Chapter (62)
Vol. 5 Ch. 62
အသန့်စင်ဆုံးစနသ် အခန်း(62)
စားသောက်နေသော လူများသည် တချို့ကတော့ ထွက်သွားကြပေမယ့် ထိုင်ကြည့်နေသောလူများလဲရှိသည်။
ထို့နောက် ရွယ်ချင်းကို တိုက်ခိုက်ဖို့ သူတို့ရဲ့လက်နက်များကို ထုတ်လိုက်ကြသည်။ထိုလူသုံးယောက်သည် ရွယ်ချင်းအား ဖမ်းဆီးဖို့ သူတို့ရဲ့လက်နက်များကို ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး အကိုနှစ်ဆိုသောလူသည်"ငါချန်ဇူး......မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်....ငါ့စကားနားထောင်မယ်ဆို မင်းလိုချင်တာ ဘာမဆိုဖြည့်ဆည်းပေးမယ်" ဟု ပြောလိုက်သည်။
ရွယ်ချင်းသည် သူ့ရဲ့ဓားချီစွမ်းအင်ဖြင့် အကုန်လုံးကို နောက်ထပ်တစ်ချက်ခုတ်ချလိုက်ပြီး"ရှင့်အဆင့်နဲ့ ကျွန်မကို ကာကွယ်ပေးချင်နေတာလား " ဟုပြောကာ ချန်ဇူးအား အရှက်ခွဲလိုက်လေသည်။
ချန်ဇူးဆိုသော လူသည် ဒေါသအလွန်ထွက်သွားကာ ရွယ်ချင်းကို အနီးကပ်ဝင်တိုက်လိုက်ခဲ့သည်။သို့သော် ချန်ဇူးရဲ့ဓားသည် ရွယ်ချင်းစီမရောက်ခင်မှာ ချောင်ဖုန်းရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအင်နဲ့ ထိပ်တိုက်စုံမိတဲ့အခါ ချန်ဇူးနှင့်အတူ သူရဲ့ဓားသည် လွင့်ထွက်သွားလေသည်။
ထိုအခါ ကျန်ရှိသော သူ့ရဲ့ညီနှစ်ယောက်သည် စားပွဲနားတွင်လဲကျသွားသော ချန်ဇူးအားထူလိုက်ကြပြီး ချောင်ဖုန်းကိုကြည့်ကာ"ဒီနေ့ကိစ္စကို မှတ်ထားလိုက်ပြီ.....မင်းထမင်းဝအောင်စားထားလိုက်" ဟု ပြောကာ ထိုစားသောက်ဆိုင်ထဲမှ ထွက်ပြေးသွားကြသည်။
ဘေးမှကြည့်နေသောသူများသည် ချန်ဇူးတို့ ခွေးပြေးပြေးရသည့်အတွက် "ကောင်းတယ်.....လူတကာကို အနိုင်ကျင့်တဲ့ကောင်တွေ နောက်ဆုံးတော့ သူတို့ကို အနိုင်ကျင့်မယ့်လူ ပေါ်လာပြီပဲ.... ဟားဟား" ဟု အော်ဟစ်ရယ်မောကြလိုက်သည်။
ချောင်ဖုန်းသည် ရွယ်ချင်းနဲ့အတူ စားပွဲဝိုင်းအသစ်တွင်ပြန်ထိုင်လိုက်ပြီး စားစရာများကို ပြန်လည်စားသောက်နေခဲ့သည်။
ချန်ဇူးတို့ ညီကိုသုံးယောက်သည် ထိုစားသောက်ဆိုင်ရဲ့အဝေးကို ရောက်ရှိလာခဲ့သည်။
ချန်ဇူးသည် ဒေါသထွက်စွာဖြင့်"တောက်.....အဲ့ကောင်သာဝင်မရှုပ်ရင် အဲ့ကောင်မလေးကို ငါပိုင်ဆိုင်နေလောက်ပြီ ၊ အဲ့ဒီအတွက် အဲ့ကောင်နောင်တကောင်းကောင်းကြီးရစေရမယ်"ဟု ကြိမ်ဝါးနေခဲ့သည်။
"ဒါပေမယ့် အကိုနှစ်......အဲ့ကောင်က အရှိန်အဝါကဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်မှာ ရှိနေလောက်တယ်"
