← Chapters

chapter (55)

Vol. 4 Ch. 55

chapter (55)

Vol. 4 Ch. 55

အသန့်စင်ဆုံးစနစ် အခန်း(55)

ထိုအခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲသည် သူ့တို့လူအား ကုသရန်ခေါ်ဆောင်သွားလေသည်။ဖုန်းယွီလင်သည်ဘစိတ်ထဲတွင် မနေ့ညက သားရေမျက်နှာဖုံးတပ်တင်ဆင်းထားသောလူက ချောင်ဖုန်းလို့ထင်ပင်မယ့် ဒဏ်ရာရနေသောပုံ မပေါက်တာ​ကြောင့် မဖြစ်နိုင်ဘူးဟု ယူဆလိုက်သည်။

သူတို့အဖွဲ့နှင့်သန့်စင်နယ်မြေမှ တာဝန်ရှိသူအားလုံးသည် တိတ်တဆိတ်ရှာဖွေနေကြလေသည်။ထို့နောက်ချောင်ဖုန်းသည် မိုစီရှိသို့ ခုန်သွားလိုက်သည်။အားလုံးသည် ဒီတစ်ခေါက်ပြိုင်ပွဲတွင် ချောင်ဖုန်းက အင်အားအကောင်းဆုံးဟု ချီးကျူးနေကြသည်။

မိုစီသည် ချောင်ဖုန်းတို့ပုခုံးကို ပုတ်ကာ "မင်းတို့သုံးယောက်က ငါတို့ယန်အစီအရင်ဂိုဏ်းအတွက် ကံကောင်းစေတဲ့လူတွေပဲ " ဟု ပြောကာ ဝမ်းသာနေလေသည်။ထိုချိန်မှာ ရွယ်ချင်းသည် ချောင်ဖုန်းနောက်ကို ရောက်ရှိလာကာ "ကိုကိုချောင်ဖုန်း......ရှင်ဒဏ်ရာရသွားသေးလား " ဟု လာမေးလေသည်။

ထိုအခါ ချောင်ဖုန်းသည် ခေါင်းခါ ပြလိုက်ပြီး ရွယ်ချင်းလက်ကိုကိုင်ကာ "ရွယ်ချင်း......မင်းငါ့ကိုစိတ်ပူနေတာလား " ဟု စလိုက်သည်။ထိုအခါရွယ်ချင်းသည် လက်ကို အတင်းရုန်းထွက်လိုက်ပြီး "ကိုကိုချောင်ဖုန်း.....လူအများကြီးကြည့်နေတယ်လေ " ဟု ရှက်ရှက်နဲ့ပြန်ပြောလိုက်သည်။

အားလုံးသည် ချောင်ဖုန်းနှင့်ရွယ်ချင်းရဲ့ အခြေအနေကို ကြည့်ကာဝေဖန် ပြောနေကြသည်။

"သူတို့နှစ်ယောက်က တကယ်လိုက်ဖက်တာပဲ ၊ ရီချောင်ဖုန်းက ယန်အစီအရင်ဂိုဏ်းရဲ့အထောက်အပံနဲ့တောင် ဒီအဆင့်ထိရောက်နိုင်တာ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကိုသာ ရောက်ရင် ဘယ်လောက်တောင်အစွမ်းထက်လာမလဲမသိဘူးနော်"

"မင်းပြောတာမှန်တယ်.....သူတို့နှစ်ယောက်လုံးရဲ့အစွမ်းကတကယ်ကြောက်ဖို့ကောင်းတယ် "

ထို့နောက်အဖိုးပေသည် အနိုင်ရရှိသူနှစ်ဆယ့်ငါးယောက်ကား ခေါ်လိုက်ပြီး သူ့တို့တစ်ယောက်ချင်းစီလိုက်ကြည့်လိုက်လေသည်။

ထို့နောက်အဖိုးပေသည် တစ်ယောက်ချင်းစီကို သူ့စွမ်းအားဖြင့် စားရင်းပြုစုရေးသားလိုက်သည်။

