ချောင်ဖုန်းသည် ယီကျုံစွန်းက အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ဘာကြောင့်လဲဆိုတော့ ယီကျုံစွန်းသည် အပ်ချောင်းလေးများကို စိတ်ဝိညဥ်စွမ်းအင်ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခြင်းဖြစ်သည်။
ယီကျုံစွန်းသည် အပ်ချောင်းလေးများတွင် အနီရောင်အငွေ့များစုစည်းသွားတဲ့အခါ ရွယ်ချင်းရှိသော ပစ်သွင်းလိုက်သည်။
ရွယ်ချင်းလဲ မျက်လုံးစုံမှိတ်လိုက်ကာ "မိုင်ထောင်ချီညဥ့်နက်စက်ဝန်းကျင့်စဥ် " ဟု ပြောလိုက်တဲ့အခါ ပြိုင်ပွဲစင်တစ်ခုလုံးသည်
နေထွက်နေရာမှ မှောင်မဲသွားကာ အမှန်တကယ်မိုးချုပ်သလိုပင်ဖြစ်သွားသည်။
ချောင်ဖုန်းသည် သူရဲ့စိတ်ဝိညဥ်စွမ်းအင်ဖြင့် ဘယ်သူမှမမြင်နိုင်တဲ့ ပြိုင်ပွဲကွင်းပြင်ထဲကိုကြည့်သည့်အခါ ရွယ်ချင်းသည် ကြောက်စရာကောင်းသောစွမ်းအားခန္ဓာကိုယ်တစ်ခုအဖြစ်တည်ရှိနေတာကို တွေ့လိုက်ရသည်။
"ကြည့်ရတာ အဲ့ယီကျုံစွန်းကတော့ အခြေအနေကောင်းမယ်မထင်ဘူး..... ဟီးဟီး"
ထို့နောက်ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်၏။
ရွယ်ချင်းသည် အဖြူရောင်ရောင်ခြည်များထွက်နေသော သူ့ရဲ့ဓားဖြင့် ယီကျုံစွန်းပစ်သွင်းလိုက်သော အပ်ချောင်းများကို တစ်ချက်ချင်းခုတ်ချလိုက်သည့်အခါ အပ်ချောင်းလေးများသည် ကျောက်သားပြင်များတွင် သွားစိုက်နေလေသည်။
ယီကျုံစွန်းသည် ညဥ့်နက်တစ်ခုလို နေရာကို မြင်နေရတဲ့အခါ ကျောချမ်းသွားကာ ကြောက်ရွံသွားသလိုပင် ခံစားလိုက်ရသည်။
ထို့နောက်သူပစ်သွင်းလိုက်သော အပ်ချောင်းများသည် သူ့ရဲ့စိတ်ဝိညဥ်စွမ်းအင်နဲ့ပြတ်တောက်သွားတဲ့အတွက် မယုံနိုင်ဖြစ်သွားလေသည်။
ရွယ်ချင်းအတွက် ယီကျုံစွန်းသည် အသင့်သောက်စားသုံးရန်ဖြစ်နေသော သားကောင်တစ်ကောင်နဲ့ပင် တူနေလေသည်။ယီကျုံစွန်သည် သိုလှောင်ကွင်းထဲမှ အပ်ချောင်းများထုတ်လိုက်ပြီး မမြင်ရသော အမှောင်ထဲကို ပစ်သွင်းလိုက်တဲ့အခါ အပ်ချောင်းများသည် တစ်ချောင်းမှ သူ့ရှိပြန်မလာခဲ့ပေ။
ရွယ်ချင်းသည် အမှောင်ထဲမှ ဟိုဘက်ပြေးဒီဘက်ပြေးလုပ်ကာ ယီကျုံစွန်းအား ခြောက်လှန့်နေခဲ့သည်။ထိုချိန်မှာ ယီကျုံစွန်းသည် မထူးသည့်အဆုံး သိုလှောက်ကွင်းထဲမှ ဆေးတစ်လုံးကို ခိုးကြောင်ခိုးဝှက်ထုတ်သောက်လိုက်လေသည်။
ထိုဆေးကနေ သိုင်းအဆင့်ကို တိုးမြှင့်ပေးရုံသာမက စိတ်ဝိညဥ်စွမ်းအားကိုလဲ တိုးမြှင့်ပေးနိုင်လေသည်။ထို့အပြင် လူကလဲ တစ်ခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေမယ့် အသိဉာဏ်ကတော့ ပုံမှန်အတိုင်းဖြစ်လေသည်။
"ကောင်မစုတ်.....ငါပဲ ဒီပြိုင်ပွဲမှာ နိုင်ရမယ် ၊ ဘယ်သူမှ ငါ့ကိုတားလို့မရစေရဘူး......"
