အပိုင်း(၄၇၁)
Vol. 32 Ch. 471
“ဝမ်းကွဲ..လင်လဲ့”
သူ၏ စိတ်ဝိညာဉ်ချီလုံးက ချောမောသောကောင်မလေးကြောင့် ပျက်ဆီးသွားသည်ကို လင်ဟွမ်ဟုခေါ်သောလူငယ်မြင်တွေ့
လိုက်ရသောအခါတွင် သူ၏မျက်နှာထက်၌ ဒေါသတို့ဖြစ်ပေါ်လာပြီး အေးစက်စွာအော်ပြောလိုက်သည်။
သို့သော် လူငယ်မှာ လင်လဲ့ဟုခေါ်သောကောင်မလေးအား
တစ်နည်းနည်းဖြင့် ကြောက်ရွံ့ပုံရသည်။ အေးစက်စွာနှာမှုတ်လိုက်ပြီးနောက် ဘာမှလဲထပ်ပြောခြင်းမရှိသလို တုက်ခိုက်ရန်လည်းအခြားဘာလှုပ်ရှား
မှုကိုမှလည်းမပြုလုပ်ပေ။ ရှစ်ဖုန့်ကို သာ အေးစက်စွာစိုက်ကြည့်နေသည်။
ရှစ်ဖုန့်ကလည်း သူ၏အသက်အားလိုချင်နေသည့် လူငယ်ကိုအေးစက်စွာစိုက်ကြည့်နေသည်။
ဤအချိန်တွင် ချစ်ဖို့ကောင်းသော အမျိုးသမီးက ပြောလိုက်သည်။
“ဝမ်းကွဲညီမ လင်ရွှယ်က လင်မိသားစုဝင်တစ်ယောက်ဖြစ်တယ်..
ပင်ကိုအားဖြင့် လင်မိသားစုက သူမကိုကောင်းကောင်းဆက်ဆံလိမ့်မယ်.. နင့်ရဲ့ မောက်မာတဲ့ စကားလုံးတွေအတွက်ကျ
နင်ဟာ ငယ်ရွယ်ပြီး မာနကြီးတဲ့သူဖြစ်လို့လို့ငါမှတ်ယူလိုက်မယ်… အဲတာထက် …လင်ရွှယ်ကိုကောင်းကောင်းမွန်မွန်
စောင့်ရှောက်ထားပေးတဲ့ အဖိုးခအနေနဲ့ ဒီတစ်ကြိမ်တော့ နင့်အသက်ကိုငါချမ်းသာပေးလိုက်မယ်. နောက်တစ်ခုဒီလိုရှိလာမှာမဟုတ်ဖူး.”
လင်လဲ့ ဟု ခေါ်သောအမျိုးသမီး၏ မျက်နှာက ရုတ်တရက်အေးစက်မှုအဖြစ်ပြောင်းသွားသည်။
“လင်ရွှယ်ကို အနာဂတ်မှာ နင့်ရဲ့ညီမအနေနဲ့ နင့်ကိုခေါ်ခွင့်မပြုနိုင်ဘူး.. နင့်ရဲ့အဆင့်အတန်းနဲ့ လင်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ်ခေါ်ဖို့ မထိုက်တန်ဘူး. “
လင်ရွှယ်ကနောက်ဆုံးစကားတို့အား
ရှစ်ဖုန့်ကိုပြောချိန်တွင် သူမ၏မျက်နှာထက်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ထို့နောက်မကြာခင် သူမ၏ပုံရိပ်ကလှုပ်ရှားသွားပြီး ရှစ်ဖုန့်ရှေ့သို့သူမရောက်ရှိလာသည်။
နောက်ထပ်လှုပ်ရှားမှုတစ်ခုဖြင့် ရှစ်ဖုန့်အားဖက်ထားသောရှစ်လင်ကို သူမ၏လက်မောင်းအတွင်းဆွဲယူသွားသည်။ ထို့နောက် လင်မိသားစုဝင်ပါရမီရှင်သုံယောက်အား သူမကပြောလိုက်သည်။