"ခုချိန်ကစပြီး မင်းတို့နှစ်ဆယ့်ငါးယောက်ကနတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ တပည့်ဝင်တွေဖြစ်သွားပြီ ၊ ဒီတစ်ခေါက်မှာ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းက မင်းတို့မှာအစွမ်းအစ တကယ်ရှိမရှိ သိချင်တဲ့အတွက် နောက်သုံးရက်ကြာရင် နှစ်ယောက်တစ်ဖွဲ့ ဒါမှမဟုတ် တစ်ကိုယ်ထဲနဲ့ ကျိုးတိုင်ပြည်မှာရှိတဲ့ နတ်ဘုရားခေါင်းလောင်းဂိုဏ်းရှိရောက်အောင်သွားရမယ်

၊ မင်းတို့နားလည်ကြလား"

ထိုအခါ အားလုံးသည် အဖိုးပေအား "နားလည်ပါတယ် "ဟု ပြန်ဖြေလိုက်ကြသည်။

ထိုအခါ အဖိုးပေသည် သူ့တာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် တခြားသောလူတွေနဲ့အတူ ပျံသန်းထွက်ခွာသွားလေသည်။

ချောင်ဖုန်းသည် မိုစီအား ဂါဝါရပြုလိုက်ပြီး တခြားတိုင်းပြည်ကို သွားရမှာ ဖြစ်တဲ့အတွက် ကျန်သုံးရက်မှာ သူ့မိဘတွေနဲ့အတူရှိနေချင်သေးတယ်ဟု ပြောလိုက်သည်။

"ကောင်းပြီလေ......ငါမင်းအစားကျန်တဲ့အကြီးအကဲတွေကို နှုတ်ဆက်ပေးလိုက်ပါ့မယ်"

ရွယ်ချင်းသည်လည်း သူ့ဂိုဏ်းကအကြီးအကဲကို ပြောပြီး ချောင်ဖုန်းအနားကို ရောက်ရှိလာခဲ့သည်။

"ကိုကိုချောင်ဖုန်း.......ရှင်လဲအိမ်ပြန်မှာမလား"

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ရွယ်ချင်းသည် ဝမ်းသာသွားခဲ့သည်။မိုစီသည် သန့်စင်နယ်မြေကနေ ထွက်ခွာဖို့ ​မြေပုံစာရွက်တစ်ခုကို ပေးလိုက်သည်။

"ကောင်လေး.....မင်းကအိမ်ကိုတန်းပြန်မယ်ဆိုရင်တော့ ဒီမြေပုံကို လိုအပ်လိုက်မယ်ထင်တယ်"

ချောင်ဖုန်းသည် မြေပုံအားယူလိုက်ကာ အကြီးအကဲမိုစီအားနှုတ်ဆက်ကာ ကျေးဇူးတင်လိုက်လေသည်။ထို့နောက် ဖုန်းယွီသည် "သခင်လေးချောက်ဖုန်း......ဖုန်းယွီတို့နောက်မှပြန်တွေ့တာပေါ့ " ဟု ပြောကာ အကြီးအကဲမိုစီနောက်ကို လိုက်သွားကြလေသည်။

ချောင်ဖုန်းသည် မြေပုံကို ထုတ်ကြည့်လိုက်ပြီး " ငါတို့မမှောင်ခင် အိမ်ကို အရောက်ပြန်ရမယ် "ဟု ပြောကာ သူ့ရဲ့ဝိညဥ်လှေကို ထုတ်လိုက်သည်။ရွယ်ချင်းသည် ဝိညဥ်လှေတစ်စင်း ချောင်ဖုန်းမှာ ရှိနေမယ်မထင်ထားတာကြောင့် အံ့အားသင့်စွာ ကြောင်ကြည့်နေလေသည်။

ချောင်ဖုန်းသည် ချောင်းဟန့်ကာ "အဟင့်....အဟင့် မင်းမလိုက်တော့ဘူးလား "ဟု ရွယ်ချင်းအားမေးလိုက်သည်။ထိုအခါမှသာ ရွယ်ချင်းသည် ချောင်ဖုန်းရဲ့ ဝိညဥ်လှေပေါ်တက်လိုက်ပြီး ချောင်ဖုန်းသည် သန့်စင်နယ်မြေမှ စတင်ထွက်ခွာလာလိုက်သည်။

ရွယ်ချင်းသည် ချောင်ဖုန်းသည် ဒီအတောအတွင်းဘာတွေဖြစ်ပျက်သွားလို့ ချောင်ဖုန်းက ခုလောက်ထိသန်မာတာလဲ သိချင်နေခဲ့သော်လည်း မမေးခဲ့ချေ။

"ကိုကိုချောင်ဖုန်း.....ရှင်အတောအတွင်းမှာအဆင်ပြေရဲ့လား...."

