chapter (56)
Vol. 4 Ch. 56
အသန့်စင်ဆုံးစနစ် အခန်း(56)
ချောင်ဖုန်းသည် ရွယ်ချင်းကို ဖက်လိုက်ပြီး "အကြီးအကဲတို့အဆင့်နဲ့ ကျွန်တော်တို့အနားကို ကပ်လို့ရမယ်တောင် မထင်ဘူး" ဟု ပြောလိုက်သည်။ရွယ်ချင်းရဲ့စိတ်ထဲမှာ ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများကို ချောင်ဖုန်းသည် လှည့်စားဖို့လုပ်နေတာလားဟု တွေးနေလေသည်။
အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲများသည် ချောင်ဖုန်းသည် သူတို့ကို ဂရုမစိုက်သည့်ဟန်လုပ်နေတာကြောင့် ဒေါသထွက်ပေါက်ကွဲကြလေသည်။
"ခွေးကောင်စုတ်.......ငါ့လက်ထဲရောက်လာရင်တော့ မင်းကိုမသေမချင်းနှိပ်စက်ပစ်မယ်"
ထိုလူသည် ချောင်ဖုန်းအားတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည့်အချိန်မှာ အကြီးအကဲတွေသည် စွမ်းအင်များထုတ်လွှင့်ကာ ချောင်ဖုန်းရှိသို့ ပြေးဝင်ကြလေသည်။ ချောင်ဖုန်းသည် သူ့ရဲ့စိတ်ထဲကပင် နတ်ဆိုးသားရဲဌက်အား တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်လေသည်။
ထိုအခါ ဧရာမကောင်းကင်နတ်ဆိုးသားရဲဌက်အကြီးကြီးသည် ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်ထဲမှ ကောင်းကင်အထက်သို့ ပျံဝဲကာ စူးရှသောအော်မြည်လိုက်လေသည်။
ထိုအခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲတွေသည် လေပေါ်တွင် ပျံဝဲနေသော ဧရာမကောင်းကင်နတ်ဆိုးဌက်အားကြည့်ကာကြောက်လန့်သွားကြပြီး ရပ်တန့်ကြကုန်ကာ ခြေတုန်ဒူးတုန်ကြသည့်အထိဖြစ်သွားကြသည်။
ထိုအခါ သူတို့အဖွဲ့ထဲမှ ခေါင်းဆောင်သည်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် "ဒီ...ဒီကောင်းကင်နတ်ဆိုးသားရဲက သန့်စင်နယ်မြေရဲ့မြေအောက်ခန်းထဲမှာ ချုပ်နှောင်ထားတာ မဟုတ်ဘူးလား ဒီ...ဒီကို ဘယ်လိုရောက်လာတာလဲ" ဟု တုန်တုန်ချီချီဖြင့်ပြောလိုက်သည်။
ထိုအခါ သူတို့အဖွဲ့ထဲမှ ချောင်ဖုန်းနားကို ရောက်ခါနီးမှ နောက်ပြန်ဆုတ်၍ လဲကျသွားသောအကြီးအကဲသည် မြေပေါ်တွင် လက်တစ်ဖက်မြေပေါ်ထောက်ပြီး နောက်လက်တစ်ဖက်က ချောင်ဖုန်းကို လက်ညိုးထိုးကာပြောလိုက်သည်။
"အကြီးအကဲအန်.....အဲ့ကောင်စုတ်လေး......ခန္ဓာကိုယ်ထဲက ထွက်လာတာ ၊အဲ့ကောင်စုတ်လေးရှိက ထွက်လာတာ"
ထိုအခါအကြီးအကဲအန်သည် နားလည်သွားလေသည်။
"အဲ့တာကြောင့်မလို့ သူက ငါတို့တိုက်ခိုက်မှာကို ထွက်မပြေးပဲ