“သွားစို့”
အမျိုးသမီးစကားဆုံးပြီးပြီးချင်း ပုံရိပ်လေးခုက ကောင်းကင်ထဲသို့ ဘန်းခနဲထိုးတက်သွားသည်။ သူတို့က စစ်နတ်ဘုရားခန်းမ အမိုးကို ဖောက်ထွင်းသွားပြီး ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။
“ငါ့ကိုလွှတ်ပေး..ငါ့ကိုလွှတ်ပေးစမ်း..ငါ့ကိုကြီးကိုငါလိုချင်တယ်.. ငါနင်တို့နဲ့မသွားချင်ဘူး..ငါ့ကိုလွှတ်ပေးပါ. ငါ့အမေနဲ့ကိုကြီးနဲ့ပဲ ငါနေချင်တယ်”
ရှစ်လင်၏အော်ဟစ်ငိုကြွေးသံများအားကောင်းကင်ထဲမှ ကြားရနိုင်သည်ဖြစ်သည်။ သို့သော်အသံမှာ စစ်နတ်ဘုရားခန်းမအတွင်းရပ်နေသော ရှစ်ဖုန့်နှင့်ဝေးသည်ထက်ဝေးသွား၏။
“လင်မိသားစု”
ကောင်းကင်ထဲရှိပုံရိပ်များနှင့် အမျိုးသမီး၏လက်မောင်းတို့အတွင်း
ရုန်းကန်ငိုယိုနေသောလင်အာအားကြည့်ရင်း ရှစ်ဖုန့်သူ၏လက်သီးအားတင်းကျပ်စွာဆုပ်လိုက်သည်။ သူ၏ကိုယ် တုန်ယင်နေပြီး “လင်မိသားစု” ဟူသော စကားလုံးတို့ထွက်လာသည်။ ယခင်ဧကရာဇ်ကျိုးယိုဖြစ်သော သူ့အနေဖြင့် ယခင်က အရမ်းစွမ်းအားမဲ့မှုကို လုံးဝမခံစားခဲ့ဖူးပေ။
ဤသည်မှာလင်အားအား တစ်စုံတစ်ယောက်ကအဝေးသို့ ခေါ်ဆောင်သွားခြင်းခံရသည့် ဒုတိယအကြိမ်ဖြစ်သည်။ ဤတစ်ကြိမ်ကသူ၏ရှေ့မှောက်တွင်ဖြစ်၏။သို့သော် သူ့အနေဖြင့် အခြားသူတစ်ဦး၏လက်မောင်းအတွင်းငိုယိုနေပြီးသူ့အား “ကိုကြီး” ဟုခေါ်နေသော ညီမဖြစ်သူကို ကြည့်နေရုံသာတက်နိုင်ခဲ့သည်။
ကောင်းကင်ထဲမှပုံရိပ်များကရှစ်ဖုန့်၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည့်တိုင် ရှစ်ဖုန့် က အမိုးပေါက်မှနေ၍ ကောင်းကင်ပြင်အား ဗလာနတ္ထိစိုက်ကြည့်နေဆဲဖြစ်သည်။
ယင်းမှာ ညီမဖြစ်သူ၏ ရုန်းကန်ငိုယိုနေသောပုံရိပ်အားသူ မြင်နိုင်သေးသကဲ့သို့ဖြစ်၏။ သူ၏စိတ်ထဲတွင်ညီမဖြစ်သူငိုနေသော
အသံတို့က ပဲ့တင်ထပ်နေသည်။
“ခွန်အား..ငါ့မှာ ခွန်အားတွေစွမ်းအားတွေ့ရှိရမယ်… ကမ္ဘာကြီးကို အပေါ်စီးကကြည့်ပြီး အရာအားလုံးကို ဖယ်ရှားပစ်နိုင်တဲ့စွမ်းအားမျိုး..”
