← Chapters

Chapter(67)

Vol. 5 Ch. 67

Chapter(67)

Vol. 5 Ch. 67

အသန့်စင်ဆုံးစနစ် အခန်း(67)

အဖြူနှင့်အနီရောင်စပ် ဝတ်စုံသည် အပြင်စည်းတပည့် ၊ အပြာနုရောင်သည် အတွင်းစည်းတပည့် ၊ အဖြူသီးသန့်ဝတ်စုံသည် အကြီးအကဲတစ်ယောက်၏ တပည့်ဖြစ်ပြီး အနက်ရောင်ဝတ်စုံသည် ဂိုဏ်း၏ အကြီးအကဲများဖြစ်ကြသည်။

ချောင်ဖုန်းသည် ထိုအခါမှသာ နားလည်သွားတော့သည်။ထို့နောက် ရန်ကျင်းသည် လူရှင်းသွားသောအခါ စာရင်းသွားပေးဖို့ ချောင်ဖုန်းကို ပြောလိုက်သည်။ထိုလူသည် ချောင်ဖုန်းရဲ့နာမည်ကို သာမေးပြီး ဘေးမှာရှိသော အခန်းထဲသို့ ဝင်သွားဖို့ ပြောလိုက်သည်။

ချောင်ဖုန်းသည် အခန်းထဲသို့ ဝင်လိုက်တာနဲ့ မြေအောက်အခန်းအတွင်းတစ်ခုကို ရောက်ရှိသွားခဲ့သည်။ချောင်ဖုန်းသည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းတွင် အစီအရင်ဖန်တီးဖို့ ရတနာများစွာရှိလိမ့်0ဟု တွေးလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် ချီစွမ်းအင်များစုပ်ယူကြည့်လိုက်သည့်အခါ ဝူတိုင်းပြည်ထက်သာလွန် ချီစွမ်းအင်များကို ခံစားလိုက်ရသဖြင့်"ဒါကြောင့်ပဲ ကျိုးတိုင်းပြည်ရဲ့မျိုးဆက်သစ်တွေက ငါတို့တိုင်းပြည်ထက်သာလွန်နေတာပဲ" ဟု ရေရွတ်လိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် နောက်ဆုံးနှစ်လုံးသာ ကျန်ရှိသော ဆင့်ကဲပြောင်းလဲခြင်းဘုရင် ဆေးလုံးကို သောက်လိုက်ပြီး "ငါထပ်ပြီး ဒီဆေးလုံးဖော်စပ်ဖို့ ဆေးအမယ်တွေ ဝယ်ရအုံးမယ်ထင်တယ်" ဟု ညည်းတွားလိုက်သည်။

ချောင်ဖုန်းသည် တစ်ညလုံးလေ့ကျင့်ပြီးတဲ့နောက်မှတော့ မနက်ရောက်သည့် "ချိုးဖောက်စမ်း...... " ဟု အော်ဟစ်လိုက်တဲ့အခါ ရွှေဝါရောင်အလင်းတန်းသည် မြေအောက်အခန်းထဲကပင် ကောင်းကင်ပေါ်ထိ ထောင်တက်သွားခဲ့သည်။

ထိုအခါ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှ အကြီးအကဲလောင်ချုန်းသည် တပည့်နှစ်ယောက်ကို ချက်ချင်းသွားစစ်ဆေးခိုင်းလိုက်သည်။

အခြားသောအကြီးအကဲတွေကလဲ အလင်းတန်းကို ကြည့်ကာ

"မြေအောက်ကျင့်ကြံရေးအဆောင်ကနေ ဘယ်သူရဲ့တပည့်က ဧကရာဇ်နယ်ပယ်ကို တက်လှမ်းသွားတာလဲ " ဟု ကိုယ်စီပြောနေခဲ့ကြသည်။

နတ်ဘုရားမျှော်စင်ဂိုဏ်းမှ အကြီးအကဲတွေသည် အပြင်စည်းတပည့်နဲ့အတွင်းစည်းတပည့်များမှ ဧကရာဇ်နယ်ပယ်ကို တက်လှမ်းသွားသည်ဟု မထင်ဘဲ အကြီးအကဲတွေ၏ လက်သပ်တပည့်ထဲက တစ်စုံတစ်ယောက် တက်လှမ်းသွားသည်ဟု ထင်နေခဲ့သည်။

ချောင်ဖုန်းသည် သူခန္ဓာကိုယ်က ထွက်လာတဲ့အရှိန်အဝါအလင်းတန်းကို ချက်ခြင်းပြန်ရုတ်သိမ်းလိုက်ပြီး ခန္ဓာကိုယ်က သွေးကြောတွေပြောင်းလဲနေတာကို ခံစားနေရသည်။