ထိုအခါ ချောင်ဖုန်းသည် နောက်လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး

"ငါအဆင်ပြေပါတယ်........ရွယ်ချင်းမင်းရော ဘယ်လိုလဲ" ဟုပြန်မေးလိုက်သည်။ထိုအခါ ရွယ်ချင်း ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ခါးထောက်၍ ပြောလိုက်သည်။

"ကိုကိုချောင်ဖုန်း.....ရွယ်ချင်းအရင်ကထက်ပိုလှလာတယ်မလား"

ထိုအခါ ချောင်ဖုန်းသည် ဘာမှပြန်မပြောဘဲ ရှေ့သို့လှည့်ကာ ဝိညဥ်လှေအား ပြန်လည်ထိန်းချုပ်လိုက်သည်။

ထိုအခါရွယ်ချင်းသည် နှုတ်ခမ်းစူကာ စိတ်ဆိုးစွာဖြင့် "ကိုကိုချောင်ဖုန်းစိတ်ပုတ်ကြီး...."ဟု တိုးတိုးလေးပြောလိုက်သည်။

သန့်စင်နယ်မြေသည် အန်းမြို့နဲ့အလွန်ဝေးကွာနေသော်ကြောင့် ချောင်ဖုန်းသည် ဝိညဥ်လှေကို အမြန်ဆုံးအရှိန်နှုန်းဖြင့် ပျံသန်းလာခဲ့သည်။နာရီအနည်းငယ်ပျံသန်းလာပြီးနောက်မှာ ချောင်ဖုန်းသည် မကောင်းသောအငွေ့အသက်ကို ခံစားလိုက်ရ၍ ဝိညဥ်လှေကို ရပ်တန့်ပစ်လိုက်သည်။

"ကိုကိုချောင်ဖုန်း.......ဘာလို့ဝိညဥ်လှေကို ရပ်လိုက်တာလဲ..."

ထိုအခါ ချောင်ဖုန်းသည် ရွယ်ချင်းအားဖက်လိုက်တဲ့အခါ ရွယ်ချင်းသည် ရှက်ရှက်နှင့်"ကိုကိုချောင်ဖုန်း.....ရှင်တအားအတင့်ရဲတာပဲ"ဟုပြော၍ ခေါင်းငုံကာသွားသည်။ထိုချိန်မှာ ချောင်ဖုန်းသည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ရွယ်ချင်း.......ငါတို့ပတ်လည်နားမှာ ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတွေရှိနေတယ်လို့ ငါခံစားနေရတယ်"

ထိုအခါ ရွယ်ချင်းသည် "ဧကရာဇ်နယ်ပယ်အဆင့်ကတိုက်ခိုက်ရေးသမားတွေ " ဟု အံ့အားသင့်စွာပြောလိုက်ပြီး လှည့်ကြည့်မယ့်ချိန်တွင် ချောင်ဖုန်းသည် ရွယ်ချင်းခေါင်းကို ကိုင်လိုက်ပြီး "လှည့်မကြည့်နဲ့ တည်တည်ငြိမ်ငြိမ်နေ " လို့ပြောလိုက်ပြီး ဝိညဥ်လှေကို မြေ​ပြင်သို့ ဆင်းသက်လိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် မိုးကြိုးလျှပ်စီးအစီအရင်စာရွက်ကို ရွယ်ချင်းအား သွယ်ဝှက်စွာ ထုတ်ပေးထားလိုက်သည်။

ချောင်ဖုန်းသည် ယန်အစီအရင်ရတနာကို ထုတ်သုံးရန်အတွက် အချိန်လိုအပ်နေခဲ့သည်။

"ငါခုချိန်ထုတ်သုံးမယ်ဆိုရင်.....ဒီလူတွေငါ့ကို ဝင်တိုက်မှာကျိန်းသေတယ် ၊ ထွက်ပြေးတာအကောင်းဆုံးပဲ "

