← Chapters

အပိုင်း(၄၇၂)

Vol. 32 Ch. 472

အပိုင်း(၄၇၂)

Vol. 32 Ch. 472

စိမ်းပြာရောင် လှံပုဆိန် အရိပ်ကြီးက ရုတ်တရက်ကျဆင်းလာသည်။  ရှစ်ဖုန့်က လက်တစ်ဖက်တွင်သွေးသောက်ဓား

အားကိုင်ထားပြီး အခြားတစ်ဖက်က  လပြည့်ဓားကိုကိုင်ထားသည်။

သွေးသောက်ဓားနှင့်   ၎င်း၏ လက်နက်စိတ်ဝိညာဉ်တို့မှာ  အဆင့်ခုနှစ်သို့ တိုးတက်လာကတည်းက ရှစ်ဖုန့်၏ တိုက်ခိုက်ရေးစွမ်းအားက  သေခြင်းတားမြစ်နယ်မြေအတွင်း၌ သူနှင့်တိုက်ခိုက်ခဲ့သော ရွှေရောင်ဝတ်ရုံဝတ် ကိုနှုတ်ခွမ်းမွှေးနှင့် ယှဉ်နိုင်သည်အထိ တိုးတက်လာခဲ့သည်။

“ငရဲဘုံကိုးခု ကောင်းကင်ဖြိုခွင်းဓား”

ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်စွမ်းအားရှိသော  စိမ်းပြာရောင် လှံပုဆိန်အရိပ်အားကြည့်၍  ရှစ်ဖုန့်က အော်လိုက်ပြီး သူ၏ဓားအား ကောင်းကင်အတွင်းသို့ ထိုးသွင်းလိုက်သည်။

ရှစ်ဖုန့်၏ အထက်၌ ကြီးမားသော အဖြူရောင်ဓားချီတစ်ခုရုတ်တရက်

ပေါ်လာသည်။ ၎င်းက ကျဆင်းလာနေသော စိမ်းပြာရောင်လှံပုဆိန်ရိပ်ထံသို့ ခုတ်ပိုင်းဝင်ရောက်သွားသည်။

“ဝုန်း”

ပြင်းထန်ပြီး စွမ်းအားကြီးမားသော  စွမ်းအင်တို့ ပစ်ဆောင့်မိကြပြီး   မိုးချုန်းသံကဲ့သို့ အသံတစ်ခုထွက်ပေါ်လာသည်။  ဟင်းလင်းပြင်နှင့် မြေပြင်တို့မှာ တုန်ခါနေသည်။ ဤဧရာမ အားအောက်တွင် စစ်နတ်ဘုရားခန်းမတစ်ခုလုံးပြိုကျသွားပြီး ရွှေရောင်အပျက်အစီးများအဖြစ်ပြောင်းလဲသွားသည်။ ကောင်းကင်ထဲ၌ ဖုန်မှုန်များဖြင်ပြည့်နှက်နေ၏။

ဟင်းလင်းပြင်အတွင်းတွင်  အစိမ်းရောင်ချပ်ဝတ်နှင့်  အစိမ်းရောင်လှံပုဆိန်တစ်ခုအားကိုင်ထားသော  စစ်သည်တစ်ဦးက အဖြူရောင်ကျားပေါ်၌ ဝင့်ကြွားစွာရပ်နေသည်။  ဤလူမှာ  မြို့ပြင်ဘက်၌ ရှစ်ဖုန့်အားဆင့်ခေါ်ခဲ့ပြီးရှစ်ဖုန့်အား နန်းတော်ဆီသို့ခေါ်ဆောင်လာခဲ့သော  လင်မိသားစု၏ စစ်သည် လင်ကောင်းပင်ဖြစ်သည်။  သူက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်၏။

လင်ဟွမ်က လဲ့ကောင်းအား ဤနေရာသို့စေလွှတ်ခဲ့ပြီး  ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်က   ကြယ်သုံးပွင့် နယ်ပယ်ပုရွက်ဆိတ်တစ်ကောင်ဖြစ်သော ရှစ်ဖုန့် အားသတ်ရန်လုံလောက်သည်ဖြစ်သည်။

သို့သော်   လင်ကောင်း၏ အမူအယာမှာ သိသိသာသာကို ပြောင်းလဲသွားသည်။  ဤပုရွက်ဆိတ်ထံသို့ သူထုတ်ဖော်ခဲ့သော အထွတ်အထိပ်တိုက်ခိုက်မှုက  ဤပုရွက်ဆိတ်ကြောင့် တကယ်ပဲ  တန်ပြန်ခံလိုက်ရသည်ဖြစ်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. သူက ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်

ပုရွက်ဆိတ်လေးပဲဟာ.. အဲ့တာထက် သူကဒီလိုအစုတ်ပလုတ်မြေက ကျင့်ကြံသူ ပမွှာလေးပဲ ဟာဘယ်လိုလုပ်ပြီး လင်မိသားစုဝင်စစ်တပ်က ငါ့ရဲ့ စွမ်းအားကြီးတိုက်ခိုက်မှုကိုတားနိုင်ရတာလဲ..”