ထိုချိန်မှာ အရိပ်တစ်ခုဖြင့် လူတစ်ယောက်သည် သူတို့အနောက်ကိုရောက်ရှိလာခဲ့၏ ။ညီကိုသုံးယောက်လုံးသည် နောက်လှည့်ကြည့်လိုက်ပြီး "ငါတို့နောက်ကို ဘယ်သူလိုက်လာရဲတာလဲ" ဟု မေးလိုက်သည်။
သူတို့သည် နောက်လှည့်ကြည့်လိုက်တဲ့အခါ ချောင်ဖုန်းသည် သူတို့နောက်ကို ရောက်ရှိနေတာကိုသိသွားသည်။ချန်ဇူးသည် သူ့တို့အကြောင်းပြောကာ ချောင်ဖုန်းအား ခြိမ်းခြောက်လိုက်သည်။
"မင်းကငါတို့ကို သတ်ဖို့လိုက်လာတာလား......၊ ငါဦလေးက ကျိူးတိုင်းပြည်ရဲ့အမတ်တစ်ယောက်ဖြစ်တဲ့အပြင် ငါ့အကိုဝမ်းကွဲက နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့တပည့်တစ်ယောက်ပဲ "
နောက်ထပ်တစ်ယောက်ကလဲ "ဟုတ်တယ်.....ငါတို့ကိုတောင်းပန်ပြီးထွက်သွားလိုက် အဲ့တာဆို ဒီကိစ္စကျေအေးပေးမယ်" ဟု ထပ်ပြောလိုက်သည်။ချောင်ဖုန်းသည် "ငါကမင်းတို့ကို တောင်းပန်ရမယ်ဟုတ်လား... " ဟု အေးစက်စွာပြောလိုက်ပြီး ချန်ဇူးအား
ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ကို အသုံးပြုကာ လက်ညိုးတစ်ချောင်းထဲနဲ့သတ်ပစ်လိုက်သည်။
ထိုအခါ "မင်း.....မင်း အကိုနှစ်ကို တကယ်ကြီးသတ်ပစ်လိုက်တယ်" ဟု ပြောကာ နှစ်ယောက်လုံး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ဆုတ်ကာ ထွက်ပြေးကြလေသည်။
သို့သော် နှစ်ယောက်လုံးသည် အဝေးသို့ မရောက်ခင်မှာပဲ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် ချောင်ဖုန်းသည် "ငါချစ်တဲ့သူတွေကို ထိခိုက်အောင် လုပ်တဲ့လူမှန်သမျှသေသင့်တယ်......"
ကောင်းကင်နတ်ဆိုးသားရဲသည် "အကိုကြီးပြောတာမှန်တယ် ဟီးဟီး" ဆိုပြီးထောက်ခံလိုက်သည်။
ထို့နောက် ထိုသုံးယောက်ရဲ့ သိုလှောင်ကွင်းတွေသိမ်းပြီးနောက်ချောင်ဖုန်းသည် ထိုနေရာ၌ပင် လုံးဝပျောက်ကွယ်သွားလေသည်။
ရွယ်ချင်းသည် စိတ်ပူ၍ စားနေရင်း ချောင်ဖုန်းအားမေးလိုက်သည်။
"ကိုကိုချောင်ဖုန်း.....ရွယ်ချင်းကြောင့် ပြသာနာတက်ရပြီ ၊ ဒီလူတွေ ရွယ်ချင်းတို့ကို စောင့်ကြည့်နေလောက်တယ်"
ချောင်ဖုန်းသည် တည်ငြိမ်စွာနဲ့ပဲ "စိတ်ပူမနေနဲ့.......သူတို့တွေနှောက်ယှက်လို့ရမှာ မဟုတ်တော့ဘူး" လို့ပြောလိုက်သည်။ရွယ်ချင်းသည် ချောင်ဖုန်းက သူနဲ့တချိန်လုံးရှိနေခဲ့ပြီး ဘာကြောင့် အဲ့စကားပြောလဲသိချင်နေခဲ့သည်။
