← Chapters

Chaptet (61)

Vol. 5 Ch. 61

Chaptet (61)

Vol. 5 Ch. 61

အသန့်စင်ဆုံးစနစ် အခန်း(61)

ချောင်ဖုန်းသည် အခန်းထဲတွင် တစ်ရက်လုံး ဒုတိယသိုင်းကျင့်စဥ်ကို ကျင့်ကြံနေခဲ့သည်။ထိုကျင့်စဥ်သည် တခြားလူတွေ နှစ်တွေချီလေ့ကျင့်ရမည်ဖြစ်သော်လည်း ချောင်ဖုန်းအတွက် တစ်ရက်ထဲဖြင့်

နားလည်မှုအဆင့်တက်ကျွမ်းလာခဲ့သည်။

ကောင်းကင်နတ်ဆိုးသားရဲသည်လည်း ချောင်ဖုန်းနှင့်အတူ တစ်ချိန်လုံးကျင့်ကြံနေခဲ့သည်။တစ်ရက်ကုန်သွားပြီးနောက် ချောင်ဖုန်းသည် ပြုံးရွင်စွာနဲ့ပဲ မျက်လုံးနှစ်ဖက်လုံး ဖွင့်လာခဲ့သည်။ချောင်ဖုန်းသည် ဒုတိယကျင့်စဥ်ကို စတင်စမ်းသပ်လိုက်သည်။

"ပုံတူပွားကျင့်စဥ်"

ချောင်ဖုန်းသည် ထိုသိုင်းကျင့်စဥ်ကို ထုတ်လိုက်တာနဲ့ ချောင်ဖုန်းကဲ့သို့ ခန္ဓာကိုယ်တစ်ခုသည် ထွက်ပေါ်လာလေသည်။ချောင်ဖုန်းအစစ်နဲ့အတုသည် အချင်းချင်းပတ်ကြည့်လိုက်သည်။ထို့နောက် မှေးစေ့ကို ထောက်လိုက်ပြီး "တကယ်ပဲချို့ယွင်းချက်မရှိဘူး...လုံးဝချွတ်စွပ်ပဲ"ဟု ပြောလိုက်သည်။

ထို့နောက် ချောင်ဖုန်းအစစ်နဲ့အတုသည် ကိုယ်ပိုင်စွမ်းအားချင်းယှဥ်ထိုးလိုက်ကြသည်။ကိုယ်ပိုင်စွမ်းအားလက်သီးချင်းယှဥ်ထိုးလိုက်တဲ့အခါမှတော့ ချောင်ဖုန်းအတုသည် နံရံသို့လွင့်ထွက်သွားပြီး ပျောက်ကွယ်သွားလေသည်။

ချောင်ဖုန်း ထိုးလိုက်သော စွမ်းအားအရှိန်အဝါကြောင့် လုပင်းသည် ချောင်ဖုန်းတိုက်ခိုက်ခံရသည်ဟု ထင်ကာ အခန်းထဲသို့ အတင်းဝင်လာလေသည်။လုပင်းသည် အထဲရောက်သည့်အခါ တစ်ယောက်ထဲ ကုတင်ပေါ်တွင် ထိုင်နေသော ချောင်ဖုန်းကိုတွေ့လိုက်မှသာ စိတ်သက်သာရာရသွားသည်။

ချောင်ဖုန်းသည် လုပင်းကို တွေ့သည့်အခါ"အဖေ.......ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။ထိုအခါ လုပင်းသည် တိုက်ခိုက်သံ​ကြားလို့ဝင်လာသည်ဖြစ်ကြောင်းပြောလိုက်သည်။ချောင်ဖုန်းသည် သူ့အဖေကို ထိုင်ခိုင်းလိုက်ပြီး" အဖေ.....သားသိုင်းလေ့ကျင့်နေတာပါ" ဟု ပြောလိုက်သည်။

ထို့နောက်ချောင်ဖုန်းသည် သူ့အဖေကို ဆင့်ကဲပြောင်းလဲခြင်းဘုရင်ဆေးလုံးပုလင်းကို ထုတ်ပေးလိုက်ပြီး "အဖေ.....ဒီဆေးလုံးက အဖေကို ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိစေလိမ့်မယ်" ဟု ပြောလိုက်သည်။လုပင်းသည် ဆေးပုလင်းကို ယူလိုက်ပြီး သူ့သားအတွက် ဂုဏ်ယူလို့မဆုံးဖြစ်နေခဲ့သည်။

