← Chapters

အနက်ရောင်လေးရှင်

Vol. 6 Ch. Chapter 33

အနက်ရောင်လေးရှင်

Vol. 6 Ch. Chapter 33

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V6 Chapter 33 - အနက်ရောင်လေးပိုင်ရှင်

"ဒီကနေထွက်တော့၊ တခြားသူတွေကို ဒီမှာဖြစ်နေတာတွေ ပြောပြလိုက်။"

ဇွန်ဘီကလေးမလေးကြားလိုက်သမျှက ဒါအကုန်ပဲ။ ပေါ်တယ်ပွင့်သွားပြီး တစ်ဖက်ကိုရောက်သွားချိန်မှာ ယာမီပါမလာတော့ဘူး။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူတစ်ယောက်တည်းဖြစ်နေတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ လူတချို့စကားတပြောပြောနဲ့ကလေးမလေးရှိနေတဲ့ ဧည့်ခန်းထဲ ဝင်လာတာကို သတိထားမိလိုက်တယ်။ မက်၊ လယ်ရီနဲ့မိုးတို့က သူတို့က ဧည့်ခန်းထဲရောက်တာနဲ့ ဆိုဆာပေါ်မှာထိုင်ပြီး တရှုံ့ရှုံ့ငိုဖို့ကြိုးစားနေတဲ့ ဇွန်ဘီမလေးကို မြင်လိုက်ရတယ်။

"မက်ရေ၊ ငါတို့အိမ်ကို သူခိုးဝင်တာလား။" လယ်ရီက ပြောလိုက်ပေမဲ့ မိုးက လယ်ရီရဲ့ခေါင်းကိုရိုက်ချလိုက်တယ်။

"ငတုံး၊ ဟိုကောင်ယာမီမွေးထားတဲ့ တိတ်တိတ်ပုန်းဇွန်ဘီသမီးလေးဟ။" မိုးက ချက်ချင်းပဲကလေးမလေးနားကို ပြေးသွားလိုက်တယ်။

"သမီးလေး၊ ယာမီဆိုတဲ့ကောင် ဘယ်ရောက်သွားတာလဲ။ သမီးလေးကို တစ်ယောက်တည်းထားပြီး ထွက်သွားတာလား။ မပူနဲ့ဦးတို့သုံးယောက်ရှိတယ်နော်။"

ဒါပေမဲ့ မိုးပြောတဲ့စကားကိုပြောတာနဲ့ ကလေးမလေးက မနေနိုင်ဘဲ အာပြဲအောင်ငိုတော့တာပဲ။ ပိုးကောင်အမြွှာသုံးယောက် ဘယ်လိုချော့ချော့ကိုမတိတ်တော့တာ။ နောက်ဆုံးတော့ ကလေးမလေးကို သူတို့ချီပြီး မက်ဒါနာရဲ့အဆောင်ဆီကို ရောက်လာကြတယ်။

"ဒေါက်... ဒေါက်... ဒေါက်...." ညဖက်ကြီး မကြုံစဖူးဧည့်သည်အလယ်လာတာကြောင့် မက်ဒါနာအိပ်ချင်စိတ်အပြည့်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ အေမီကတော့ အခန်းထောင့်မှာ Sleep Modeဝင်နေရာကနေ နိုးလာပြီး တံခါးသွားဖွင့်တယ်။ တံခါးဖွင့်လိုက်တာနဲ့ အဆက်မပြတ်အော်ငိုနေတဲ့ ငါးနှစ်အရွယ်ကလေးမလေးကို အေမီလက်ထဲ အမြွှာသုံးကောင်ထည့်ပေးလိုက်တယ်။ ကံကောင်းတာက အန်တီလေးအိုလီဗာ အလုပ်သွားပြီမလို့ ဘယ်သူမှသူတို့ကို လာမနှောင့်ယှက်ဘူး။

ငိုနေတဲ့ ဇွန်ဘီမလေးကတော့ အေမီရင်ခွင်ထဲရောက်တာနဲ့ အငိုတိတ်သွားပြီး လက်မလေးကိုစုပ်နေတယ်။မက်ဒါနာက ရှုံမဲ့မဲ့နဲ့အိပ်ရာကနေ ထထိုင်လိုက်ပြီး မေးလိုက်တယ်။ အေမီက သူ့ကိုဝှီးချဲပေါ်တင်ပေးချင်ပေမဲ့ ကလေးမလေးကြောင့် လက်အားမနေဘူးရယ်။

"ပြောစမ်းပါဦး၊ နင်တို့သုံးယောက် ဘယ်လိုလုပ်ပြီး ငါ့အိမ်ကို ညဖက်ကြီးရောက်လာကြတာလဲ။"