ချောင်ဖုန်းရဲ့စိတ်ထဲမှာတော့ "မဆိုးဘူး.....အခုဆိုရင် ပုံတူပွားကျင့်စဥ်က အနိူင်းမဲ့အဆင့်ကို ရောက်ရှိသွားတဲ့အတွက် စွမ်းအားအားလုံးက ငါနဲ့တစ်ထပ်တည်းဖြစ်နေပြီ"ဟု သူ့ကိုယ်သူ ပြောနေခဲ့သည်။
ချောင်ဖုန်းစားပွဲထိုးကို ငွေဒင်္ဂါးများရှင်းပေးပြီးနောက် ဆိုင်ထဲကနေ ထွက်ခွာလာချိန် စုံတွဲတစ်တွဲသည် ရောက်ရှိလာခဲ့သည်။
ထိုလူသည် ချောင်ဖုန်းတို့ကို ယဥ်ယဥ်ကျေးကျေးနဲ့ပဲ "ဒီကညီကို....ငါ့က ဟောက်ရဲ့တိုင်းပြည်က လွင်ပုယွင်ပါ ကျေးဇူးပြုပြီးငါ့ကို နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ တည်နေရာလေးလမ်းညွှန်ပေးပါလား " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် သူလဲနတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို ဝင်ရောက်ဖို့ ဝူတိုင်းပြည်ကနေ ရောက်လာတာဟု ပြန်ပြောလိုက်သည်။ထိုချိန်မှာ မြင်းဖြင့် စီးလာသော မိန်းကလေးလေးယောက်ရောက်ရှိလာခဲ့သည်။ထို့နောက်ရှေ့ဆုံးက ပန်းပွင့်သေးသေးလေးကို ဆံပင်တွေရစ်ခွေထားသော မိန်းကလေးသည် လေသံမာမာဖြင့်ပြောလိုက်သည်။
"နင်တို့က.....နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို သွားမလို့လား "
ထိုအခါ လွင်ပုယွင်သည် "ဟုတ်တယ်.....ငါတို့လေးယောက်က နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို သွားမလို့ပဲ" ဟု ပြန်ဖြေလိုက်သည်။ထိုအခါ ခေါင်းဆောင်မိန်းကလေးသည် သူ့လူနှစ်ယောက်အား ချောင်ဖုန်းတို့ကို မြင်းပေးခိုင်းလိုက်သည်။
"ငါကနတ်ဘုရားခေါင်းလောင်းမျှောင်စင်ဂိုဏ်း ဆုဟန်မိုပဲ.......ငါနဲ့တွေ့တဲ့အတွက် နင်တို့အားလုံးသိပ်ကံကောင်းတယ် "
ထို့နောက် ဆုဟန်မိုသည် မြင်းစီးကာ ရှေ့ကထွက်ခွာသွားခဲ့ပြီး ချောင်ဖုန်းတို့ လေးယောက်ကလဲ နောက်ကနေ လိုက်ပါသွားခဲ့သည်။နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းသည် ကျိုးတိုင်းပြည်နန်းတော်၏အနီးကပ်ဆုံးမြို့တွင် ရှိသော ဂိုဏ်းဖြစ်သည်။
ချောင်ဖုန်းတို့သည် မရပ်မနားသွားပြီးနောက်မှာ ဖန်းမြို့ကို ကျော်ဖြတ်သွားပြီးနောက် ဝူတိုင်းပြည်တွင်ရှိသော သားရဲမိစ္ဆာသစ်တောထက် ပို၍သားရဲပေါများသည့် သစ်တော တစ်ခုကို ရောက်ရှိလာခဲ့သည်။