လုပင်းသည် ချောင်ဖုန်းလေ့ကျင့်နေတာကို မနှောင်ယှက်ချင်သည့်အတွက် ပြန်၍ ထွက်ခွာသွားခဲ့သည်။ချောင်ဖုန်းသည် လုပင်းထွက်ခွာသွားတာနဲ့ "ပုံတူပွားအရှင်ကျင့်စဥ်" ကို အနိူင်းမဲ့အဆင့်အထိ သန့်စင်လိုက်သည်။

"ဂုဏ်ယူပါတယ်.......စနစ်ရှင်သည် ပုံတူပွားအရှင်ကျင့်စဥ်ကို အနိူင်းမဲ့အဆင့်ထိရောက်ရှိသွားပါပြီ"

ချောင်ဖုန်းသည် ပုံတူပွားအရှင်ကျင့်စဥ်ကို အနိူင်းမဲ့အဆင့်ကို တက်မြောက်ခဲ့ပြီးနောက် သိုင်းအဆင့်ကို မြှင့်တင်ရန် ဆက်လက်ကျင့်ကြံပါတော့သည်။

ဒီလိုနဲ့သုံးရက်သည် တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အဆင့်ကို ရောက်ရှိဖို့ မလွယ်ကူမှန်းသိရှိခဲ့ရသည်။ထွက်ခွာရမည့်မနက်မှာတော့ အားလုံးသည် ဝမ်းနည်းစွာနဲ့ ချောင်ဖုန်းတို့ကို နှုတ်ဆက်ခဲ့ကြသည်။

လုယွဲ့သည် ရွယ်ချင်းကို သူ့အစားစောင့်ရှောက်ပေးဖို့ ချောင်ဖုန်းအားမှာလိုက်သည်။ထို့နောက်ချောင်ဖုန်းနှင့် ရွယ်ချင်းသည် ဝိညဥ်လှေစီးကာ ရီအိမ်တော်မှ စတင်ထွက်ခွာခဲ့လေသည်။ချောင်ဖုန်းတို့သည် လမ်းတစ်လျှောက်လုံး အန္တာရာယ်ကင်းကင်းရှင်းရှင်းနဲ့ ဝူတိုင်းပြည်ရဲ့နယ်စပ်မြို့လေးတစ်ခုကို ရောက်ရှိလာခဲ့သည်။

ချောင်ဖုန်းသည် ကျိုးတိုင်းပြည် အနီးအနားကို ရောက်ရှိလာတဲ့အခါမှတော့ ဝိညဥ်လှေကို မြေပေါ်သို့ သက်ဆင်းလိုက်ပြီး "ရွယ်ချင်း......ကိုတို့ဒီနေရာကစပြီးသိုဝှက်ပြီးသွားတာ ပိုကောင်းမယ်" ဟုပြောကာ နှစ်ယောက်သား မြေပေါ်တွင် လမ်းလျှောက်လာခဲ့ကြသည်။

ချောင်ဖုန်းတို့သည် တောင်တစ်ခုကို ကျော်ဖြတ်လာပြီးနောက်မှာ

ကျိုးတိုင်းပြည်ရဲ့ မြို့တစ်ခုရဲ့ ဂိတ်ဝကို စတင်ရောက်ရှိလာခဲ့ပါပြီ ။

ကောင်းကင်နတ်ဆိုးသားရဲသည် "ရေး......ငါနောက်တဲ့တိုင်းပြည်တစ်ခုကို ခရီးသွားနိုင်ပြီ" ဟု တစ်ယောက်ထဲ အော်ဟစ်နေလေသည်။ကောင်းကင်နတ်ဆိုးသားရဲ့သည် နှစ်ပေါင်းများစွာ အချုပ်ခံခဲ့ရသည့်အတွက် နေရာမျိူးစုံအား လျှောက်သွားနေချင်ခဲ့သည်။

ထိုဂိတ်ဝတွင် တိုင်းပြည်အရပ်ရပ်မှ ရောင်းဝယ်ရေးလုပ်ကိုင်သော သူများသည် ဂိတ်စောင့်များ၏ စစ်ဆေးခြင်းကို ခံရပြီးမှ မြို့အတွင်းကို ဝင်ခွင့်ရကြ၏ ။

ထိုချိန်မှာ စစ်သည်တော်တစ်ယောက်သည် သူ့လက်ထဲက ပုံတူပန်းချီစာရွက်ကို ကြည့်ပြီး ချောင်ဖုန်းအနားကို ရောက်ရှိလာခဲ့သည်။

"မင်းတို့နှစ်ယောက်က နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို ဝင်ရောက်ဖို့ လာခဲ့တာမလား......."