ယုံကြည်ချက်အပြည့်ရှိနေတာပဲ"
ရွယ်ချင်းကိုယ်တိုင်ကလဲ ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုကိုခံစားလိုက်ရသည်။အကြီးအကဲရဲ့စကားကြောင့် အားလုံးသည် မယုံကြည်နိုင်သော်လည်း ထွက်ပြေးဖို့သာ ခေါင်းထဲရှိနေကြလေသည်။
ကောင်းကင်နတ်ဆိုးသားရဲသည် မနေ့ညကထက် စွမ်းအားများပြန်လည်ပြည့်ဝနေပြီဖြစ်တဲ့အတွက် ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများကို အလွယ်လေးသတ်ဖြတ်နိုင်နေပြီဖြစ်၏ ။
"အကိုကြီး.....ငါသူတို့ကို ရှင်းလိုက်ရတော့မလား"
ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲဌက်နဲ့ စိတ်ထဲကပင် ဆက်သွယ်စကားပြောလိုက်ကြသည်။
"မလိုတော့ဘူး.........မင်းရဲ့စွမ်းအားတွေ ဖြုန်းတီးမပစ်နဲ့ ၊ ငါဘာသာရှင်းလိုက်မယ်"
ကောင်းကင်နတ်ဆိုးသားရဲဌက်သည် ချောင်ဖုန်းစကားကို နားထောင်ကာ ချက်ချင်းပြန်လည်ပျောက်ကွယ်သွားကြသည်။ထိုအခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲတွေသည်
သူတို့ခေါင်းဆောင်အား ကောင်းကင်နတ်ဆိုးသားရဲ ပြန်မပေါ်လာခင် အမြန်ထွက်ပြေးဖို့ပြောလိုက်သည်။
"အကြီးအကဲအန်......ငါတို့အမြန်ဒီက ထွက်ခွာကြရအောင်"
ထိုအခါ အကြီးအကဲအန်သည် သူတို့အသက်က ပိုအရေးကြီးတာမလို့ ထွက်ခွာဖို့ သဘောတူလိုက်သည်။ထို့နောက် သူတို့အဖွဲ့သည် ပြန်ထွက်ပြေးမည့်ချိန်မှာ ချောင်ဖုန်းသည် "အကြီးအကဲတို့ လာပြီးပြီပဲ ဘာလို့ပြန်ဖို့ကြိုးစားနေတာလဲ" ဟု ပြောလိုက်သည်။
အကြီးအကဲအန်းသည် ချောင်ဖုန်းအား ဂရုမစိုက်ဘဲ ထိုနေရာကအမြန်ထွက်ခွာဖို့သာ ပြောလိုက်သည်။ထိုချိန်မှာ ရှေ့ဆုံးက နှစ်ယောက်သည် ပြေးနေရင်းပင် နံရံကို ပြေးဆောင့်သလို ဖြစ်သွားကာ လဲကျသွားကုန်သည်။
ထိုအခါ နောက်ကလူတွေသည် ရပ်တန့်လိုက်ကြပြီး ထိုနေရာကို လက်ဖြင့် စမ်းလိုက်တာ သူတို့သည် အစီအရင်အတွင်းမှာ ပိတ်မိနေတာကို သိရှိသွားကြသည်။ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲဖြင့် လှည့်စားခဲ့ပြီး ထိုအချိန်အတွင်းမှာ ယန်အစီအရင်ထတနာအား ဖန်တီးတည်ဆောက်နေခြင်းပင်ဖြစ်သည်။
"အစီအရင်တစ်ခုပဲ ဖြစ်နိုင်တာ ရီချောင်ဖုန်းလား ၊ မင်းတို့အားလုံးငါနဲ့အတူ ဒီအစီအရင်ကို ဖျက်စီးပစ်ကြစမ်း"
ထိုအခါ သူတို့တစ်ဖွဲ့လုံးသည် အစီအရင်အတွင်းမှ ဖောက်ထွက်နိုင်ရန် စွမ်းအားပေါင်းစုံဖြင့် တိုက်ခိုက်ကြလေသည်။သို့သော် သူတို့ရဲ့တိုက်ခိုက်မှုသည် ခြစ်ရာလေးအနည်းငယ်သာ ဖြစ်ပေါ်စေလေသည်။
