← Chapters

chapter (54)

Vol. 4 Ch. 54

chapter (54)

Vol. 4 Ch. 54

အသန့်စင်ဆုံးစနစ် အခန်း(54)

ယီကျုံစွန်းသည် ထွက်ပြေးမည့်ချိန်တွင် လူနှစ်ယောက်သည် သူရဲ့ရှေ့ကို ရောက်ရှိလာကာ သူသွားမည့်လမ်းကို ပိတ်ပစ်လိုက်သည်။

ထိုနှစ်ယောက်က ယီကျုံစွန်းရဲ့ အဖိုးနဲ့အဖေဖြစ်ပြီး ဆေးတန်ခိုးရှင်ဂိုဏ်းမှ အကြီးအကဲများဖြစ်ကြသည်။

"ယီကျုံစွန်း.....ခုချိန်ကစပြီး မင်းကဆေးတန်ခိုးရှင်ဂိုဏ်းသားမဟုတ်တော့ဘူး ၊ သန့်စင်နယ်မြေရဲ့စည်းကမ်းကို ဖောက်ဖျက်တဲ့အတွက် မင်းအပြစ်ဒဏ်ကိုခံယူပါ"

အဖိုးဖြစ်သူက ထိုသို့ပြောလိုက်တဲ့ ယီကျုံစွန်းရဲ့အဖေသည် ဒူးထောက်ကာတောင်းပန်လိုက်သည်။

"အဖေ......သားလေးစွန်းကို အဲ့လောက်ကြီး မရက်စက်ပါနဲ့ ၊ အဖေဖြစ်တဲ့ကျွန်တော်က သွန်သင်ဆုံးမမှုညံလို့ပါ ၊ ကျွန်တော်တောင်းပန်ပါတယ် သားလေးစွန်းကို ကယ်ပေးပါ"

သို့သော် ယီကျုံစွန်းရဲ့အဖိုးသည် စိတ်ပျက်စွာ သက်ပြင်းတစ်ချက်ရှိုက်၍ "သန့်စင်နယ်မြေရဲ့ စည်းကမ်းကို ဝူတိုင်းပြည်ရဲ့ဘုရင်တောင် မလွန်ဆန်ရဲဘူး.......သူ့ထိုက်နဲ့သူ့ကံပဲ " ဟု ပြန်ပြောလိုက်သည်။

ထိုချိန်မှာ သန့်စင်နယ်မြေရဲ့ တာဝန်ရှိသူတွေသည် ယီကျုံစွန်းကို နောက်မှ မေ့အောင်လုပ်လိုက်ပြီး ဖမ်းခေါ်သွားလေသည်။ယီကျုံစွန်းရဲ့အဖေကတော့ အော်ဟစ်ကာ ငို၍ ကျန်ခဲ့လေသည်။

အဖိုးပေသည် ကျန်ရှိသော နှစ်ယောက်ကို တိုက်ခိုက်ဖို့ဖိတ်ခေါ်လိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ရွယ်ချင်းအား ထူပေးလိုက်ပြီး

မသေမျိုးနတ်သမီးဂိုဏ်းရဲ့ အကြီးအကဲ လက်ထဲအပ်ပေးလိုက်သည်။

"ကိုကိုချောင်ဖုန်း......ရှင်သတိထားရမယ်နော်"

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ပြိုင်ပွဲစင်ထဲသို့ လမ်းလျှောက်သွားလိုက်သည်။ချောင်ဖုန်းနဲ့ယှဥ်တိုက်ရမယ့် သူကတော့ ချောင်ဖုန်းရှေ့ကို တချက်ထဲနဲ့ခုန်ဝင်လာလေသည်။ထိုလူကတော့ ချောင်ဖုန်းရဲ့ရန်သူတော် ကျူးခွမ်ဖြစ်လေသည်။

"ရီချောင်ဖုန်း......မင်းကတော်တော်အသက်ပြင်းတဲ့ကောင်ပဲ ၊

ခုချိန် ရီအိမ်တော်ရဲ့အမှိုက်သခင်လေးလုပ်နေရင်တောင် မင်းအဆင်ပြေအုံးမယ် ၊ ခုတော့မင်းက သေချင်လို့ ငါ့ရှေ့ထပ်ရောက်လာတာပဲ"

ထိုအခါ ချောင်ဖုန်းသည် တချက်ပြုံးလိုက်ပြီး "ဘယ်သူကကိုယ့်သေတွင်းကိုယ်တူးတာလဲ ကြည့်လိုက်ကြရအောင်" ဟု ပြန်ပြောလိုက်သည်။