ခါတိုင်းလိုပဲ ဘဏ္ဍာစိုးသုံးကောင်က အကြောင်းအရာတစ်ခုတည်းကို သုံးယောက်မျှပြီး ရှင်းပြကြတယ်။ မက်က အရင်ဆုံးစပြောတယ်။

"ငါတို့သုံးယောက် ညစာပြင်ပြီးလို့ မီးဖိုချောင်က ထွက်လာတုန်း ဒီကလေးကိုတွေ့တာပဲ။" ဝါကျဆုံးတော့ လယ်ရီက ဆက်တာဝန်ယူပြီးရှင်းပြတယ်။

"အဆက်မပြတ်ငိုနေပြီးတော့ သူ့ရဲ့တိတ်တိတ်ပုန်းအဖေကိုလည်းမတွေ့ရတော့ဘူး။" လယ်ရီက သူ့စကားကို အဆုံးသတ်လိုက်ပေမဲ့ မက်ဒါနာကတော့ မျက်လုံးကို ချာလည်လှည့်ပြီး မနည်းလိုက်စဥ်းစားရတယ်။ ဒီကလေးမလေးက ဇွန်ဘီလေးဆိုတော့ ယာမီကို ကလေးအဖေဆိုပြီး သူတို့ပြောကြတာနေမှာ။

မိုးကတော့ နောက်ဆုံးဝါကျနဲ့အဆုံးသတ်ပေးလိုက်တယ်။ "ငါတို့လည်း ကလေးတိတ်အောင်ချော့ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာနဲ့ နင်တို့ဆီခေါ်လာတာ။"

ဒီပိုးဟပ်သုံးကောင်နဲ့မက်ဒါနာက မဟာမိတ်ဖွဲ့ထားတယ်။ မက်ဒါနာက သူတို့သုံးယောက်ကို အကူအညီတောင်းတာမျိုးမလုပ်ရသေးပေမဲ့ သူတို့သုံးကောင်က ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ ရောက်လာကြပုံပဲ။ မက်ဒါနာက နှုတ်ခမ်းပေါ်ကိုလက်တင်ပြီး စဥ်းစားကြည့်တယ်။

"ဒီတော့ နင်တို့တွေပြောတဲ့အတိုင်းဆိုရင် ဒီကလေးမလေးက တစ်ကိုယ်တော်စွန့်စားခန်းထွက်နေတဲ့ ယာမီနဲ့ရှိနေရမှာပေါ့။" ယာမီက လောလောဆယ် ဒီပိုးဟပ်တွေနဲ့ အုပ်စုခွဲပြီးလှုပ်ရှားနေတယ်။ မက်ဒါနာက သူတို့သုံးယောက်ကို အထင်သေးတာမျိုးမဟုတ်ပေမဲ့ ယာမီလိုအဆင့်မျိုးတောင် အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို သူတို့လိုB rank ပိုးကောင်လေးတွေကို ခေါ်မသွားနိုင်တာ သဘာဝကျတယ်။ ယူဆချက်တစ်ခုဆိုပေမဲ့ အတွေ့အကြုံကနေ ကောက်ချချတာမလို့ အဲဒီလိုဖြစ်နေဖို့များတယ်။ ဆိုဖီယာဘာလို့ ဒီသုံးယောက်ကို အာကာသထဲခေါ်မသွားလဲဆိုတာလည်း အတူတူပဲဖြစ်လောက်တယ်။

"ဘာပဲဖြစ်ဖြစ် ကလေးမလေးကို မေးကြည့်ရအောင်။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ကလေးမလေးကို တတ်နိုင်သမျှ ပြုံးပြလိုက်တယ်။ ကလေးမလေးက မက်ဒါနာရဲ့အပြုံးကို မျက်လုံးလေးပြူးပြီး​ကြည့်ပေမဲ့ ဘာစကားမှမပြောသေးဘူး။

'နေဦး၊ ဘာလို့ဒီကလေးမလေးက အဖေကိုပဲတွယ်ကပ်နေတဲ့ ရှက်တတ်တဲ့ကောင်မလေးပုံစံပေါက်နေတာလဲ။' မေးကြည့်ရင် တကယ်ပဲပြန်ဖြေပါ့မလား မသေချာပေမဲ့ မက်ဒါနာတံထွေးမျိုချလိုက်ပြီး ကလေးမလေးကို သေချာကြည့်ကာ ပြောလိုက်တယ်။

"ဟိုလေ၊ သမီးလေးနဲ့အတူရှိနေတဲ့ ဦးဦးယာမီဘယ်ရောက်သွားလဲသိလားဟင်။"

မက်ဒါနာက အတတ်နိုင်ဆုံးကြိုးစားပြီး မေးလိုက်တာဆိုပေမဲ့ ကလေးမလေးက ယာမီဆိုတာကြားတာနဲ့ ထငိုတော့တာပဲ။ "အီးဝါး.... ဦးဦးယာမီ.. ဦးဦးယာမီက.."

