← Chapters

chapter(66)

Vol. 5 Ch. 66

chapter(66)

Vol. 5 Ch. 66

အသန့်စင်ဆုံးစနစ် အခန်း(66)

ချောင်ဖုန်းသည် ထိုအခန်းဟာ လူအများကြီးဖြစ်နေတဲ့အတွက် နေရတာအဆင်မပြေဖြစ်နေခဲ့တဲ့အတွက် အဆင်မပြေဖြစ်နေခဲ့ပြီး အပြင်သို့ ထွက်လာခဲ့သည်။ထိုချိန်မှာ ကောင်းကင်နတ်ဆိုးသားရဲရဲ့ ဆက်နွယ်သော အသံကို ချောင်ဖုန်းကြားလိုက်ရသည်။

"အကိုကြီး......ဒီနေရာနဲ့ မလှမ်းမဝေးမှာ တိုက်ခိုက်နေတဲ့စွမ်းအားအရှိန်အဝါတွေကို ခံစားနေရတယ်"

ချောင်ဖုန်းသည် မေးစေ့ကို ပွတ်လိုက်ပြီး "ငါမင်းနဲ့သွေးစာချုပ်လုပ်ပြီးခေါ်လာကတည်းက ......မင်းရဲ့နာမည်ကို ငါခုထိမသိသေးဘူး" ဟု စိတ်ထဲကပင် ပြောလိုက်သည်။ကောင်းကင်နတ်ဆိုးသားရဲသည် "နာမည်လား......အကိုကြီးကြိုက်တဲ့နာမည်ခေါ်လေ"ဟု ပြန်ပြောလိုက်သည်။

ချောင်ဖုန်းသည် လမ်းလျှောက်သွားနေရင်း "ဟုတ်ပြီ.....ငါတို့မျိုးရိုးနာမည်က ရီဆိုတော့ မင်းနာမည်ကို ရီချုံလို ငါခေါ်မယ် မင်းသဘောကျလား " ဟု ပြောလိုက်သည်။ ကောင်းကင်နတ်ဆိုးသားရဲသည်"ရီချုံ....ကျွန်တော်နာမည် ရီချုံ.....ဟီးဟီး "ဟု ရယ်ကာ ဝမ်းသာနေခဲ့သည်။

ထိုနောက်ချောင်ဖုန်းသည် ဂိုဏ်းအတွင်းထဲတွင် ဘာကြောင့် တိုက်ခိုက်နေရတာလဲ သိချင်၍ ထိုနေရာကိုသွားကြည့်လိုက်သည်။

ဟိုရောက်သည့်အခါ အပြာနုရောင်ကို ဝတ်ဆင်ထားသောအဖွဲ့နှင့် အဖြူနှင့်အနီရောင်စပ် ဝတ်ဆင်ထားသော အဖွဲ့နှစ်ဖွဲ့ကို တွေ့လိုက်ရသည်။

သူ့ဝတ်စုံကို ကြည့်လိုက်တဲ့အခါ အဖြူနှင့်အနက်ရောင်ရောင်စပ် ထားတာကို တွေ့လိုက်ရတဲ့အတွက် "သေစမ်း......ဘယ်လိုအခြေအနေကြီးလဲဟ ၊ ဝတ်စုံတွေက ဘာကိုခွဲခြားထားတာလဲ"ဟု ပြောကာသိချင်နေခဲ့သည်။

ထိုချိန်မှာ သူ့နောက်ကို လူတစ်ယောက်သည် ပုခုံးကိုင်လိုက်ပြီး ဆက်တိုက်ခိုက်ရန်ပြင်နေသော အဖွဲ့နှစ်ဖွဲ့ကို ပြောလိုက်သည်။

"မင်းတို့နှစ်ဖွဲ့က ဂိုဏ်းထဲမှာတောင် ရန်ဖြစ်ရဲနေတာပဲ "

ချောင်ဖုန်းသည် သူ့ပုခုံးကို ပုတ်လိုက်သောသူသည် အဖြူသီးသန့်ဝတ်ဆင်ထားသောလူများ ဖြစ်ပြီး ရန်ဖြစ်နေသောအဖွဲ့နှစ်ဖွဲ့သည် ထိုလူရဲ့အသံကြားတာနဲ့ ထိုနေရာမှ ထွက်ခွာသွားကြလေသည်။ထိုလူသည် သူရင်ဘတ်ကို ပုတ်လိုက်ပြီး"ငါနာမည်က ထျန်ကောပဲ.....မင်းနောက်ဆို ဒီကောင်တွေနဲ့ဝေးဝေးရှောင်သင့်တယ်" ဟု ချောင်ဖုန်းအားပြောလိုက်သည်။

ထို့နောက်ထျန်ကောသည် ချောင်ဖုန်းကို တခြားလမ်းဘက်သို့ ပြန်၍ ခေါ်ဆောင်သွားသည်။ထိုနောက် ထျန်ကောသည် "ဂျူနီယာညီလေးမင်းနာမည်ဘယ်လိုခေါ်လဲ....."ဟု မေးလိုက်သည်။ချောင်ဖုန်းသည် ထိုလူဘေးမှ လိုက်ရင်း"စီနီယာအကိုထျန်ကော.....ကျွန်တော်နာမည်ရီချောင်ဖုန်း" ဆိုပြီး ပြန်ဖြေလိုက်သည်။

ထိုအခါ ထျန်ကောသည် အံ့အားသင့်သွားကာပြောလိုက်သည်။

"ဟမ်......မင်းကဝူတိုင်းပြည်ကလာတဲ့ ရီချောင်ဖုန်းလား "

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "စီနီယာအကိုက ကျွန်တော်ကို သိနေတာလား" ဟု ပြန်မေးလိုက်သည်။ထိုအခါ ထျန်ကောသည် ချောင်ဖုန်းကို နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ထိုနေရာကတော့ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ ငရဲစိမ့်အငွေ့အသွင်ဟု ခေါ်သောနေရာပင်ဖြစ်သည်။

ချောင်ဖုန်းသည် အေးစက်သောခန်းမကြီးထဲတွင် ဂိုဏ်းသားအယောက်တစ်ရာကျော်သည် နံရံပေါ်ရှိနာမည်များကို ကြည့်ကာ အချင်းချင်းတီးတိုး ပြောဆိုနေကြသည်။သို့သော်လူတအားများ၍ ဆူနေသောကြောင့် ချောင်ဖုန်းသည် နားထောင်၍တောင် မရပေ။

ထို့နောက်ထျန်ကောသည် နံရံပေါ်သို့ကြည့်လိုက်ပြီး "ဂျူနီယာညီလေး.....ဒီနေရာကို ငရဲစိမ့်အငွေ့အသွင်နယ်မြေလို့ခေါ်ကြတယ် ၊ ဘာလို့အဲ့လိုခေါ်ကြတာလဲဆိုတော့ မင်းမကြာခင်သိရလိမ့်မယ်" ဟု ပြောလိုက်သည်။

ခဏအကြာမှာတော့ လူသုံးယောက်သည် ရောက်ရှိလာတဲ့အခါ အားလုံးသည် လမ်းဖယ်ပေးလိုက်ပြီး ထိုလူသုံးယောက်ကတော့ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ အကြီးဆုံးအကြီးအကဲနှင့် သူ့ရဲ့တပည့်ဝင်နှစ်ယောက်ဖြစ်သည်။နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းတွင် အပြင်စည်းတပည့် နှင့်အတွင်းစည်းတပည့်တွေထက် အကြီးအကဲတစ်ယောက်ရဲ့တပည့်က ပို၍ သာလွန်သည်။

ချောင်ဖုန်းသည် ထိုအဖိုးကြီးရှိမှ သေခြင်းတရားပိုင်ဆိုင်သူအငွေ့အသက်ကို ခံစားရတဲ့အပြင် နတ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားဖြစ်ကြောင်း အရှိန်အဝါဖိအားကိုလဲခံစားနေရသည်။

ထိုအဖိုးအိုသည် ထိုင်ခုံတွင်ထိုင်လိုက်ပြီး သူ့ဘေးမှ ဘုရင်နယ်ပယ်အထွဋ်အထိပ်မှာ ရှိသော တပည့်နှစ်ယောက်ကတော့ မတ်တပ်ရပ်နေခဲ့သည်။

ထျန်ကောသည် ချောင်ဖုန်းကို ထိလိုက်ပြီး"အဲ့တာငါတို့ဂိုဏ်းရဲ့အကြီးဆုံးအကြီးအကဲလောင်ချုန်းပဲ သူ့အထက်မှာ ဂိုဏ်းချုပ်ပဲရှိတယ်"ဟု ပြောလိုက်သည်။လောင်ချုန်းသည် နံရံပေါ်ရှိ နာမည်များကို ကြည့်လိုက်ပြီး အခန်းထဲတွင် ရှိနေသော လူအားလုံးကို ပြောလိုက်သည်။

"မင်းတို့အားလုံးက ငရဲစိမ့်အငွေ့အသွင်နယ်မြေကို သွားဖို့သေချာဆုံးဖြတ်ချက်ချပြီးပြီးလား"

အားလုံးသည် လက်နှစ်ဖက်ဆုပ်ကာခေါင်းငုံလိုက်ကာ "ကျွန်တော်တို့ ငရဲစိမ့်အငွေ့အသွင်နယ်မြေကို သွားရောက်ထမ်းဆောင်ဖို့အဆင့်ပါပဲ" ဟု ပြောလိုက်တာကြောင့် ချောင်ဖုန်းလဲ ရောယောင်လိုက်လုပ်လိုက်သည်။ထိုအခါ ထျန်ကောသည် ငရဲစိမ့်အငွေ့အသွင်နယ်မြေက နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ရသောနေရာဖြစ်သည်ဟု ပြောလိုက်သည်။

ထိုအခါချောင်ဖုန်းနှင့်အတူ ကောင်းကင်နတ်ဆိုးသားရဲသည် ဝမ်းသာ၍ သွားသည်။ထိုအခါ လောင်ချုန်းသည် သူ့သို့လှောင်ကွင်းထဲမှ ခရမ်းရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ပြီး တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်စွမ်းအားကို ထည့်သွင်းခိုင်းလိုက်သည်။

ချောင်ဖုန်းထည့်သွင်းပြီးသောအခါ လောင်ချုန်းသည် "မင်းက ဂိုဏ်းသားအသစ်လား ၊ ဒီကိုရောက်လာတဲ့လူတွေအားလုံးက ဂိုဏ်းကို ရောက်ပြီး တစ်နှစ်ကြာအောင်လေ့ကျင့်ပြီးမှ သွားဖို့ဆုံးဖြတ်ကြတာ" ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး"အကြီးအကဲ.........ကျွန်တော်အသက်နဲ့လဲရလဲ နတ်ဆိုးသားရဲတွေကိုသတ်ဖို့ဆို ဝန်မလေးပါဘူး" ဟု လောင်ချုန်းသဘောကျအောင်ပြန်ဖြေလိုက်သည်။ထိုအခါလောင်ချုန်းသည် "ကောင်းပြီ ငါမင်းရဲ့အရည်အချင်းကို ကြည့်မယ်......" ဟု ပြောလိုက်သည်။

ထို့နောက် လူအယောက်တစ်ရာကျော်သည် ခရမ်းရောင်တံဆိပ်ပြားထဲသို့ ကိုယ်ပိုင်စွမ်းအားထည့်သွင်းပြီးတဲ့အခါ လောင်ချုန်းသည် အစီအရင်စာရွက် တစ်ခုစီကို အားလုံးကိုပေးဖို့ သူတပည့်နှစ်ယောက်ကို ပြောလိုက်သည်။

"အဲ့တာက မင်းတို့ကို ဒီနေရာကို ပြန်ရောက်နိုင်အောင်လုပ်ပေးတဲ့အရာပဲ ၊ မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းအားက ဒီငရဲစိမ့်ကျောက်သားပြင်နဲ့တော့ ချိတ်ဆက်သွားပြီ ဒါပေမယ့် မင်းတို့က အယောက်တစ်ထောင်ထဲကို ဝင်မှ မင်းတို့ရဲ့ နာမည်က ဒီငရဲစိမ့်ကျောက်သားပြင်ပေါ်မှာ ပေါ်လာလိမ့်မယ်"

ထိုအခါ အဆောင်အစီအရင်စာရွက်ကို သိုလှောင်ကွင်းထဲသို့ ထည့်သွင်းလိုက်သည်။ထို့နောက်လောင်ချုန်းသည် အားလုံးကို နောက်နေ့မှ ထပ်လာဖို့ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် အားလုံးနှင့်အတူ ပြန်ထွက်လာခဲ့သည်။

ထျန်ကောသည် အခန်းပြင်သို့ ပြန်ရောက်သည့်အခါ"ဂျူနီယာညီလေး.....ငါမင်းကို ဒီနေရာခေါ်လာလို့ အပြစ်မတင်ဘူးမလား" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် တချက်ပြုံးလိုက်ပြီး "စီနီယာအကိုက.....ကျွန်တော်ကို ဒီနေရာခေါ်လာလို့ ကျေးဇူးတောင်တင်နေတာ" ဟု ပြန်ပြောလိုက်သည်။ထျန်ကောသည် ဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်မှာ ရှိနေပြီး သူသည်လည်း အကြီးအကဲတစ်ယောက်၏ တပည့်ဝင်ဖြစ်သည်။

ထို့နောက် ထျန်ကောသည် နေဝင်တော့မည်ဖြစ်တဲ့အတွက် "ဂျူနီယာညီလေး.....ငါတို့မနက်ဖြန်မှ တွေ့ကြတာပေါ့" ပြောပြီး ထွက်ခွာသွားခဲ့သည်။ထိုချိန်မှာ ရွှီးယန်းနှင့်ဖုန်းယွီသည် တခြားတစ်ဖက်ကို အတူထွက်သွားသည်ကို တွေ့လိုက်တဲ့အခါ"သူတို့တောင် ရောက်လာကြပြီပဲ...." ဟု ပြောလိုက်သည်။

ရန်ကျင်းသည် ရုတ်တရက် ချောင်ဖုန်း နောက်ကနေရောက်ရှိလာပြီးနောက် "ချောင်ဖုန်း......ငါထင်တာမမှားရင် မင်းက အခန်းထဲမှာ နေရတာ အဆင်မပြေလို့မလား" ဟု မေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် သူ့ရဲ့ခေါင်းနောက်ကို လက်ဖြင့်ပွတ်လိုက်ပြီး"စီနီယာရန်ကျင်း.....မင်းကငါ့စိတ်ကို သိနေတာပဲ" ဟု ရယ်ကာပြန်ပြောလိုက်သည်။

ရန်ကျင်းသည် " ချောင်ဖုန်း.....မင်း အဲ့တာဆို မြေအောက်ကျင့်ကြံရေးအဆောင်မှာ သွားလေ့ကျင့်လို့ရတယ်"ဟု ပြောလိုက်သည်။

နတ်ဘုရားခေါင်လောင်းမျှော်စင်ဂိုဏ်းတွင် ကျင့်ကြံရေးအဆောင်သုံးခုပင်ရှိသည်။

ထိုအဆောင်တွေကတော့ မြေအောက်ကျင့်ကြံရေးအဆောင် ၊ မီးပုလဲကျင့်ကြံရေးအဆောင်နှင့် ရွှေအမြူတေကျင့်ကြံရေးအဆောင်ဟု ၍ ရှိသည်။

မြေအောက်ကျင့်ကြံရေးအဆောင်သည် ဂိုဏ်းသားအသစ်များအတွက် ကျင့်ကြံရန် တည်ဆောက်ပေးထားသော လေ့ကျင့်ဆောင်ဖြစ်သည်။

ချောင်ဖုန်းသည် "စီနီယာရန်ကျင်း.....မြေအောက်ကျင့်ကြံရေးအဆောင်မှာ ကျင့်ကြံဖို့ လိုအပ်ချက်တွေရှိလား...." ဟု မေးလိုက်သည်။ရန်ကျင်းသည် ခေါင်းခါလိုက်ပြီး "မလိုအပ်ဘူး......အဲ့နေရာမှာ စားရင်းသွင်းပြီး ဝင်ရုံပဲ " ဟု ပြန်ဖြေလိုက်သည်။

ရန်ကျင်းသည်လည်း ထိုနေရာမှာ သွားကျင့်ကြံဖို့ ထွက်လာသည့်အတွက် ချောင်ဖုန်းနှင့်အတူ မြေအောက်ကျင့်ကြံရေး အဆောင်ကို ထွက်ခွာလာခဲ့သည်။ချောင်ဖုန်းသည် မြေအောက်ကျင့်ကြံရေးအဆောင်သို့ ရောက်တဲ့အခါ စားရင်းပေးနေသည့် လူများကို ကြည့်လိုက်ပြီး ရန်ကျင်းကို မေးလိုက်သည်။

"စီနီယာရန်ကျင်း......ငါတို့ဝတ်စုံတွေက ဘာကိုခွဲခြားထားတာလဲ"

ထိုအခါ ရန်ကျင်းသည် ချောင်ဖုန်းအားရှင်းပြလိုက်သည်။ချောင်ဖုန်းဝတ်ဆင်ထားသောအဖြူနဲ့အနက်ရောင်စပ်ထားသော ဝတ်စုံသည် ဂိုဏ်းသားအသစ်များအတွက် ဖြစ်သည်။

All Chapters