chapter (65)
Vol. 5 Ch. 65
အသန့်စင်ဆုံးစနစ် အခန်း(65)
မိနစ်အနည်းငယ် မြင်းစီးလာပြီးနောက် ဆုဟန်မိုတို့သည် စားသောက်ဆိုင်ခြံဝန်းထဲသို့ ဝင်လာတဲ့အခါ အထဲမှ စားပွဲထိုးတစ်ယောက်သည် ထွက်လာခဲ့သည်။ထို့နောက် စီးလာသော မြင်းလေးမြင်းကို ယူဆောင်သွားပြီး ခြံဝန်းထဲရှိ သစ်ပင်တစ်ခုတွင်သွားခြည်လိုက်သည်။
ဆုဟန်မိုနှင့် ချောင်ဖုန်းတို့သည် စားပွဲဝိုင်းတစ်ခုတွင် ထိုင်လိုက်တာနဲ့ အထဲမှ စားသောက်ဆိုင်ပိုင်ရှင်ရောက်ရှိလာပြီး "သခင်မလေး......နင်ပြန်ရောက်လာပြီးလား " ဆုဟန်မိုအားမေးလိုက်သည်။
ထိုအခါ ဆုဟန်မိုသည် ထိုလူအား "ငါမကြာခင် ပြန်ရောက်တော့မယ်လို့ နင်ကြိုတင်အကြောင်းကြားပေးပါ "လို့ ပြောလိုက်သည်။ထိုအခါ ပိုင်ရှင်သည် ဆုဟန်မိုကို ခေါင်းငုံလိုက်၍ နောက်ဆုတ်သွားပြီး စားစရာတွေချဖို့ စားပွဲထိုးတွေအား အချက်ပြလိုက်သည်။
ထို့နောက် စားသောက်ဆိုင်ပိုင်ရှင်သည် စာတစ်စောင်ရေးကာ ခိုဌက်ဖြင့် ချက်ချင်းပို့လိုက်သည်။ချောင်ဖုန်းတို့သည် စားသောက်ပြီးတဲ့အခါမှတော့ ဆုဟန်မိုသည် မတ်တပ်ထရပ်လိုက်ပြီး အားလုံးကို
နှုတ်ဆက်စကားပြောလိုက်ကာ သူသည်ကိစ္စရှိသေးသည့် ဂိုဏ်းကို အတူမလိုက်နိုင်သေးကြောင်းပြောလိုက်သည်။
ချောင်ဖုန်းတို့သည် ဂိုဏ်းကို စောစောပိုရောက်ချင်၍ လေးယောက်သည် ခရီးဆက်လာခဲ့ကြသည်။လွင်ပုယွင်သည် ချောင်ဖုန်းက သူ့ထက်အသက်သာငယ်ပေမယ့် သိုင်းအဆင့် သာတယ့်အပြင်အစီအရင်ဆရာတစ်ယောက်ဖြစ်နေသည့်အတွက် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရောက်ရင် ချောင်ဖုန်းနဲ့ မိတ်ဆွေဖွဲ့ထားဖို့တွေးနေခဲ့သည်။
ဒီလိုနဲ့ချောင်ဖုန်းတို့သည် လန်ရှင်းမြို့ကို ကျော်ဖြတ်လာပြီးနောက်မှာ နောက်ဆုံးတော့ ခေါင်းလောင်းပုံစံမျှော်စင်ကြီးကျောက်တိုင်ကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်။ချောင်ဖုန်းတို့သည် မြင်းပေါ်ကဆင်းလိုက်ကြပြီးနောက် ရွယ်ချင်းသည်"ကိုကိုချောင်ဖုန်း......နောက်ဆုံးတော့ ရွယ်ချင်းတို့ ရောက်လာပြီထင်တယ်" ဟု
ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းတို့သည် မြင်းကို ဆွဲရာ ထိုအဝင်ဝကို သွားလိုက်သည့်အခါ သားရဲဌက်တစ်ကောင်ကို စီးလာသောလူတစ်ယောက်ရောက်ရှိလာခဲ့သည်။ထိုလူသည် ချောင်ဖုန်းတို့နေရာကို ဆင်းလာပြီးတော့ "ငါနာမည် ယန်တုံပါ.....ငါက နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ပါ ၊ မင်းတို့က တခြားတိုင်းပြည်တွေကနေ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းတပည့်ဝင်အဖြစ်နဲ့ ရောက်ရှိလာတာမလား " ဟု မေးလိုက်သည်။
လွင်ပုယွင်သည် လက်နှစ်ဖက်ဆုပ်ကာ "ဟုတ်ပါတယ်စီနီယာအကို...." ဟု ပြောလိုက်သည်။ထိုအခါ ယန်တုံသည် သူမှာ ရှိသော စားရင်းစာအုပ်ကို ကြည့်လိုက်ကာ ချောင်ဖုန်းတို့ လေးယောက်နှင့် တိုက်စစ်လိုက်ပြီး စာအုပ်ပြန်သိမ်းလိုက်သည်။
"ရပြီ.....မင်းတို့လေးယောက်ငါနောက်လိုက်ခဲ့ပါ"
ချောင်ဖုန်းတို့ လေးယောက်သည် ယန်တုံရဲ့နောက်ကို လိုက်သွားခဲ့သည်။ဂိုဏ်းထဲတွင် ကွင်းပြင်၌ အချင်းချင်းလေ့ကျင့်နေကြသော
ဂိုဏ်းသားများကိုလဲ တွေ့လိုက်ရသည်။ယန်တုံသည် ခပ်မြန်မြန်လျှောက်ဖို့ ပြောလိုက်ပြီး ရှေ့ကနေ အမြန်သွားလေသည်။
ထို့နောက် ယန်တုံသည် မန်အဆောင်ဟု ဆိုင်းဘုတ်တပ်ထားသောအခန်းထဲသို့ ဝင်သွားခဲ့ပြီး ချောင်ဖုန်းတို့ကို အပြင်မှာ ခဏ နေခိုင်းလိုက်သည်။
"အကြီးအကဲ........နောက်ထပ်လေးယောက် ထပ်ရောက်လာပါပြီ"
ထိုအခါ စာရင်းစာလိပ်တစ်ခုကို ကြည့်နေသော အဖိုးအိုသည် ယန်တုံရဲ့စကားကို ကြားသော်အခါ"ရပြီမင်းထွက်သွားတော့.....သူတို့ကို ဝင်လာခိုင်းလိုက် " ဟု ပြတ်သားစွာ ပြောလိုက်သည်။
ထိုအခါ ယန်တုံသည် အပြင်သို့ ထွက်သွားပြီး ချောင်ဖုန်းသို့ လေးယောက်ကို ဝင်လာခိုင်းလိုက်သည်။
ချောင်ဖုန်းတို့သည် အခန်းထဲသို့ ဝင်လာပြီးနောက် စာရင်းစာလိပ်ဖတ်နေသော အဖိုးအိုသည် "ငါက နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ အကြီးအကဲကျန်ပဲ........မင်းတို့တစ်ယောက်ချင်းစီရဲ့ အချက်အလက်ငါ့ကို ပြောပြပါ " ဟု ပြောလိုက်သည်။
ထိုအခါ လွင်ပုယွင်နဲ့ သူ့မိန်းကလေးမှ အရင်ပြောလိုက်ပြီးနောက်
ရွယ်ချင်းကလဲ"ကျွန်မနာမည် ရွယ်ချင်းပါ-ဝူတိုင်းပြည် မသေမျိူးနတ်သမီးဂိုဏ်းကပါ " ဟု သူတိုပြောလိုက်သည်။
ချောင်ဖုန်းလဲ သူ့အလှည့်ရောက်တဲ့အခါ ပြောမည့်ချိန်တွင် အဖိုးအိုသည် "စာရင်းစာအုပ်ကို ကြည့်လိုက်ပြီး မင်းက အဲ့ရီချောင်ဖုန်းဆိုတဲ့တစ်ယောက်လား " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ရိုရိုသေသေ လက်နှစ်ဖက်ဆုပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ အဖိုးအိုသည် အားလုံးအတွက် နတ်ဘုရားခေါင်းလောင်းမျှော်စင်တံဆိပ် ပါသော ဝတ်စုံကို သူ့သိုလှောင်ကွင်းထဲမှ မိန်းကလေးဝတ်စုံနှင့် ယောကျာ်းလေးဝတ်စုံကို သီးသန့် ခွဲပေးလိုက်သည်။