ကလေးမလေးက ဘာမှမပြောရသေးပေမဲ့ ပိုးဟပ်သုံးကောင်ရဲ့မျက်လုံးတွေက ဒေါသတွေနဲ့တောက်ပလာပြီး အခုလိုပြောလိုက်ကြတယ်။ "ဘာလဲ အဲဒီကောင်က ချစ်စရာကောင်းတဲ့သမီးလေးကို တစ်ခုခုမကောင်းတာလုပ်ဖို့ကြိုးစားခဲ့တာလား။"

"ထင်တော့ထင်ထားပဲ အဲဒီကောင်မရိုးပါဘူးလို့။"

"သေချာပေါက် ကလေးကြိုက်ကောင်ပဲနေမှာ။"

ကလေးကတော့ အဲဒီသုံးကောင်ရဲ့သောက်တလွဲစကားတွေကြောင့် မျက်လုံးပြူးနေပြီး အေမီရဲ့လည်ပင်းကို တင်းတင်းဖက်ထားတယ်။ ပြီးတော့ ဘာစကားမှဆက်မပြောတော့ဘူး။ မက်ဒါနာလည်း မျက်​လုံးကိုမှေးလိုက်ပြီး အေမီကိုအမိန့်ပေးလိုက်တယ်။

"အေမီ၊ အဲဒီကောင်တွေကို စကားသံမထွက်နိုင်အောင် တစ်ခုခုလုပ်စမ်းပါ။" အေမီက လက်သီးကိုမြှောက်ပြီး ပိုးဟပ်သုံးကောင်ရဲ့ဗိုက်ကို ဆက်တိုက်ထိုးလိုက်တယ်။

ဘုန်း... ဘုန်း... ဘုန်း....

အေမီက ခွန်အားကုန်သုံးလိုက်တာ။ အသံကျယ်ကြီးသုံးချက်ထွက်လာပြီး ပိုးဟပ်တွေ မြေပေါ်မှာမြှောက်ကုန်တယ်။ ပုံမှန်လူဆိုရင် သေကုန်လောက်ပေမဲ့ သူတို့က ပိုးကောင်တွေလေ။ ကလေးကတော့ ကြောင်စီစီမျက်လုံးလေးတွေနဲ့ အေမီကိုမော့ကြည့်ပြီး တစ်ကိုယ်လုံးတုန်ခါနေတယ်။ မက်ဒါနာကလည်း မျက်လုံးမှိတ်တဲ့အထိ ပြုံးပြရင်း ရယ်သံလွင်လွင်လေးနဲ့ အခုလိုပြောလိုက်တယ်။

"ကဲ၊ ညီမလေးရေ။ အခုဘာမှကြောက်စရာမလိုတော့ဘူးနော်။ အခုပြောပြလို့ရပြီ။" ဒါပေမဲ့ မက်ဒါနာကိုယ်တိုင်တောင် သူက ပိုးဟပ်တွေထက် ပိုကြောက်ဖို့ကောင်းနေမှန်း သတိမထားမိလိုက်ဘူး။ သိပ်မကြာခင်မှာပဲ ကလေးမလေးရဲ့ငိုသံကျယ်ကြီး ထပ်ထွက်လာပါလေရော။

နောက်ဆုံးတော့ မက်ဒါနာက သူ့ရဲ့အထူးတီထွင်ထားတဲ့ တက်ပလပ်ဖုန်းကိုပေးပြီး ကလေးမလေးကို ကာတွန်းကားကြည့်ခွင့်ပေးလိုက်ရတယ်။ နာရီဝက်လောက်ကြာမှ ကလေးမလေးစိတ်ငြိမ်သွားပြီး ငိုနေတာရပ်သွားတယ်။

"ကဲ၊ မမတို့ကို ဘာဖြစ်လဲတယ်ဆိုတာ ပြောလို့ရပြီလား။" မက်ဒါနာ ထပ်ကြိုးစားကြည့်တော့ ကလေးမလေးက ထပ်ငိုပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဖြစ်​ကြောင်းကုန်စင် အကုန်ရှင်းပြတယ်။

"ဦးဦးယာမီက... ဦးဦးယာမီက သမီးကို ထွက်ပြေးခိုင်းတယ်။ သူ့ကို သူ့ကိုကြောက်စရာကောင်းတဲ့ ပိုးကောင်ကြီးတွေ ဖမ်းသွားတာ။"