ထိုအချိန်မှာ ချောင်ဖုန်းသည် သူရဲ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ အလံတိုင်ခြောက်ခုသည် တစ်ခုနှင့် တစ်ခု နေရာချိန်းကာ လည်ပတ်သွားလေသည်။
ချောင်ဖုန်းသည် တည်ငြိမ်စွာနဲ့ပဲ "စင်္ကြဝဋ္ဌာအကူးအပြောင်းအစီအရင်ဖွဲ့စည်းပုံ " ဟု ပြောလိုက်သည်။
ထိုအခါ အထွပ်အမြတ်ရတနာဂိုဏ်းသည် တစ်ယောက်ချင်းစီ တစ်ကွဲတစ်ပြားဖြစ်သွားကာ တစ်ခြားနေရာတစ်ခုကို ရောက်ရှိသွားပြီး သူတို့ရဲ့ခန္ဓာကိုယ်အား ထိန်းချုပ်၍ မရတော့ဘဲ ကျွမ်းထိုးမှောင်ခုံ ဖြစ်သွားလိုက် အတည့်ပြန်ဖြစ်သွားလိုက်ဖြစ်သွားကြလေသည်။
ရွယ်ချင်းသည် အထွပ်အမြတ်ရတနာဂိုဏ်းက အကြီးအကဲတွေသည် ကျောက်ရုပ်တစ်ခုလို မလှုပ်မရှားပဲ ဖြစ်သွားတဲ့အတွက် ချောင်ဖုန်းသည် အစီအရင်ပညာမှာလဲ တစ်ဖက်ကန်းလွန်တက်မြောက်နေတာကို သိရှိသွားခဲ့သည်။
ချောင်ဖုန်းသည် စင်္ကြဝဋ္ဌာအကူးအပြောင်းအစီအရင်သည် အချိန်တစ်မိနစ်အတွင်းသာ သက်ရောက်သည့်အတွက် ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ကို စွမ်းအင်ရာခိုင်နှုန်းအပြည့်သုံးလိုက်သည်။
ထိုအခါ ချီစွမ်းအင်အလင်းတန်းကြီးသည် လေဟာနယ်ကို ထိုးဖောက်သွားကာ တစ်စုထဲရှိနေသော အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲ တစ်ဖွဲ့လုံးကို အမှုန့်ပါမကျန် သတ်ဖြတ်လိုက်လေသည်။
ရွယ်ချင်းသည် ချီစွမ်းအင်အလင်းတန်းသည် ကျူးခွမ်ကို တိုက်လိုက်သော စွမ်းအားထက် အဆပေါင်းများစွာသာလွန်းနေသောကြောင့် ချောင်ဖုန်းသည် ပြိုင်ပွဲမှာ သူ့စွမ်းအားကို သိုဝှက်ထားကြောင်း သွားခဲ့သည်။
အထွပ်အမြတ်ရတနာဂိုဏ်းက အကြီးအကဲတွေသည် ဘာမှန်းမသိသေသွားခဲ့ရပြီး ချောင်ဖုန်းသည် သူ့တို့ရဲ့သိုလှောင်ကွင်းများကို အကုန်သိမ်းလိုက်ပြီး ယန်အစီအရင်ရတနာအတူ သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် ဝိညဥ်လှေကို ပြန်ထုတ်လိုက်ပြီး မြေပုံပါလမ်းကြောင်းအတိုင်း အန်းမြို့ဆီသို့ ပြန်လာခဲ့လေသည်။
မိုးချုပ်ရန်နာရီဝက်လိုသော်အချိန်တွင် ချောင်ဖုန်းနှင့်ရွယ်ချင်းသည်
ရီအိမ်တော်ရဲ့အထက် ကို ရောက်ရှိလာလေသည်။
ချောင်ဖုန်းတို့သည် ဝိညဥ်လှေအပေါ်မှ ဆင်းလိုက်တဲ့အခါ ရီအိမ်တော်မှ လူများသည် ချောင်ဖုန်းတို့အား လာရောက်ကြိုဆိုကြလေသည်။
"မင်္ဂလာပါ သခင်လေးနဲ့သခင်မလေး...."