ထို့နောက် ယီကျုံစွန်းသည် သားရဲတစ်ကောင်အဖြစ်ပြောင်းလဲသွားကာခြေသည်းလက်သည်းကြီးများထွက်လာကာ မျက်လုံးမှာလဲအနီရောင်မျက်လုံးကြီးများဖြစ်သွားလေသည်။
ထိုအနီရောင်မျက်လုံးကြီးများသည် အမှောင်ထုထဲတွင် ရှိနေသော
ရွယ်ချင်းကို မြင်သွားကာ သားရဲတစ်ကောင်လို့ ခုန်အုပ်ပစ်လိုက်လေသည်။
ထိုအခါ ရွယ်ချင်းသည် သားရဲကောင်ပုံစံပြောင်းသွားသော ယီကျုံစွန်းသည် ကန့်သတ်တားမြစ်ဆေးတစ်မျိုးမျိုးအသုံးပြုလိုက်တာလို့တွေးလိုက်ပြီး ပြန်တိုက်ခိုက်လိုက်သည်။သို့သော် ရွယ်ချင်းသည် အနောက်သို့ လွင့်ထွက်သွားပြီး သူရဲ့ကျင့်စဥ်သည် ပျက်စီးသွားလေသည်။
ထိုအခါ ယီကျုံစွန်းသည် မြေပေါ်တွင် လဲသွားသော ရွယ်ချင်းကို လည်ပင်းညှစ်ကာ လေပေါ်သို့ မြှောက်လိုက်လေသည်။အားလုံးသည် အရှုံးမပေးသော ရွယ်ချင်းကို အရှုံးပေးဖို့ အော်ဟစ်နေကြလေသည်။
တခြားလူတွေကတော့ ယီကျုံစွန်းသည် ကျင့်စဥ်တစ်ခုကို အသုံးပြုလိုက်သည်ဟု ထင်သော်လည်း ချောင်ဖုန်းသည် အဆင့်ကိုးအဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်နေတာကြောင့် ယီကျုံစွန်းရဲ့အခြေအနေကိုကြည့်ကာ ကန့်သတ်တားမြစ်ဆေးလုံးကို အသုံးပြုထားကြောင်း သိရှိသွားလေသည်။
"မင်းကသေချင်နေတာပဲ.....အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်နေတာနဲ့ ကန့်သတ်တားမြစ်ဆေးလုံးကိုအသုံးပြုပြီး အားလုံးမသိအောင် ဖုံးကွယ်ထားလို့ ရမယ်ထင်နေတာလား"
ချောင်ဖုန်းသည် လှုပ်ရှားမည့်အချိန်မှာလူတစ်ယောက်သည် ယီကျုံစွန်းအား တိုက်ခိုက်လိုက်သည့်အတွက် ယီကျုံစွန်းသည် ရွယ်ချင်းအားလွင့်ပစ်လိုက်ပြီး သူ့ရှိလာနေတဲ့ စွမ်းအင်လှိုင်းတစ်ကြောင်းကို ရှောင်လိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့်အားလုံးထက်အရင် ရွယ်ချင်းအား ပွေ့ချီကာဖမ်းလိုက်သည်။ချောင်ဖုန်းသည် ရွယ်ချင်းအား ပြိုင်ပွဲစင်နေရာမှ အပြင်ဘက်သို့ ပွေ့ချီသွားခဲ့သည်။
မသေမျိုးနတ်သမီးဂိုဏ်းမှ အကြီးအကဲသည် ချောင်ဖုန်းရှိကို ရောက်ရှိလာပြီး ဆေးလုံးတစ်လုံးကို ရွယ်ချင်းပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ထိုအခါမှသာ သတိပြန်လည်ရရှိလာရွယ်ချင်းကို ချောင်ဖုန်းသည် ခေါင်းပွတ်ပေးကာ ဖက်ထားလိုက်သည်။ရွယ်ချင်းလဲ ဘာမှမပြောလဲ စိတ်ပူနေသော ချောင်ဖုန်းအား ပြန်ဖက်ထားပေးလိုက်သည်။
ယီကျုံစွန်းကတော့ သူ့ကိုတိုက်ခိုက်လာသော လူကို အံ့အားသင့်စွာကြည့်နေလိုက်ပြီး ဒေါသထွက်စွာဖြင့်ပြောလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ..... "
ထိုအခါ အဖိုးပေသည် ကြားကနေဝင်ပြောလိုက်သည်။
"သူကငါတို့ဖိတ်ခေါ်ထားတဲ့ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ အဂ္ဂိရတ်ပညာရှင်အကြီးအကဲတစ်ယောက်ပဲ"
ထိုအခါယီကျုံစွန်းသည် သူ့ကို ဘာကြောင့်တိုက်ခိုက်ခဲ့လဲဆိုတာသိသွားပြီး ထွက်ပြေးဖို့ စီစဥ်ပါတော့သည်။