ဒီစကားကိုကြားတာနဲ့ မက်ဒါနာနဲ့ပိုးဟပ်သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြတယ်။ ပိုးကောင်ကျူးကျော်မှုက အနှေးနဲ့အမြန်ဖြစ်မှာမှန်း သူတို့သိကြပေမဲ့ အခုစနေပြီဆိုတာကို မယုံနိုင်ဘူး။ မက်က ကလေးမလေးရှေ့ကိုရောက်လာပြီး ကလေးမလေးရဲ့ပခုံးကိုဆုပ်ကိုင်ကာ မေးလိုက်တယ်။

"ကောင်မလေး၊ မင်းဘုရင်မကို တွေ့ခဲ့လား။ တွေ့ခဲ့ပြီလားလို့။" ကလေးမလေးက မက်ရဲ့စကားကိုနားမလည်တော့ ဆက်ပြီးငိုပြန်တယ်။ အဲဒီအချိန်မှာပဲ မက်ဒါနာဖုန်းဝင်လာတဲ့အတွက် ဖုန်းကိုင်လိုက်ပြီး တစ်ဖက်က စကားကိုနားထောင်တယ်။ သိပ်မကြာခင်မှာပဲ သူ့အကြည့်တွေက မှိုင်းညို့သွားတော့တယ်။

အဲဒီနောက် သူက ပိုးဟပ်သုံးကောင်ကိုကြည့်ပြီး ပြောလိုက်တယ်။ "ကလေးမလေးက ပိုးကောင်ဘုရင်မကို တွေ့ခဲ့လားမတွေ့ခဲ့လား ငါတို့အတည်မပြုနိုင်ပေမဲ့ ဖရာလီတာတို့အုပ်စုကတော့ ကြုံခဲ့ပြီးပြီတဲ့။

အခုဖရာလီတာက ဆေးရုံပေါ်မှာ၊ ဥစာကီကို ဘာရွန်ဆိုတဲ့တစ်ယောက်က ခေါ်သွားပြီ။"

မက်ဒါနာက မဟာမိတ်အဖွဲ့ကနေ ဝင်လာတဲ့သတင်းကို ချက်ချင်းပြောလိုက်တာ။ ပိုးဟပ်သုံးကောင်ဟာ အားပြတ်သွားသလိုမျိုး မြေပေါ်ကိုဒီအတိုင်းထိုင်ချလိုက်တယ်။ သူတို့က လူအသွင်တောင်ဆောင်မထားနိုင်တော့ဘဲ သူတို့ရဲ့ပိုးဟပ်အသွင်စစ်ပေါ်လာကာ ညည်းညူလိုက်ကြတယ်။

"ငါတို့ရှေ့မှာတင်ပဲ ဒီကမ္ဘာရဲ့သေဆုံးချင်းက ရောက်ရှိလာခဲ့ကြပြီ။" ပိုးကောင်ဘုရင်မရဲ့ကြောက်စရာကောင်းပုံကို သူတို့ထက်ပိုပြီးသိတဲ့သူ မရှိနိုင်ဘူး။ သူတို့က အရင်ဘုရင်မရဲ့စကြဝဠာသိမ်းစစ်တပ်ထဲမှာ ပါဝင်ဖူးသူတွေပါ။ ဒါကြောင့် လူတိုင်းထက်ပိုနားလည်တယ်။ မက်ဒါနာထက်တောင်မှပေါ့။

....

မက်ဒါနာက ဖရက်ကိုခေါ်လိုက်တယ်။ သူတို့တစ်ခုခုလုပ်ရတော့မယ်။ ကလေးမလေးနဲ့ သွေးပျက်နေတဲ့ ပိုးဟပ်တွေကို ဆိုဖီယာအိမ်ကို ပြန်ပို့ဖို့လုပ်ရဦးမယ်။ ကွန်တိန်နာအိမ်ရာက သူတို့အကြာကြီးရှိနေသင့်တဲ့ နေရာမဟုတ်ပါဘူး။ ဖရက်က အရေးကြီးပုံကို နားလည်တဲ့အတွက် ကားကိုကိုယ်တိုင်မောင်းပို့ပေးတယ်။ ကလေးမလေးက အေမီရဲ့လက်မောင်းပေါ်မှာရှိနေတုန်းပဲ။ ပိုးဟပ်သုံးကောင်ကတော့ သူတို့ကိုယ်တွေကိုကျုံ့ပြီး အေမီနဲ့အတူထိုင်နေကြတယ်။

ဆိုဖီယာနဲ့တင်မီတို့နေတဲ့ဗီလာအိမ်ရာနားကိုရောက်တော့ ဧရာမမီးတောက်ကြီးကို တွေ့လိုက်ရတယ်။ မက်ဒါနာက ပုံမှန်မဟုတ်မှန်းသိတယ်။