ကျူးခွမ်သည် အထွပ်အမြတ်ရတနာဂိုဏ်း၏ ပါရမီရှင်တစ်ယောက်ဖြစ်ရုံမကပဲ သူ့ရဲ့ဘိုးဘေးမှာ အထွပ်အမြတ်ရတနာဂိုဏ်းကို ကာကွယ်စောင့်ရှောင့်တဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့် အကြီးအကဲများတင် မကဘဲ အထွပ်အမြတ်ရတနာဂိုဏ်း၏ ဂိုဏ်းချုပ်၏ အရေးပေးခြင်းကိုပါ ခံရ၏။

ချောင်ဖုန်းတို့သားရဲမိစ္ဆာတောတွင် အမဲလိုက်စဥ်အခါက အဆင့်တစ်နတ်ဆိုးရောက်ရှိလာအောင်လုပ်ခြင်းကလဲ ကျူးခွမ်နှင့်အကြီးအကဲများရဲ့လုပ်ဆောင်ချက်ဆိုတာ လီဟောက်ရန်​ပြောပြမှုကြောင့် သိရှိခဲ့ရပြီးဖြစ်သည်။

ကျူးခွမ်သည် ဂိုဏ်းရဲ့အထောက်အပံများအပြင် သူ့ဘိုးဘေးရဲ့ နောက်ဆုံးအမွေတစ်ခုကို ရှာတွေ့ခဲ့ခြင်းကြောင့် ယခုဆိုရင် ဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

ကျူးခွမ်သည် လက်သီးဆုပ်လိုက်ကာ"ရီချောင်ဖုန်း.....တကယ့်စွမ်းအားအစစ်အမှန်ဆိုတာ မင်းသိအောင်ငါပြပေးမယ်" ဟု ပြောလိုက်ပြီး သူ့စွမ်းအားများကို ခန္ဓာကိုယ်အားလှည့်ပတ်စီးဆင်းစေလိုက်သည်။

ထိုအခါ ကျူးခွမ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်စွမ်းအားများတောက်ပလာကာ မီးဟုန်းဟုန်းတောက်နေသလိုပင်ဖြစ်နေလေသည်။ထိုအခါ ကြည့်နေတဲ့လူအားလုံးသည် ကျူးခွမ်ရဲ့စွမ်းအားကိုကြည့်ကာ ဝေဖန်ကြလေသည်။

"ကြည့်ရတာ ဒီကျူးခွမ်က ဘုရင်နယ်ပယ်အထွဋ်အထိပ်နယ်ပယ်အဆင့်ကိုတောင် ရောက်နေပြီပဲ ၊ ရီချောင်ဖုန်းကတော့ ဒီတစ်ခါ အခြေအနေကောင်းမယ်မထင်ဘူး "

ကျိုးရိဖျင်ကတော့ ချောင်ဖုန်းကို ကြည့်ပြီး"ဆောက်ရူးကောင်.....နောက်ဆုံးတော့မင်းဘာတက်နိုင်သေးလဲ " ဟုပြောကာ ကြိတ်ဝမ်းသာနေလေသည်။

ကျူးခွမ်သည် သူ့စွမ်းအင်အရှိန်အဝါများထုတ်ပြီးနောက် ချောင်ဖုန်းအား"ဘယ်လိုလဲ မင်းကြောက်နေပြီလား.....ဘိုးဘိုးလို့သုံးခါခေါ်ပြီး ကန်တော့ရင် ငါမင်းကိုသက်ညှာပေးမယ်" ဟု ပြောလိုက်သည်။

ချောင်ဖုန်သည် သူ့ခေါင်းကို ပွတ်လိုက်ပြီး "ဘာလို့မင်းလိုဆောက်ရူးတွေကို နေရာတကာတွေ့နေရတာလဲမသိဘူး" ဟု ပြောလိုက်သည်။

ထို့နောက်ချောင်ဖုန်းသည်လည်း သူရဲ့စွမ်းအားကို ခန္ဓာကိုယ်အားစီးဆင်းစေလိုက်တဲ့အခါ ကျူးခွမ်သည် အံ့အားသင့်စွာ မယုံကြည်နိုင်ဖြစ်သွားသည်။

"မင်းလဲ ဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်တိုက်ခိုက်ရေးသမားလား......"