ရှစ်ဖုန့်သူ့ဖာသာသူတွေးလိုက်၏။ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်ဟူသည်က အမှိုက်သာဖြစ်လေသည်။
လင်မိသားစု၏ ပါရမီရှင် လေးယောက်က ကောင်းကင်ထဲ၌ ပေါ်လာသကဲ့သို့ ရာနှင့်ချီသော သူတော်စင်နယ်ပယ်စစ်သည်များကလည်း သူတို့၏ အဖြူရောင်သားရဲများကို ချက်ချင်းမောင်းနှင်ပြီး ပါရမီရှင် လေးယောက်၏ နောက်မှ တန်းစီလိုက်ပါလာကြသည်။ ထို့နောက် လင်လဲ့ဟုခေါ်သောကောင်မလေးက သူ၏ပါးစပ်အားဖွင့်ဟလိုက်ပြီးပြောလိုက်သည်။
“သွားစို့”
သူမ၏အသံကညင်သာသော်လည်း ကောင်းကင်ထဲ၌ ပဲ့တင်ထပ်သွားသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ထဲ၌ ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်လာသည်။ အစိမ်းရောင်အလင်းတို့အားထုတ်လွှတ်နေသော အစိမ်းရောင်နတ်ဆိုးသားရဲသုံးကောင်က ကောင်းကင်ထဲ၌ပြေးလာ၏။ ဤနတ်ဆိုးသားရဲလေးကောင်၌ အစိမ်းရောင်အကြေးခွံတို့ဖုံးလွှမ်းနေပြီး ၎င်းတို့ဦးခေါင်းက ခြင်္သေ့ကဲ့သို့ဦးခေါင်းများဖြစ်သည်။ သူတို့က နမည်ကျော်နတ်ဆိုးသားရဲများဖြစ်ကြသော အစိမ်းရောင်အကြေးခွံခြင်္သေ့နတ်ဆိုး
သားရဲများဖြစ်ကြသည်။
အကြေးခွံစိမ်းခြင်္သေ့လေးကောင်က လင်မိသားစု ပါရမီရှင်လေးယောက်ထံ လျှင်မြန်စွာပြေးလာသည်။ ဤနတ်ဆိုးသားရဲများမှထုတ်လွှတ်နေသော စွ မ်းအားကြီးအရှိန်အဝါက တကယ့်ကိုကြယ်ရှစ်ပွင့် မဟာသူတော်စင်နယ်ပယ်ရှိနေ၏။
လင်မိသားစုမှာ ၎င်း၏ နမည်အတိုင်းနေထိုင်သော မိသားစုပင်ဖြစ်သည်။ သူတို့ ၏ တပည့်များ၏ စီးနင်းသားရဲများကပင် အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်အဆင့်ရှိနေ၏။
အကြေးခွံစိမ်း ခြင်္သေ့လေးကောင်က လင်မိသားစုမှ ပါရမီရှင်လေးဦးအားတင်က ဦးဆောင်ပြီး ကောင်းကင်အားထိုးခွင်း၍ တစ်ဟုန်ထိုးစတင်ဖြတ်သန်းပြေးသွားသည်။လင်လဲ့၏လက်မောင်းအတွင်း၌ ငိုကြွေးနေသော ရှစ်လင်လည်းပါသည်ဖြစ်၏။
သခင်ငါးဦးထွက်ခွာသွားသည်နှင့် ရာနှင့်ချီသော အစိမ်းရောင်ချပ်ဝတ်စစ်သည်များက သူတို့၏ ကျားဖြူများအား ချက်ချင်းမောင်းနှင်ပြီး ကောင်းကင်ထဲသို့ပြေးစေလိုက်သည်။ အစိမ်းရောင်ချပ်ဝတ်စစ်သည်နှင့်ကျားဖြူစစ်တပ်တို့က လင်မိသားစု ပါရမီရှင် ငါးဦး၏နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။
ကောင်းကင်တွင် အချိန်တစ်ခုကြာမြင့်သည့်တိုင် ပြေးသွားပြီးနောက် လင်မိသားစု စစ်တပ်မှာ အဖြူရောင်တိမ်တိုက်လွှာများ