"ငါခန့်မှန်းတာမှန်ရင် နင်တို့ငါ့အိမ်ကိုလာတာမှန်သွားတယ်။ သူတို့ကလေးမလေးကို ဘယ်လိုခြေရာခံရမလဲသိတယ်။"

မက်က ကြောက်ကြောက်ရွံရွံနဲ့ပြောလိုက်တယ်။ "အဲဒါဘာရွန်ပဲ။ ဘာရွန်တွေက ငါတို့တည်ရှိမှုကို အာရုံခံနိုင်တယ်။ ကလေးမလေးက ပေါ်တယ်ဖွင့်ပြီးငါတို့အိမ်ကိုပြေးလာတော့ ငါတို့အိမ်အနံကိုရသွားတာ။"

ဖရက်က မီးတောက်တွေကိုကြည့်ပြီး ဆုံးဖြတ်ချက်ချထားတဲ့လေသံနဲ့ ပြောလိုက်တယ်။ "ကျွန်တော်သွားကြည့်ပေးမယ်လေ၊ မင်းသမီးလေး။"

ဒါပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်ပြီး နောက်ခန်းမှာကလေးထိန်းနေတဲ့ အေမီကိုလှည့်ကြည့်ပြီးပြောပါတယ်။ "ဟင့်အင်း၊ နင်က ဗီလိန်တစ်ယောက်ဆိုတော့ မလိုအပ်တဲ့အာရုံတွေကို ဆွဲဆောင်မိလိမ့်မယ်။ဒေသခံဟီးရိုးတစ်ယောက်ကို ဖြေရှင်းခိုင်းတာပေါ့။"

....

မကြာခင်မှာပဲ ငွေရောင်ဓားကြီးလွယ်ထားတဲ့ Silverknightက မဟူရာခွေးကြီးကိုစီးပြီး အခင်းဖြစ်ပွားရာကိုရောက်လာတယ်။ မက်ဒါနာကတော့ အေမီရဲ့အမြင်ကို တိုက်ရိုက်မျှဝေကြည့်ရှုနေတယ်။

"ဟီးရိုးရောက်လာပြီ၊ ငါတို့စိတ်ချရပြီဟေ့။" လမ်းဘေးတစ်နေရာက ခြုံပုတ်ထဲမှာပုန်းနေတဲ့ လူတစ်စုက အချင်းချင်းသတိပေးလိုက်ကြတယ်။ ခြုံပုတ်က အခင်းဖြစ်တဲ့နေရာနဲ့ အတော်လေးဝေးတယ်ဆိုရမှာပါ။ ဒါပေမဲ့ ရင်းနှီးတဲ့လူတချို့ကိုလည်း တွေ့နေရသေးတယ်။ တင်မီနဲ့ဦးလေးဂရီဂိုရီတို့လည်းရှိနေတယ်။

သူတို့ထဲကတစ်ယောက်က ရှေ့ကိုထွက်လာပြီး ပြောလိုက်တယ်။ "ဆာSilverknight၊ ညဖက်ကြီးအနက်ရောင်ဝတ်ထားတဲ့ ပိုးကောင်မျက်နှာဖုံးနဲ့လူတစ်စုရောက်လာပြီး အိမ်ရာကိုမီးရှို့နေတာပါ။ ထွက်မပြေးနိုင်သေးတဲ့ လူတွေလည်းရှိနေသေးတယ်။ ကျေးဇူးပြုပြီးကယ်ပေးပါဦး။"

ငွေရောင်စစ်သည်တော်ထဲမှာရှိနေတဲ့ အေမီက ခေါင်းညိတ်ပြလိုက်တယ်။ အပြင်ကသူတွေကတော့ ငွေရောင်စစ်သည်ခေါင်းညိတ်တာကိုပဲ မြင်ရမှာပါ။ ငွေရောင်စစ်သည်က ဓားကိုကျောကနေဖြုတ်လိုက်ပြီး ခွေးနက်ကြီးက အမှောင်ထုထဲကို ထိုးဟောင်တယ်။ အဲဒီနောက်တော့ ခွေးနက်နဲ့စစ်သည်တော်က မီးလောင်ပြင်ထဲကို တိုးဝင်သွားတော့တယ်။

...

မက်ဒါနာက အေမီရဲ့အမြင်ကနေတစ်ဆင့် မြင်နေရတာတွေကိုပြည့်ပြီး အခုလိုကောက်ချက်ချလိုက်ပါတယ်။ "ထင်မထားဘူး၊ မီးက တော်တော်ကြီးနေပြီပဲ။"

မီး​က ဆိုဖီယာအိမ်ကနေစတာဆိုပေမဲ့ အနားကအိမ်တွေကိုလည်း မီးစကူးနေပါပြီ။ သူတို့မလာခင် မီးသတ်ကားတချို့ရောက်လာပုံပေါ်ပေမဲ့ မီးသတ်ကားနှစ်စီးက လမ်းပေါ်မှာမှောက်နေတယ်။ သူ့ရှေ့မှာတင်ပဲ မီးသတ်သမားတစ်ယောက်ကို အနက်ဝတ်လူတစ်ယောက်က လည်ဂုတ်ကနေကိုင်ပြီး ဆွဲမြှောက်လိုက်တာ မြင်လိုက်ရတယ်။

အိမ်ရာကလူတွေ သရုပ်ဖော်သလိုပဲ ဒီလူတွေအားလုံးက တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားပြီး အနက်ရောင်ခေါင်းစွပ်ရှည်ကြီးတွေကို စွပ်ထားကြတယ်။ လက်အိတ်တွေတောင် အနက်ရောင်ပဲ။

"ကယ်ကြပါ၊ ကျွန်တော်ဆရာတို့အပေါ်မှာ ဘာအမှားမှလုပ်မထားဘူးလေဗျာ။" ဒါပေမဲ့ အနက်ဝတ်ဆီကနေ တဝီဝီပိုးကောင်သံပဲထွက်လာတယ်။ မကြာခင်မှာပဲ အဲဒီအနက်ဝတ်လူရဲ့ပါးစပ်ကနေ မီးတောက်တွေ ထွက်လာတယ်။

"အေမီလှုပ်ရှားတော့။" အေမီက ချက်ချင်းအတောင်ကိုဖွင့်ပြီး ခွေးနက်ကြီးပေါ်ကနေ ဆင်းတယ်။ အသံမြန်နှုန်းကို ချက်ချင်းထိုးဖောက်သွားပြီး အနက်ဝတ်ရဲ့ခေါင်းကို လက်သီးနဲ့ထိုးချလိုက်တယ်။

ခေါင်းကလက်သီးကြောင့် ယင်ကောင်ခေါင်း​ပြုတ်သလို ပြုတ်ထွက်သွားပြီး မီးသတ်သမားလွတ်သွားတယ်။ မီးသတ်သမားရဲ့ခန္ဓာကိုယ်က မြေပေါ်ကိုပြုတ်ကျလာပြီး ငွေရောင်စစ်သည်တော်ကို ကျေးဇူးတင်ဖို့လုပ်တယ်။ ဒါပေမဲ့ အေမီဆီကနေ အေးစက်စက်စကားတစ်ခွန်းပဲ ထွက်ပေါ်လာတယ်။

"ပြေး...." အဲဒီနောက်တော့ အေမီရဲ့အာရုံက ခွေးဟောင်သံကြောင့် တစ်နေရာကိုကြည့်လိုက်တယ်။

"ဝုတ်... ဝုတ်..." ဆေဘာစတိန်းက လမ်းတစ်ဖက်ခြမ်းကို ထိုးဟောင်နေတာ။ အနက်ဝတ်တစ်ဒါဇင်လောက်က အနက်ရောင်ဘန်ကားတွေပေါ်ကနေ ဆင်းလာနေပြီး သူတို့ကိုစစ်တပ်ပုံစံအတိုင်းဝိုင်းထားတယ်။ နောက်တော့ သူတို့ခေါင်းစွပ်တွေကို ချွတ်လိုက်ကြတယ်။ နောက်တော့ သူမြင်လိုက်ရတာက ပိုးတောင်မာတစ်ကောင်ရဲ့ခေါင်းနဲ့တူတဲ့မျက်နှာတွေပါ။

မက်ဒါနာက အေမီရဲ့အမြင်ကို မျှဝေနေရင်း ပိုးဟပ်တွေကို မေးလိုက်တယ်။ "နင်တို့မျိုးနွယ်မှာ မီးမှုတ်တတ်တဲ့ ပိုးတောင်မာတွေရှိလား။"

"ရှိတယ်၊ ငါတို့အင်းဆက်အများစုက မင်းတို့ကမ္ဘာက အင်းဆက်လေးတွေနဲ့မျိုးနွယ်အတူတူပဲ။ မင်းပြောတဲ့မျိုးစိတ်က Bombardier beetleဖြစ်လိမ့်မယ်။ တောင်ပံပြာပိုးတောင်မာမျိုးနွယ်ရဲ့အစေခံတွေပဲ။"

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အေမီကို အမိန့်ပေးလိုက်တယ်။ "သတ်။"

