← Chapters

Chapter (59)

Vol. 5 Ch. 59

Chapter (59)

Vol. 5 Ch. 59

အသန့်စင်ဆုံးစနစ် စာစဥ်(5) အခန်း(59)

ချောင်ဖုန်းနှင့်ရွယ်ချင်းသည် အတူစကားပြောနေရင်း ရွယ်ချင်းသည် အိပ်ပျော်သွားခဲ့သည်။ချောင်ဖုန်းသည် ဘေးတစောင်းလှဲကာ

အိပ်ပျော်နေသော ရွယ်ချင်းရဲ့မျက်နှာကိုကြည့်လိုက်သည်။ထို့နောက် ရွယ်ချင်းရဲ့မိဘတွေနဲ့ပက်သက်ပြီး အကြောင်းအရင်းအမှန်တွေကို သိချင်လာခဲ့သည်။

အမှောင်ထုအဆိပ်ခန္ဓာကိုယ်ပိုင်ရှင်ဆိုတာ လူအယောက်တစ်သန်းမှာတောင် တစ်ယောက်ဖြစ်ပေါ်ဖို့ခက်ခဲတဲ့ ခန္ဓာကိုယ်ဖြစ်သည်။

စွမ်းအင်များနှင့်အတူ မွေးဖွားလာသော ခန္ဓာကိုယ်များမှာ ယင်ယန်ခန္ဓာကိုယ် ၊ ရေခဲမြစ်ခန္ဓာကိုယ် ၊ သံမဏိခန္ဓာကိုယ် ၊ ရှေးဟောင်းကျင့်ကြံရေးခန္ဓာကိုယ် ၊အမှောင်ထုအဆိပ်ခန္ဓာကိုယ်နှင့် သားရဲခန္ဓာကိုယ်ဆိုပြီး ​ခန္ဓာကိုယ်ခြောက်မျိုးရှိပြီး ထိုခန္ဓာကိုယ်ပိုင်ရှင်တွေသည် အလွန်ရှားပါးလွန်းလှသည်။

ကောင်းကင်နတ်ဆိုးသားရဲဌက်ပေါက်စလေးသည် ဘေးတစောင်းအိပ်၍ ရွယ်ချင်းကိုကြည့်နေသော ချောင်ဖုန်းလက်ပေါ်တက်လိုက်ပြီး "အကိုကြီး......မင်းဒီကောင်မလေးကို စိတ်ဝင်စားနေတာမလား" ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲဌက်ကို လက်ပေါ်ခါချလိုက်ပြီး မြက်ခင်းစိမ်းပေါ်အိပ်ပျော်နေသော ရွယ်ချင်းကို ပွေ့ချီကာ ရွယ်ချင်း၏ အခန်းထဲက ကုတင်ပေါ်သို့တင်ပေးလိုက်ပြီး သွားခန်းနီးနဖူးပေါ်ရှိ ဆံပင်မွှေးလေးကို ဖယ်လိုက်ပြီး ရွယ်ချင်း၏ နဖူးလေးကို နမ်းခဲ့သည်။

ထို့နောက် ချောက်ဖုန်းလဲ သူ့အခန်းထဲသို့ ဝင်လိုက်ပြီး တံခါးကို သေချာပိတ်လိုက်၍ ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။

ယတ

"နောက်သုံးရက်နေရင် ငါအိမ်ကို ဘယ်ချိန်မှ ပြန်နိုင်မလဲ မသိတော့ဘူး အဲ့ဒီအတွက် ငါအားလုံးကို သေသေချာချာစီစဥ်ရမယ်"

ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်း၏ ဘိုးဘေးထားခဲ့သော အစီအရင်ပြုလုပ်လို့ ရသည့် ရတနာများကို ထုတ်လိုက်သည်။ထို့နောက် ချောင်ဖုန်းသည် "နဂါးစိမ်းဦးခေါင်း ၊ ချန်သံကျောက်တုံး ၊ စူဟန်ကြေးမုံ ၊ ချီကြေးကြိုး" ဟုပြောပြီး တစ်ခုချင်းကို စစ်လိုက်ပြီး စွမ်းအင်ဖြင့် ထိန်းချုပ်ကာ ချီအိမ်တော် ပတ်လည်ကို ဖြန့်လိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် လက်ချောင်းများကို အနည်းငယ်လှုပ်ရှားလိုက်ပြီး"ဒီအစီအရင်ကို ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတွေတောင် လွယ်လွယ်နဲ့ချိုးဖော်လို့ ရမှာမဟုတ်ဘူး" ပြောလိုက်သည်။ချောင်ဖုန်းသည် သူမရှိတော့တဲ့အချိန်မှာ ရီအိမ်တော်ကို လာရောက်လုပ်ကြံမှာကို ​စိုးရိမ်နေခဲ့သည်။

ချောင်ဖုန်းသည် ထို့နောက် သူ့မှာရှိသော ဆေးအမယ်တွေကို ထုတ်ကာ ဆေးလုံးများကို ဆေးမီးဖိုမလိုဘဲ အကြွင်းမဲ့လေဟာနယ်ဖော်စပ်နည်းဖြင့် အဆင့်သုံး အဆင့်လေး ဆေးလုံးများကို ဖော်စပ်ပြီး ဆေးလုံးများအာနိသင်မပြယ်အောင် ထိန်းနိုင်သော ကျောက်စိမ်းပုလင်းများထဲသို့ ထည့်လိုက်သည်။

လုပင်းသည် ထူးချွန်သူနယ်အထွဋ်အထိပ်အဆင့်မှာ ရပ်တန့်နေတာ ကြာပြီ ဖြစ်တဲ့အတွက် ချောင်ဖုန်းသည် အဆင့်ငါးဆေးလုံးများကို ဖော်စပ်ရန် ဆေးမီးဖိုကို အသုံးပြုလိုက်သည်။

နာရီဝက်အတွင်းမှာပဲ ချောင်ဖုန်းသည် မွှေးကြိုင်လန်းဆန်းသော

ဆင့်ကဲပြောင်းလဲခြင်းဘုရင် ဟု ခေါ်သောအဆင့်ငါးဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည်။

အဆင့်ငါးဆေးလုံးများဖြစ်သည့် အလျောက် ဆေးလုံးများမှာ ဆေးနံသင်းသင်းလေးများထွက်ပေါ်နေပြီး အနီရောင်အလုံးလေးပေါ်တွင် ရေလှိုင်းသဏ္ဍာန်အပြာရောင် မျဥ်းကြောင်းလေး သုံးကြောင်းထွက်ပေါ်နေခဲ့သည်။

ချောင်ဖုန်းသည် သူ့ဆေးလုံးများကို ကြည့်လိုက်ပြီး"မဆိုးဘူး မဆိုးဘူး ဆေးလုံးကချောမွတ်ပြီး အပူချိန်ကလဲ ကွက်တိပဲ ဒါပေမယ့်ဒီဆေးလုံးရဲ့ အာနိသင်က ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိမယ်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ဆင့်ကဲပြောင်းလဲခြင်းဘုရင်ဆေးလုံးများကို ပုလင်းသုံးခုကို ခွဲထည့်လိုက်သည်။ထို့နောက် ပုလင်းနှစ်ပုလင်းကို သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်လိုက်သည်။

ချောင်ဖုန်းသည် အပြင်မှ ကျန်ရှိသော ဆေးပုလင်းထဲမှ ဆေးတစ်လုံးကို သောက်လိုက်ပြီး "ကျိုးတိုင်းပြည်က ဘယ်လိုအခြေအနေရှိလဲဆိုတာ ငါသေချာမသိဘူး ဒါကြောင့်မို့ ငါရဲ့သိုင်းအဆင့်က အနည်းဆုံး ဧကရာဇ်နယ်ပယ်အဆင့်ရောက်ရှိနေရမယ်" ဟု ဆိုလိုက်ပြီး သိုင်းအဆင့်မြှင့်တင်ရန် စတင်ကျင့်ကြံလေသည်။

ဆင့်ကဲပြောင်းလဲခြင်းဘုရင်ဆေးလုံးရဲ့စွမ်းအားသည် သိုင်းအဆင့်ကို မြှင့်တင်ဖို့ လွယ်ကူယုံသာမကပဲ ခန္ဓာကိုယ်ကို ပိုမိုသန်မာစေသည်။နောက်ပြီး ဆေးလုံးရဲ့စွမ်းအားကို စုပ်ယူတဲ့နေရာမှာ လွယ်ကူချောမွေ့မှု ပိုရှိစေသည်။

ချောင်ဖုန်းသည် ကုတင်ပေါ်မှာ တစ်ညလုံးထိုင်လေ့ကျင့်နေခဲ့ပြီး မိုးလင်းတဲ့အခါမှတော့ ချောင်ဖုန်းသည် ကျင့်ကြံတာကို ရပ်တန့်လိုက်ပြီး နီဟောက်ဆီမှ ရထားသော ဓားထဲကို ခေါင်းသုံးလုံးမြေခွေးဝိညဥ်စွမ်းအင်ကို ထည့်သွင်းဖို့ ထုတ်လိုက်သည်။ထို့နောက်မူခဲ့ပေးထားသော စုတ်တံအား အနက်ရောင်အစီအရင်စက်ဝန်းရေးဆွဲလိုက်သည်။

ခဏကြာသောအချိန်မှာ ချောင်ဖုန်းသည် မြေခွေးဝိညဥ်စွမ်းအင်ပါသော ဓားတစ်ချောင်းကို ဖန်တီးနိုင်ခဲ့သည်။

ရုတ်တရက် ရွယ်ချင်းရဲ့အသံကို ကြားလိုက်ရတဲ့အတွက် ဓားကို အမြန်သိမ်းလိုက်သည်။

"ကိုကိုချောင်ဖုန်း......ရွယ်ချင်းအခန်းထဲကို ဝင်လာမယ်နော်"

ချောင်ဖုန်းသည်ချက်ချင်း ကုတင်ပေါ်သို့လှဲချကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ ရွယ်ချင်းသည် ချောင်ဖုန်းရဲ့ကုတင်အနားကို ရောက်၍ လာလေသည်။

ထို့နောက် ရွယ်ချင်းသည် ချောင်ဖုန်းပါးလေးကို ကိုင်လိုက်ပြီး" ကိုကိုချောင်ဖုန်း.....ဒီအတောအတွင်းမှာ ရှင်တော်တော်ပင်ပန်းခဲ့မှာပဲ ရွယ်ချင်းမနှောက်ယှက်ပါတော့ပါဘူး" ဟု ပြောကာ ပြန်လှည့်လိုက်သည့်အချိန်မှာ ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ဆွဲလိုက်တဲ့အခါ ရွယ်ချင်းသည် ချောင်ဖုန်း ကုတင်ပေါ်သို့ လဲကျသွားလေသည်။

ရွယ်ချင်းသည် ရှက်သွားကာ မျက်နှာကို တခြားဖက်လှည့်ကာ

"ကိုကိုချောင်ဖုန်း....ရွယ်ချင်းကို လှည့်စားတယ်"ဟု ပြောလိုက်သည်။

ထိုချိန်မှာ စုမိုသည် တံခါးကိုဖွင့်လိုက်ပြီး စွပ်ပြုတ်ထည့်ထားသော ပန်းကန်လုံးလေးကို ဗန်းလေးဖြင့်သယ်လာကာ" သားလေးချောင်......ထတော့လေမနက်စာစားဖို့ အချိန်ရောက်ပြီလေ"ဟု ပြောနေရင်းအခန်းထဲကို ဝင်လာတဲ့အခါ ကုတင်ပေါ်မှာ ချောင်ဖုန်းနှင့်ရွယ်ချင်းအတူတွေ့လိုက်ရတဲ့အတွက် "ငါဘာမှမမြင်ဘူးနော်......."ဟု ပြောပြီး ခုံပေါ်တွင် ဗန်းအား ထားခဲ့ပြီးအခန်းထဲကနေ အပြင်သို့ ပြန်ထွက်သွားပြီး တံခါးသေချာပိတ်လိုက်သည်။

"ဒီကလေးနှစ်ယောက်ကတော့ ငါတို့ထင်တဲ့အတိုင်းတကယ်ဖြစ်လာပြီပဲ......ငါသူတို့ကို အမြန်သွားပြောပြရမယ်"

စုမိုသည် ဝမ်းသာစွာနဲ့ အမြန်ထွက်သွားလေသည်။အခန်းထဲမှတော့ ရွယ်ချင်းသည် ကုတင်ပေါ်မှ ထလိုက်ပြီး "ကိုကိုချောင်ဖုန်း.....ရှင်ကြောင့် တစ်မျိုးထင်ကုန်ပြီ" ဟု မျက်နှာကြီး နီရဲလာပြီး ပြောလိုက်သည်။ချောင်ဖုန်းသည် အိပ်နေရာမှ ထလိုက်ပြီး "ရွယ်ချင်း......မင်းကို့ရှိလာတာ လွမ်းလို့တော့ မဟုတ်ဘူးမလား" ဟု စနောက်လိုက်သည်။

ထိုအခါ ရွယ်ချင်းသည် မျက်စောင်းထိုးကာ ပြောပြလိုက်သည်။

ရွယ်ချင်းရဲ့ဆရာသည် ကျိုးတိုင်းပြည်ရဲ့အခြေအနေများကိုပြောပြခဲ့ဖူးသည်။ကျိုးတိုင်းပြည်သည် စည်းကမ်းတင်းကျပ်နေရာဖြစ်ပြီး နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းအပြင် သူ့နဲ့အင်အားခြင်းမျှသည့် ဂိုဏ်းများလဲ ရှိသေးသည်။

ကျိုးတိုင်းပြည်ရဲ့ဘုရင်ကိုယ်တိုင်တောင် ထိုဂိုဏ်းများနှင့် ပြေလည်အောင်ဆက်ဆံရသည်။အဂ္ဂိရတ်ပညာရပ်လဲ ထွန်းကားသော တိုင်းပြည်တစ်ခုလဲဖြစ်သည်။ဝတ်ရုံနီဂိုဏ်းရဲ့ သူလျိူများစွာလည်း ထိုကျိုးတိုင်းပြည်တွင် ရှိနေပြီး ကျိုးဘုရင်သည် အနည်းငယ်သာ ဖမ်း၍ မိသေးကြောင်း ချောင်ဖုန်းအားပြောပြလိုက်သည်။

"ကိုကိုချောင်ဖုန်း.....ဒီခရီးက မရိုးရှင်းမှာကို ရွယ်ချင်းကြောက်မိတယ်"

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်သည် သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးတစ်ပုလင်းအား ထုတ်ပေးလိုက်ပြီး"ရွယ်ချင်း.... ဒီဆေးလုံးက မင်းသိုင်းအဆင့်တက်တဲ့နေရာအထောက်အကူပြုလိုက်မယ်" ဟု ပြောလိုက်သည်။

ထိုချိန်မှာ ရီအိမ်တော်ရဲ့ အပြင်ဘက်ကနေ လူနှစ်ယောက်သည် အတူအချိန် ချိန်းလာသလားထင်ရအောင် ရောက်ရှိလာခဲ့သည်။

ထိုလူနှစ်ယောက်ကတော့ ယန်အစီအရင်ဂိုဏ်းမှ အကြီးအကဲဟုန်နှင့် မသေမျိုးနတ်သမီးဂိုဏ်းမှထျန်ရုံမင်ဟု ခေါ်သော အကြီးအကဲတွေသည် ရောက်ရှိလာခဲ့သည်။

ထိုအခါလုပင်းသည် ဧည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး ချောင်ဖုန်းနဲ့ရွယ်ချင်းအားခေါ်လိုက်သည်။ခဏအကြာတော့ ရွယ်ချင်းနဲ့ချောင်ဖုန်းသည် ဧည့်ခန်းထဲကို ရောက်ရှိလာခဲ့သည်။ချောင်ဖုန်းတို့သည် အကြီးအကဲတွေကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

ထို့နောက်အကြီးအကဲတွေသည် ဂိုဏ်းမှ ရီအိမ်တော်အား ရွှေဒင်္ဂါးများနှင့်ဆေးလုံးအချို့ကို လစဥ် ထောက်ပံပေးမည်ဖြစ်ကြောင်းလာရောက်ပြောခြင်းဖြစ်သည်။ထိုအခါ လုပင်းတို့သည် ပျော်ရွင်သွားကြသည်။နောက်ဆိုရင် ရီအိမ်တော်သည် ယန်အစီအရင်ဂိုဏ်းနဲ့မသေမျိုးနတ်သမီးဂိုဏ်းရဲ့ နောက်ခံဖြင့် အန်းမြို့တွင် အင်းအားကြီးလာမည်ဖြစ်သည်။

အကြီးအကဲဟုန်သည် ချောင်ဖုန်းအတွက် အစီအရင်စာရွက်တချို့နှင့် ဆေးလုံးပုလင်းတချို့ကိုလဲ လမ်းတစ်လျှောက်မှာ အသုံးပြုဖို့ ထည့်ပေးခဲ့သည်။ချောင်ဖုန်းသည် အားလုံးကို လက်ခံလိုက်ပြီး အကြီးအကဲဟုန်ကို ကျေးဇူးတင်လိုက်သည်။ရွယ်ချင်းသည်လည်း အကြီးအကဲထျန်ရုံမင်ဆီမှ ပစ္စည်းတချို့ကို ရယူကာ သိမ်းထားလိုက်သည်။

အကြီးအကဲတွေသည် သူ့တို့တာဝန်များပြီးသွားတာနဲ့ ပြန်ထွက်သွားခဲ့သည်။ထိုသတင်းသည် အန်းမြို့တစ်မြို့လုံးကို ပြန့်သွားစေခဲ့သည်။ဝမ်အိုက်လေလံစံအိမ်တော်တွင် ဝမ်ဖူအယ်သည် ကုလားထိုင်တစ်ခုပေါ်တွင် ဖျော်ရည်တစ်ခုကို သောက်နေခဲ့ပြီး သူ့တို့အိမ်တော်ရဲ့ အစေခံဆီမှ ရီအိမ်တော်ရဲ့ သတင်းကို ကြားလိုက်ရသည် ။

လူအများကြားမှာ အမှိုက်ဆိုပြီးနာမည်ကြီးခဲ့သောရီအိမ်တော်ရဲ့သခင်းလေးသည် အားလုံးကိုကျော်တက်သွားတဲ့အတွက် ဝမ်ဖူအယ်သည် ချောင်ဖုန်းအားတွေ့ချင်နေခဲ့သည်။

ထိုချိန်မှာ ဝမ်ဖူအယ်ရဲ့အစေခံသည် သူ့အနားကို ချက်ချင်းပြန်လည်ရောက်ရှိလာတဲ့ဝမ်ဖူအယ်သည်။ထိုအခါ အစေခံသည်"သခင်မွလေး.......လူတစ်ယောက်က သခင်မလေးနဲ့တွေ့ချင်တယ်ပြောလို့ပါ" ဟု ပြန်ဖြေလိုက်သည်။

ထိုအခါ ဝမ်ဖူအယ်သည် ထလိုက်ပြီး"လေလံကိစ္စလား.....အဲ့တာဆိုလဲသွားကြတာပေါ့" ဟုပြောလိုက်သည်။

All Chapters