chapter (58)
Vol. 4 Ch. 58
အသန့်စင်ဆုံးစနစ် အခန်း (58)
ချောင်ဖုန်းသည် ရီအိမ်တော်သို့ ပြန်ရောက်တာနဲ့ ရွယ်ချင်းကိုလုယွဲ့အနားမှာ နေခိုင်းလိုက်ပြီး သူကတော့ ဆေးဖော်စပ်ရန် သူ့အခန်းထဲသို့ ဝင်သွားမယ့်ချိန်မှာ လုပင်းသည်တားလိုက်သည်။ထို့နောက် လုပင်းသည် ဆေးတစ်လုံးပါရှိသော ပုလင်းတစ်ပုလင်းကို ထုတ်၍ ပေးလိုက်သည်။
ချောင်ဖုန်းသည် ထိုဆေးပုလင်းအစို့ကို ဖွင့်ကြည့်လိုက်တာနဲ့ ဒန်တျ
န်မှာ ဒဏ်ရာရတဲ့သူတွေနဲ့ ဒျန်တျန်ပျက်စီးသွားသူတွေအတွက် ကုသရန်ဖော်စပ်ထားသော ဆေးလုံးမှန်းသိလိုက်သည်။
"အဖေဒါက......."
ထိုအခါ လုပင်းသည် ချောင်ဖုန်းသိအောင် ပြောပြလိုက်သည်။ချောင်ဖုန်း ထွက်သွားပြီးနောက်မှာ ရွယ်ချင်းသည် မသေမျိုးနတ်သမီးဂုဏ်းကနေ ချောင်ဖုန်းအတွက် ထိုဆေးလုံးကို ပို့ပေးခဲ့ခြင်းဖြစ်သည်။
"ဒီကောင်မလေးက ငါ့အတွက်ဒီလိုဆေးလုံမျိုးကိုတောင်ပို့ပေးလိမ်ါမယ်တောင်မထင်ထားမိဘူး"
ချောင်ဖုန်းသည် လုပင်းပေးသော ထိုဆေးပုလင်းကို သိမ်းလိုက်ပြီး သူ့ရဲ့အခန်းထဲသို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်သည်။ထို့နောက် ဆေးမီးဖိုနှင့် လိုအပ်သည့်ဆေးဖက်ဝင်အမယ်များကို ထုတ်လိုက်သည်။
ချောင်ဖုန်းသည် နဝမအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်နေသည့်အတွက် ဆေးမီဖိုကို အသုံးမပြုဘဲ ဆေးလုံးကို ဖော်စပ်နိုင်နေပြီဖြစ်သည်။
သို့သော် ဆေးမီဖိုရှိလျှင် အရည်အသွေးပိုကောင်းမွန်သောကြောင့်
အသုံးပြုရခြင်းဖြစ်သည်။
ထို့နောက်ချောင်ဖုန်းသည် သူဝယ်လာသော ဆေးအမယ်များကို ဆေးမီးဖိုထဲတွင် တစ်ပြိုင်နက်သန့်စင်ပစ်လိုက်သည်။ထို့နောက် အားလုံးရောစပ်လိုက်ပြီး ဆေးလုံးအဖြစ်ခဲအောင်လုပ်လိုက်သည်။
ခဏအကြာမှာတော့ အစိမ်းရောင်ပေါ်တွင်အဖြူရောင်အစင်းငါးကြောင်းပါသော ဆေးလုံးတစ်လုံးသည်ဆေးမီးဖိုထဲမှ ထွက်ပေါ်လာခဲ့သည်။ချောင်ဖုန်းသည် ထိုဆေးလုံးကို ယူကြည့်လိုက်ပြီး
"မဆိုးဘူး အာနိသင် ရာခိုင်နှုန်းအပြည့်ဆေးလုံးပဲ" ဟု ပြောကာကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်ပြီး ဆေးမီးဖိုကို သိမ်းကာ သူအခန်းထဲမှ ထွက်လာခဲ့သည်။