အေမီက ဓားဆွဲထုတ်တယ်။ ငွေရောင်စစ်သည်က အမြန်လှုပ်ရှားပြီး မီးပိုးတောင်မာတွေတစ်ဒါဇင်ကို စက္ကန့်ပိုင်းအတွင်းမှာပဲ ပိုင်းဖြတ်ပစ်လိုက်တယ်။ သူတို့တွေက B- အဆင့်စွမ်းအားရှိမှန်း အေမီရဲ့စနစ်ကပြနေပေမဲ့ Silverknightက S rankပါ။ စွမ်းအားအကုန်တောင် ထုတ်သုံးဖို့မလိုဘူး။

"စေဘာစတိန်းနဲ့နင်နဲ့ပေါင်းပြီး လူတွေကိုလိုက်ကယ်။" ရန်သူတွေကို ရှင်းပြီးသွားတာနဲ့ မက်ဒါနာက အမိန့်သစ်ပေးလိုက်တယ်။ အေမီက ခေါင်းညိတ်လိုက်ပြီး မီးကူးနေတဲ့ အိမ်တွေထဲကို ဆက်ဝင်တယ်။ စေဘာစတိန်းကလည်း လိုက်ကူညီတယ်။ မကြာခင်မှာပဲ မီးတွေကြားထဲပိတ်မိနေတဲ့ မိသားစုသုံးလေးခုကို ကယ်ထုတ်နိုင်သွားတယ်။

ငွေရောင်စစ်သည်တော်က အားလုံးပြီးသွားတဲ့နောက် လမ်းမပေါ်မှာ ပြန်ရပ်လိုက်တယ်။ အရပ်သားတွေကတော့ ကျေးဇူးတင်ဖို့ ကြိုးစားနေကြသေးပေမဲ့ အေမီနဲ့မက်ဒါနာကတော့ သူတို့ကျေးဇူးတင်တာကို ခွန်းတုံ့ပြန်ဖို့ မအားသေးဘူး။ မီးက စက်ပြန့်နေတုန်းပဲ။

"ဟုတ်တော့ဟုတ်ပြီ၊ ငါတို့မီးသတ်ဖို့လိုသေးတယ်။ မီးသတ်ကားတွေ အလုပ်လုပ်သေးလား စစ်ကြည့်။"

မက်ဒါနာဆီက အမိန့်ရတာနဲ့ အေမီက မီးသတ်ကားတစ်စင်းကို ပြန်ထောင်ပြီး မီးသတ်အင်ဂျင်ကိုပြန်စဖို့ကြိုးစားတယ်။ ငွေရောင်စစ်သည်ဝတ်စုံက မီးသတ်ဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်လို့ မီးသတ်ကားက ရေကိုပဲ အားကိုးရမှာပါ။ အန္တရာယ်ကနေ လွတ်လာတဲ့ လူတချို့လည်း လာကူညီဖို့ကြိုးစားကြတယ်။

"လူသားတွေက အခက်အခဲဖြစ်လာရင် အတူရင်ဆိုင်ပြီး ဖြေရှင်းဖို့ကြိုးစားတတ်ကြတယ်မဟုတ်လား။" မက်ဒါနာက ပြုံးပြီးပြောလိုက်တယ်။ ဒါပေမဲ့ ရုတ်တရက် စေဘာစတိန်းက တစ်နေရာကို ထိုးဟောင်ပြီး သတိပေးတဲ့အတွက် မီးသတ်ပိုက်ကိုင်ထားတဲ့ အေမီ(ငွေရောင်စစ်သည်)လည်း အဲဒီနေရာကို ကြည့်လိုက်တယ်။

အနက်ရောင်သံချပ်ဝတ်ဝတ်ထားပြီး နီရောင်အလင်းဒြပ်စင်တွေ ​ဝန်းရံနေတဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကို သူမြင်လိုက်ရတယ်။ ဒီနည်းပညာဝတ်စုံကို မက်ဒါနာရင်းနှီးနေပေမဲ့ ဝတ်စုံထဲကလူက တခြားတစ်ယောက်မှန်း မက်ဒါနာရင်းနှီးနေတယ်။ ဝတ်စုံက မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်အချိုးအစားမျိုးရှိပြီး လက်နက်က ပုဆိန်အစား စွမ်းအင်လေးတစ်လက်ပါ။

"Silverknight... အခွင့်မရှိဘဲ ဟီးရိုးတွေရဲ့အရေးမှာ ဝင်စွက်ဖက်တဲ့အတွက် နင့်ကိုဖမ်းဆီးအရေးယူရမယ်။" အနက်ရောင်နည်းပညာဝတ်စုံထဲကနေ အမျိုးသမီးတစ်ယောက်ရဲ့လေသံထွက်ပေါ်လာပြီး လေးကိုမြှောက်လိုက်တယ်။ ဝတ်စုံထဲကလူက ငွေရောင်စစ်သည်အနားမှာရှိနေတဲ့ လူတွေကိုထိခိုက်မိမှာတောင် စိုးရိမ်ပုံမပေါ်ဘူး။

"အားလုံးရှောင်ကြ..."

အေမီလည်း အနားမှာရှိနေတဲ့သူတွေကို အော်ဟစ်သတိပေးလိုက်ပြီး ရှေ့ကိုပြေးတက်လာတယ်။ လေးထိပ်မှာတော့ အနီရောင်အလင်းဒြပ်စင်တွေက စုမိသွားပြီး စွမ်းအင်မြားအဖြစ် ပြောင်းလဲသွားတယ်။

ဘုန်း။

အနီရောင်အလင်းဒြပ်စင်တွေက ငွေရောင်စစ်သည်ချပ်ဝတ်ပေါ်က အဖြူရောင်အလင်းလွှာနဲ့တိုက်မိပြီး ပေါက်ကွဲသွားတယ်။ သက်ရောက်အားလှိုင်းတွေကြောင့် မက်ဒါနာထောင်ထားတဲ့ မီးသတ်ကားကြီး လှုပ်ခါသွားပြီး လူတွေလည်းလွင့်စင်ကုန်တယ်။ ကံကောင်းတာက တစ်ယောက်မှဒဏ်ရာကြီးကြီးမားမားမရဘဲ ချက်ချင်းတိုက်ပွဲဖြစ်ရာကနေ ထွက်ပြေးနိုင်ကြတယ်။ ဒဏ်ရာအကြီးအကျယ်ရထားတဲ့သူတွေကိုလည်း ဒဏ်ရာန​ည်းနည်းပဲရတဲ့သူတွေက ဆွဲခေါ်သွားကြတယ်။

မက်ဒါနာက အေမီရဲ့အမြင်ကို မျှဝေနေရင်းမျက်မှောင်ကြုတ်လိုက်တယ်။ အနီရောင်မြားက တကယ်ပဲ ငွေရောင်စစ်သည်ရဲ့ရင်ဘတ်မှာ အရာထင်သွားစေပေမဲ့ ထိခိုက်မှုအကြီးကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ ဒီဝတ်စုံပိုင်ရှင်ကလည်း သာမန်လေးတစ်ချက်နဲ့ အားစမ်းလိုက်ရုံပါ။ ဆိုလိုတာက သူ့မှာလည်း ငွေရောင်စစ်သည်ကို စိန်ခေါ်နိုင်တဲ့ခွန်အားရှိတယ်လို့ ကြွေးကြော်ပြတဲ့သဘောပဲ။

မက်ဒါနာက အေမီကနေတစ်ဆင့် ဝတ်စုံစနစ်ကိုဆက်သွယ်လိုက်ပြီး သည်းမခံနိုင်စွာနဲ့ပြောလိုက်တယ်။ "ငါအမုန်းဆုံးက နည်းပညာဝတ်စုံဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတဲ့ဟာတွေပဲ။"

အဲဒီနောက် စေဘာစတိန်းက တစ်ချက်ထဟောင်လိုက်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက နေရာပြောင်းရွှေ့သွားကာ ငွေရောင်စစ်သည်ပေါ်ခုန်တက်တယ်။ ခွေးကြီးရဲ့ခေါင်းသုံးလုံးက ပခုံးတစ်ဖက်တစ်ဖက်စီမှာ တစ်ခုစီနဲ့ရင်ဘတ်မှာတစ်ခုနေရာဝင်ယူတယ်။ ခွေးရဲ့တခြားအစိတ်အပိုင်းတွေနဲ့လက်နက်တွေကတော့ ငွေရောင်စစ်သည်ရဲ့အပိုလက်နက်ကိရိယာတွေ ဖြစ်လာပါတယ်။

[Booster form: Cerberus Armour]

အခုငွေရောင်စစ်သည်က ပိုလေးသွားပေမဲ့ ခုခံနိုင်စွမ်းရော ပစ်ခတ်နိုင်စွမ်းပါ တိုးတက်သွားပါပြီ။ အေမီက ဓားကိုမြှောက်လိုက်ပြီး အနက်ရောင်ဝတ်စုံပိုင်ရှင်ကို ရွယ်လိုက်တယ်။ မီးလောင်နေတဲ့ အိမ်ရာရဲ့အလယ်မှာ နောက်ထပ် S အဆင့်တိုက်ပွဲတစ်ခုစတော့မယ်။

All Chapters