Chapter (64)
Vol. 5 Ch. 64
အသန့်စင်ဆုံးစနစ် အခန်း(64)
မနေ့ညက တောအုပ်အတွင်းက ဆူညံမှုက ကောင်းကင်နတ်ဆိုးသားရဲရဲ့ လက်ချက်မှန်းချောင်ဖုန်းသိရှိသွားခဲ့သည်။ထို့နောက် ချောင်ဖုန်းသည် ပိတ်ခန်းနီး ဒိုင်ဗားရှင်းစက်ဝိုင်းထဲသို့ ပြေးဝင်သွားလိုက်သည်။
ချောင်ဖုန်းသည် ဒိုင်ဗားရှင်းတစ်ဖက်ကို ရောက်သော်အခါ သူကိုစောင့်နေကြသော ရွယ်ချင်းတို့အဖွဲ့ကို တွေ့လိုက်ရသည်။ရွယ်ချင်း ချောက်ဖုန်းရောက်ရှိလာတာ မြင်သော်အခါ ချောင်ဖုန်းရဲ့ခန္ဓာကိုယ်အားကြည့်လိုက်ပြီးတော့ "ကိုကိုချောင်ဖုန်း.....ရှင်အဆင်ပြေရဲ့လား ၊ ဒဏ်ရာတွေရော ရသွားသေးလား" ဟု စိုးရိမ်ပူပန်စိတ်ဖြင့် မြင်လိုက်သည်။
ချောင်ဖုန်းသည် ရွယ်ချင်းခေါင်းကို ပွတ်လိုက်ပြီး"စိတ်မပူပါနဲ့.......ကိုဘာဒဏ်ရာမှ မရပါဘူး" ပြောလိုက်သည်။ထို့နောက်ဆုဟန်မိုသည် မြင်းပေါ်တက်လိုက်ပြီး "ကျွန်မတို့ ခရီးဆက်ကြရအောင်......ရှေ့က မြို့တစ်မြို့ ဖြတ်ပြီးရင် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို ရောက်ဖို့ မဝေးတော့ဘူး" ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းတို့သည် မြင်းစီးလိုက်ပြီး လန်ရှင်းမြို့ဟု ခေါ်သော မြို့တစ်မြို့စီကို ထွက်ခွာလာခဲ့သည်။ထို့နောက် ဆုဟန်မိုသည် လန်ရှင်းမြို့တွင် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းနှင့် အတိုက်အခံရှိသော ဂိုဏ်းများစွာရှိသည်ဟု အားလုံးကို သတိပေးလိုက်သည်။
ရွယ်ချင်းသည် ချောင်ဖုန်းရှေ့ကပင် မြင်းစီးလိုက်ရင်းဖြင့်"ကိုကိုချောင်ဖုန်း.....ခုနကတိုက်ခိုက်တာ ဘယ်သူတွေလဲ" ဟု မေးလိုက်သည်။ချောင်ဖုန်းသည် မြင်းကြိုးကို ကိုင်ရင်း"ကိုထင်တာမမှားရင်.....ကို့ကို လုပ်ကြံတဲ့ကောင်တွေက ဖန်းမြို့ဂိတ်ဝမှာတုန်းကဖြစ်ခဲ့တဲ့ပြသာနာကြောင့်ပဲ ဖြစ်ရမယ် " ဟု ပြောလိုက်သည်။
ချောင်ဖုန်းတို့သည် အချိန်အနည်းငယ်အကြာမှာ သဲမြူများထူထပ်နေသော လန်ရှင်းမြို့ကို ရောက်ရှိလာခဲ့သည်။လန်ရှင်းမြို့သည် အလွန်ကျယ်ပြန့်သော မြို့တစ်ခုဖြစ်ပြီး နဂိုကသဲကန္တရဟု ဆိုကြ၏ ။ဆုဟန်မိုသည် ဆက်မမြင်ရတော့တဲ့အတွက် ဝိုးတိုးဝါးတားဖြစ်နေသဖြင့် မြင်းပေါ်မှဆင်းလိုက်ပြီး လမ်းလျှောက်လ်ုက်ကြသည်။
"ဘယ်လိုလုပ်ပြီး.......ရုတ်တရက် သဲမှုန်တွေကထူထပ်လာရတာလဲ"
ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အဆင့်နှစ်ယောက်သည် သူတို့အနားကို လာနေတယ်လို့ ခံစားလိုက်ရတဲ့အခါ ကိုယ်ပွားအား ဘယ်သူမှမသိခင် ထားခဲ့ပြီး အစစ်သည် ကိုယ်ဖျောက်အစီအရင်စာရွက် သုံးကာ ပျောက်ကွယ်သွားသည်။
ဆုဟန်မိုသည် လန်ရှင်းမြို့သို့ဝင်ခန်းနီးချိန်မှာ လပုံစံဓားကောက်တစ်ချောင်းသည် သဲမှုန်တွေကြားမှ ထွက်လာသောကြောင့် ဆုဟန်မိုသည် နောက်သို့အမြန်ဆုတ်လိုက်ပြီး "ဘယ်သူလဲ.....သတ္တိရှိရင် ထွက်ခဲ့စမ်း" ဟု ပြောလိုက်သည်။
ထိုအခါသဲမှုန်တွေကြားမှ အရပ်တစ်ပေခန့်ကွာသောမိန်းမနှစ်ယောက်သည်ပေါ်လာခဲ့သည်။
သူတို့နှစ်ယောက်လုံးသည် နှုတ်ခမ်းနီအနက်ရောင်တွေ ဆိုးထားပြီး အင်္ကျီမှာလဲအနက်ရောင်များကို ဆင်တူဝတ်ဆင်ထားကြပြီး လက်သည်းကြီးတွေမှာလဲ အရှည်ကြီးများဖြစ်သည်။
ထိုထဲမှ အရပ်ရှည်သော မိန်းမသည် သူ့နှုတ်ခမ်းလေးကို လက်ချောင်းဖြင့် အုပ်လ်ုက်ပြီး"ရို့......သခင်မလေးမိုဟန်က အရမ်းဒေါသကြီးတာပဲ" ဟု ရယ်ကာပြောလိုက်သည်။ထိုအခါ နောက်တစ်ယောက်ကလဲ"ခစ်ခစ်..ဟုတ်တယ်.....သူများဆိုလန့်လို့သေတော့မယ်" ဟု ထပ်ပြောလိုက်သည်။
ဆုဟန်မိုသည် ထိုနှစ်ယောက်ကို အကြောင်းကို သေသေချာချာကြားဖူးသည်။ထိုနှစ်ယောက်ကို လခြမ်းကြေးစားမယ်ဟု ခေါ်ပြီး
ထိုနှစ်ယောက်ရဲ့ သတ်ဖြတ်မှုအောက်မှာ လူပေါင်းများစွာ သေဆုံးခဲ့ရပြီးပြီ ဖြစ်သည်။
ဆုဟန်မိုသည် သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး"ရှင်တို့နှစ်ယောက်က ဧကရာဇ်နယ်ပယ်ကဆိုပေမယ့် ကျွန်မကြောက်လိုက်မယ်မထင်နဲ့" ဟု ပြောလိုက်သည်။ထိုအခါ လခြမ်းကြေးစားမယ်နှစ်ယောက်သည် "ဟားဟားဟား....."အော်ရယ်လိုက်ပြီး သဲမှုန်တွေကြားမှာ ပျောက်ကွယ်သွားလေသည်။
ထိုအခါ ဆုဟန်တို့ရှစ်ယောက်လုံး ရှိသောနေရာသည် သဲမုန်းတိုင်းတစ်ခုသို့ ပြောင်းလဲသွားပြီး တစ်ဦးနဲ့တစ်ဦးပင်မမြင်ရတော့ပေ။ထို့နောက် ဓားကောက်ကြီးသည် တစ်ယောက်ချင်းစီကို ရောက်ရှိလာသည်။ချောင်ဖုန်းသည် ရွယ်ချင်းတို့သည် ဝင်္ကပါ အစီအရင်တစ်ခုအတွင်းကို ကျရောက်နေတာကို သိရှိသွားသည်။
ချောင်ဖုန်းသည် ပြုံးလိုက်ပြီး"ငါရှေ့မှာ အစီအရင်တစ်ခုကို လာကစားနေတာဆိုတော့ မင်းတို့က သေချင်နေတာပဲ" ဟု တစ်ယောက်ထဲ ရေရွတ်လိုက်သည်။ထို့နောက်ချောင်ဖုန်းသည် ယန်အစီအရင်ကိုထုတ်လိုက်ပြီး ဝင်္ကပါအစီအရင်ရှိသို့ သူ့ရဲ့အလံတိုင်ခြောက်ခုကို ပို့လိုက်သည်။