ချောင်ဖုန်းသည် လုယွဲ့အနားမှာ ရှိနေသော လုပင်း ၊ စုမိုနှင့် ရွယ်ချင်းတို့ရှိရောက်ရှိလာခဲ့သည်။ထို့နောက် သူတို့တွေကို ဘေးဖယ်ခိုင်းလိုက်ပြီး မေ့နေသော လုယွဲ့ကို ထူလိုက်ပြီး ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ဆေးလုံးသည် လုယွဲ့၏ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ ရှိသမျှအဆိပ်များကို စုပ်ယူနေခဲ့သည်။ချောင်ဖုန်းသည် လုယွဲ့၏ လက်ချောင်းလေးများကို ကြည့်လိုက်သည့်အခါ အမဲစက်သေးသေးတွေသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။
ဆေးလုံးသည် ခန္ဓာကိုယ်ထဲရောက်ပြီး မိနစ်ပိုင်းအတွင်းမှာ လုယွဲ၏ နှာခေါင်း ၊ နား နှင့် ပါးစပ်တွေထဲမှ အဆိပ်တွေနဲ့သွေးများသည် တဖြည်းဖြည်း ခန္ဓာကိုယ်အပြင်ဘက်သို့ ယိုစီးကျလာပြီး ခန္ဓာကိုယ်အတွင်းရှိသွေးကြောများသည် ပုံမှန်အတိုင်းပြန်လည်စီးဆင်းသွားလေသည်။
လုယွဲ့ခန္ဓာကိုယ်ထဲမှ အဆိပ်များနှင့်သွေးပုပ်များသည် အတူထွက်လာတာကြောင့် အားလုံးပုံမှန်ပြန်ဖြစ်သွားတာကြောင့် ချောင်ဖုန်းသည် ပြန်ကောင်းသွားမှန်းသိလိုက်ရသည်။တခြားသောလူတွေက သွေးများထွက်လာတယ်ထင်ကာ ပို၍ စိတ်ပူသွားကြသည်။
ထိုချိန်မှာ လုယွဲ့သည် လက်များတဖြည်းဖြည်းလှုပ်ရှားလာပြီး မျက်လုံးလေးများကလဲ ဖြည်းညှင်းစွာပွင့်လာလေသည်။ထို့နောက်ရွယ်ချင်းကို ဦးစွာ မြင်သွားခဲ့ပြီး"ရွယ်ချင်း......သမီးနင်ပြန်ရောက်လာပြီးလား....."ဟု ပြောလိုက်သည်။
ထိုအခါရွယ်ချင်းသည် သူ့အမေကို ဖက်ကာ ငိုလိုက်လေသည်။
လုယွဲ့သည် ရွယ်ချင်းအားဖက်ကာ ခေါင်းပွတ်ပေးလိုက်ပြီး လုပင်းနှင့်စုမိုအားပြောလိုက်သည်။
"ငါကြောင့်နဲ့နင်တို့အားလုံးစိတ်သောကရပြီး ပင်ပန်းနေကြရပြီထင်တယ်"
ထိုအခါလုပင်းသည် "ညီမလေးယွဲ့......နင်က နေပြန်ကောင်းတာနဲ့ငါနဲ့ရန်ဖြစ်စေမယ့်စကားတွေပြောနေတာပဲ" ဟု ရယ်မောကာပြောလိုက်သည်။လုယွဲ့သည် သူ့ကိုကယ်လိုက်တဲ့လူအား သိချင်ဇောဖြင့် ရွယ်ချင်းကို မေးလိုက်သည်။
"ရွယ်ချင်း......အမေကိုကုပေးတဲ့ ဆေးဆရာနင်ခေါ်လာတာလား ၊ သူဘယ်မှာလဲ ပြန်သွားပြီလား"
အားလုံးသည် လုယွဲ့စကားကြောင့်နှုတ်ပိတ်၍ သွားကြသည်။
ထိုချိန်မှာ ချောင်ဖုန်းသည် လုယွဲ့လက်ကို ဆွဲကိုင်လိုက်ပြီး သွေးကြောအားစမ်းသပ်ကြည့်တဲ့အခါ လုယွဲ့သည် ကြောင်တောင်တောင်အတတဖြစ်သွားသည်။
လုယွဲ့၏သွေးကြောအားလုံးမှာ ပုံမှန်ပြန်ကောင်းသွားပြီဖြစ်တဲ့အတွက် ချောင်ဖုန်းသည်"ဘာပြသာနာမှမရှိတော့ပါဘူး......အားရှိတဲ့အစားအစာတွေစားလိုက်မယ်ဆို ရက်ပိုင်းအတွင်း ပြန်လည်သက်သာသွားမှာပါ" ဟု ပြောလိုက်တဲ့အခါ လုယွဲ့သည် အံ့အားသင့်စွာနဲ့ ချောင်ဖုန်းကိုပြောလိုက်သည်။
"ငါ့ကို ကုပေးတာနင်လား......"