ချောင်ဖုန်းသည် သူ့အဖေနဲ့ရွယ်တူရှိသော စစ်သည်တော်ကို လေးလေးစားစားပင်ပြန်ဖြေလိုက်သည်။

ချောင်ဖုန်းသည် "ဟုတ်တယ်......ကျွန်တော်တို့နှစ်ယောက်ကဝူတိုင်းပြည်က ရောက်ရှိလာတာ "ဟု ပြန်​ဖြေလိုက်သည်။

ထိုစစ်ဆေးသော စစ်သည်တော်သည် ဖန်းမြို့ဟုသော မြို့အတွင်းကို ချောင်ဖုန်းတို့အား ဝင်ခွင့်ပေးလိုက်သည်။ထိုချိန်မှာပဲ မြင်းလှည်းတစ်စီးသည် အလျင်အမြန်နှုန်းနဲ့ ရောက်ရှိလာပြီး "အားလုံးဘေးဖယ်ကြစမ်း......." ဟု ပြောကာ လူများသွားလာနေသော လမ်းကြောင်းအပေါ်ကို ရောက်ရှိလာလေသည်။

ထိုအခါအားလုံးသည် ကြောက်ကြောက်ရွံရွံဖြစ်ကာ လမ်းမပေါ်မှ ဘေးများသို့ကပ်သွားကြလေသည်။သို့သော်ချောင်ဖုန်းနှင့်အတူ ရွယ်ချင်းသည် ထိုလမ်းပေါ်တွင် ဆက်၍ လမ်းလျှောက်နေတုန်းပင်ဖြစ်သည်။ထိုအခါ မြင်းထိန်းနေသောလူသည်"ခွေးကောင်စုတ်......မင်းကနားကန်းနေတာလား " ဟု ချောင်ဖုန်းအား ကျိန်ဆဲလိုက်သည်။

ထို့နောက် မြင်းလှည်းအတွင်းမှ ပါလာသော လူသည် "မင်းလုပ်ချင်တာလုပ်လိုက် ငါနောက်မှ ကြည့်ရှင်းမယ်" ဟု မြင်းလှည်းမောင်းသော လူကို အမိန့်ပေးလိုက်သည်။

ထိုအခါ မြင်းလှည်းသည် ချောင်းဖုန်းအနားကို ရောက်ရှိလာတဲ့အခါ ချောင်ဖုန်းသည် နောက်ပြန်လှည့်ကာ မြင်းလှည်းကို ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်သည်။ထိုအခါ မြင်းလှည်းမောင်းသော အတူ မြင်းလှည်းကြီးသည် တိမ်းစောင်းကာ မှောက်သွားလေသည်။

လိုက်ပါစီးလာသောသူကတော့ မြင်းလှည်းအပြင်သို့ ခုန်ထွက်လာပြီး" မင်းက သေချင်နေတာပဲ....ငါဘယ်သူလဲဆိုတာ မင်းမသိသေးဘူးထင်တယ်" ဟု သူ့ကိုယ်သူဂုဏ်ယူစွာနဲ့ပြောလိုက်သည်။ထိုအဖြစ်အပျက်ကို မြင်နေသော စစ်သည်တော်များသည် သူတို့ခေါင်းဆောင်အား ပြောလိုက်သည်။

"ခေါင်းဆောင်......ကျွန်တော်တို့ဝင်ဖြေရှင်းပေးလိုက်ရမလား...."

သို့သော် ထိုအဖွဲ့ခေါင်းဆောင်တားလိုက်ပြီး"ငါတို့ဝင်ဖြေရှင်းဖို့ မလိုဘူး.......အင်အားက အဆုံးအဖြတ်ပေးသွားလိမ့်မယ်" လို့ သူ့အဖွဲ့ဝင်တွေကို ပြောလိုက်သည်။ချောင်ဖုန်းကတော့ သူ့ရှေ့မှာ မာန်တက်နေသော လူအား အနည်းငယ်ပင် ဂရုမစိုက်ပေ။

ထို့နောက်ချောင်ဖုန်းသည် ရွယ်ချင်းနှင့်အတူ အရှေ့ကို ဆက်သွားလေသည်။နောက်မှ ကျန်ခဲ့သော သူသည် သူရဲ့လက်ချောင်းများကို ချိုးလိုက်ပြီး"ငါဘာကောင်လဲ မကြာခင်မင်းသိစေရမယ်" ဟု ကြိမ်းဝါးလိုက်သည်။