ရွယ်ချင်းနဲ့ချောင်ဖုန်းသည် တောတစ်ခုထဲကို နှစ်ယောက်သားလမ်းလျှောက်လာခဲ့ပြီး ဘေးနားတစ်ဝိုက်မှာတော့ သူတို့နှစ်ယောက်နောက်ကို လျင်မြန်သောအရှိန်ဖြင့် လိုက်နေကြသည်။

ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ဆုပ်ကိုင်၍ ခေါင်းငြိမ့်အချက်ပြလိုက်တဲ့အခါ ရွယ်ချင်းသည် မိုးကြိုးအစီအရင်ကို အသက်သွင်းလိုက်ပြီး နှစ်ယောက်သားထွက်ပြေးပါတော့သည်။

"သေစမ်း......သူတို့ထွက်ပြေးသွားပြီ အမြန်လိုက်ကြ "

ချောင်ဖုန်းသည် လမ်းတစ်လျှောက်လုံး ပေါက်ကွဲအစီအရင်စာရွက်များကို ထောင်ချောက်ဆင်ထားခဲ့သည်။နောက်ကလိုက်ပါလာသောအုပ်စုသည် ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတွေဖြစ်သောကြောင့် ချောင်ဖုန်း၏ ပေါက်ကွဲအစီအရင်စာရွက်များကိုအလွယ်တကူပင် ရှောင်ရှားကာ ချောင်ဖုန်းတို့နောက်အမြန်လိုက်ကြသည်။

"သခင်လေးကျူးခွမ်ရဲ့အမိန့်အရ မင်းကို ဒီနေ့အရှင်မထားနိုင်တော့ဘူး အကြီးအကဲတို့ အမြန်လိုက်ကြ"

ထိုချိန်မှာ ကောင်းကင်နတ်ဆိုးသားရဲသည် ချောင်ဖုန်းအားမေးလိုက်သည်။

"အကိုကြီး......မင်းငါ့အကူအညီလိုအပ်သေးလား......."

ထိုအခါ ချောင်ဖုန်းသည် ပြေးနေရာမှ ရပ်လိုက်ပြီး "ဟုတ်သားပဲ......ငါမင်းကို မေ့နေတာ မင်းပြန်သက်သာလာပြီလား" ဟုကောင်းကင်နတ်ဆိုးသားရဲအား ပြောလိုက်သည်။

"အဲ့တာက အရေးမကြီးပါဘူး......အကိုကြီးက ကျွန်တော်ကို လွတ်မြောက်အောင်လုပ်ပေးတဲ့သူဖြစ်သလို့ ၊ ကျွန်တော်ရဲ့သခင်တစ်ယောက်လဲ ဖြစ်နေတဲ့အတွက် ဒီကိစ္စက ကျွန်တော်နဲ့လဲသက်ဆိုင်နေတာပဲ "

ရွယ်ချင်းသည် ချောင်ဖုန်းရုတ်တရက်ရပ်လိုက်တဲ့အတွက် ထူးဆန်းသွားကာ မေးမြန်းလိုက်သည်။

"ကိုကိုချောင်ဖုန်း......ရွယ်ချင်းတို့ဆက်မပြေးတော့ဘူးလား"

ထိုချိန်မှာ မျက်နှာဖုံးများဝတ်ဆင်ထားသော လူတွေသည် တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းလာကာ ချောင်ဖုန်းတို့အား ဝိုင်းထားလိုက်သည်။

"မင်းတို့ကထပ်ပြီး ထွက်ပြေးချင်နေတာလား......မင်းတို့ကမ္ဘာမြေအဆုံးထိပြေးရင်တောင် ငါတို့ကလိုက်သတ်မှာပဲ"

ထိုအခါ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အကြီးအကဲတို့ မျက်နှာဖုံးတွေစွပ်ထားရတာ မပူဘူးလား " ဟု မေးမြန်းလိုက်သည်။

ထိုအခါ မျက်နှာဖုံးစွပ်ထားတဲ့လူတွေသည် မျက်နှာဖုံးကို ချွတ်လိုက်ကြသည်။

"ကောင်းတယ်ကောင်းတယ်ရီချောင်ဖုန်း.........ငါတို့ဘယ်သူလဲဆိုတာ မင်းသိနေတော့ မင်းသေရင်အသေဖြောင့်သွားရတာပေါ့..... ဟားဟား"

All Chapters