ချောင်ဖုန်းသည် သူ့လက်များကို ကြည့်လိုက်ပြီး "ဧကရာဇ်နယ်ပယ်ကိုရောက်ရှိသွားတဲ့ ဘယ်သူမှသတိမထားမိခင်က ငါဒီနေရာက အရင်ဆုံးထွက်ခွာရမယ်" ဟု ပြောပြီး အခန်းအတွင်းမှာရှိသော အစီအရင်စာရွက်ကို အသက်သွင်းလိုက်တာနဲ့ စားရင်းပေးရသည့် နေရာသို့ ပြန်ရောက်ရှိသွားသည်။

ချောင်ဖုန်းသည် သူထင်ထားတဲ့အတိုင်း အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အကြီးအကဲများ၏ လက်သပ်တပည့်တွေသည် မြေအောက်ကျင့်ကြံရေးအဆောင်သို့ တန်းရောက်ရှိလာလေသည်။ချောင်ဖုန်းသည် ထိုလူတွေရဲ့ နားမှ မသိမသာ ရှောင်၍ ထွက်ခွာသွားလေသည်။

ချောင်ဖုန်းသည် အပြင်သို့ရောက်တဲ့အခါမှတာ စိတ်ချသွားပြီး လာအများအာရုံစိုက်မှု မခံရအောင် သူ့ရဲ့ဧကရာဇ်နယ်ပယ်အရှိန်အဝါကို ဖုံးကွယ်ဖို့ တွေးနေခဲ့သည်။ချောင်ဖုန်းငရဲစိမ့်နယ်မြေကိုသွားဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်နေတာကြောင့် မြေအောက်ကျင့်ကြံရေးအဆောင်မှ ထွက်ခွာလာပြီးတာနဲ့ တန်းသွားလိုက်သည်။

ချောင်ဖုန်းသည် ခန်းမထဲသို့ ပြန်ရောက်တဲ့အခါ ထျန်ကောသည် သူ့ထက်အရင်ရောက်ရှိနေတာဖြစ်ပြီး ချောင်ဖုန်းကို လှမ်းခေါ်လိုက်သည်။

"ဂျူနီယာညီလေး......မင်းလဲရောက်လာပြီလား....."

ချောင်ဖုန်းသည် ထျန်ကောကိုပြန်၍ နှုတ်ဆက်လိုက်သည်။ချောင်ဖုန်းသည် ခန်းမထဲတွင် မနေ့က လူဦးရေများတာကို တွေ့လိုက်ပြီး မိန်းကလေးတွေပါ ပါဝင်နေတာကိုသိလိုက်ရသည်။ထိုချိန်မှာလောင်ချုန်းသည် ရောက်ရှိလာပြီး သူရဲ့စိတ်ထဲတွင် ဧကရာဇ်နယ်ပယ်ရောက်ရှိသွားသောသူက ဘယ်သူတပည့်လဲဆိုတာသိချင်နေခဲ့သည်။

လောင်ချုန်းသည် ခန်းမထဲရောက်တာနဲ့ နောက်ထပ်အကြီးအကဲသုံးယောက်ဝင်လာခဲ့သည်။ထို့နောက် အကြီးအကဲဂူ ၊ အကြီးအကဲဟီရန် ၊ အကြီးအကဲချူး နှင့် အကြီးအကဲလောင်ချုန်းတို့သည် လေးယောက်ပေါင်းကာ နေရာကူးပြောင်းရေးအစီအရင်ကို ဖန်တီးတည်ဆောက်ဖို့ ပြင်ဆင်လိုက်သည်။

အကြီးအကဲလေးယောက်လုံးသည် သူတို့ရဲ့ သိုလှောင်ကွင်းထဲမှ ရတနာပစ္စည်းတစ်ခုစီကို ထုတ်လိုက်ကြပြီး လေပေါ်တွင် ပျံဝဲစေလိုက်သည်။

ထို့နောက် သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားကို ထိုရတနာထဲသို့ ထည့်သွင်းလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့ ရတနာထဲမှာ စွမ်းအင်တွေထွက်လာကာ ရတနာလေးခုသည် ချိတ်