လခြမ်းကြေးစားမယ်နှစ်ယောက်သည် ဝင်္ကပါအစီအရင်အတွင်းက လူများသည် သူတို့အားမမြင်ရသည့်အတွက် နေရာအစုံမှ တစ်ဖွဲ့လုံးကို တိုက်ခိုက်နေခဲ့သည်။
အားလုံးထဲတွင် တစ်ယောက်သူသည် ရပ်နေတဲ့အတွက် လခြမ်းကြေးစားမယ်တစ်ယောက်သည် ထိုလူကို အရင်သတ်ဖို့ နောက်ကနေ လခြမ်းဓားဖြင့် ဝင်ထိုးမည့်ချိန်မှာ ထိူလူကတော့ နောက်လှည့်လိုက်ပြီး သူ့ကို ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် တစ်ချက်ထိုးလိုက်ပြီး လွင့်ထွက်သွားတဲ့အခါ လည်ပင်းကို အမြန်ဆွဲညှစ်လိုက်သည်။
ထိုလူကတော့ ချောင်ဖုန်းကိုယ်ပွားပင်ဖြစ်သည်။
ချောင်ဖုန်းအစစ်သည် အပြင်ဘက်မှ လက်ချောင်းများကို လှုပ်ရှားလိုက်သည့်အခါ အလံတိုင်လေးများသည် လည်ပတ်သွားပြီး လခြမ်းကြေးစားမယ်တို့ဖန်တီးထားသော အစီအရင်ကို ဖျက်စီးပစ်လိုက်သည်။
ထိုအခါသဲမုန်တိုင်းကြီးမှ လုံးဝရှင်းလင်းသော နေရာတစ်ခုသို့ ပြောင်းလဲသွားပြီး ဒဏ်ရာရနေသောလခြမ်းကြေးစားမယ်၏ လည်ပင်းအား ကိုင်မြှောက်ထားသော ချောင်ဖုန်းကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားကြသည်။
ထိုအခါ ဘေးမှာရှိနေသော အရပ်ရှည်သော လခြမ်းကြေးစားမယ်သည် ချောင်ဖုန်းအားဒူးထောက်လိုက်ပြီး သူ့ညီမကို လွှတ်ပေးဖို့တောင်းဆိုလိုက်သည်။ချောင်ဖုန်းသည် သူ့လက်ထဲက တစ်ယောက်အား လွှင့်ပစ်ပေးလိုက်တဲ့အခါ လခြမ်းကြေးစားမယ်အမဖြစ်သူသည် သူ့ညီမကို အမြန်ဖမ်းလိုက်ပြီးဆေးလုံးတိုက်လိုက်သည်။
ထို့နောက်ချက်ချင်းနှစ်ယောက်လုံးရဲ့အမူအယာသည် ပြောင်းလဲသွားလေသည်။ထို့နောက် သူ့တို့လခြမ်းများကို အမှောင်တစ္ဆေဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး ထပ်မံ တိုက်ခိုက်ဖို့ထလာကြသည်။
ထို့နောက် လခြမ်းဓားကောက်ဖြင့် ချောင်ဖုန်းအားရွယ်လိုက်ပြီး
"ကောင်စုတ်လေး.....ငါ့ကိုလွှတ်ပေးတဲ့အတွက် နင်ကောင်းကောင်းကြီးနောင်တရစေရမယ်"ဟု ကြိမ်းဝါးလိုက်သည်။
ဆုဟန်မိုတို့သည် ချောင်ဖုန်းသည် မသတ်ဘဲ ဘာကြောင့်လွှတ်ပေးလိုက်တာလဲ သိချင်နေခဲ့သည်။လခြမ်းကြေးစားမယ်နှစ်ယောက်သည် "အဆုံးမဲ့ဖန်တီးခြင်းကျင့်စဥ်"ဟု အော်လိုက်ပြီး တခြားလူများကို ဂရုမစိုက်ဘဲ ချောင်ဖုန်း၏ ကိုယ်ပွားကိုသာ ဦးတည်တိုက်ခိုက်ဖို့ ပြေးဝင်လေသည်။
