← Chapters

Chapter(63)

Vol. 5 Ch. 63

Chapter(63)

Vol. 5 Ch. 63

အသန့်စင်ဆုံးစနစ် အခန်း(63)

ထိုချိန်မှာ ကောင်းကင်နတ်ဆိုးသားရဲသည် "အကိုကြီး......ငါအဲ့နတ်ဆိုးသားရဲကောင်တွေကို စားလို့ရမလား" ဟု ချောင်ဖုန်းအားမေးလိုက်သည်။ချောင်ဖုန်းသည် ကောင်းကင်နတ်ဆိုးသားရဲရဲ့စကားကို သဘောတူလိုက်ပြီး နတ်ဆိုးသားရဲအချင်းချင်းစားသောက်မည်ဟု မထင်ထားခဲ့ချေ။

ဆုဟန်မိုသည် သူ့ရဲ့ဓားချီစွမ်းအင်ဖြင့် အဆင့်လေးနတ်ဆိုးသားရဲဖြစ်သောစူးဠန်မြွှေကို ခုတ်ချလိုက်သည်။ထိုအခါ စူးဠန်မြွှေသည် အနီးအနားရှိ သစ်ပင်တစ်ပင်ကို တက်သွားခဲ့ကာ ပျောက်သွားခဲ့သည်။

စူးဠန်မြွှေသည် လျင်မြန်ခြင်းကို ကျွမ်းကျင်ခြင်းမဟုတ်ဘဲ ပုံစံပြောင်းလဲခြင်းနှင့်ဉာဏ်ကောင်းခြင်းတို့မှာ ကျွမ်းကျင်ခြင်း ဖြစ်သည်။ရန်သူအားလုံးက သူ့ထက်လွန်တာ သိတဲ့အတွက် ထွက်ပြေးသွားခြင်းဖြစ်သည်။

အားလုံးသည် အေးဆေးပြန်စားသောက်နေပြီး အချိန်တစ်ခုကြာတဲ့အခါ ကျင့်ကြံလူလဲ ရှိသလို အိပ်တဲ့လူများလဲ ရှိနေခဲ့သည်။ထိုချိန်မှာ ကောင်းကင်နတ်ဆိုးသားရဲဌက်ပေါက်စလေးသည် ချောင်ဖုန်းရဲ့ခန္ဓာကိုယ်အတွင်းမှ ဘယ်သူမှမသိခင် ထွက်လာခဲ့ပြီး တောအုပ်တစ်ခုထဲကို ဝင်သွားခဲ့သည်။

ချောင်ဖုန်းသည် ဆင့်ကဲပြောင်းလဲခြင်းဘုရင်ဆေးလုံးကို သောက်ကာ ဧကရာဇ်နယ်ပယ်အဆင့်ကို ချိုးဖောက်နိုင်အောင် ကြိုးစားနေခဲ့ပြီး ရွယ်ချင်းလဲချောင်ဖုန်းအတူကျင့်ကြံနေခဲ့သည်။

ထိုချိန်တွင် တောထဲတွင် သားရဲသံများ၏ ကြောက်လန့်စရာ အော်ဟစ်သံများသည် တစ်ကြိမ်ပြီးတစ်ကြိမ်ထွက်ပေါ်လာခဲ့ပြီး အချိန်အနည်းငယ်ကြာသောအခါ တောတစ်ခုလုံး တိတ်ဆိတ်၍ငြိမ်သက်သွားလေသည်။ချောင်ဖုန်းကျင့်ကြံနေသည့်အချိန်အတွင်း ကောင်းကင်နတ်ဆိုးသားရဲသည် ချောင်ဖုန်းနှင့် အတူ ပြန်လည်ပေါင်းစည်းသွားခဲ့သည်။

မနက်မိုးလင်းအချိန်မှာတော့ အားလုံးသည် မြင်းပေါ်သို့ တက်ကာ ခရီးထွက်ခွာဖို့ စတင်လာခဲ့၏ ။မြင်းပေါ်တွင် ရွယ်ချင်းသည် ချောင်ဖုန်းရှေ့မှ နေရသဖြင့် ရှက်လဲရှက် ပျော်လဲပျော်နေခဲ့သည်။

ဆုမိုဟန်သည် ချောင်းဖုန်းတို့ကို ကြည့်လိုက်ကာ ခေါင်းခါ၍ ပြောလိုက်သည်။

"ဒီဖုန်းရှုးတောကရှင်တို့ထင်သလို မရိုးရှင်းတဲ့အတွက် ကျွန်မအနောက်ကို ထပ်ကြပ်မကွာလိုက်ဖို့ သတိပေးချင်တယ်"

ထိုအခါ ချောင်ဖုန်းတို့သည်လည်း လမ်းမပျောက်အောင် ဆုဟန်မိုနောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားခဲ့သည်။ဖုန်းရှုးတော၏ အလယ်သို့ ရောက်တဲ့အခါ ဆုဟန်မိုသည် ဓားဖြင့်လေဟာနယ်ခုတ်လိုက်သည့်အခါ ဖျောက်ကွယ်ထားသော ဒိုင်ဗားရှင်းစက်ဝိုင်းအစီအရင်တစ်ခုကို ချောင်ဖုန်းတို့တွေ့လိုက်ရသည်။

ချောင်ဖုန်းသည် ဒိုင်ဗားရှင်းအစီအရင်ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများသည် ရှားပါးလွန်းသဖြင့် ကျိူးတိုင်းပြည်မှာ ရရှိနိုင်ဖို့ မျှော်လင့်ထားခဲ့သည်။

ဆုဟန်မိုသည် သူ့လက်ထဲက အဆောင်အစီအရင်စာရွက် တစ်ခုကို အသုံးပြုလိုက်သည့်အခါ ဒိုင်ဗားရှင်းတစ်ဖက်တွင်ရှိသောလူသည် ဒိုင်ဗားရှင်းကို အသက်သွင်းလိုက်တဲ့အခါ ချောင်ဖုန်းတို့ ရှေ့မှ ဒိုင်ဗားရှင်းစက်ဝိုင်းကြီးသည် စတင်လည်ပတ်လာခဲ့သည်။

ဆုဟန်မိုသည် သူ့ဓားကို ပြန်သိမ်းလိုက်ပြီး "ရှင်တို့ကျွန်မနောက်က အမြန်လိုက်ခဲ့ပါ ၊ ဒီဒိုင်ဗားရှင်းစက်ဝိုင်းက အချိန်အကန့်အသတ်ရှိတယ်" လို့ သတိပေးလိုက်သည်။ဆုဟန်မိုသည် မြင်းပေါ်မှဆင်းလိုက်တာကြောင့် အားလုံးလဲဆင်းလိုက်ကြသည်။

ထို့နောက် ဆုဟန်မိုတို့လေးယောက်သည် အထဲသို့ဝင်ပြီး ပျောက်ကွယ်သွားလေသည်။

ထိုချိန်မှာ ချောင်ဖုန်းသည် ဘုရင်နယ်ပယ်အဆင့်ဆယ်ယောက်၏ အငွေ့အသက်များသည် သူတို့ရှိရာနေရာကို ​အလျင်အမြန်လာနေတာကို ခံစားလိုက်ရသည်။လွင်ပုယွင်အတွဲလဲ ဝင်သွားပြီးနောက် ရွယ်ချင်းသည်"ကိုကိုချောင်ဖုန်း.....ရွယ်ချင်းတို့လဲသွားကြမယ်လေ" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ရွယ်ချင်းအားအရင်ဝင်ခိုင်းလိုက်ပြီး သူလဲဝင်မည့်အချိန်တွင် ဓားချီးစွမ်းအားများရောက်ရှိလာ၍ နောက်သို့ ဆုတ်ကာ ရှောင်ရှားလိုက်ရသည်။ရွယ်ချင်းသည် ဓားချီစွမ်းအင်များကျရောက်လာ၍ နောက်သို့ဆုတ်ပြေးသွားကို မြင်လိုက်ရသော်လည်း ဒိုင်ဗားရှင်းတစ်ဖက်ကို ရောက်ရှိသွားခဲ့သည်။

ရွယ်ချင်းသည် တောအုပ်၏ အပြင်ဘက်ကို ဒိုင်ဗားရှင်းဖြင့်ရောက်လာခဲ့ပြီးနောက် ဆုဟန်မိုအား ချောင်ဖုန်းကို ခဏစောင့်ဖို့ ပြောလိုက်တဲ့အခါ ဆုဟန်မိုသည် အားလုံးကို ကြည့်လိုက်ပြီး "တကယ်ပြသာနာတဲ့လူပဲ......" ဟု တိတ်တဆိတ်ပြောလိုက်သည်။ထို့နောက် ဆုဟန်မိုတို့သည် ဒိုင်ဗားရှင်းအနားရှိ နေရာလေးတစ်ခုမှာ စောင့်ဆိုင်းနေခဲ့သည်။

