← Chapters

ထောင်ချောက်

Vol. 14 Ch. 186

ထောင်ချောက်

Vol. 14 Ch. 186

“မင်း ရွေးစရာ လိုသေးလို့လား…”

အစိမ်းရောင်ဝတ် သက်လတ်ပိုင်းလူကြီးတစ်ဦးက ထူးမခြားနားစွာ ပြောသည်။

“ဒီလှေကားဟာ ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းနဲ့ တက်ရောက်နိုင်တာနဲ့ မထူးခြားဘူးလေ”

“မင်းက သခင်လေးထန်ချီနဲ့ ဘေးချင်းကပ်ရပ်နိုင်ပြီဆိုတာနဲ့ ဒီတိုက်ပွဲရဲ့ ဂုဏ်သတင်းတချို့တစ်ဝက်ကို ပိုင်ဆိုင်ခွင့်ရမယ်”

“သေမျိုးတစ်ယောက်က သခင်လေးထန်ချီရဲ့ ဖိတ်ခေါ်မှုကို ခံရတာ”

ထိုလူ၏စကားက အနီးအနားမှ လူများအားလုံးကို မနာလိုအားကျခြင်းများ ဖြစ်စေသည်။

သူတို့သည် သခင်လေးထန်ချီနှင့် ဘေးချင်းယှဉ်ရပ်ရန် အဆင့်အတန်းမရှိပါ။ ယခု ဟွမ်လောင်လျှိုသည် ဖိတ်ကြားခံရ၏။

“ဘယ်လိုပြောပြော သူဟာ ငါတို့ဂိုဏ်းဝင်တစ်ယောက်ပဲလေ”

ဆံပင်ဖြူဖြင့် အဖိုးအိုတစ်ဦးကလည်း သက်ပြင်းချသည်။

အပြင်လူများဖြစ်သည့် သူတို့က မနာလိုအားကျရုံမျှသာ တတ်နိုင်သည်။

ကမ်းပါးပေါ်မှ လှေကားရှေ့တွင် ဟွမ်လောင်လျှို၏အမူအရာ ပြောင်းလဲခြင်း မရှိပါ။

သူက ခေါင်းယမ်းကာ ပြောသည်။

“စီနီယာအစ်ကိုထန်… အပေါ်မှာ လေပြင်းတယ်။ သေမျိုးတစ်ယောက်ဖြစ်တဲ့ ကျုပ်က အပေါ်ကို မတက်တော့ပါဘူး”

သူ့စကားကို ကြားသည်နှင့် ကမ်းပါးပေါ် ရပ်နေသော ထန်ချီဖြစ်စေ၊ တခြားလူများကို ဖြစ်စေ အမူအရာ ပြောင်းလဲသွားစေသည်။

ထန်ချီ၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပေါ်လာသည်။ သူက ဟွမ်လောင်လျှိုအား စိုက်ကြည့်ကာ ခေါင်းညိတ်သည်။

“အရမ်းကောင်းတယ်…”

ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်လျှင် လှေကားသည် ပျောက်ကွယ်သွား၏။

ဟွမ်လောင်လျှိုက စာတစ်စောင်ကို ထုတ်ယူကာ ကျယ်လောင်စွာ ပြောသည်။

“စီနီယာအစ်ကိုထန်… ဒီစာဟာ သန့်စင်ရေကျောင်းတော်၊ တာအိုရောင်းရင်းဖုန်းရှု ကျုပ်ကတစ်အဆင့် မင်းကို ပေးပို့လိုက်တာပါ”

သန့်စင်ရေကျောင်းတော်။

တာအိုဆရာဖုန်းရှု။

စာကား နောက်ဆုံးတွင် ရောက်လာပြီ ဖြစ်သည်။

ကမ္ဘာမြေအဆင့်ပညာရှင်များက ဟွမ်လောင်လျှို၏လက်ထဲမှ စာကို ကြည့်ကြသည်။ ထို့နောက် ထန်ချီအား ကြည့်ကြ၏။

ထိုစာသည် သန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

ထန်ချီက လက်ဝှေ့ယမ်းလိုက်လျှင် စာသည် ထန်ချီထံသို့ ပျံဝဲရောက်ရှိသွား၏။

သူက ဟွမ်လောင်လျှိုကို မေးသည်။

“ဒီစာမှာ ဘာပါတယ်လို့ ခင်ဗျား ထင်လဲ”

ဟွမ်လောင်လျှိုက ခေါင်းယမ်းသည်။

“စာထဲမှာ ပါတာ ကျုပ် မသိဘူး။ စီနီယာအစ်ကိုထန် ဘာလုပ်မလဲဆိုတာလည်း ကျုပ် မသိဘူး။ ကျုပ်က ညီမဖျင်ကိုပဲ ကယ်ချင်တာ”

ထို့နောက် သူက ကောင်းရှောင်ရွှမ်အား ခေါ်ကာ နောက်လှည့်ထွက်ခွာသွားသည်။

ထန်ချီ၏အမူအရာက အဆက်မပြတ် ပြောင်းလဲနေကာ အတန်ကြာလျှင် နှာခေါင်းရှုံ့လိုက်သည်။

“အရူး…”

“ဘယ်လိုအရူးတစ်ယောက်လဲ…”

ကမ္ဘာမြေအဆင့်တစ်ယောက်ကလည်း တီးတိုးရေရွက်သည်။

“သေမျိုးတစ်ယောက်အတွေးတွေ…”

တစ်ယောက်ကလည်း ရယ်မောကာ ပြောသည်။

…

နှစ်နာရီခန့် ကြာပြီးနောက် တိမ်မြုံကမ်းပါးမှ ပညာရှင်တစ်ဦးသည် ထန်ချီ၏ကိုယ်စားအနေဖြင့် သစ္စာဖောက်ဂိုဏ်းများ စတည်းချရာနေရာသို့ ထွက်သွား၏။ နောက်တစ်နေ့ နေ့လည်ပိုင်းတွင် သူသည် သူက ထိုသစ္စာဖောက်များအား ထွက်သွားခွင့် ပြုမည် ဖြစ်သည်။

သူနှင့် ဆက်နေလိုသူများအား ဆက်နေခွင့် ပြုထား၏။

သန့်စင်ရေကျောင်းတော်နှင့် တခြားဂိုဏ်းများက မည်သည့်ငြင်းပယ်မှုများမှ မရှိပေ။

ယာယီတဲထဲတွင် ထန်ချီသည် အပြင်မှ အောင်ပွဲခံသံများကို နားထောင်ကာ ပြုံးနေသည်။

“ဆက်ခံသူ… ကျုပ်တို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”

သူ့နောက်တွင် သတ်လတ်ပိုင်းအရွယ် အစိမ်းရောင်ဝတ်လူတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောသည်။

ဟန်မူယဲ့သာ သူ့ကို မြင်ပါက‌ သေချာပေါက် မှတ်မိပေမည်။

ချင်ယွမ်ဟယ်။

ထိုစဉ်က ချင်ယွမ်ဟယ်၏ကျင့်ကြံခြင်းသည် ဟန်မူယဲ့၏ဓားချက်ကြောင့် ပျက်စီးသွားကာ သေသည်ရှင်သည် မသိရပေ။

ယခုတွင် ချင်ယွမ်ဟယ်၏ကျင့်ကြံခြင်းမှာ မကျန်တော့ပါ။ သို့သော်လည်း သူ့မျက်လုံးများက စူးရှနေသည်။

“ငါ့ကို ဆက်ခံသူလို့ မခေါ်နဲ့…”

ထန်ချီက စက်ဆုတ်စွာ ပြောသည်။

“မင်း လိုချင်တာကို ငါ စိတ်မဝင်စားဘူး”

“ငါက ဖုန်းရှို့တောင်က ပဋိပက္ခကို တိုက်ပွဲတစ်ခုတည်းနဲ့ ဖြေရှင်းပြီးတော့ အနောက်ဘက်ကုန်းမြေမှာ နာမည်ကျော်ကြားချင်တာပဲ ရှိတယ်။ မင်းလိုချင်တာက တိမ်မြုုံတောင်အောက်က ဂိတ်တံခါးပဲ”

“ဒီတိုက်ပွဲပြီးရင် ငါတို့ မပတ်သက်တော့ဘူး”

ထန်ချီ၏စကားကို ကြားလျှင် ချင်ယွမ်ဟယ်က ခေါင်းညိတ်သည်။

“ဆက်ခံသူ… စိတ်မပူပါနဲ့… သွေးယဇ်ပူဇော်တဲ့အစီအရင် အောင်မြင်သွားရင် ဂိတ်တံခါးကို ဖွင့်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ခေါင်းဆောင်က ကျုပ်တို့ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာအပြင်ဘက်သို့ ခေါ်ထုတ်သွားမှာ။ ကျုပ်တို့က ဆက်ခံသူကို မနှောင့်ယှက်တော့ဘူး”

“သေချာတာပေါ့… ဆက်ခံသူသာ ဆန္ဒရှိရင် ခေါင်းဆောင်က မင်းကို ဒီကမ္ဘာအပြင်ဘက်သို့‌ ခေါ်သွားပေးလိမ့်မယ်။ ဘယ်လိုပြောပြော မင်းက သူ့ရဲ့တိုက်ရိုက်မျိုးဆက်ပဲလေ”

ထန်ချီက မည်သည့်စကားမှ မပြောပေ။ သူ နောက်လှည့်ကာ ယာယီတဲထဲမှ ထွက်သွားသည်။

ယာယီတဲထဲတွင် ချင်ယွမ်ဟယ်၏အမူအရာ မပြောင်းလဲပါ။ သူက ဝမ်းသာအားရ ဖြစ်နေသည်။

“နှစ်တစ်ထောင်လောက် စီစဉ်လာခဲ့တာ… အခု မျှော်လင့်ချက်ရှိလာပြီပဲ”

…

တောတွင်းတစ်နေရာ၌ မီးပုံတစ်ပုံ ရှိနေသည်။

မီးပုံပေါ်၌ ယုန်တစ်ကောင်အား ကင်ထားသည်။

ဟွမ်လောင်လျှိုက ယုန်ခြေထောက်တစ်ချောင်းအား ဆွဲဖြုတ်ကာ ကောင်းရှောင်ရွှမ်ထံ ကမ်းပေးသည်။

“သတိထား… ပူတယ်…”

ကောင်းရှောင်ရွှမ်က ခေါင်းညိတ်ကာ ဝမ်းသာအားရ ယုန်ခြေထောက်ကို ကိုင်လျှက် ကိုက်ဖဲ့လိုက်သည်။

မြေခွေးဖြူကလည်း ဆာလောင်နေဟန်ဖြင့် သူ့အား လက်ဖြင့် ပုတ်သည်။

“တိမ်မြုံကမ်းပါးမှာ ချိတ်စည်းစွမ်းအားရှိတယ်လို့ မင်းပြောတယ်”

ဟွမ်လောင်လျှိုကလည်း ယုန်ကင်တစ်စိတ်ကို ဆွဲယူကာ စားသောက်ရင်း မေးသည်။

“ဟုတ်တယ်… ကျွန်တော် ကမ်းပါးအောက်ခြေကို ရောက်တော့မှ အဲဒီမှာ ရှိတဲ့ ဂိတ်တံခါးကို ခံစားမိတာ။ ဂိတ်တံခါးက အံ့ဖွယ်ကိုးပါးတောင်ကုန်းက ဟာထက် ပိုပြီးတောင် လျှို့ဝှက်သေးတယ်”

ကောင်းရှောင်ရွှမ်က ခေါင်းညိတ်ကာ ယုန်အရိုးကို မြေခွေးဖြူလေးအား ပေးသည်။

မြေခွေးဖြူလေးက အရိုးကို ဝမ်းသာအားရ ကိုက်ဖဲ့သည်။

ဟွမ်လောင်လျှိုက သူ့ရှေ့မှ မီးတောက်များကို ကြည့်ကာ တွေးနေသည်။

“ငါက ညီမဖျင်ကိုပဲ ကယ်ချင်တာ။ ဒါပေမဲ့ အခြေအနေက ထင်ထားတာထက် ရှုပ်ထွေးနေပုံပဲ”

ကောင်းရှောင်ရွှမ်က သူ့အား ကြည့်သည်။

မြေခွေးဖြူလေးကလည်း ဟွမ်လောင်လျှိုအား ကြည့်သည်။

…

နောက်တစ်နေ့တွင် အရှေ့ဘက်မှ နေထွက်လာပြီး တဖြေးဖြေး နေ့လည်ပိုင်းအချိန်အခါသို့ ရောက်လာသည်။

တိမ်မြုံကမ်းပါးရှေ့၌ သစ္စာဖောက်ဂိုဏ်းများသည် စုဝေးကာ ရောက်ရှိလာနေကြပြီ ဖြစ်သည်။

“သခင်လေးထန်ချီ… ကျုပ်တို့ သဘောတူထားတဲ့အတိုင်း ရောက်လာပြီ။ ကျုပ်တို့ကို လွှတ်ပေးပါ”

သစ္စာဖောက်ဂိုဏ်းများရှေ့တွင် အဖိုးအိုတစ်ဦးက ပြောသည်။

သူသည် အမြုတေဖွဲ့စည်းခြင်း တတိယအဆင့်၌ ရှိသည်။

“ဟားဟား… ဂိုဏ်းခေါင်းဆောင်ဟောင်… ခင်ဗျားက တကယ်ပဲ ဒီမှာ ဆက်နေရစ်ဖို့ မတွေးတော့ဘူးလား။ ကျုပ်က တောင်ပိုင်းကုန်းမြေက ကမ်းလှမ်းမှုထက် မနိမ့်ကျစေရဘူး”

ထန်ချီ၏စကားကို လူတိုင်းက ကြားနိုင်သည်။

“သခင်လေးထန်… ကျုပ်တို့ သဘောတူထားတဲ့အတိုင်းပါပဲ။ တကယ်လို့ တခြားလူတွေ ဒီမှာ ကျန်ရစ်မယ်ဆိုလည်း ကျုပ်က သူတို့ကို တားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ထွက်သွားချင်တဲ့သူတွေကို သခင်လေးက သဘောထားကြီးကြီးနဲ့ လွှတ်ပေးစေချင်တယ်”

အညိုရောင်ဝတ်အဖိုးအိုက ကျယ်လောင်စွာ ပြောသည်။

ထန်ချီက ခေါင်းညိတ်သည်။

သူ့နောက်မှ တောအုပ်တွင် သွေးချီအငွေ့အသက်များ စတင်ဖြစ်ပေါ်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပျောက်ကွယ်သွားသည်။ ထို့နောက် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

အဖိုးအို ဝမ်းသာသွားသည်။ သူက ခေါင်းညိတ်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ကို ပြေးလွှားသွား၏။

တခြားလူများကလည်း နောက်မှ မြန်ဆန်စွာ ပြေးလိုက်သွားကြသည်။

ကျင့်ကြံသူအများအပြားသည်ကား ထွက်သွားလိုဟန်မရှိဘဲ သူတို့မူလနေရာတွင်သာ ရပ်နေကြသည်။

ထိုအခိုက်တွင် ထောင်သောင်းများစွာသော ကျင့်ကြံသူများသည် တောအုပ်ထဲသို့ ပြေးလွှားဝင်ရောက်သွားပြီး ဖြစ်သည်။

ကမ်းပါးထိပ်တွင် ရပ်နေသော ထန်ချီက စဉ်းလဲစွာ ပြုံးလိုက်သည်။ ၏

ဝုန်း…

ကောင်းကင်ထက်မှ တုန်ခါမှုတစ်ခု ဖြစ်လာသည်။

၎င်းကား ဖုန်းရှို့တောင်မှဖြစ်၏။

တိမ်များ လူးလိမ့်လာနေသည်။

တောအုပ်ထဲတွင် သစ္စာဖောက်ဂိုဏ်းသားများသည် ပို၍ မြန်ဆန်စွာ ပြေးလွှားကြ၏။

“မဟုတ်သေးဘူး”

ရုတ်တရက် အညိုရောင်ဝတ်အဖိုးအို၏အမူအရာက ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။

“ဒါက အစီအရင်ဝင်္ကပါပဲ”

သူက ထိုသို့ ပြောပြီးသည်နှင့် သူတို့ပတ်ပတ်လည်၌ အလင်းကွန်ချာတစ်ခု ဖြစ်ပေါ်လာသည်။

မြူများနှင့် မီးတောက်များသည် သဘာဝအလျောက် ဖြစ်ပေါ်လာကာ ထိုသစ္စာဖောက်ဂိုဏ်းသားများထံသို့ ရစ်ပတ်လာ၏။

အနီရောင်ချပ်ဝတ်နှင့် လှံများကို ဝတ်ဆင်ကိုင်ဆောင်ထားသော လူများ မြူခိုးထဲ၌ ဖြစ်ပေါ်လာသည်။ သူတို့၏ခန္ဓာကိုယ်၌ မိစ္ဆာနွားသိုးပုံရိပ်များ ဖြစ်ပေါ်လာသည်။

ဝုန်း…

အညိုရောင်ဝတ်အဖိုးအိုသည် လှံချက်တစ်ချက်ကြောင့် နောက်ကို ဆုတ်သွားရ၏။

သူ့ရှေ့တွင် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ကာ လှံတစ်လက်ကိုင်ထားသော အဖိုးအိုတစ်ဦး ရှိနေသည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် သစ္စာဖောက်ဂိုဏ်းသားများမှ ကမ္ဘာမြေအဆင့်တချို့သည် သွေးများ အန်ကာ နောက်ကို လွင့်စင်သွားကြ၏။

“မီးတောက်နီ…”

အညိုရောင်ဝတ် အဖိုးအိုက အော်ဟစ်လိုက်သည်။

“အဆုံးအဖြတ်တိုက်ပွဲ…”

မြူခိုးထဲတွင် မရေမတွက်နိုင်သော အော်ဟစ်သံများအား ကြားရသည်။

မြူခိုးထဲ၌ မရေမတွက်နိုင်သော လူများမှာ တိတ်ဆိတ်စွာ အသတ်ခံနေရသည်။

All Chapters