ရွယ်ချင်းသည် ချောင်ဖုန်းဘေးမှ ဝင်တိုက်မလို့ လုပ်စဥ်မှာ ချောင်ဖုန်းသည် ရွယ်ချင်းအားနောက်ဆုတ်ခိုင်းလိုက်သည်။ထိုချိန်မှာလခြမ်းကြေးစားမယ်နှစ်ယောက်သည် ပြင်းထန်သောကြောက်ရွံစရာသေခြင်းတရားသည် သူတို့အနားကို နီးကပ်စွာရောက်ရှိလာတာကို ခံစားလိုက်ရပြီး ချောင်ဖုန်းကိုယ်ပွားနားမရောင်ခင်မှာပဲ
မြူမှုန့်အဖြစ်ပြောင်းလဲသွားကာ လခြမ်းဓားကောက်နှစ်ချောင်းနှင့်အတူ သိုလှောင်ကွင်းလက်စွပ်များသည် မြေပေါ်သို့ကျသွားလေသည်။
"ဂုဏ်ယူပါတယ် စနစ်ရှင်သည် သန့်စင်ခွင်ခြောက်ကြိမ်အား ရရှိသွားပပြီ"
ဆုဟန်မိုတို့သည် ခံစားချက်မဲ့သေချင်းတရားကျင့်စဥ်မှ ထွက်ပေါ်လာသော ထိပ်လန့်ဖွယ်ကောင်းသော အကြောက်တရားကို ခံစားလိုက်ရတဲ့အတွက် ခြေဖျားလက်ဖျားများပင်အေးစက်သွားသည်။
ဆုဟန်မိုသည် သူတို့ကို တစ်ယောက်ယောက်က ဝင်ကယ်သည်ဟု ထင်လိုက်ပြီး ထိုလူကိုကြည့်လိုက်တဲ့အခါမှာတော့ ချောင်ဖုန်းပေါ်လာတာကိုတွေ့လိုက်ရသည်။အားလုံးသည် အံ့အားသင့်ကြသွားပြီး ရွယ်ချင်းရှိတွင် ရှိသော ချောင်ဖုန်းကိုယ်ပွားအားကြည့်လိုက်တဲ့အခါ မရှိတော့တာကို တွေ့လိုက်ရသည်။
ဆုဟန်မို၏ စိတ်ထဲတွင် "ငါ နေ့ခင်းဘက်ကြီး သရဲများမြင်နေရတာလား" လို့တွေးနေခဲ့သည်။ရွယ်ချင်းသည် ချောင်ဖုန်းရဲ့စွမ်းအားတွေသည် ထပ်တိုးလာတာကို သိလိုက်ရပြီး အနားသွားကာ တိုး"ကိုကိုချောင်ဖုန်း.....ရှင်ကတအားလျိူထားတာပဲ" ဟု တိုးတိုးလေးပြောလိုက်သည်။
ချောင်ဖုန်းသည် လခြမ်းကြေးစားမယ်နှစ်ယောက်၏ သိုလှောင်ကွင်းတွေကို စစ်ဆေးကြည့်တဲ့အခါ ရွှေဒင်္ဂါးသန်းနဲ့ချီရှိနေတဲ့အပြင် အစီအရင်ဖန်တီးသော ရတနာတွေပါ တွေ့လိုက်သည်။
ဆုမိုဟန်သည် ထိုင်လိုက်ပြီး"သူတို့နှစ်ယောက်က ကျိုးတိုင်းပြည်မှာ လခြမ်းကြေးစားမယ်နှစ်ဖော်လို့ နာမည်ကြီးပြီး ကြေးစားအလုပ်နဲ့လူလိုက်သတ်တဲ့ အတွက် သူတို့လက်ထဲမှာ သေခဲ့တဲ့လူပေါင်းမနည်းဘူး" ဟု ပြောပြီး သူတို့ကိုကယ်ခဲ့တဲ့အတွက် ချောင်ဖုန်းကိုကျေးဇူးတင်လိုက်သည်။
ထို့နောက်တစ်ဖွဲ့လုံးသည် ချောင်ဖုန်းရဲ့အစွမ်းအစကို သိ၍ တလေးတစား ဆက်ဆံလိုက်ကြပြီး ကျေးဇူးတင်လိုက်ကြသည်။ထို့နောက် တစ်ဖွဲ့လုံးသည် ဒဏ်ရာ အနည်းငယ်ရရှိသွားတာကြောင့် ဆေးလုံးထုတ်သောက်လိုက်ပြီး ဒဏ်ရာသက်သာခဏ ကျင့်ကြံလိုက်ကြသည်။
နာရီဝက်အကြာမှာတော့ ချောင်ဖုန်းတို့သည် လန်ရှင်းမြို့အတွင်းသို့ ဝင်လာခဲ့ပြီး စံအိမ်တော်များနှင့် စျေးရောင်းဆိုင်ခန်းအများအပြားကိုလဲ တွေ့လိုက်ရသည်။