Chapter(57)
Vol. 4 Ch. 57
အသန့်စင်ဆုံးစနစ် အခန်း(57)
ထိုအခါ ရွယ်ချင်းသည် ချက်ချင်းသူ့အမေရှိရာအခန်းကို အတင်းထပြန်သွားလေသည်။ထိုအခါ ချောင်ဖုန်းနှင့်အတူ လုပင်းတို့လဲ ရွယ်ချင်းနောက်ကို လိုက်သွားကြလေသည်။
ရွယ်ချင်းသည် အခန်းတံခါးကိုဖွင့်လိုက်တဲ့အခါ အစေခံများသည် ကုတင်ဘေးတွင်ရှိနေခဲ့ပြီး သာမာန်သမားတော်တစ်ယောက်သည် ကုတင်ပေါ်လဲနေသော လုယွဲ့၏ သွေးကြောအားစမ်းသပ်နေတာကို တွေ့လိုက်ရသည်။
ရွယ်ချင်းသည် အားလုံးကို ဘေးဖယ်လိုက်ပြီး သူ့အမေအားကြည့်လိုက်တဲ့အခါ လုယွဲ့သည် အသက်သာရှိပြီး ခန္ဓာကိုယ်မှာ မလှုပ်ရှားတော့ပေ။ထိုအခါ သမားတော်သည် သူ့ပစ္စည်းများကို သိမ်းရင်းပြောလိုက်သည်။
"သခင်မလေးလဲ ပြန်ရောက်လာပြီလား......ကျွန်တော်မျိုးက သာမာန်သမားတော်ဖြစ်တဲ့အတွက် ဒီလိုရောဂါမျိူးကို မကုသနိုင်တဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်"
"အမေ.....သမီးရွယ်ချင်းပြန်ရောက်လာပြီလေ"
ထို့နောက်သမားတော်သည် ခေါင်းခါကာ ထိုအခန်းထဲမှ ထွက်ခွာ၍ သွားလေသည်။ချောင်ဖုန်းသည် လုယွဲ့အား ဖက်ကာ ငိုနေသော ရွယ်ချင်းအားနောက်ဆုတ်ခိုင်းလိုက်သည်။
"ရွယ်ချင်း.....ငါခဏလောက်ကြည့်ပါရစေ....."
ရွယ်ချင်းလဲ ချောင်ဖုန်းပြောတာကို နားထောင်ကာ ဘေးသို့ ဖယ်ပေးလိုက်သည်။ချောင်ဖုန်းသည် လုယွဲ့၏ လက်ဖျားထိပ်ကို ကြည့်တဲ့အခါ လက်ညိုးနဲ့လက်သန်းတွင်အမဲရောင်အစက်သေးသေးလေးများစွာကို တွေ့လိုက်ရသည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်လိုက်ပြီး "သေချာအောင်စိတ်ဝိညဥ်စွမ်းအင်နဲ့စမ်းသပ်ကြည့်ရမယ်" ဟု စိတ်ထဲကပင်ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် သူ့စိတ်ဝိညဥ်စွမ်းအားဖြင့် လုယွဲ့ခန္ဓာကိုယ်အတွင်းအားစမ်းသပ်လိုက်သည်။လုယွဲ့သည် ထူးချွန်သူနယ်အဆင့်တိုက်ခိုက်ရေးသမားဖြစ်ပြီး ခန္ဓာကိုယ်၏ သွေးကြောများကို ဖုံးကွယ်မှောင်မဲနေသောအဆိပ်တစ်မျိူးကို တွေ့ရှိလိုက်ရသည်။
ချောင်ဖုန်းသည် သူ့စိတ်ဝိညဥ်စွမ်းအားပြန်ရုတ်သိမ်းလိုက်ကာ "အမှောင်ထုအဆိပ်လား" ဟု ပြောလိုက်သည်။အမှောင်ထုအဆိပ်သည် ဖန်တီး၍ မရဘဲ အမှောင်ထုအဆိပ်ခန္ဓာကိုယ်ပိုင်ရှင်ရှိမှ ဖြစ်ပေါ်လာသော အဆိပ်ဖြစ်သည်။
ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.......အမှောင်ထုအဆိပ်ဆိုတာဘာလဲ နောက်ပြီးအမေက အဲ့အဆိပ်မိနေတာလား....." ဟု ငိုကာမေးလိုက်သည်။ချောင်ဖုန်းသည် ရွယ်ချင်းအား အမှောင်ထုအဆိပ်ခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်နေမလားဟု ထင်မိလိုက်သည်။
"ရွယ်ချင်း.....မင်းလက်ခဏပေး "
ချောင်ဖုန်းသည် ရွယ်ချင်းရဲ့လက်ကို ကိုင်ကာ စိတ်ဝိညဥ်စွမ်းအားဖြင့် ရွယ်ချင်းအားစမ်းသပ်ကြည့်တဲ့အခါ သူထင်နေသလိုပင်ဖြစ်လေသည်။
"ရွယ်ချင်း......မိုင်ထောင်ချီညဥ့်နက်စက်ဝန်းကျင့်စဥ်က မသေမျိုးနတ်သမီးဂိုဏ်းရဲ့ကျင့်စဥ်လား"
ရွယ်ချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ချောင်ဖုန်းသည် ရွယ်ချင်းက အမှောင်ထုအဆိပ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ကြောင်း မပြောပြခဲ့ပေ။လုယွဲ့ခန္ဓာကိုယ်အတွင်းမှ အဆိပ်သည် ရွယ်ချင်းရှိမှ ကူးပြောင်းသွားခြင်းဖြစ်သည်။
"ကိုကိုချောင်ဖုန်း......ဘာထူးခြားလို့လဲ"
ချောင်ဖုန်းသည် ခေါင်းခါ၍ ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့၏။လုယွဲ့သည် ရွယ်ချင်းက အမှောင်ထုအဆိပ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သောကြောင့် မသေမျိုးနတ်သမီးဂိုဏ်းကို တမင်ပို့ဆောင်ခဲ့မှန်းသိသွားသည်။
မိုင်ထောင်ချီညဥ့်နက်စက်ဝန်းကျင့်စဥ်သည် ရွယ်ချင်းခန္ဓာကိုယ်ရဲ့အမှောင်ထုအဆိပ်ကို ထိန်းချုပ်ပေးနိုင်သော ကျင့်စဥ်တစ်ခုဖြစ်ပြီး တိုက်ခိုက်ရေးတွင်အရေးပါသော ကျင့်စဥ်တစ်ခုလဲဖြစ်သည်။
ထို့နောက် ချောင်ဖုန်းသည် စိတ်ပူနေသော ရွယ်ချင်းအား မျက်ရည်သုတ်ပေးလိုက်ပြီး " စိတ်မပူပါနဲ့........ငါ့မှာကုသပေးနိုင်မယ့်နည်းလမ်းရှိတယ်" ဟု ပြောလိုက်သည်။ထိုအခါ ရွယ်ချင်းသည် အနည်းငယ်စိတ်သက်သာရသွားပြီး "ကိုကိုချောင်ဖုန်း.....ရှင်တကယ်ပြောတာနော်" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းတို့သည် ညဘက်ကြီးအပြင်သို့ ပြန်ထွက်လာခဲ့ပြီး ဝိညဥ်လှေဖြင့် တိမ်လွှာမြို့သို့ အလျင်အမြန်ပျံသန်းလာခဲ့သည်။တိမ်လွှာမြို့သည် ဝူတိုင်းပြည်မှာ ရောင်းဝယ်ရေးအချက်အခြာကျသော မြို့တစ်မြို့ဖြစ်သည်။ချောင်ဖုန်းသည် တိမ်လွှာမြို့ကို ရောက်တာနဲ့ ဝိညဥ်လှေကို သိမ်းကာ ရွယ်ချင်းနှင့်အတူ မီးအိမ်လေးများထွန်းကာ လင်းနေသောဆေးအိမ်တော်တစ်ခုကို ဝင်လာခဲ့သည်။
"မင်္ဂလာပါ သခင်လေး......ကျွန်မတို့ ဆိုင်မှာ ဘယ်နေရာမှ မရနိုင်တဲ့ ဆေးလုံးတွေအပြင် ဆေးပင်တွေကိုပါ ဝယ်ယူနိုင်ပါတယ်"