အတွင်းသို့ဝင်ရောက်သွားသည်။
အပြာရောင်ကောင်းကင်ထဲတွင် သူတို့ရှေ့ပြင်းထန်စွာတိုက်ခတ်နေသော လေပြင်းအား ရင်ဆိုင်ပြီး ယောက်ျားပီသသောမျက်နှာနှင့် လူငယ်က သူ့အနောက်ရှိ အစိမ်းရောင်ချပ်ဝတ်စစ်တပ်အားကြည့်နေသည်။ ထို့နောက်သူက ခေါင်းကို ပြန်လှည့်လိုက်ပြီး လင်ဟွမ်ဟုအမည်ရသော လူငယ်ထံကြည့်လိုက်သည်။
“ဝမ်းကွဲ လင်ဟွမ်.. အစကတည်းက မင်းမျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးတစ်ခုရှိနေတယ်.. မင်းဘာကိုတွေးပြီး ပြုံးနေတာလဲ”
“ဝမ်းကွဲလင်ယု ..ငါပြုံးနေလို့လား..ငါကလား”
လင်ဟွမ်ဟု အမည်ရသော လူငယ်က သူ၏ ခေါင်းအား လှည့်လိုက်သည်။ လင်ယုဟု ခေါ်သော လူငယ်အားသူစကားပြောချိန်တွင်သူ၏မျက်နှာထက်၌ အေးစက်သော အပြုံးတစ်ခုနှင့် မောက်မောသော မျက်နှာတစ်ခုကရှိနေဆဲဖြစ်သည်။
“ဟမ့်”
လင်ယုက အေးစက်စွာနှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့အနီးကပ်နောက်လိုက် ..လင်ကောင်းက ခုဏက တိတ်တဆိတ်ထွက်သွားတာကိုငါမသိဘူးများထင်နေလား.. ထားလိုက်ပါ. အဲ့တာကမင်းရဲ့ ကိစ္စပဲ.. ငါဂရုမစိုက်ဘူး”
“အရူးတစ်သိုက်”
လင်ယု၏ စကားများ ကြားပြီးနောက် လင်ဟွမ်က တီးတိုးရေရွတ်လိုက်သည်။
“မင်းတို့အရူးတွေ…အဲ့လူငယ်ကိုယ်ပေါ်က ချပ်ဝတ်က ထူးခြားတယ်ဆိုတာကို မင်းတို့ သဘောမပေါက်ကြဘူး. ဒါပေမဲ့ မင်းတို့အရူးတွေ သတိမထားမိတာလဲကောင်းပါတယ်… လင်ကောင်းက မကြာခင် ပစ္စည်းကို ဒီသခင်လေးဆီယူလာပေးလိမ့်မယ်”
“ဟမ့် ..အဲ့ပုရွက်ဆိတ်က ခုဏက ဒီသခင်လေးကို ဒေါသထွက်အောင်လုပ်ရဲတယ်… နောက်ကျ မင်းလင်ကောင်းရဲ့ နှိပ်စက်တဲ့ နညး်လမ်းတွေကိုမြည်းစမ်းရလိမ့်မယ်.. ပြီးတော့ လင်လဲ့အဲ့သောက်ခွေးမ.. ငါကိုင်တွယ်နေတဲ့ အပြင်လူတစ်ယောက်ကို တကယ် ကူညီခဲ့တယ်.. သူက ဒီသခင်လေးရဲ့တိုက်ခိုက်မှုကိုချိုးဖျက်ခဲ့ပြီး ဒီသခင်လေးကို အရှက်ခွဲခဲ့တယ်”
စစ်နတ်ဘုရားမျှော်စင်အတွင်း၌ ရှစ်ဖုန့်မှာ ရပ်နေဆဲဖြစ်သည်။ သူကခေါင်းမော့ပြီး အချိန်တစ်ခုအထိလှုပ်ရှားခြင်းမရှိဘဲ ကောင်းကင်အားမော့ကြည်နေသည်။ အချိန်တော်တော်ကြာပြီးနောက်မှသာ သူ၏ အကြည့်တို့ကို ကောင်းကင်မှရုတ်သိမ်းလိုက်သည်။ သူ၏ ခေါင်းအားငုံ့လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်၏။
“ဒီနေရာကထွက်သွားဖို့အချိန်ကျပြီ”
ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်ပြီး စစ်နတ်ဘုရားမျှော်စင်နှင့် ရွှေရောင်အပျက်အစီးအပိုင်း