ချောင်ဖုန်းသည် တည်ငြိမ်စွာနဲ့ပဲ" မင်းတစ်ယောက်ထဲ ဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်လို့ ထင်နေတာလား" ဟု ပြန်ပြောလိုက်သည်။ကျူးခွမ်သည် သူ့ရဲ့ဓားကို ရေခဲဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး "မင်းနဲ့ငါက သိုင်းအဆင့်ခြင်းတူချင်တူလိမ့်မယ် ဒါပေမယ့် မင်းကထာဝရအရှုံးသမားဖြစ်စေရမယ် "လို့ပြောလိုက်သည်။

ထို့နောက် ကျူးခွမ်သည် လေပွေဓားသိုင်းကျင့်စဥ်၏အနိူင်းမဲ့အဆင့်ကို ပုံဖော်လိုက်တဲ့အခါ ရေခဲလေပွေလှိုင်းကြီးသည် ကောင်းကင်အထက်တွင် ဖြစ်ပေါ်လာလေသည်။အားလုံးသည် စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။

ထိုအခါ ကျူးခွမ်သည် လက်ချောင်းများဖြင့် ချောင်ဖုန်းအား ညွှန်ကာတန်းတိုက်ခိုက်လိုက်သည်။ကျူးခွမ်သည် လေပွေဓားသိုင်းကျင့်စဥ်၏ အနိူင်းမဲ့အဆင့်ကို ရောက်ရှိတာ ရက်ပိုင်းပင်မကြာသေးချေ။

ရေခဲလေပွေလှိုင်းကြီးသည် သူ့ရှိရောက်တဲ့အခါ ချောင်းဖုန်းသည် သူ့ရဲ့ဓားအား နဂါးဝိညဥ်စွမ်းအင်အသက်သွင်းကာ နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ဖြင့် ရေခဲလေပွေလှိုင်းအား ဧရာမဓားကြီးဖြင့် ခုတ်ချလိုက်တဲ့အခါ ကြားထဲမှာပင် ပေါက်ကွဲထွက်သွားလေသည်။

ထို့နောက်ချောင်ဖုန်းသည် ကျူးခွမ်အား လှောင်၍ ပြောလိုက်သည်။

"ကျူးခွမ်.....မင်းကြည့်ရတာထမင်းမစားရသေးလို့ အားမရှိဘူးနဲ့တူတယ် ၊ တကယ်လေပွေဓားသိုင်းအစစ်ကို ငါပြပေးမယ်"

ထိုအခါ ချောင်ဖုန်းသည် ဓားကို လေပေါ်သို့ ထောင်လိုက်ပြီးအလွန်သန်မာအားကောင်းသည့် လေပွေလှိုင်းကြီးကို ပုံဖော်လိုက်တဲ့အခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲများတင်မကပဲ အားလုံးသည် ချောင်ဖုန်းရဲ့ လေပွေဓားသိုင်းကျင့်စဥ်မှ ကြောက်စရာကောင်းသောစွမ်းအားများကို ခံစားလိုက်ရသည်။

"ဒီကောင်က ဘယ်လိုလုပ်ပြီး လေပွေဓားသိုင်းကျင့်စဥ်ရဲ့ အနိူင်းမဲ့

အဆင့်ကိုတောင်တက်မြောက်သွားတာလဲ"

ကျူးခွမ်သည် နောက်ထပ်သူတက်ထားသော "နတ်ဘုရားလက်ဝါးသိုင်းကျင့်စဥ်"ဖြင့် ချောင်ဖုန်းရဲ့ နဂါးလေပွေလှိုင်းကို ခုခံဖို့ပြင်ဆင်လိုက်သည်။

ချောင်ဖုန်းသည် ကျူးခွမ်အား နဂါးလေပွေလှိုင်းကြီးဖြင့် တိုက်ခိုက်လိုက်တဲ့အခါ ကျူးခွမ်ကလဲ နတ်ဘုရားလက်ဝါးကျင့်စဥ်ကို ထုတ်သုံးကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

ကျူးခွမ်သည် ချောင်ဖုန်း၏နဂါးလေပွေလှိုင်းကို ဖျက်ဆီးပစ်လိုက်ပင်မယ့် ဒဏ်ရာအနည်းငယ်ရသွားကာ ပါးစပ်မှသွေးများပင်အန်လိုက်ရကာ သူ့ခန္ဓာကိုယ်အား ပြန်ထိန်းလိုက်ရသည်။

"ရီချောင်ဖုန်း......မင်းကိုအထင်သေးမိသွားတာပဲ "

ထို့နောက် ကျူးခွမ်းသည် "ဟားဟားဟား......ဒန် ရှောင် အ ဂိ တ ကျင့်စဥ်" ဟု တစ်လုံးခြင်းပြောလိုက်ပြီး လေပေါ်သို့ပျံတက်သွားပြီး သူရဲ့ဝတ်ထားသောအင်္ကျီသည် အနီရောင်အဖြစ်သို့ပြောင်းလဲသွားပြီး ဆံပင်များကလဲ ပွသွားကာ မိစ္ဆာကြီးတစ်ကောင်နဲ့ပင်တူသွားသည်။

ထိုအခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲသည် ရယ်လိုက်ကာ"သခင်လေးကျူးခွမ်က ဘိုးဘေးကြီးရဲ့ဒန်ရှောင်အဂိတကျင့်စဥ်ကို ပါ တက်မြောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး ဟားဟား " ဟု တစ်ယောက်ထဲ​ရေရွတ်နေခဲ့သည်။

ပတ်ဝန်းကျင် အရပ်ရပ်မှ ချီစွမ်းအင်များသည် ကျူးခွမ်ထဲသို့ တိုးဝင်သွားကာ စက္ကန့်ပိုင်းအတွင်းမှာ ကျူးခွမ်သည် ဧကရာဇ်နယ်ပယ်အဆင့်ကို ရောက်ရှိသွားလေသည်။ဒန်ရှောင်အဂိတကျင့်စဥ်သည် သိုင်းအဆင့်ကို ယာယီတိုးမြှင့်ပေးနိုင်တဲ့ကျင့်စဥ်တစ်ခုပင်ဖြစ်သည်။

ရွယ်ချင်းသည် အစွမ်းထက်လာသော ကျူးခွမ်ကို ကြည့်ကာ "ကိုကိုချောင်ဖုန်း......"ဟု ပြောကာ စိုးရိမ်နေလေသည်။

ကျူးခွမ်သည် လေပေါ်ကနေ ချောင်ဖုန်းအား လက်ညိုးထိုးကာ

"ရီချောင်ဖုန်း.......မင်းခုချိန်အရှုံးပေးမယ်ပြောရင်တောင် ငါမင်းကိုထွက်သွားခွင့်မပေးနိုင်တော့ဘူး" ဟု မာနတစ်ထောင်းထောင်းဖြင့်ပြောလိုက်သည်။

ချောင်ဖုန်းသည် ကျူးခွမ်ကို ကြည့်ကာ" ဆောက်ရူးက ဆောက်ရူးပဲ" ဟု ပြောကာ ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ရဲ့စွမ်းအားကို သုံးပုံတစ်ပုံသာ အားထည့်လိုက်ပြီး လက်ညိုးတစ်ချောင်းထဲဖြင့်

ကျူးခွမ်အားတိုက်ခိုက်လိုက်သည်။

ထိုအခါ ​ကြောက်မက်ဖွယ်ကောင်းသော ချီအလင်းတန်းကြီးသည် ကျူးခွမ်အားတချက်ထဲနဲ့ပင် မြေပေါ်ကို ကျအောင် ရိုက်ချလိုက်လေသည်။

ကျူးခွမ်သည် ဧကရာဇ်နယ်ပယ်အဆင့်ရောက်ရှိသွားတာ​တောင် ချောင်ဖုန်းရဲ့တိုက်ခိုက်ချက်ကို အနည်းပင်မခုခံလိုက်နိုင်တာကြောင့်

​ဒဏ်ရာများနဲ့ပင်သွေးရူးသွေးတန်းဖြစ်သွားလေသည်။ထို့နောက် ကမန်းကတန်း မြေကြီးကို လက်ထောက်ကာ ထလိုက်ပြီး "မင်း.....မင်းမိစ္ဆာကျင့်စဥ်ကို အသုံးပြုလိုက်တာမလား ၊ မဟုတ်ရင်မင်းငါ့ကိုနိုင်မှာမဟုတ်ဘူး"

ဖုန်းယွီလွင်နဲ့အဖိုးပေသည် ချောင်ဖုန်းထုတ်လိုက်သော ချီစွမ်းအင်အလင်းတန်းရှိက အရှိန်အဝါကို ခံစားလိုက်ရသည်။

"ဒီကောင်လေးအသုံးပြုလိုက်တဲ့ကျင့်စဥ်က အတော်ကြောက်စရာကောင်းတာပဲ ၊ သူသာ စွမ်းအားရာခိုင်နှုန်းအပြည့် တိုက်လိုက်ရင် ခုချိန် တစ်ဖက်လူရဲ့အရိုးတောင်ကျန်မယ်မထင်ဘူး"

ထို့နောက် အဖိုးပေသည် အားလုံးကြားအောင် "အနိုင်ရရှိသူ.....ရီချောင်ဖုန်း"ဟု ပြောလိုက်လေသည်။ထိုအခါ ကျူးခွမ်သည် အနောက်သို့လဲကျကာ သတိမေ့သွားလေသည်။

All Chapters