ချောင်ဖုန်းနှင် ရွယ်ချင်းသည် နေကပူပြင်းလွန်းတာကြောင့် ဖန်းမြို့၏ စားသောက်ဆိုင်မှာ အတူစားသောက်နေခဲ့ကြသည်။ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.....ရွယ်ချင်းတို့ ဘယ်ကို ဆက်သွားကြမှာလဲ" ဟု မေးလိုက်သည်။

ချောင်ဖုန်းတို့ဘေးတွင် လူသုံးယောက်သည် ချောင်ဖုန်းတို့စားပွဲဝိုင်းကို ချောင်းချောင်းကြည့်၍ "အတော်ချောတဲ့ကောင်မလေးပဲ ....အကိုနှစိ မင်းနဲ့ဆို တော်တော်လိုက်ဖက်မှာပဲ" ဟု ပြောလိုက်သည်။ထိုအခါ အကိုနှစ်ဆိုသော လူသည် ရွယ်ချင်းအားချောင်းကြည့်ပြီး အလွန်ပင်သဘောကျနေလေသည်။

ထိုအခါ နောက်ထပ်တစ်ယောက်သည်"အကိုနှစ်......မင်းကြောက်နေမယ်ဆို တခြားလူလက်ထဲပါသွားလိမ့်မယ်နော်" ဟု ထပ်ပြောလိုက်သည်။အကိုနှစ်ဆိုသော လူသည် ထလိုက်ပြီး "ကောင်းပြီလေ......ငါရဲ့ညီတွေက မရီးလိုချင်နေမှာတော့ ငါကြောက်နေလို့ မဖြစ်တော့ဘူး" ဟု ပြောကာ ထိုဝိုင်းမှ ထသွား၍ ချောင်ဖုန်းတို့ ဝိုင်းထိုင်ခုံလိုက်လေသည်။

ထို့နောက် ရွယ်ချင်းကို ကြည့်ကာ"ညီမလေး....မင်းကိုကြည့်ရတာ ဒီတိုင်းပြည်က မဟုတ်ဘူးထင်တယ် ၊ အကိုနဲ့အတူလိုက်ခဲ့လေ မင်းကို ဘယ်သူမှ မထိရဲအောင် ကာကွယ်ပေးမယ်" ဟု ဝင်ပြောလိုက်သည်။

ရွယ်ချင်းသည် သူ့လက်ထဲက ဓားကို ထုတ်လိုက်ပြီး ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်အရှိန်အဝါကို ထုတ်လိုက်တဲ့ အဝါရောင်ချီးစွမ်းအားများသည် သူ့ခန္ဓာကိုယ်ကို လင်းထိန်နေလေသည်။

"ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်စွမ်းအားလား.......မင်းကငါ့ထက်တောင်ငယ်သေးတယ်လေ"

ထိုလူသည် အနည်းငယ်ပင်ကြောက်ရွံသွားခဲ့ပြီး ရွယ်ချင်းအားဆက်မပြောရဲသည့်အချိန်မှာ သူ့ညီကို နှစ်ယောက်သည် ရောက်ရှိလာခဲ့သည်။ထိုထဲမှ အငယ်ဆုံးတစ်ယောက်သည် ချောင်ဖုန်းသောက်နေသော ရေခွက်ပုလင်းလေးကို ယူလိုက်ပြီး"မင်းအသက်ရှင်ချင်သေးရင် ဒီနေရာက ထသွားလိုက်တော့ " ဟု ချောင်ဖုန်းအားမောင်းထုတ်လိုက်သည် ။

ထိုအခါ ရွယ်ချင်းသည် ထလိုက်ပြီး ချောင်ဖုန်းကို ပြောသောလူအား ဓားချီစွမ်းအင်ဖြင့် ခုတ်ချလိုက်သည်။ထိုလူသုံးယောက်လုံးသည် ဘုရင်နယ်ပယ်အစောပိုင်းအဆင့်တွေသာ ရှိသေးသည်။

အငယ်ဆုံး တစ်ယောက်သည် ရွယ်ချင်းရဲ့ ဓားတစ်ချက်နဲ့ပဲ လွင့်ထွက်၍ သွားသည်။

ထိုအခါ ကျန်ရှိသောနှစ်ယောက်သည် သူ့တို့ရဲ့ညီ ထိခိုက်သွားတာမြင်တဲ့အခါ ဒေါသထွက်သွားပြီး"မင်းက မျက်နှာသာပေးလို့ ရောက်တက်နေတာပဲ ၊ အကိုနှစ် နဲ့ ညီလေး ငါတို့သုံးယောက်ပေါင်းပြီး သူ့ကိုဖမ်းခေါ်သွားရမယ်" ဟု ပြောလိုက်သည်။

All Chapters