ဆက်သွားခဲ့ပြီး နေရာကူးပြောင်းရေး အစီအရင်ဖြစ်ပေါ်လာခဲ့သည်။

ထိုအခါ လောင်ချုန်းသည် "မင်းတို့အားလုံးငါမှာတာမမေ့ပါနဲ့.......ဒါကတကယ့်တိုက်ပွဲ့အစစ်ဆိုပင်မယ့် မင်းတို့အသက်ကို စတေးဖို့ မတန်သေးဘူး ၊ မင်းတို့က ငယ်ရွယ်သေးတဲ့အတွက် ကျင့်ကြံဖို့အချိန်အများကြီးကျန်သေးတယ် " ဟု ပြောလိုက်သည်။

ထို့နောက် အားလုံးသည် နေရာကူးပြောင်းရေးအစီအရင်အတွင်းသို့

ခုန်ဝင်သွားကြလေသည်။ချောင်ဖုန်းသည် အစီအရင်ရဲ့ တခြားတစ်ဖက်ကို ရောက်သောအခါ ကြောက်စရာအငွေ့အသက်များစွာရှိနေသော နေရာကို တစ်ယောက်ထဲရောက်ရှိသွားခဲ့သည်။

ထိုချိန်မှာ နတ်ဆိုးသားရဲတစ်ကောင်သည် အမှောင်ထဲမှ မျက်လုံးအနီကြီးဖြင့်ချောင်ဖုန်းအားကြည့်နေလေသည်။ကောင်းကင်နတ်ဆိုးသားရဲသည် ဌက်ပေါက်စအသွင်ဖြင့် ထွက်လာပြီး "အကိုကြီး.....ငါတို့ပြိုင်ပွဲလေးတစ်ခုစလိုက်ကြမလား ဟီး....." ဆိုပြီးပြောလိုက်သည်။

ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်ရောက်ရှိသွားတဲ့အတွက် လေပေါ်တွင် တချိန်လုံးပျံသန်းနိုင်နေပြီဖြစ်တဲ့အပြင် ရီချုံနဲ့ဆက်နွယ်မှုသည် ပို၍ အားကောင်းလာခဲ့သည်။

"ဒါရီချုံရဲ့ စွမ်းအားပဲ ဖြစ်ရမယ်" ဟု ပြောလိုက်ပြီး ချောင်ဖုန်းသည် လေပေါ်သို့ ပျံလိုက်ကာ "ကောင်းပြီလေရီချုံ......ငါတို့စလိုက်ကြတာပေါ့ ...." ဟု ပြောပြီး အမှောင်ထဲတွင် ချောင်းနေသော အဆင့်လေးကျားနတ်ဆိုးသားရဲကို ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် တချက်ထဲထိုးပြီး သတ်ပစ်လိုက်သည်။

ကောင်းကင်နတ်ဆိုးသားရဲသည် "အကိုကြီး...... ရီချုံကိုလဲ စောင့်ပါအုံး " ဟု ပြောပြီး ဧရာမကောင်းကင်နတ်ဆိုးသားရဲ အသွင်ပြောင်းကာ ပုန်းနေသော နတ်ဆိုးသားရဲတွေကို လိုက်လဲသတ်ဖြတ်လေသည်။

ငရဲစိမ့်ကျောက်သားပြင်သည် သူ့နဲ့ကိုယ်ပိုင်စွမ်းချိတ်ဆက်ထားသောလူရဲ့ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်နိုင်သည့် အမှတ်ကို ကျောက်သား အလိုအလျောက်မှတ်သားထားသည်။

ရီချုံသည် ချောင်ဖုန်းရဲ့စီးနင်းသားရဲဖြစ်သည့်အတွက် ရီချုံသတ်နိုင်သည့်အမှတ်သည်လည်း ချောင်ဖုန်းကို ရရှိစေသည်။ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်ရောက်ရှိနေပြီ ဖြစ်သောကြောင့် အဆင့်ငါးနတ်ဆိုးသားရဲတောင် အလွယ်တကူသတ်ပစ်နိုင်သည်။

ချောင်ဖုန်းသည် မှောင်မဲနေသည် တောအုပ်အတွင်းမှာ ရီချုံရဲ့ မျက်ဝန်းတစ္ဆေစွမ်းအားကိုလဲ ရရှိထားသည်။မျက်ဝန်းတစ္ဆေစွမ်းအားသည် အားကောင်းသော အမှောင်ဓာတ်စွမ်းအားကို ထိုးဖော်မြင်နိုင်သော စွမ်းအင်တစ်မျိုးဖြစ်သည်။ထိုစွမ်းအင်သည် ချောင်ဖုန်းဧကရာဇ်နယ်ပယ်ရောက်ရှိသွားသော်အခါမှ ရရှိခြင်းဖြစ်သည်။

ချောင်ဖုန်းနှင့်ရီချုံသည် ရောက်ရှိကတည်းက ကောင်းကင်နတ်ဆိုးသားရဲများကို လိုက်လံသတ်ပစ်ခဲ့ပြီးနောက် အချိန်တစ်ခုကြာတဲ့အခါ ရီချုံသည် ချောင်ဖုန်းအား နတ်ဆိုးသားရဲတွေမှ ရရှိသော ဝိညဥ်စွမ်းအင်များကို ပေးလိုက်ပြီး"အကိုကြီး.....ရီချုံဗိုက်အင်သွားလို့ တစ်ရေးလောက်အိပ်အုံးမယ်" ပြောကာ ချောင်ဖုန်းခန္ဓာကိုယ်အတွင်းသို့ ပြန်၍ ဝင်သွားလေသည်။

ချောင်ဖုန်းသည် ဝိညဥ်စွမ်းအင်များကို သီးသန့်သိုလှောင်တစ်ခုဖြင့် ထည့်သိမ်းလိုက်ပြီး လေပေါ်တွင်ပျံသန်းလာလေသည်။ထိုချိန်မှာ ချောင်ဖုန်းသည် အဖျက်စွမ်းအားကောင်းသော တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။

ထိုအခါ ချောင်ဖုန်းသည် ထိုတိုက်ခိုက်နေရာကို လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ချောင်ဖုန်းသည် အဆင့်ခြောက်နတ်ဆိုးသားရဲကြီးရဲ့ တိုက်ခိုက်မှုကို ခံနေရသော အပြင်စည်းတပည့်နှစ်ယောက်ကို တွေ့သွားခဲ့သည်။

"စီနီယာချန်ရှောင်....ငါတို့ ဒီနတ်ဆိုးသားရဲကိုဘယ်လိုမှ မယှဥ်နိုင်ဘူး ငါတို့ပြန်ဆုတ်ကြရင်ကောင်းမယ်"

ထိုအခါ ချန်ရှောင်လဲ ခေါင်းငြိမ့်ပြလိုက်ပြီး နောက်ပြန်ဆုတ်မည့်ချိန့်မှာ လူဆယ်ယောက်သည် ချန်ရောင်တို့ နောက်ကို ရောက်ရှိလာကြသည်။ထိုလူတွေကတော့ ဝတ်ရုံနီဂိုဏ်းကလူများပင် ဖြစ်ကြသည်။

ချန်ရှောင်တို့သည် ဝတ်ရုံနီဂိုဏ်းက လူများ ရောက်ရှိလာတာကို သိသွားသော်အခါ သိုလှောင်ကွင်းလက်စွပ်ထဲမှ အစီအရင်စာရွက်အား အသက်သွင်းဖို့ လုပ်ချိန်မှာ အလွန်လျင်မြန်သော လျှပ်စီးမြွေပါလေးသည် သူတို့နှစ်ယောက်ရဲ့ အစီအရင်စာရွက်အား လုယူ၍ ယိုးမင်ကို ပေးလိုက်လေသည်။

ထိုအခါ ချန်ရှောင်နှင့် ဇူလင်းဟူတို့သည် သူတို့သည် မလွတ်မြောက်နိုင်ဘဲ သေဆုံးရတော့မည်ကို သိသွားပြီး မြေကြီးပေါ်သို့ လဲကျသွားကာ အလွန်ကြောက်ရွံနေကြလေသည်။

ဝတ်ရုံနီဂိုဏ်းမှလူသည်" မင်းတို့နတ်ဘုရားဂိုဏ်းက လူတွေက တော်တော် အတာပဲ " ဟု ပြောပြီး မြေပေါ်တွင် လဲကျနေသော ချန်ရှောင်တို့နားကို လျှပ်တစ်ပြတ်ရောက်ရှိလာလေသည်။

မှတ်ချက်.....ပြောပြစရာလေးရှိလို့ပါ နေရာကူးပြောင်းရေးအစီအရင် နဲ့ ဒိုင်ဗားရှင်းက တခြားနေရာတစ်ခုနဲ့တစ်ခုကို နေရာအကူးအပြောင်းလုပ်တာ တူပါသည်။ဒါပေမယ့် နေရာကူးပြောင်းရေးအစီအရင်က ရတနာပစ္စည်းတွေနဲ့ ဖန်တီးတည်ဆောက်တာ ဖြစ်ပြီး ဒိုင်ဗားရှင်းကတော့ ဝိညဥ်နယ်ပယ်အသွင်အဆင့်တိုက်ခိုက်ရေးသမားက အလွယ်တကူဖန်တီးနိုင်ခြင်းဖြစ်သည်။

All Chapters