တဖြည်းဖြည်းနဲ့ အချိန်သည် မှောင်လာတော့မည်ဖြစ်ပြီး မြင်းများမှာ ပင်ပန်းနေသည်ဖြစ်တဲ့အတွက် ဆုဟန်မိုသည် ထိုသစ်တောရဲ့အစပ်တွင်ရပ်နားခဲ့သည်။အနီးနားတွင် စမ်းချောင်းလေးတစ်ခု ရှိနေတာကြောင့် မြင်းများကို ရေဆင်းသောက်ခိုင်းလိုက်ပြီး အားလုံးလဲ ခြေလက်သန့်စင်ခြင်းများပြုလုပ်ခဲ့သည်။
မိုးချုပ်လာသောအခါ တဲအိမ်လေးထိုးလိုက်ပြီး မီးဖိုခဲ့ကြသည်။ထို့နောက် လွင်ပုယွင်သည် အားလုံးစားသောက်ဖို့အတွက် စမ်းချောင်းအတွင်းမှ ငါးများဖမ်းလာခဲ့သည်။ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးပင်တချို့ကို အမှုန့်ကြိတ်လိုက်ပြီး ဟင်းခတ်အမွှေးကြိုင်အဖြစ်ဖြင့်ပြုလုပ်လိုက်ပြီး ပုလင်းလေးထဲသို့ ထည့်လိုက်သည်။
ထို့နောက် သူစားဖို့ကင်ထားတဲ့ငါးအပေါ်အမှုန့်များဖြူးလိုက်တဲ့အခါ အလွန်မွှေးကြိုင်သော အနံလေးသည် အားလုံးရဲ့နှာခေါင်းထဲသို့ဝင်လာလေသည်။ ရွယ်ချင်းသည် " ကိုကိုချောင်ဖုန်း....ရွယ်ချင်းပေါ်လဲ ဖြူးပေးအုံးလေ" ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ရွယ်ချင်းကို ဖြူးပေးလိုက်ပြီးတဲ့အခါ လွင်ပုယွင်ကိုလဲ ပုလင်းအားပေးလိုက်သည်။ထို့နောက်လွင်ပုယွင်နဲ့သူ့မိန်းကလေးသည် ဟင်းခတ်အမွှေးကြိုင်ဖြူးထားသော ငါးကို တစ်ကိုက်စားပြီးတဲ့အခါ အလွန်စား၍ ကောင်းသောအရသာကို ခံစားလိုက်ကြရသည်။
လွင်ပုယွင်သည် ထိုပုလင်းကို ဆုဟန်မိုတို့ကို ဖြူးစားဖို့အတွက်ဆက်ပေးလိုက်သည်။
"စီနီယာအမဟန်မို....... ဒီဟင်းခတ်မှုန့်ကတကယ်စားကောင်းတာ မင်းတို့ ဖြူးစားကြည့်သင့်တယ်"
ထိုအခါ ဆုဟန်မိုသည် အနည်းငယ်ဖြူးလိုက်ပြီး တစ်ကိုက်စားကြည့်လိုက်သည်။ဆုဟန်မိုသည် တစ်ကိုက်ထဲနဲ့ စားကောင်းတဲ့အရသာခံစားလိုက်ရပြီး ငါးတစ်ခုလုံးကို ဖြူးချလိုက်ပြီး သူ့ရဲ့ဂျူနီယာညီမတွေကို ပေးလိုက်သည်။
ထို့နောက် အားလုံးသည် အရသာရှိသော ငါးများကို တစ်ကောင်ပြီးတစ်ကောင် ထပ်ကင်စားနေချိန်မှာ မိုးကလဲ အလွန်ချုပ်နေပြီဖြစ်၍ ထင်းမီးဖိုအလင်းရောင်လေးသာ ရှိပါတော့သည်။ထိုချိန်မှာ အမည်မသိအရာကြီးသည် ချောင်ဖုန်းသို့ တဲအိမ်အနားကို ရောက်ရှိလာလေသည်။
ထိုအရာကတော့ သစ်တောစပ်တွင် နေလေ့ရှိသော နတ်ဆိုးသားရဲစူးဠန်မြွှေတစ်ကောင်ပင်ဖြစ်လေသည်။ထိုမြွှေရဲ့ အရွယ်အစားသည် ဆယ့်နှစ်ပေလောက်ရှိပြီး ခေါင်းလေးမှာ သေးသေးလေးပင်ဖြစ်သည်။အားလုံးသည် သူ့တို့ရှေ့တွင် ရှိနေသော နတ်ဆိုးသားရဲစူးဠန်မြွှေအားတိုက်ခိုက်ဖို့ လက်နက်တွေကို ထုတ်လိုက်သည်။