ချောင်ဖုန်းသည် တံခါးအတွင်းသို့ လမ်းလျှောက်လာခဲ့ပြီး စာရွက်တစ်ရွက်နဲ့ မှင်တံတစ်ခုကို တောင်းလိုက်သည်။ထိုအခါ ဇိယိချင်လို့
ခေါ်သည့် မိန်းကလေးလဲ ချောင်ဖုန်းတောင်းဆိုတာကို ယူပေးလိုက်သည်။ချောင်ဖုန်းသည် စာရွက်ရသည့်အခါ သူ့လိုချင်သည့် ဆေးပင်များကို ချရေးပေးလိုက်ပြီး ဇိယိချင်ကိုပေးလိုက်သည်။
ထိုအခါ ဇိယိချင်သည် ချောင်ဖုန်းရေးပေးသော စာရွက်ကို ဖတ်လိုက်ပြီး အံ့အားသင့်သွားပြီး ငြင်းဆိုလိုက်သည်။
"သခင်လေး.....ကျွန်မဒီဆေးပင်အမျိုးအစားတွေ ကြားတောင်မကြားဖူးဘူး"
ထိုချိန်မှာ အဆင့်သုံးအဂ္ဂိရတ်ပညာရှင်တံဆိပ်တပ်ဆင်ထားသော လူအိုတစ်ယောက်ရောက်ရှိလာသည်။ထိုလူသည် ချောင်ဖုန်းတို့အားကြည့်ရှုလိုက်ပြီး ဇိယိချင်အား လေသံရှည်ကြီးဖြင့်မေးမြန်းလိုက်သည်။
"ယိချင်......ဒီမှာဘာတွေအဆင်မပြေဖြစ်နေတာလဲ"
ထိုအခါ ဇိယိချင်သည် ထိုလူအိုအား ခေါင်းငုံ၍ လက်နှစ်ဖက်ဆုပ်ကာ "မင်္ဂလာပါသခင်အိုခန်း......ဒီကသခင်လေးက ဆေးပင်လာဝယ်တာပါ ဒါပေမယ့် သူတောင်းဆိုတဲ့ ဆေးပင်တွေကို ယိချင်မမြင်ဖူးဘူး" ဟု အိုခန်းအားပြောလိုက်သည်။
ထိုအခါ အိုခန်းသည် ယိချင်လက်ထဲမှ စာရွက်အား ယူလိုက်ပြီး
"မှန်းစမ်း......ဘယ်လိုဆေးပင်တွေမလို့ နင်ကမသိရတာလဲ အဲ့တာမို့လို့ နင်ကိုငါအားနေရင် ဆေးပင်တွေအကြောင်းကို လေ့လာ
ပါအမြဲပြောနေတာ"ဟု ယိချင်အားဆူလိုက်သည်။
ထို့နောက်အိုခန်းသည် စာရွက်အား ဖတ်ကြည့်လိုက်တဲ့အခါ "ဒါဒါတွေ မနေ့ကမှ ဝူတိုင်းပြည်ထဲကို ပထမဆုံးရောက်ရှိလာတဲ့ဆေးပင်အမျိုးအစားတွေပဲ ငါတောင်ဆေးပင်အမျိုးအစားတွေရဲ့နာမည်တွေကို အလွတ်ကျက်နေရတုန်းပဲ ရှိသေးတယ် ဒီကောင်လေးက ဘယ်လိုလုပ်ပြီး တိတိကျကျ အကုန်သိနေရတာလဲ" ဟု စိတ်ထဲတွင်အံ့အားသင့်နေလေသည်။
ထို့နောက်အိုခန်းသည် ချောင်ဖုန်းရဲ့စာရွက်ကို ဆက်ဖတ်နေရင်း ပြောလိုက်သည်။
"မင်းက ဒီဆေးပင်တွေသိမှာတော့ ဒီဆေးပင်တွေရဲ့စျေးနှုန်းကမပေါ့ဘူးဆိုတာ သိရှိမယ်ထင်တယ်"
ချောင်ဖုန်းသည် ဘယ်လောက်ကျကျ ရှိမယ်ဆို အကုန်ဝယ်ယူမည်ဟုပြောလိုက်သည်။ထိုအခါ အိုခန်းသည် ဇိယိချင်ကို သော့တစ်ချောင်းပေးလိုက်ပြီး ဆေးသိုလှောင်ခန်းထဲမှ အသစ်သွင်းလာသော
ဆေးသေတ္တာဘူးများကို သွားယူခိုင်းလိုက်သည်။
