ကောင်းကင်အံ့ဖွယ်မိစ္ဆာတာအိုလမ်းစဉ်
Vol. 14 Ch. 188
အစိမ်းရောင်ကံကြမ္မာဓား၌ ဓားဆန္ဒတစ်ခု ရစ်ပတ်လာ၏။
ရေပွက်သံသဲ့သဲ့ ကြားလိုက်ရသည်။
သို့သော်လည်း ၎င်းသည် အမှန်တကယ် ရေပွက်ခြင်း မဟုတ်ပါ။ ထိုရေစက်သည် ဓားချီမှ စုစည်းဖြစ်ပေါ်လာကာ လူတစ်ယောက်ကို သတ်ဖြတ်နိုင်သော ဓားတစ်လက် ဖြစ်သည်။
ထန်ချီ၏ဓားအလင်းသည် ရေစက်နှင့် ထိတွေ့ကာ ရေစက်သည် အခိုးအငွေ့ထုကြီးအဖြစ် ပြောင်းလဲလျှက် ဓားကို ရစ်ပတ်သွားသည်။
ဓားဆန္ဒနှစ်ခု ထိပ်တိုက်တွေ့ခြင်းက ကောင်းကင်မှ တိမ်များကို လူးလွင့်စေသည်။
ရေခိုးထုထည်သည် ကောင်းကင်သို့ ထိုးတက်သွားကာ တိမ်မြူများနှင့် ပေါင်းစပ်လျှက် တိမ်နဂါးအသွင်သို့ ပြောင်းလဲသွားကာ အောက်သို့ သက်ဆင်းလာသည်။
မူလက ထန်ချီ ထိုးနှက်လိုက်သော ဓားအလင်းသည် ခုခံရန် ခက်ခဲ၏။ ယခုကား တိမ်နဂါးနှင့် ထိတွေ့သောအခါ ထိုဓားအလင်းမှာ ရုတ်တရက် ပျက်ပြယ်သွားသည်။
တိမ်နဂါးသည် ထန်ချီထံသို့ ဆက်လက် သက်ဆင်းလာ၏။
“မိုးသက်ကြွေလမင်းဓား…”
ထန်ချီကား မှင်တက်အံ့အားသင့်နေသည်။
ထိုဓားနည်းစနစ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ရေဓာတ်မျိုးဆက် ဓားသိုင်း ဖြစ်သည်။
ဟန်မူယဲ့သည် ဓားစံအိမ်မှ ဓားထိန်း မဟုတ်ဘူးလား။
သူက ရေဓာတ်မျိုးဆက်ဓားသိုင်းကို မည်သို့ သိနေရသနည်း။
ရေဓာတ်မျိုးဆက် မဟာအကြီးအကဲ ကျန်းကျစ်ဟယ်သည် ဟန်မူယဲ့၏ဆရာများလား။
ယခင်က ကျန်းကျစ်ဟယ်သည် သူ့အား ဓားသိုင်း မသင်ပေးလိုသည်မှာ မထူးဆန်းတော့ပေ။
ဝုန်း…
ရေနဂါးသည် ထန်ချီအား ဖုံးအုပ်သွား၏။
ရေမှုန်ရေဖွားများ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားကာ ထန်ချီမှာလည်း ပေတစ်ထောင်ခန့် နောက်ကို လွင့်စင်သွားသည်။
သူက မျက်နှာများ ပြာနှမ်းလျှက် ဟန်မူယဲ့ကို ကြည့်သည်။
သူသည် ဂိုဏ်း၏ နံပါတ် ၂ တိုက်ရိုက်တပည့် ဖြစ်သည်။
သူသည် ကမ္ဘာမြေကျင့်ကြံဆင့်၌ ရှိ၏။
အနောက်ဘက်ကုန်းမြေတွင် သူ၏မျိုးဆက်တူအတွင်း၌ ထန်ချီအား ဓားပညာဖြင့် ဖိနှိပ်နိုင်သူမှာ လက်ချိုးရေ၍ ရသည်။
လီသုံးသည်ပင် သူ့အား မယှဉ်နိုင်ပါ။
အမြဲတမ်းအားဖြင့် ထန်ချီသည် ရည်မှန်းချက်တစ်ခုတည်းသာ ရှိသည်။
၎င်းကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ဖြစ်လာကာ အနောက်ဘက်ကုန်းမြေ၌ အောင်မြင်ကျော်ကြားရန် ဖြစ်သည်။
ဂိုဏ်းချုပ်ကျင်းကျီသည်ပင် လုံလောက်သော သတ္တိကင်းမဲ့သည်ဟု ထင်မြင်ယူဆသည်။
ထို့ကြောင့် ထန်ချီသည် မီးတောက်နီစစ်တပ်၏ခွန်အားကို အသုံးချရန် ဝန်မလေးခဲ့ပေ။
သူက တိုက်ပွဲတစ်ပွဲတည်းဖြင့် အရာအားလုံးကို ဖြေရှင်းကာ နောက်ဘက်ကုန်းမြေ၌ အော်မြင်ကျော်ကြားလိုသည်။