ထို့နောက် အစေခံတွေကြားထဲမှ စုမိုသည် အားလုံးကို တွန်းဖယ်လိုက်ပြီး ချောင်ဖုန်းအားပြေးဖက်လိုက်သည်။
"ကောင်စုတ်လေး......ပြန်လာတာကို အမေရှိတန်းမလာဘူး"ဟု ငိုသလိုရီသလို ပြောလိုက်သည်။စုမိုရဲ့နောက်တွင် လုပင်းလဲရောက်ရှိလာကာ ရွယ်ချင်းကို မြင်၍ မေးလိုက်သည်။
"သမီးရွယ်ချင်းလဲ သားနဲ့အတူပြန်လာတာလား......"
ထိုအခါ ရွယ်ချင်းသည် ခေါင်းလေးငုံကာ "ဟုတ်ရွယ်ချင်း .....ကိုကိုချောင်ဖုန်းနဲ့အတူပြန်လာခဲ့တာ" ဟု ယဥ်ယဥ်ကျေးကျေးပြန်ဖြေလိုက်သည်။
ထို့နောက်လုပင်းသည် လက်နောက်ပစ်ကာ အိမ်တော်အတွင်းဘက်သို့ လှည့်လိုက်ပြီး "ကလေးတွေလဲ ပင်ပန်းနေပြီဆိုတော့ အေးဆေးအနားယူခိုင်းလိုက်အုံး" လို့ စုမိုကို ပြောလိုက်သည်။
ထိုအခါ စုမိုသည် ချောင်ဖုန်းနဲ့ရွယ်ချင်း လက်အား ချိတ်သွားပြီး အိမ်တော်အတွင်းကို ခေါ်သွားလေသည်။ချောင်ဖုန်းသည် ဝိညဥ်လှေအား ရီအိမ်တော်ရဲ့ ကလေးသေးသေးများက ထူးဆန်းစွာ ပတ်ကြည့်နေသဖြင့် ဒီတိုင်းပဲထားခဲ့လိုက်သည်။
စုမိုသည် ချောင်ဖုန်းတို့ကို ထမင်းစားပွဲဝိုင်းမှာ ထိုင်ခိုင်းလိုက်ပြီး မီးဖိုချောင်အတွင်းသို့ ဝင်သွားသည်။ထို့နောက် လုပင်းနှင့်အတူ စားစရာများကို ချပေးလိုက်သည်။
ရွယ်ချင်းသည် မစားခင်မှာ သူ့မွေးစားအမေအားမေးလိုက်သည်။
"ဦလေးရီ.....ဘာလို့အမေကို ရွယ်ချင်း မတွေ့မိတာလဲ"
ထိုအခါ လုပင်းနှင့်စုမိုသည် ဘာမှမပြောဘဲ တိတ်ဆိတ်သွားတာမလို့ ရွယ်ချင်းနှင့်ချောင်ဖုန်းသည် တစ်ခုခုများ ဖြစ်နေတာလားဟု ရိပ်မိသွားကြသည်။ရွယ်ချင်းသည် စိုးရိမ်စွာနဲ့ပဲ ထမင်းစားဝိုင်းမှ ထကာ မေးလိုက်သည်။
"ရွယ်ချင်းမရှိတုန်းမှာ အမေဘာတွေဖြစ်သွားတာလားဟင်"
ထိုအခါ လုပင်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ထိုင်ခုံမှာ ထိုင်ပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
"လုယွဲ့က သူ့အခန်းထဲမှာရှိပါတယ်.....ဒါပေမယ့် သူမင်းကို စကားပြောနိုင်တော့မှာ မဟုတ်ဘူး"
"အမေစကားမပြောနိုင်တော့ဘူး.........ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"