"မင်းတို့တွေက အရည်အချင်းရှိပြီးသား လူတွေအဖြစ် ဂိုဏ်းက သင်ကြားဖို့တော့ မလိုတော့ဘူး ၊ ဒီနေ့တော့ မင်းတို့အေးဆေးအနားယူလိုက်ပြီး မနက်ဖြန်ကြရင် ချန်ရှင်အဆောင်မှာ မင်းတို့အဆင့်နဲ့ ညီမျှတဲ့ ကြိုက်တဲ့သိုင်းကျင့်စဥ်ကို ရွေးယူနိုင်တယ်"
ချောင်ဖုန်းတို့သည် အကြီးအကဲကျန်ကို နှုတ်ဆက်လိုက်ပြီး အပြင်သို့ ပြန်ထွက်လာသည့်အခါ ယန်တုံနှင့်အတူ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ယန်တုံသည် ရှီသွမ်အာဟု ခေါ်သော မိန်းကလေးအား " ဒါကအသစ်လာတဲ့ဂျူနီယာညီမလေး နှစ်ယောက်ပဲ သူ့ကို မင်းတို့အခန်းထဲပဲ ခေါ်ထားပါ" ဟု ပြောလိုက်သည်။
ထိုအခါ ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.....ရွယ်ချင်းတို့နောက်မှ တွေ့မယ်" ဟုလက်ခါပြကာ နှုတ်ဆက်လိုက်ပြီး လွင်ပုယွင်ရဲ့မိန်းကလေးဖြစ်သူယန်းစီလျန်တင်းနှင့်အတူ ရှီသွမ်အာရဲ့ နောက်ကို လိုက်သွားခဲ့သည်။
ထို့နောက်ယန်တုံလည်း"ဂျူနီယာညီလေးနှစ်ယောက် မင်းတို့နှစ်ယောက်ကတော့ ငါနဲ့လိုက်ခဲ့ပါ" ဟု ပြောပြီး ရှေ့ကနေထွက်သွားခဲ့သည်။ယန်တုံသည် အထပ်သုံးထပ်ရှိသောအဆောင်တစ်ခုသို့ ဝင်သွားခဲ့ပြီး ပထမအခန်းတံခါးကို ခေါက်လိုက်တဲ့အခါ အထဲမှ ချောင်ဖုန်းတို့နှင့် ရွယ်တူ တစ်ယောက်ထွက်လာခဲ့သည်။
ထိုလူသည် ယန်တုံမြင်သော်အခါ "စီနီယာအကိုမင်္ဂလာပါ....." ဟု နှုတ်ဆက်လိုက်သည်။ယန်တုံသည် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး "သူတို့နှစ်ယောက်က မင်းရဲ့အခန်းဖော်အသစ်ပဲ....." ဟု ပြောလိုက်သည်။
ယန်တုံသည် ချောင်ဖုန်းတို့ နှစ်ယောက်အား"ဂိုဏ်းကစည်းကမ်းချက်တော့ မများဘူး ဒါပေမယ့် ဂိုဏ်းသားအချင်းချင်း သင့်သင့်မြတ်မြတ်နေသင့်တယ်" ဟု ပြောပြီး ထိုအဆောင်မှ ထွက်ခွာသွားခဲ့သည်။
ချောင်ဖုန်းနှင့်လွင်ပုယွင်သည် အခန်းထဲသို့ ဝင်လိုက်တဲ့အခါ ကုတင်လေးငါးခုရှိနေပြီး ဘယ်သူမှ ထပ်မရှိသေးတာကို တွေ့လိုက်ရသည်။ချောင်ဖုန်းတို့ကို တံခါးဖွင့်ပေးသောသူသည် သူ့ကိုယ်သူနှုတ်ဆက်လိုက်သည်။
"ငါနာမည်ရန်ကျင်းပါ..... ၊ မင်းတို့နာမည်ကရော......"
ထိုအခါ ချောင်ဖုန်းနဲ့လွင်ပုယွင်ကလဲ "ငါနာမည်က လွင်ပုယွင်ပါ" နှင့် "ငါနာမည်ရီချောင်ဖုန်း " ဆိုပြီး အပြန်အလှန်နှုတ်ဆက်လိုက်သည်။ထိုချိန်မှာ နောက်ထပ် လူနှစ်ယောက်သည် အခန်းထဲသို့ ရောက်ရှိလာခဲ့သည်။သူတို့ဝတ်ထားသော ဝတ်စုံအရ တိုင်းပြည်တစ်ခုခုရဲ့ တော်ဝင်မိသားစုက လာတာကို သိနိုင်၏ ။
တော်ဝင်မိသားစုများ၏ မျိုးဆက်သစ်များသည် အများအားဖြင့် စစ်တပ်ထဲနှင့်နတ်ဘုရားခေါင်းလောင်မျှော်စင်ဂိုဏ်းထဲ၌သာ ရှိနေတက်ကြသည်။
ရန်ကျင်းသည် ထိုနှစ်ယောက်ကို နှုတ်ဆက်ဖို့ လုပ်ချိန်မှာ
ထိုလူနှစ်ယောက်လုံးသည် ကုတင်လွတ် နှစ်ခုတွင် လဲချလိုက်ပြီး သူတို့အနားသို့ ကပ်လာသော ရန်ကျင်းအား အိပ်ရင်းပြောလိုက်သည်။
"ငါက စစ်တိုင်းပြည်ယွီအမတ်ရဲ့သား ယွီအန်းဝုံ ၊ နောက်ပြီး ငါနဲ့ပါလာတဲ့လူက စစ်တိုင်းပြည်လျှိစစ်သူကြီးရဲ့သား လျှိဟန်ပဲ မင်းဘာသိချင်သေးလဲ"
ရန်ကျင်းသည် ဒေါသထွက်သွာပင်မယ့် ဘာမှမပြောဘဲ သူ့ကုတင်ပေါ်မှာ သူထိုင်လိုက်သည်။ချောင်ဖုန်းတို့လဲ ကုတင်ပေါ်မှာ အနားယူလိုက်သည်။ထို့နောက် ရန်ကျင်းသည် ထိုကုတင်တွေက အစီအရင်နှင့်ပြုလုပ်ထသော ကုတင်တွေဆိုတာ ချောင်ဖုန်းတို့အားပြောပြလိုက်သည်။
ချောင်ဖုန်းသည် ကုတင်ရဲ့ ထောင့်အစွန်းတွေကို ကြည့်လိုက်သည့်အခါ ကျင့်ကြံချိန်မှာ အနှောက်အယှက်မရှိအောင် ဖန်တီးထားနိုင်သည့် အကာအကွယ်အစီအရင်တစ်ခုဖြစ်သည်။
ချောင်ဖုန်းသည် ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်သည့်အခါ အကြည်ရောင် အကာအကွယ်တစ်ခုသည် ကုတင်တစ်ခုလုံးကို အုပ်သွား၍ အကာအကွယ်အစီအရင်ဖြစ်ပေါ်လာပြီး ချောင်ဖုန်းနောက်ထပ်တစ်ခေါက် လက်ချောင်းများကို လှုပ်ရှားလိုက်သည့်အခါ ပြန်ပျောက်ကွယ်သွားခဲ့သည်။
ရန်ကျင်းသည် ချောင်ဖုန်းသည် အစီအရင်ကို အလွယ်တကူအသက်သွင်းသွားသည့်အတွက် ချောင်ဖုန်းကို "မင်းကဒီအစီအရင်ကို ဘယ်လိုလုပ်ပြီးအဲ့လောက်မြန်မြန်အသက်သွင်းတက်နေတာလဲ....." အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ချောင်ဖုန်းသည် သူကယန်အစီအရင်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်းပြောပြလိုက်သည်။ရန်ကျင်းသည် ထိုအစီအရင်ကို အသက်သွင်းဖို့ လပေါင်းများစွာ လေ့ကျင့်ခံရပြီး ယခုချိန်ထိ ချောင်ဖုန်းလောက် လျင်မြန်အောင် အစီအရင်အားအသက်မသွင်းနိုင်သေးပေ။
ထို့ကြောင့် ရန်ကျင်းသည် ချောင်ဖုန်းက အစီအရင်ပညာရပ်မှာ ကျွမ်းကျင်နေသောကြောင့် လေးစားသွားခဲ့သည်။ထို့နောက် ရန်ကျင်းသည် အစီအရင်ကို စိတ်ဝင်စားရင် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းတွင် လေ့လာလို့ရသည့် နေရာရှိကြောင်း ချောင်ဖုန်းကို ပြောပြလိုက်သည်။
ချောင်ဖုန်းသည် လွင်ပုယွင်ကို ကြည့်လိုက်သည့်အခါ ဟောက်အိပ်နေသဖြင့် ယီရှင်းထျန်ကို ပင်သတိရသွားသည်။
ထို့နောက် ချောင်ဖုန်းသည် တစ်ကိုယ်လုံးညစ်ပတ်နေသဖြင့် နောက်အခန်းထဲသို့ ရေသွားချိုးလိုက်ပြီး နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းသားဝတ်စုံကို ပြောင်းဝတ်လိုက်သည်။