အစပုံကြီးအားကြည့်လိုက်သည်။
ဤသေးငယ်သောကမ္ဘာ၌ သူ့အတွက် ကြီးထွားလာနိုင်ရန်မှာ အရမ်း ခက်ခဲခဲ့သည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော စွမ်းအားတို့အားရရှိနိုင်ရန်အတွက် သူ့အနေဖြင့်ပိုကျယ်ပြန့်သောကောင်းကင်ထံသို့ဦးတည်ရမည်ဖြစ်သည်။အကြွင်းမဲ့စွမ်းအားတစ်ခုတည်းကသာ သူအား ယခင်ကကဲ့သို့ စွမ်းအားမဲ့သောခံစားချက်မဖြစ်စေမည်ဖြစ်၏။
“ထျန်းလျန် အင်ပါယာ”
အရှေ့ပိုင်းဒေသကြီး၏ အင်အားအကြီးမားဆုံးအင်ပါယာသုံးခုထဲမှတစ်ခုဖြစ်သော ထျန်းလျန်အင်ပါယာအကြောင်း
အားသူတို့ပြောကြသည်ကို ရှစ်ဖုန့်မှတ်မိသည်ဖြစ်သည်။ ထိုနေရာတွင်ရှိနေသောကျွမ်းကျင်သူများက ရိုးရှင်းလှစွာပင် ဤနေရာရှိလူများနှင့်နှိုင်းယှဉ်၍မရပေ။ ထိုထက်ပိုသည်ကား ထိုနေရာ၌ ကြီးမားသော နေရာကူးပြောင်းအစီအရင် တစ်ခုရှိနေသည်ဟု ချီလင်ဘုရင်ပြောသည်ကို ရှစ်ဖုန့်ကြားဖူးသည်ဖြစ်သည်။
ထျန်းလျန်အင်ပါယာသို့ဦးတည်ပြီး ထိုနေရာရှိ နေရာကူးပြောင်းအစီအရင်အား အသုံးပြု၍ အရှေ့ပိုင်းဒေသကြီးမှထွက်ခွာကာ ပိုကျယ်ပြန်သောကောင်းကင်သို့ ဦးတည်ရမည်ဖြစ်သည်။
“သန်မာလာရမယ်”
ရှစ်ဖုန့်သူ့ဖာသာသူထပ်မံတွေးလိုက်သည်။
“ဟမ်”
ထို့နောက်ရှစ်ဖုန့်၏ မျက်လုံးတို့ရုတ်တရက်စူးစိုက်သွားသည်။ စစ်နတ်ဘုရားမျှော်စင်ခေါင်မိုးထက်မှ ကြီးမားသော အပေါက်အားဖြတ်သန်းပြီး ရုတ်တရက် စိမ်းပြာရောင် လှံပုဆိန် အရိပ်ကြီးတစ်ခုကောင်းကင်ထဲ၌ပေါ်လာပြီး စစ်နတ်ဘုရားမျှော်စင်အားဖုံးသွားသည်ကို သူမြင်တွေ့လိုက်ရသည်။ ထို့နောက် ၎င်းကရုတ်ခြည်း အောက်ဘက်ရှိ စစ်နတ်ဘုရား မျှော်စင်ပေါ်သို့ ကျဆင်းလာသည်။
“ဝုန်း”
ဧရာမလှံပုဆိန် ရိပ်ကြီးအောက်တွင် ပြင်းထန်စွာပေါက်ကွဲသွားသကဲ့သို့ စစ်နတ်ဘုရားမျှော်စင်၏ အမိုးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ဧရာမ လှံပုဆိန်ရိပ်ကြီးက ရှစ်ဖုန့်ထံသို့ ဆက်လက်ကျဆင်းလာ၏။
“ကြယ်ခုနှစ်ပွင့် သူတော်စင်နယ်ပယ်စွမ်းအား”
ကျဆင်းလာနေသော ဧရာမ စိမ်းပြာရောင် လှံပုဆိန်ရိပ်ကြီးအားကြည့်၍ ရှစ်ဖုန့်ကပြောလိုက်ပြီး တိုက်ခိုက်မှု၏ စွမ်းအားကို ရုတ်ခြည်းမြင်တွေ့လိုက်ရသည်။သူ၏ဘယ်လက်ထဲ၌ သိပ်သည်းသော မီးခိုးဖြူရောင်မြူတို့ ထုတ်လွှတ်နေသော လပြည့်ဓားကပေါ်လာသည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE