← Chapters

ဖုန်းရှို့တောင်ကုန်းမှ အခြေအနေ

Vol. 14 Ch. 185

ဖုန်းရှို့တောင်ကုန်းမှ အခြေအနေ

Vol. 14 Ch. 185

ကျားမိစ္ဆာများသာမက တခြားမိစ္ဆာများသည်လည်း ပေတစ်ရာခန့် ကြီးမားသော ဓားအလင်းပျံသန်းလာသည်ကို ကြည့်နေကြ၏။

ဝှစ်…

ဓားအလင်းသည် သွေးနီရောင်အရံအတားကို ဖြတ်သန်းကာ ကိုးပေမြင့်သော ကျားမိစ္ဆာ၏ခန္ဓာကိုယ်အား ပိုင်းဖြတ်သွား၏။ လေထဲတွင် သွေးများ လွှမ်းခြုံသွားသည်။

အစိမ်းရောင်သေရည်အိုးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ တခြားလက်တစ်ဖက်၌ အနက်ရောင်ဓားတစ်လက်အား ကိုင်ထားသော လီရှီးရှီးသည် ကမ်းပါးထက်၌ ရပ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း လူငယ်မျိုးဆက်မှ အသတ်အဖြတ် နတ်ဘုရားမ လီရှီးရှီး။

ဖုန်းရှို့တောင်ကုန်းပေါ်၌ သူတို့ တိုက်ခိုက်သည်မှာ ရှားပါးသည်။

ကမ္ဘာမြေအဆင့်များ တိုက်ခိုက်တိုင်း တောင်ကုန်းများ ပြိုလဲကာ မြေပြင်များ အက်ကွဲရသည်။ တခြားလူများက ထိုသို့ တိုက်ပွဲများနှင့် ကြုံပါက အဝေးသို့ ရှောင်ဖယ်ကြရ၏။

များသောအားဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်မှ လူများ တိုက်ခိုက်ကြလေ့ရှိသည်။

အနောက်ဘက်ကုန်းမြေမှ အမြုတေဖွဲ့စည်းခြင်းအဆင့်များအောက်တွင် လော့ရှောင်ယယွီ၊ စွန်းကျင်းရှစ်နှင့် ချန်းအာတို့မှာ အတော်လေး နာမည်ကျော်ကြား၏။ သို့သော်လည်း မိစ္ဆာများ အကြောက်ဆုံးသူမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လီရှီးရှီး ဖြစ်သည်။

ထိုအမျိုးသမီးကား သဘာဝအားဖြင့် သတ်ဖြတ်ရန် မွေးဖွားလာသူ ဖြစ်သည်။ သူမထက် ကျင့်ကြံဆင့် မြင့်မားသူများသည်ပင် သူမကဲ့သို့ ဓားပညာ၌ မကောင်းမွန်ပေ။

သူမထက် မြန်သောသူသည်လည်း သူမ၏ဓားကို မကျော်ဖြတ်နိုင်ပါ။

…

ဖုန်းရှို့တောင်ပေါ်၌ အနောက်ဘက်ကုန်းမြေနှင့် တောင်ပိုင်းကုန်းမြေမှ ပညာရှင်များသည် ဓားပါရမီရှင်ဟူသော စကားလုံးအား သုံးစွဲရန် တစ်စုံတစ်ယောက်အား တွေ့ရှိခဲ့ကြရသည်။

ထိုဂုဏ်ပုဒ်နှင့် နှိုင်းယှဉ်ရန် လီရှီးရှီးတစ်ဦးသာ ရှိပေလိမ့်မည်။

သူမက သေရည်အိုးကို ပါးစပ်၌ မော့လိုက်ကာ ဓားကို ကိုင်မြှောက်လျှက် ဘေးနားမှ မိစ္ဆာကို ထိုးခုတ်လိုက်သည်။

ဝှစ်…

သူမက အသက်မဲ့စွာ ပြိုလဲကျသွားသော ထိုမိစ္ဆာအား ကြည့်ပင် မကြည့်ပါ။ ကမ္ဘာမြေအဆင့်အောက်၌ မည်သူမှ သူမ၏ဓားကို တားဆီးနိုင်သူ မရှိချေ။

ဓားအလင်းသည် လေထဲ လှည့်ပတ်သွားကာ မိစ္ဆာများအား အဆက်မပြတ် သတ်ဖြတ်သည်။

ထိုအခိုက်တွင် အသက်ရှင်နေသေးသော ကျင့်ကြံသူများသည် ကမ်းပါးထက်၌ စုစည်းကာ ခံစစ်စည်းကို ပြင်ဆင်ကြသည်။

ဝုန်း…

ဓားအလင်း ပေါက်ကွဲသွားလျှင် မိစ္ဆာချီများ လေထဲ ခြုံလွှမ်းသွားသည်။

ကမ္ဘာမြေအဆင့်အောက်မှ မိစ္ဆာများမှာ လီရှီးရှီး၏သတ်ဖြတ်ခြင်းကို ခံရ၏။

“မင်း လုပ်ရဲလား…”

အဝေးမှ မာန်သွင်းအော်ဟစ်သံကို ကြားရသည်။

လီရှီးရှီးက တစ်ချက်မျှပင် မကြည့်ဘဲ နောက်လှည့်လိုက်သည်။

ကောင်းကင်တွင် အလင်းတန်းတချို့ ရင်ဆိုင်တွေ့ကြသည်။

၎င်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မဟာအကြီးအကဲ လုဟောင်၏တိုက်ခိုက်မှုဖြစ်ကာ သူသည် မိစ္ဆာတစ်ကောင်၏တိုက်ခိုက်မှုအား တားဆီးလိုက်၏။

ထိုပညာရှင်များ၏ အကာအကွယ်ကြောင့်ပင် ဂိုဏ်းအသီးသီးမှ လူငယ်မျိုးဆက်များမှာ လွတ်လပ်စွာ တိုက်ခိုက်ရဲကြခြင်း ဖြစ်သည်။

လီရှီးရှီး တောင်ထိပ်သို့ ပြန်ရောက်သွားသောအခါ လုတစ်ဆယ်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တခြားလူငယ်များအားလုံး အသီးသီး အနားယူကာ ကုန်ဆုံးသွားသော ချီစွမ်းအားများကို ဖြည့်တင်းနေကြ၏။ တချို့သည် ဒဏ်ရာများကို ကုစားနေကြကာ တချို့မှာ လဲလျောင်းအနားယူနေကြ၏။

အားလုံးက ရရှိသော အချိန်များကို အသုံးချကာ လာမည့်တိုက်ပွဲများအတွက် ပြင်ဆင်ကြရ၏။

“အစ်မသုံး…”

အစိမ်းရောင်ဝတ်လူငယ်တစ်ယောက်က လှမ်းခေါ်သည်။

သူကား စုန့်ခုနစ် ဖြစ်သည်။

သူ့ဘေးတွင် သူနှင့်အလွန်ဆင်တူသော နောက်ထပ်လူငယ်တစ်ဦး ရှိသည်။

စုန့်ခုနစ်နှင့် စုန့်ကိုးတို့မှာ အမွှာညီနောင်များ ဖြစ်ကြသည်။

“မင်းတို့အားလုံး ဂရုစိုက်ကြပါ… တောင်ပိုင်းကုန်းမြေက တိုက်ခိုက်တာတွေဟာ ပိုပြီး ပြင်းထန်လာတယ်”

လီရှီးရှီးက ခေါင်းညိတ်ကာ ထိုင်သည်။ သူမက မျက်လုံးများကို မှိတ်ကာ ချီအားများကို ပြန်လည်ဖြည့်တင်း၏။

“ထန်နှစ်က ဘာတွေ လုပ်နေတာလဲ။ အဲဒီသစ္စာဖောက်ဂိုဏ်းတွေကို သူက သုံးရက်အတွင်း ဖြေရှင်းမယ် ပြောထားတယ်မလား”

လုတစ်ဆယ်က မျက်စိမျက်နှာပျက်စွာ ပြောသည်။ သူ၏မျက်နှာတွင် မောပန်းနွမ်းနယ်ဟန်များ အထင်းသားပေါ်နေသည်။

“ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ တောင်ပိုင်းမိစ္ဆာတွေ အရူးအမူး တိုက်ခိုက်နေကြတာ။ ငါတို့က ဘယ်လိုဆက်ပြီး ခုခံမှာလဲ”

သူက အပြစ်တင်ဝေဖန်လျှင် တခြားလူများကလည်း မကြေမနပ် ခေါင်းညိတ်ကြသည်။

ထိုသစ္စာဖောက်ဂိုဏ်းများအား ကယ်တင်ရန် တောင်ပိုင်းမိစ္ဆာများသည် အပြင်းအထန် တိုက်ခိုက်ကြသည်။

ဖုန်းရှို့တောင်မှ တိုက်ပွဲသည် မူလကတည်းက အနောက်ဘက်ကုန်းမြေအတွက် ခက်ခဲခဲ့ပေသည်။ ယခု တစ်ဘက်မှ ပို၍ အားစိုက်လာသောအခါ သူတို့မှာ ခုခံရန် အလွန်ခက်ခဲလာ၏။

သူတို့ ခံစစ်စည်း အခြေအနေ ဆုတ်ယုတ်လာခြင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းများလက်အောက်မှ သစ္စာဖောက်ဂိုဏ်းများကြောင့်ဖြစ်သည်။ ဖုန်းရှို့တောင်တွင် ရှိသော တခြားဂိုဏ်းများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့်ပတ်သက်၍ မကြေနပ်ချက်များ ပိုမိုတိုးပွားလာခဲ့ကာ အပြစ်တင်ဝေဖန်မှုများပင် ရှိလာခဲ့ပြီ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မဟာအကြီးအကဲ လုဟောင်သည် ထိုဖိအားများကို တောင့်ခံကာ ထန်ချီအတွက် အချိန်ဆွဲပေးထားရသည်။

ထန်ချီ၏စာတွင်ကား သူသည် ထိုသစ္စာဖောက်ဂိုဏ်းများအား သုံးရက်အတွင်း ဖြေရှင်းကာ ဖုန်းရှို့တောင်သို့ စစ်ကူပေးမည်ဟု ဆိုသည်။

ကတိပေးထားသော သုံးရက်အပြင် နောက်ထပ်သုံးရက် ကုန်ဆုံးသွားပြီး ဖြစ်သည်။

ထန်ချီသည် ထိုသစ္စာဖောက်ဂိုဏ်းများအား တားဆီးထားကာ နောက်ဆုတ်ခြင်း ရှေ့တက်ခြင်း မပြုလုပ်ဘဲ နေသည်။

အကောင်းဆုံးနည်းလမ်းမှာ ထန်ချီက ထိုသစ္စာဖောက်ဂိုဏ်းများအား တစ်ခါတည်း အပြတ်ရှင်းလိုက်ရန် ဖြစ်သည်။

အကယ်၍ ထိုဂိုဏ်းများအား မရှင်းလင်းနိုင်ပါကလည်း အနောက်ဘက်ကုန်းမြေသို့ ပြန်စေလွှတ်လိုက်ခြင်းဖြင့် ဖြေရှင်းနိုင်သေးသည်။

သို့သော် သူက ထိုသို့ ရှေ့မတိုး နောက်မဆုတ် ကြားဖြတ်တားဆီးထားခြင်းက ဖုန်းရှို့တောင်မှ အခြေအနေကို အလွန်ဆိုးဝါးစေသည်။

“ထန်ချီရဲ့အတွေးက ဒီလောက်မရိုးရှင်းဘူးလို့ ငါထင်တယ်”

စုန့်ခုနစ်ဘေးတွင် ထိုင်နေသော စုန့်ကိုးက တွေးတွေးဆဆ ပြောသည်။

ထိုစကားကို ကြားသည်နှင့် လုတစ်ဆယ်က ဒေါသတကြီး သူ့ရှေ့မှ ကျောက်တုံးကို လက်သီးဖြင့် ထိုးခွဲပစ်လိုက်သည်။

“သူ့ဂုဏ်သတင်းက ဖုန်းရှို့တောင်က မရေမတွက်နိုင်တဲ့ တပည့်တွေ အသက်ထက် တန်ဖိုးရှိတာလား”

အားလုံး တိတ်ဆိတ်နေကြသည်။

ဝုန်း…

ကောင်းကင်ထက်တွင် ဓားအလင်းသည် မိစ္ဆာလက်သည်းတစ်ခုဖြင့် ထိတွေ့ကာ ဖုန်းရှို့တောင်တစ်ခုလုံးအား တုန်ခါသွားစေသည်။

ဓားအလင်း ပေါက်ကွဲသွားကာ ဓားချီများသည် ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး ဘေးပတ်လည်မှ တိမ်များကို လွင့်ပါးသွားစေသည်။

လက်သည်းပိုင်ရှင် မိစ္ဆာမှာလည်း နာကျင်စွာ အော်ဟစ်လိုက်၏။

“အနောက်ဘက်ကုန်းမြေရဲ့ နံပါတ် ၁ ဓားသမား ထူစွန်းရှစ်… စီနီယာထူရဲ့ ဓားသိုင်းက တကယ်ပဲ အစွမ်းထက်လှတယ်”

လီသုံးက မျက်တောင်ပင့်လိုက်သည်။

ထူစွန်းရှစ်ကြောင့်မဟုတ်ပါက အနောက်ဘက်ကုန်းမြေမှ အင်အားစုများသည် ဖုန်းရှို့တောင်တွင် ယနေ့အချိန်အထိ တောင့်ခံနိုင်မည် မဟုတ်ပေ။

ကောင်းကင်သည် တုန်ခါနေ၏။ လုတစ်ဆယ်တို့ကား ထိုတိုက်ပွဲကို အာရုံစိုက်မနေတော့ဘဲ ငြိမ်သက်စွာ ကျင့်ကြံကြသည်။

ဟူး…

လုတစ်ဆယ်၏အပေါ်တွင် အစိမ်းရောင်ဆေးလုံးတစ်လုံးသည် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွား၏။

အမြင့်ဆုံးအရည်အသွေးဆေးလုံးသည် ဆေးအစွမ်းကုန်ဆုံးသွားကာ ပျက်စီးသွားခြင်း ဖြစ်သည်။

“ငါသာ ကြိုသိခဲ့ရင် ဆယ့်ကိုးဆီက အမြင့်ဆုံးအရည်အသွေးဆေးလုံး နည်းနည်းထပ်ပြီး ယူလာခဲ့ပါတယ်”

လုတစ်ဆယ်က တီးတိုးရေရွက်ကာ ဆေးအစွမ်းများကို ခန္ဓာကိုယ်ထဲသို့ လှည့်ပတ်သည်။

“စကားမစပ် အစ်မသုံး… ဒီမှာ ကျုပ် သေသွားရင် ဆယ့်ကိုးကို ကူပြီး အကြွေးဆပ်ပေးပါ”

လုတစ်ဆယ်က လက်မြှောက်ကာ အိတ်ငယ်လေးတစ်လုံးအား လီသုံးထံသို့ ပစ်ပေးလိုက်သည်။

လီသုံးက သူ့အား ကြည့်ကာ အိတ်ကို သိမ်းဆည်းလိုက်၏။

လုတစ်ဆယ် ထရပ်ကာ ရယ်မောလိုက်၏။

“သွားရအောင်… ထပ်ပြီး တိုက်ခိုက်ကြမယ်”

စုန့်ကိုးနှင့် တခြားလူများကလည်း ထရပ်ကြသည်။

အဝေးတောင်တန်းဆီမှ မိစ္ဆာအငွေ့အသက်များ အားကောင်းစွာ ပြန့်လွင့်လာသည်။ ခံစစ်စည်းမှာ ကျိုးပျက်သွားဟန်ရ၏။

…

ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့ တိမ်မြုံကမ်းပါးသို့ ရောက်သောအခါ နေဝင်ခါနီးနေပြီ ဖြစ်သည်။

ကမ်းပါးပေါ်မှ သစ်ပင်များမှာ ဝင်လုဆဲ နေရောင်အောက်တွင် အနီစွေးစွေး တောက်နေကြ၏။

သစ်ပင်တစ်ပင်ကို မှီလျှက် ထန်ချီသည် ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့ရ၏။

“ဟွမ်လောင်လျှို… အစ်ကိုဟွမ်…”

ထန်ချီက အဝေးမှ လမ်းလျှောက်လာသော ဟွမ်လောင်လျှိုအား ကြည့်ကာ ပြုံးသည်။

“ကျုပ် ခင်ဗျားကို စောင့်နေတာ ကြာပြီ”

သူက လက်မြှောက်လိုက်လျှင် ရွှေလှေကားတစ်ခုသည် ကမ်းပါးအောက်သို့ ကျဆင်းသွား၏။

“ခင်ဗျားက အခု သေမျိုးဖြစ်နေပြီ။ ဒီလှေကားနဲ့ အပေါ်ကို တက်ခဲ့ပါ”

ဟွမ်လောင်လျှိုသည် လှေကားရှေ့သို့ ရောက်လာခဲ့ကာ အမူအရာပြောင်းလဲသွားသည်။

ကမ်းပါးထက်တွင် ကမ္ဘာမြေအဆင့်အဖိုးအိုတချို့သည် ဟွမ်လောင်လျှိုအား ကြည့်နေကြ၏။

“သူ ဘာကို ရွေးမယ် ထင်လဲ”

ခရမ်းရောင်ဝတ်အဖိုးအိုတစ်ဦးက တီးတိုးပြောသည်။

All Chapters