ချောင်ဖုန်းသည် တစ်ဖက်မှာတော့ ဒိုင်ဗားရှင်းမပိတ်သေးသွားခင် ထိုနေရာမှ ထွက်လာရန် လိုအပ်သည်။ထိုချိန်မှာ စနစ်ရဲ့အသံသည် ထွက်ပေါ်လာပြီး နောက်ထပ်တစ်ကြိမ် ပြောင်းလဲခဲ့သည်။

"စနစ်ရှင်အတွက် သတ်ဖြတ်ခြင်းတာဝန်များကို ပေးအပ်လိုက်ပါပြီ ၊ စနစ်ရှင်သတ်ဖြတ်ခြင်းအရေအတွက် အင်အားကို ကြည့်ကာ စနစ်မှ သန့်စင်ခွင့် အကြိမ်ရေကို သတ်မှတ်ပေးသွားပါမည်"

"အကောင်းဆုံးပဲ...... ဒီကောင်လေးတွေကနေ စလိုက်ကြရတာပေါ့"

ချောင်ဖုန်းသည် လက်သီးဆုပ်လိုက်ပြီး " တိုက်ခိုက်ခြင်းကလဲ ကျင့်ကြံတာထက် ပိုသန်မာစေတယ်" လို့ပြောလိုက်ပြီး ဘုရင်နယ်ပယ်အထွဋ်အထိပ်စွမ်းအားအရှိန်အဝါကို ထုတ်လိုက်သည်။

ထိုတစ်ဖွဲ့လုံးတွင် ကိုးယောက်သည် အနီရောင် တံဆိပ်ပုဝါတစ်ခုကို နဖူးမှာ တူညီစွာ စည်းထားကြပြီး တစ်ယောက်ကတော့ အပြာရောင် တံဆိပ်ကို နဖူးတွင်စည်းထားသည်။ထိုအပြာရောင်တံဆိပ်ဝတ်ဆင်ထားသောလူသည် မြက်ရိုးတံတစ်ခုက ကိုက်ရင်း ချောင်ဖုန်းအားပြောလိုက်သည်။

"ငါတို့မင်းကို သတ်ချင်လို့တော့ မဟုတ်ဘူး..... ဒါပေမယ့်ငါတို့ကလဲ တာဝန်ကို လွန်ဆန်လို့မရဘူး အဲ့ဒီအတွက် စိတ်မကောင်းပါဘူး ၊ မင်းကဧကရာဇ်နယ်ပယ်အဆင့်ရောက်နေရင်တောင် ငါတို့ ဝံပုလွေညီနောင် ဆယ်ပါးလက်ထဲက လွတ်မြှောက်နိုင်မှာ မဟုတ်ဘူး"

ကောင်းကင်နတ်ဆိုးသားရဲသည် ထိုဆယ်ယောက်ရှိမှ ထူးဆန်းသော အငွေ့အသက်ကို ခံစားနေရသည်။ချောင်ဖုန်းသည် ထိုအငွေ့အသက်ကို မခံစားရပေ။ချောင်ဖုန်းသည် ပုံတူပွားအရှင် ကျင့်စဥ်ကို အသုံးပြုလိုက်သည့်အခါ နောက်ထပ် ကိုယ်ပွားနှစ်ခုသည် ထွက်ပေါ်လာလေသည်။

ပုံတူပွားအရှင်ကျင့်စဥ်သည် ငါးကိုယ်အထိ အများဆုံးပွားနိုင်ပြီ ချောင်ဖုန်းသည် နောက်ထပ် နှစ်ကိုယ်သာ ထုတ်လိုက်ပြီး " ဒီလောက်ဆို မင်းတို့ကို သတ်ဖို့လုံလောက်ပြီ " ဟု ပြောကာ ကိုယ်ပိုင်လက်သီးစွမ်းအင်များဖြင့် စတင်တိုက်ခိုက်လိုက်သည်။

ထိုအခါ ချောင်ဖုန်းနှင့်ကိုယ်ပွားနှစ်ယောက်၏ ကိုယ်ပိုင်လက်သီးစွမ်းအား ထိုးတာ ခံလိုက်ရသော လူသုံးယောက်သည် တချက်ထဲနဲ့ပင် ထိခိုက်ကာ ဒဏ်ရာရသွားပြီး ကျန်ခုနှစ်ယောက်က ဝင်တိုက်လာသော နတ်ဘုရားခြေလှမ်းဖြင့် နောက်သို့ အလယ်တကူဆုတ်လိုက်ကြလေသည်။

ထိုအခါ ထိခိုက်သွားသော သုံးယောက်သည် ဆေးလုံးများသောက်လိုက်တဲ့အခါ ချက်ချင်းပြန်သက်သာလာပြီး ထိုထဲမှတစ်ယောက်သည်"အကိုဂျန်ဘင်း.....ဒီကောင်ကို အမြန်အဆုံးသတ်လိုက်တာ ပိုကောင်းမယ်ထင်တယ် " ဟု နာကျင်စွာနဲ့ပြောလိုက်သည်။

ထိုအခါ ဂျန်ဘင်းဟု ခေါ်သောလူသည် အားလုံးကို အချက်ပြလိုက်တာနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှ အစွယ်များရှည်ထွက်နေသောသားရဲဝံပုလွေများသည် ဆယ်ယောက်လုံးရှိမှ ထွက်ပေါ်လာလေသည်။ဂျန်ဘင်းသည် သူ့လက်ချောင်းများစုစည်းလိုက်ပြီး "မင်းကဧကရာဇ်နယ်ပယ်အဆင့်ရောက်နေမယ်ရင်တောင် သွားသေလိုက်တော့" ဟု ပြောလိုက်သည်။

ဂျန်ဘင်းသို့ရဲ့ စီးနင်းဖော် ဝံပုလွေသည် သားရဲများသည် နတ်ဆိုးသားရဲမဟုတ်သော်လည်း ဘုရင်နယ်ပယ်အဆင့်စွမ်းအားရှိသော သားရဲကောင်များဖြစ်ကြသည်။ထိုဝံပုလွေဆယ်ကောင်သည် သူ့တို့၏ သခင်များစေခိုင်းလိုက်တာနှင့် အဘက်ပေါင်းစုံမှ ချောင်ဖုန်းရှိသို့ ခုန်အုပ်ကြလေသည်။

ထိုအခါကောင်ကင်နတ်ဆိုးသားရဲဌက်သည် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ချက်ချင်းဆိုသလို ဧရာမကြီးမားသောဌက်ဆိုးကြီးအသွင်အဖြစ် ထွက်လာပြီး "အကိုကြီး......ငါဒီကောင်လေးတွေကို ရှင်းပစ်လိုက်မယ် " ဟု ပြောပြီး ဝံပုလွေများကို အေးဆေးကိုက်စားပစ်လိုက်လေသည်။

ထိုအခါ ဝံပုလွေသခင်များသည် သူ့တို့၏ စီးနင်းဖော်များအသတ်ခံရတဲ့အခါ နာကျင်တာကို ခံစားလိုက်ရပြီး ကောင်းကင်နတ်ဆိုးသားရဲကြီးအားကြည့်ပြီး ချွေးများပင်တစက်စက်ကျကာ တံတွေးများပင် နင်သွားကြလေသည်။

ဂျန်ဘင်းသည် သူလူတွေအားလုံးအား " ထွက်ပြေးကြတော့လေ.....သေချင်လို့ မင်းတို့က ထိုင်ကြည့်ချင်နေတာလား " ဟု အော်ဟစ်ကာ သူကိုယ်တိုင်လဲ ထိုနေရာမှ ထွက်​ပြေးသွားလေသည်။

သို့သော် ချောင်ဖုန်းနှင့်အတူ ကိုယ်ပွား နှစ်ယောက်သည် သူတို့သွားမည့် လမ်းကို ပိတ်လိုက်ပြီး ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်အားသုံးကာ ဆယ်ယောက်လုံးကို ငရဲကို ပို့လိုက်လေသည်။

"ဂုဏ်ယူပါတယ်......စနစ်ရှင်သည် သန့်စင်ခွင့်အကြိမ်ရေ နှစ်ဆယ့်နှစ်ကြိမ်ကို ထပ်မံရရှိသွားပြီး သန့်စင်ခွင့်အကြိမ်ရေ လေးဆယ်ကျော်ရှိပါသည်"

ထို့နောက်ချောင်ဖုန်းသည် ထိုလူတွေရှိမှ ရတာတွေ သိမ်းလိုက်ပြီး

ကိုယ်ပွားနှစ်ယောက်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ထို့နောက်ကောင်းကင်နတ်ဆိုးသားရဲသည်လည်း ငှက်ပေါက်စလေးအသွင်ဖြင့် ချောင်ဖုန်းခန္ဓာကိုယ်ထဲသို့ ဝင်လိုက်ပြီး"အကိုကြီး.....ဒီဝံပုလွေတွေရဲ့အသားက မနေ့ညက စားရတဲ့အသားတွေလောက် မကောင်းဘူး " ဟု ပြောလိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။

All Chapters