ယခုကား သူသည် ဟန်မူယဲ့၏ဓားတစ်ချက်ကိုပင် ခံနိုင်ရည် မရှိပါ။
သူ့ရှေ့မှ ဓားထိန်းသည် အန်မတန် ထက်ရှသော ဓားဆန္ဒအရောင်အဝါကို ထုတ်ဖော်သောအခါ ထန်ချီမှာ သူ့မျက်လုံးအား ရဲရဲမကြည့်ရဲတော့ပါ။
ဓားထိန်းတစ်ယောက်က ထိုမျှ သန်မာသည်လား။
ဟန်မူယဲ့က ကံကြမ္မာဓားဖြင့် ချိန်ရွယ်ကာ ထူးမခြားနားစွာ ပြောသည်။
“မင်းမှာ တိုက်ခိုက်ရဲတဲ့ စိတ်ဆန္ဒနဲ့ ရဲစွမ်းသတ္တိမရှိဘူး။ ထန်နှစ်… မင်းဟာ ဓားသမားဖြစ်ဖို့ မထိုက်တန်ဘူး”
လှည့်ကွက်ပေါင်းများစွာဖြင့် ထန်နှစ်သည် အတော်လေး ခက်ခဲသော ပြိုင်ဖက်ဖြစ်မည်ဟု ဟန်မူယဲ့က တွေးထင်ခဲ့၏။
ဟန်မူယဲ့က အနည်းငယ် စိတ်ပျက်သွားရသည်။
စိတ်နှလုံးထဲတွင် တိုက်ခိုက်ရဲသော သတ္တိမရှိပေ။ ဆိုလိုသည်က သူ့နှလုံးသား၌ ဓားမရှိချေ။
ထန်ချီ၏မျက်နှာ ပြာနှမ်းသွားသည်။
သူသည် ဟန်မူယဲ့ရှေ့တွင် ထိုမျှ ပျော့ညံ့သည်လား။
အောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ မျက်လုံးပြူးသွားသည်။
ယခု…
ထန်ချီ ရှုံးသွားသည်လား။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အတော်ဆုံးသော လူငယ်မျိုးဆက် ဖြစ်သည်။ သူက မည်သို့ အလွယ်တကူ ရှုံးနိမ့်သွားရသနည်း။
ဓားတစ်ချက်…
‘အဲဒါ ဘယ်သူကြီးလဲ…’
ဟူး… ဟူး… ဟူး…
အဝေးမှ လူရိပ်များ ပြေးလွှားလာသည်။
သူတို့မှာ ဖုန်းရှို့တောင်ကို စောင့်ကြပ်နေကြသော အနောက်ဘက်ကုန်းမြေမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ဖုန်းရှို့တောင် ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျရှုံးသွားပြီ ဖြစ်သည်။
အဝေးတွင် မိစ္ဆာစစ်တပ်ကြီး ချီတက်လာခြင်းသည် ကောင်းကင်မှ တိမ်များကိုပင် လူးလွင့်လှိုင်းထန်စေသည်။
အားကောင်းသော ဖိအားတစ်ခုသည် လေထုကို မွမ်းကြပ်စေလာခဲ့၏။
တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများ…
ဟန်မူယဲ့က မျက်မှောင်ကြုတ်ကာ ပေတစ်ထောင်ဓားအလင်းတန်းအဖြစ် အသွင်ပြောင်းလျှက် ကောင်းကင်သို့ ထိုးတက်သွားသည်။
သူ၏လက်ထဲမှ ဓားသည် သူ့သွေးများအား ဆူပွက်စေသည်။
ထန်ချီနှင့် တိုက်ခိုက်ခြင်းက မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။
သူက တိုက်ခိုက်လိုလျှင် တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများနှင့် တိုက်ခိုက်ကာ အနောက်ဘက်ကုန်းမြေအား ကာကွယ်ရပေမည်။
၎င်းသည်ပင် ဓားသမားတစ်ဦး၏နှလုံးသား အလိုဆန္ဒဖြစ်သင့်သည်။
ဟန်မူယဲ့၏ခေါင်းထက်တွင် ဓားအလင်းသည် စူးရှသော ကြယ်တာရာများအဖြစ် ပြောင်းလဲသွား၏။
ထိုအခိုက်တွင် လောက၌ မည်သည့်စွမ်းအားကမှ ထိုဓားအလင်းနှင့် မနှိုင်းယှဉ်နိုင်ပါ။
ဟူး…
ပေတစ်သောင်းခန့် ဓားအလင်းသည် မြေပြင်၌ ပေသုံးဆယ်ခန့် နက်သော ဓားအမှတ်အသားအား ဖြစ်ပေါ်စေသည်။
“ရှေ့တန်းစစ်မျက်နှာကို ပြန်ဖွဲ့စည်းကြ…”
“တောင်ပိုင်းကုန်းမြေက ဒီစည်းကို ကျော်လာသူအကုန်လုံးကို သတ်…”
သူ၏အသံကား အေးစက်ကာ ထက်ရှသည်။
ဟန်မူယဲ့၏ဓားသည် တစ်လက်လက် တောက်ပနေ၏။
အနောက်ဘက်ကုန်းမြေမှ ထွက်ပြေးလာကြသော ကျင့်ကြံသူများသည် နောက်ပြန်လှည့်ကာ လေထဲမှ ဟန်မူယဲ့အား ကြည့်ကြသည်။
မည်သူမှ စကားမပြောကြပေ။
သူတို့သည် ဓားအမှတ်အသားနေရာသို့ လျှောက်သွားကြကာ တိုက်ပွဲဝင်္ကပါကို ခင်းကျင်းလိုက်ကြသည်။
ထွက်ပြေးမည်လား…
သူတို့ မည်သည့်နေရာသို့ ထွက်ပြေးရမည်နည်း။
ပေတစ်သောင်းခန့် ဝေးသောအရပ်၌ တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများသည် ချီတက်လာခြင်းအား ရပ်တန့်လိုက်ကြသည်။
ခုနက ထွက်ပေါ်လာသော ဓားအလင်းသည် အလွန်အားကောင်းရာ သူတို့က သတိထားရန် လိုပေသည်။
တောအုပ်အစပ်တွင် သူပုန်ဂိုဏ်းများသည် မိစ္ဆာများ ချီတက်လာသည်ကို ဝမ်းသာအားရ ကြည့်နေရာမှ မျက်နှာပျက်သွားကြသည်။
သူတို့ရှေ့မှ ထိုဓားအလင်း ပေါ်ထွက်လာသောအခါ မည်သူမှ ရှေ့မတက်ရဲကြတော့ပါ။
ဟန်မူယဲ့ လေထဲတွင် သူ၏ဓားကို ကိုင်ကာ ရပ်နေသည်။
သူ့ရှေ့တွင်ကား တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများ ဖြစ်သည်။
သူ့အောက်တွင်ကား အနောက်ဘက်ကုန်းမြေမှ ရှုံးနိမ့်သွားသော စစ်သည်များ ဖြစ်သည်။
သူ့နောက်တွင်ကား သူပုန်ဂိုဏ်းများ တဖြေးဖြေး စုစည်းလာသော်လည်း သူတို့ ရှေ့မတက်ရဲကြပါ။
တောအုပ်ဘေးနားတွင် ဟွမ်လောင်လျှိုသည် တာအိုဆရာဖုန်းရှုအား ကြည့်သည်။
သူ၏ဓားထံမှ ထူးဆန်းသော အရှိန်အဝါများ တောက်ပလာသည်။
“ကျုပ် ခင်ဗျားကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ညီမဖျင်ကို လွှတ်လိုက်ပါ”
တာအိုဆရာက အဝေးမှ တောင်ပိုင်းမိစ္ဆာများအား ကြည့်သည်။ သူ့နောက်တွင်လည်း ပိုမိုများပြားသော သူပုန်ဂိုဏ်းသားများ စုစည်းလာသည်။
သူ တွန့်ဆုတ်နေ၏။
ထိုအခိုက်တွင် ဟွမ်လောင်လျှိုသည် မီးတောက်တစ်လုံး ပေါက်ကွဲတော့မည့်အလား ခံစားချက်ကို ပေးနေသည်။
“လွှတ်ပေးရမလား…”
အနက်ရောင်ဝတ်အဖိုးအိုတစ်ဦးက ရယ်မောလိုက်သည်။ သူက လက်မြှောက်ကာ လုချန်းဖျင်၏ခေါင်းကို ရိုက်ချလိုက်သည်။
လုချန်းဖျင်က ဟွမ်လောင်လျှိုကို ပြုံးလျှက် ကြည့်သည်။ သူမက မျက်လုံးများကို မှိတ်လိုက်၏။
သူမက မျက်လုံးကို မှိတ်လိုက်သောအချိန်တွင်ပင် ဟွမ်လောင်လျှို ချုပ်တီးထားသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
မိစ္ဆာအရောင်အဝါတစ်ခုသည် နဂါးတစ်ကောင်အသွင်ဖြင့် ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ဟွမ်လောင်လျှိုထံမှ ရွှေရောင်ချီအလင်းများသည် မိစ္ဆာမီးလျှံများဖြင့် တောက်လောင်ရောစပ်နေကာ ထူးဆန်းသော အလင်းကို ပေးသည်။
“မင်း သူ့ကို သတ်ချင်တာလား…”
ဟွမ်လောင်လျှို၏အသံသည် မြေအောက်ကမ္ဘာမှ လာသော အသံအလား အသူရာချောက်နက်တမျှ နက်ရှိုင်းအေးစိမ့်မှုကို ပေးသည်။
သူ၏လက်ထဲမှ ဓားသည် ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော အနက်ရောင်ဓားအလင်းကို ထုတ်လွှတ်၏။
ဝှစ်…
ဓားသည် အနက်ရောင်ဝတ်အဖိုးအို၏လက်ဖဝါးထက် အဆပေါင်းများစွာ မြန်ဆန်သည်။
အနက်ရောင်ဝတ်အဖိုးအိုမှာ တခဏအတွင်း အပိုင်းပိုင်းအစစ ဖြစ်သွားသည်။
“မိစ္ဆာအသွင်ပြောင်း…”
အဝေးတွင် လှံကို ကိုင်ထားကာ အနက်ရောင်ချပ်ဝတ်လူကြီးသည် ထိုမြင်ကွင်းကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်သည်။
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ကောင်းကင်အံ့ဖွယ်မိစ္ဆာအမွေအနှစ်ဟာ ပျောက်ဆုံးသွားတာ ကြာပြီပဲ”
သူက ရှေ့ကို တက်သွားလို၏။ သူက တွန့်ဆုတ်နေသည်။ နောက်ဆုံးတွင် သူသည် တောအုပ်အစွန်သို့အထိ ဆုတ်ခွာကာ ပုန်းကွယ်နေလိုက်သည်။
ဟွမ်လောင်လျှို၏ စိုက်ကြည့်ခြင်းကို ခံရသော တာအိုဆရာဖုန်းရှုသည် တကိုယ်လုံး အစိတ်စိတ်အပိုင်းပိုင်း ပြိုကွဲတော့မည်ကဲ့သို့ ခံစားနေရသည်။
သူ၏မျက်နှာက ပြာနှမ်းနေကာ နောက်ကို ဖြေးလေးစွာ ဆုတ်သည်။
ဟွမ်လောင်လျှိုသည် သူ၏ဓားကို ဆွဲကာ ရှေ့ကို လှမ်းသွား၏။
လုချန်းဖျင် မျက်လုံးဖွင့်လိုက်သောအခါ သူမ၏ရှေ့တွင် ဟွမ်လောင်လျှိုတစ်ယောက်သာ ရှိသည်။ သူမကား ပြုံးနေသည်။
လုချန်းဖျင်က လက်မြှောက်ကာ ဟွမ်လောင်လျှိုအား ထိတွေ့လိုသည်။
ဟွမ်လောင်လျှိုက ရယ်မောကာ နောက်ကို တစ်လှမ်းဆုတ်လိုက်၏။
သူ အတတ်နိုင်ဆုံး ချုပ်တီးထားသော မိစ္ဆာမီးလျှံများ တဖန် တောက်လောင်လာကြပြန်သည်။
ဟူး…
ဟွမ်လောင်လျှို၏မျက်လုံးများ နီရဲလာသည်။
“အစ်ကိုကျန်းရှုံး…”
လုချန်းဖျင်က ခေါ်လိုက်လျှင် အသိစိတ်ပျောက်မတတ် ဖြစ်နေသော ဟွမ်လောင်လျှို၏မျက်လုံးများ တဖန် ကြည်လင်လာသည်။
“ညီမဖျင်… ကျုပ် ရှိတယ်”
ဟွမ်လောင်လျှိုက တုန်ယီသော လက်များဖြင့် လုချန်းဖျင်၏လက်ကို ဆုပ်ကိုင်သည်။
သူက ဓားကို လွှတ်လိုက်သည်။
ဓားသည် မြေပြင်ပေါ်သို့ ကျသွားကာ အဖြူရောင်ဝတ်စုံနှင့် မြေခွေးဖြူကို ပွေ့ထားသော ကောင်းရှောင်ရွှမ်အသွင်သို့ ပြောင်းလဲသွား၏။
“ခင်ဗျားက မရီးလား…”