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ လုယွဲ့သည် ချောင်ဖုန်းခေါင်းကို ပုတ်လိုက်ကာ "ကောင်စုတ်လေး......နင်ကတကယ်ပဲထူဆန်းတဲ့ကောင်လေးပဲ"ဟု ပြောလိုက်သည်။
အားလုံးသည် လုယွဲ့ပြန်လည်မွန်ကောင်းမွန်လာတဲ့အတွက် ထိုညမှာပဲ ပွဲတော်ကြီးတစ်ခုကျင်းပဖို့ ချက်ချင်းဆောင်ရွက်ကြလေသည်။ရီအိမ်တော်ထိန်းသည် အားလုံးစားသောက်ဖို့ စားစရာများကို ဦးစီးစွာဆောင်ရွက်နေလေသည်။
အလွန်သာယာသော ညချမ်းအခါမှာတော့ ရီအိမ်တော်ရဲ့ ခြံဝန်းထဲတွင် ရီမျိုးနွယ်စုအားလုံးသည် တဲအိမ်ကလေးများထိုးကာ စားပွဲဝိုင်းများကို ခင်းကျင်းထားပြီး ငါး ၊ ကြက် ၊ ဝက် တို့ကို မီးကင်ကာ စားသောက်နေကြပါသည်။
စားပွဲဝိုင်းတစ်ခုမှာတော့ ချောင်ဖုန်း ၊ ရွယ်ချင်း ၊ လုယွဲ့ ၊ စုမို နှင့်လုပင်းတို့သည် အတူထိုင်နေကြပါသည်။လုရွဲ့သည် ချောင်ဖုန်းတို့နှစ်ယောက်က အတူပြန်လာတဲ့အတွက် မေးမြန်းလိုက်သည်။
"ကောင်စုတ်လေး......နင်လဲ မသေမျိုးနတ်သမီးဂိုဏ်းကပဲလား"
ထိုအခါ ချောင်ဖုန်းသည် ရေနွေးကြမ်းတစ်ခွက်မော့သောက်လိုက်ကာ ခေါင်းခါလိုက်ကာ "ကျွန်တော်ကယန်အစီအရင်ဂိုဏ်းကပါ အန်တီယွဲ့" ဟု ပြန်ဖြေလိုက်သည်။
"ဒါဆိုနင်တို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီး အိမ်ကိုတူတူပြန်လာရတာလဲ......မဟုတ်မှလွဲရော နင်တို့နှစ်ယောက်...."
လုယွဲ့ရဲ့စကားကြောင့် ချောင်ဖုန်းသည် သောက်နေသော ရေနွေးကြမ်းပင် သီး၍ သွားသည်။ရွယ်ချင်းသည်လည်း ပါးလေးများနီရဲလာပြီး ရှက်သွား၍ လုယွဲ့လက်ကို ကိုင်လိုက်၍ ပြောလိုက်သည်။
"အမေဘာတွေပြောနေတာလဲ.....သမီးနဲ့ကိုကိုချောင်ဖုန်းက ကိစ္စရှိလို့ အတူပြန်လာတာပါ" ဟုပြောနေရင်း ရပ်တန့်သွားကာ တခြားတိုင်းပြည်သို့ သွားရမည့်ကိစ္စကို ဝမ်းနည်း၍ ဆက်မပြောဖြစ်တော့ပေ။
လုယွဲ့သည် မျက်ရည်ကျသွားသော ရွယ်ချင်းကိုသုတ်ပေးလိုက်သည်။ရွယ်ချင်းအစား ချောင်ဖုန်းသည် လုယွဲ့နှင့်သူ့မိဘနှစ်ယောက်လုံးကို အမှန်အတိုင်းဖွင့်၍ ပြောလိုက်သည်။
"အမေ ၊ အဖေ.....အန်တီယွဲ့........တကယ်တော့ သားနဲ့ရွယ်ချင်းက နောက်သုံးရက်နေပြီးရင် ဝူတိုင်းပြည်ထဲကနေ ထွက်ခွာသွားရတော့မယ်"
ထိုအခါ လုယွဲ့နဲ့ချောင်ဖုန်းရဲ့မိဘနှစ်ပါးမှာ စိုးရိမ်သွားကာ အလောတကြီးဖြင့် မေးလိုက်သည်။
"သားလေးချောင်.....အဖေတို့ကို မင်းရှင်းရှင်းပြောစမ်းပါ"
ထိုအခါချောင်ဖုန်းသည် အားလုံးနားလည်အောင်ရှင်းပြလိုက်သည်။
ချောင်ဖုန်းရဲ့ စကားကိုကြားသော လုပင်းတို့သုံးယောက် အံ့အားသင့်သွားကာ အလွန်ပင်ပျော်ရွှင်သွားကြလေသည်။
"သားလေးချောင်........မင်းတကယ်ပြောနေတာလား"
ထိုအခါရွယ်ချင်းကလဲ "ကိုကိုချောင်ဖုန်းပြောတာအမှန်တွေပါ" လို့ဝင်ကူပြောလိုက်သည်။လုပင်းသည် သူ့လက်သီးအားဆုပ်လိုက်ပြီး
"ကောင်းတယ် သိပ်ကောင်းတယ် ငါ့ဘဝမှာ ဂုဏ်ယူရမယ့်အချိန်တွေပြန်ရောက်လာပြီ" ဟု ဂုဏ်ယူစွာနဲ့ မျက်ရည်ကျရင်းပြောလိုက်သည်။
လုယွဲ့သည် စိတ်မကောင်းဖြစ်နေသော ရွယ်ချင်းကိုနှစ်သိမ့်ပေးလိုက်ပြီး ကြက်ကင်အသားလေးကို ဖဲ့၍ ကျွေးလိုက်သည်။
ထိုညတွင် ညဥ့်နက်လာသော်အခါ လုပင်းတို့သည် အပျော်လွန်ကာဝိုင်အများကြီးသောက်ကာ မှောက်သွားကြ၏ ။ ချောင်ဖုန်းနဲ့ရွယ်ချင်းသည် သူတို့မိဘတွေကို အခန်းတွေထဲမှာ သေသေချာချာ ဆောင်ဖုံးပေးကာ သိပ်လိုက်ကြသည်။
ထို့နောက် ချောင်ဖုန်းနှင့် ရွယ်ချင်းသည် မြက်ခင်းစိမ်းပေါ်မှာ နှစ်ယောက်အတူလဲအိပ်ကြလိုက်သည်။ထို့နောက် နှစ်ယောက်သားကောင်းကင်ကို ကြည့်ကာစကားပြောနေခဲ့ကြသည်။
"ကိုကိုချောင်ဖုန်း......ရှင်သာ နတ်ဘုရားဖြစ်သွားမယ်ဆို ဘာလုပ်ချင်လဲ"
ချောင်ဖုန်းသည် သူ့လက်တစ်ဖက်ကို ခေါင်းအုံးရင်း ကြယ်တွေကို ကြည့်ကာ"ငါကနတ်ဘုရား......မဖြစ်ချင်ပါဘူး......"ဟု ပြန်ပြောလိုက်သည်။ထိုအခါ ရွယ်ချင်းသည် ချောင်ဖုန်းအား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ကောင်းကင်ပေါ်ကို ပြန်ကြည့်လိုက်သည်။
"ကိုကိုချောင်ဖုန်း......ရွယ်ချင်းမေးတာပဲဖြေလေ"
ထိုချိန်မှာ ကောင်းကင်နတ်ဆိုးသားရဲသည် ဌက်ပေါက်စလေးအသွင်ဖြင့် အပြင်သို့ ထွက်လာလေသည်။ထို့နောက် ကောင်းကင်နတ်ဆိုးသားရဲသည်လည်း ချောင်ဖုန်းတို့နှင့်အတူ မြက်ခင်းစိမ်းကို လှဲချကာ ကောင်းကင်ကို ကြည့်နေလေသည်။
ရွယ်ချင်းသည် ကြောက်မက်ဖွယ်ရာအငွေ့အသက်ကို ခံစားလိုက်ရပြီး ချောင်ဖုန်းကို ပြောမည့်ချိန်မှာ ချောင်ဖုန်းဘေးမှာ အိပ်နေသော ဌက်ပေါက်စလေးကို မြင်သွား၍ "ကိုကိုချောင်ဖုန်း......"ဟုအသံတိုးတိုးဖြင့်ခေါ်လိုက်ပြီး ကောင်းကင်နတ်ဆိုးသားရဲကို လက်ညိုးထိုးပြလိုက်သည်။
ချောင်ဖုန်းသည် တည်ငြိမ်စွာနဲ့ပဲ"ရွယ်ချင်း.....သူကငါရဲ့စီးနင်းဖော်သားရဲလေးပါ"ဟု ပြောပြလိုက်သည်။
ရွယ်ချင်းရဲ့စိတ်ထဲတွင် "ငါခံစားလိုက်ရတဲ့ ကြောက်စရာအငွေ့အသက်က အဲ့ဌက်လေးရှိကလား ၊ ငါစိတ်ပဲ ကယောင်ချောက်ချားဖြစ်သွားတယ်ထင်တယ်" ဟုတွေးနေလေသည်။
သို့သော်ရွယ်ချင်းသည် အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲတွေနဲ့တိုက်ခိုက်သော အချိန်တုန်းက ကောင်းကင်နတ်ဆိုးသားရဲရုတ်တရက်ပေါ်လာခဲ့တုန်းကလဲ အခုလိုပင်ကြောက်စရာကောင်းသောအငွေ့အသက်ကို ခံစားလိုက်ရတာကြောင့် ထူးဆန်းသလိုဖြစ်နေခဲ့၏ ။
စာစဥ် (6) အခန်း (86) ထိ လာဝယ်လို့ရပါတယ်ဗျ🥰🥰🥰