ရွယ်ချင်းသည် သူ့အမေကို စိတ်ပူနေတဲ့အတွက် တုန်လှုပ်နေတုန်းပင်ဖြစ်တဲ့အတွက် ချောင်ဖုန်းသည် ခေါင်းကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။ဇိယိချင်သည် မနိုင်မနင်းဖြင့် ဆေးသေတ္တာဘူးအကြီးကြီးတွေကို တစ်ယောက်ထဲ မလာခဲ့သည်။
ခဏအကြာတော့ ဆေးသေတ္တာအကြီးကြီးငါးဘူးသည် ချောင်ဖုန်းအရှေ့ကို ရောက်ရှိလာခဲ့သည်။ထိုအခါ အိုခန်းသည် သေတ္တာအဖုံးကို ချောင်ဖုန်းအားဖွင့်ပြလိုက်သည်။
"လူငယ်လေး......ဒီဆေးတစ်ခုချင်းရဲ့ တန်ဖိုးက ရွှေဒင်္ဂါးငါးဆယ်အထက်မှာ ရှိတယ် ၊ မင်းဘယ်နှစ်ခုယူမလဲ"
ချောင်ဖုန်းသည် ကျန်တဲ့သေတ္တာအဖုံးတွေကို လိုက်ဖွင့်ကြည့်လိုက်ပြီး "ဒါတွေအကုန်လုံး ယူမယ် နောက်ပြီး ဟိုနားကရောပဲ"ဟု တခြားဆေးပင်တွေကိုလဲ လက်ညိုးထိုးကာပြောလိုက်သည်။
"ငါနောက်ဆိုရင် ဆေးပင်တွေကို ပိုစုဆောင်းထားရမယ် ၊ ဆေးဖော်စပ်ရတာ ငါ့အတွက်ခက်ခဲတဲ့အရာတစ်ခုမဟုတ်တော့ဘူး"
အိုခန်းနှင့်ဇိယိချင်သည် ချောင်ဖုန်းက သူတို့အား လာနောက်နေတာလားဟု ထင်သွားကာ အိုခန်းသည် "လူငယ်လေး မင်းငါ့ကိုလာနောက်နေတာလား ဒါတွေအားလုံးပေါင်းရင် ရွှေဒင်္ဂါး ငါးသောင်းအထက်မှာရှိတယ်........" ဟု ပြောနေရင်း အိုခန်းသည် ပါးစပ်လုံးဝရပ်သွားကာ အံ့အားသင့်စွာဖြင့် ချောင်ဖုန်းထုတ်လုပ်သော ရွှေဒင်္ဂါးများရှိမျက်လုံးရောက်ရှိသွားလေသည်။
ချောင်ဖုန်းသည် ရွှေဒင်္ဂါးခြောက်သောင်းအထိထုတ်ပေးလိုက်ပြီး ကျွန်တော်ကို ကျောက်စိမ်းဆေးပုလင်းတချို့ပါ ထုတ်ပေးပါဟု ပြောလိုက်သည်။
အိုခန်းသည် ဝမ်းသာသွားပြီး ဇိယိချင်ကို ပုလင်းများကို အမြန်ယူခိုင်းလိုက်လေသည်။
ထို့နောက်အိုခန်းသည် ရွှေဒင်္ဂါးများကို ရေတွက်လိုက်ပြီး "ဟီးဟီး....လူငယ်လေး ဒါတွေအကုန်မင်းပိုင်သွားပါပြီ " ဟု ပြောလိုက်သည်။ချောင်ဖုန်းလဲ သူ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ အကုန်ထည့်သိမ်းလိုက်သည်
"အဲ့တာဆို ကျွန်တော်တို့ကို ခွင့်ပြုပါအုံး......"
ထို့နောက် ချောင်ဖုန်းသည် ရွယ်ချင်းနဲ့အတူ တံခါးဝကို ထွက်ခွာသွားပြီးနောက် အိုခန်းသည် အခန်းထဲတွင် ရွှေဒင်္ဂါးများကို အစကနေပြန်ရေတွက်ကာ ပျော်မြူးနေပါတော့သည်။
ထို့နောက် ချောင်ဖုန်းတို့သည် အန်းမြို့ကို ပြန်လည်ရောက်ရှိလာပါတော့သည်။ရွယ်ချင်းသည် ချောင်ဖုန်းပြုလုပ်သောအရာမှန်သမျှက သူ့အတွက် အကုန်ထူးဆန်းနေတာ ဖြစ်သည့်အတွက် အံ့အားသင့်ကာ ဘာမှကို မမေးမြန်းတော့ပဲ ချောင်ဖုန်းအတွက် ဂုဏ်ယူနေခဲ့လေသည်။