လင်ကောင်းမှာသူ၏တိုက်ခိုက်မှုအားသူအလွယ်တကူ သတ်နိုင်သည်ဟု ထင်ထားသော ပုရွက်ဆိတ်တစ်ကောင်က တားဆီးသွားသည်ကိုတွေ့လိုက်ရပြီး သူ့အတွက်ယင်းအား လက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။

သူက လင်မိသားစု၏ အထင်ကရ ကျော်လွှား၍မရနိုင်သောလူတွေထဲက တစ်ယောက်ဖြစ်သည်။

သို့သော် ထို့နောက်ချက်ချင်း လင်ကောင်း၏နှလုံးသားအတွင်း၌ လွန်စွာအန္တရာယ်များသော ခံစားမှုအာရုံတစ်ခုပေါ်လာသည်။ လေထဲတွင်ဖုန်မှုတို့ကပြည့်နေပြီး  အဆက်မပြတ်လည်ပတ်နေသော မီးခိုးဖြူရောင်မီးတောက်လုံးတစ်ခုက ပေါ်လာကာ သူ့ထံသို့ တဝှီဝှီဖြင့်ဦးတည်လာသည်။

ယင်းမှာရှစ်ဖုန့်က လပြည့်ဓားအားအသုံးပြုထားခြင်းဖြစ်သည်။

“ဝေါင်း”

လင်ကောင်း၏ အောက်၌ရှိနေသောကျားဖြူမှာ မီးတောက်အားမြင်တွေ့လိုက်ရသောအခါတွင်  ခက်ထန်စွာ ဟိန်းဟောက်လိုက်သည်။ ကျားဖြူ၏ပါးစပ်မှ ပြင်းထန်သော လေမုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။  ရုတ်ခြည်း   ကောင်းကင်တစ်ခွင်၌ ကြမ်းကြုတ်သော လေကြမ်းတို့ဖြင့်ပြည့်နှက်သွားသည်။  ကြမ်းကြုတ်သော လေမုန်တိုင်းက ချာလပတ်လည်နေသော မီးတောက်တို့ထံသို့ ဦးတည်လာ၏။

“ပြင်းထန်သောလှံပုဆိန် တိုက်ချက်အဖြစ်ဖွဲ့စည်းစမ်း”

တစ်ချိန်တည်းမှာပင် လဲ့ကောင်းက ခက်ထန်စွာကြုံးဝါးလိုက်သည်။ သူ့လက်အတွင်းမှ လှံပုဆိန်က စိမ်းပြာရောင်အလင်းတို့အား ထုတ်လွှတ်တောက်ပလာသည်။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ   သူ၏လက်နှစ်ဖက်တို့အားမြှောက်လျှက်  ခက်ထန်သောအမူအယာတစ်ခုက လှစ်ဟာထွက်ပေါ်လာသည်။ ပြင်းထန်သော လေမုန်တိုင်းနောက်သို့လိုက်ပါ၍  စိမ်းပြာရောင် လှံပုဆိန် က တစ်ဟုန်ထိုးချဉ်း

ကပ်လာနေသော မီးခိုးဖြူရောင်မီးတောက်တို့ထံသို့ စွမ်းအားအကုန်ဖြင့် ခုတ်ပိုင်း ချလိုက်သည်။

“ဘန်း”

နားကွဲလုမတတ်အသံတစ်ခုက ဟင်းလင်းပြင်ထဲ၌ပဲ့တင်ထွက်ပေါ်လာပြီး  လှိုင်းတွန့်စက်ဝိုင်းများက ဟင်းလင်းပြင်ထဲ၌ဖြစ်ပေါ်လာသည်။ ပြင်းထန်သောလေမုန်တိုင်းနှင့် အစိမ်းရောင်လှံပုဆိန်တို့၏ ‌ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင်  နောက်ဆုံး၌ ပျံသန်းလာနေသော မီးခိုးဖြူရောင်မီးတောက်တို့အား တားဆီးနိုင်ခဲ့ပြီး   လပြည့်ဓား၏ မူလပုံသဏ္ဍန်ထွက်ပေါ်လာသည်။

သို့သော် ဤအခိုက်အတန့်တွင် သွေးနီရောင်ပုံရိပ်တစ်ခုက   လင်ကောင်း၏ ရှေ့သို့ပျံသန်းရောက်ရှိလာပြီးဖြစ်သည်။ ပုံရိပ်၌ ရေခဲတမျှအေးစက်သော မျက်နှာတစ်ခုရှိပြီးလင်ကောင်းအားသတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတို့ဖြင့်စိုက်ကြည့်နေသည်။ မသိနိုင်သော အကြောင်းပြချက်အချို့ကြောင့်  ဤရေခဲတမျှအေးစက်လှသောမျက်နှာထားအောက်တွင်  လင်ကောင်း၏ နှလုံးသားအတွင်း၌  ပို၍ အန္တရာယ်များသော  ခံစားချက်တို့က မြင့်တက်လာပြီး  ၎င်းက မီးခိုးဖြူရောင်မီးတောက်တို့ပျံသန်းလာစဉ်ကထက်ပို၍  အန္တရာယ်များသည်ဖြစ်သည်။

“မဟုတ်ဖူ..ဘယ်လိုလုပ်ပြီးတော့ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်က ငါ့ကို ဒီလိုခံစားချက်မျိုးဖြစ်အောင်လုပ်နိုင်မှာလဲ..စိတ်လှည့်စားတာပဲ..ဒါက ငါ့အပေါ်မှာစိတ်လှည့်စားတဲ့ အရာတစ်ခုသုံးထားတာဖြစ်မယ်.. သွားသေလိုက်စမ်း ပုရွက်ဆိတ်”

လင်ကောင်းက ထပ်မံကြုံးဝါးလိုက်သည်။ သူ၏ အစိမ်းရောင်လှံပုဆိန်အား လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းကိုင်လိုက်သည်။ နောက်တစ်ကြိမ် ထပ်မံ၍  သူ၏ကိုယ်အတွင်းမှ စွမ်းအားအားလုံးအားစုစည်းလိုက်ပြီး ရှစ်ဖုန့်အား၎င်းဖြင့်ပြင်းထန်စွာသိမ်းကျုံးတိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လင်ကောင်းအောက်မှ ကျားဖြူကလည်း ခက်ထန်စွာဟိန်းဟောက်လိုက်သည်။၎င်း၏ ကြီးမားသောကျားလက်သည်းတို့ကိုလည်း   ရှစ်ဖုန့်ထံသို့ လင်ကောင်းနှင့်အတူ သိမ်းကျုံးတိုက်ခိုက်လိုက်သည်။ ကျားလက်သည်းဖြတ်သန်းသွား

ရာနေရာတိုင်းတွင် လေပြင်းတို့တိုက်ခက်လာသည်။

ကျားလည်သည်းများက တောင်များအားဖြိုခွင်းကာ အရာအားလုံးအားဖျက်ဆီးနိုင်သကဲ့သို့ ပြင်းထန်စွာ သိမ်းကျုံးဦးတည်လာသည်။

“ဟမ့်”

လင်ကောင်းနှင့် ကျားဖြူတို့က  သူ့အားအတူတကွတိုက်ခိုက်သည်ကိုတွေ့လိုက်ရသောအခါတွင်  ရှစ်ဖုန့်က ထပ်မံအေးစက်စွာနှာမှုတ်လိုက်သည်။  သူ၏ တတိယတိုက်စားခြင်းနတ်ဆိုး မျက်လုံးအားဖွင့်လိုက်ပြီး အနက်ရောင်မြူတို့ဖြင့်ဖွဲ့စည်းထားသော  မြူဓားတစ်လက်ဖြစ်ပေါ်လာကာ သူ့ထံသို့သိမ်းကျုံးလာနေသော  ကျားလက်သည်းတို့ထံသို့ ဦးတည်သွားသည်။

တစ်ချိန်တည်းမှာပင်  ရှစ်ဖုန့်၏လက်အတွင်းမှသွေးဓားက  ပြင်းထန််သောသွေးနီရောင်မီးတောက်တို့အားထုတ်လွှတ်ပြီး  အစိမ်းရောင်လှံပုဆိ်နထံသို့ထိုးသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က  သူ၏ညာလက်ကိုဆန့်ထုတ်လိုက်ပြီး  ၎င်းအားသူ့ဘေး၌ ဝဲပျံနေသော လပြည့်ဓားပေါ်တွင်ထားလိုက်သည်။ နောက်တစ်ကြိမ် ငရဲဘုံစွမ်းအင်တို့အား  လပြည့်ဓားအတွင်းသို့ထည့်သွင်းလိုက်၏။

လည်ပတ်နေရာမှရပ်နေခဲ့သော လပြည့်ဓားမှာ ထပ်မံစတင် တဟုန်ထိုးလည်ပတ်လာသည်။

“ဘန်း”

သတ္ထုနှစ်ခု၏ထိခိုက်သံက ဟင်းလင်းပြင်အတွင်းထပ်မံထွက်ပေါ်လာ၏။  သွေးနီရောင်မီးတောက်တို့တောက်

လောင်နေသော သွေးသောက်ဓားမှာ  ရှစ်ဖုန့်ထံသို့ သိမ်းကျုံးလာနေသော အစိမ်းရောင်လှံပုဆိန်ထံသို့တိုးဝင်သွားပြီး  ၎င်း၏ တိုက်ခိုက်မှုအားတားဆီးလိုက်သည်။

ထို့နောက် အစိမ်းရောင်ချပ်ဝတ်စစ်သည်လင်ကောင်း၏  မျက်နှာက သိသိသာသာကိုပြောင်းလဲသွားပြီးသူ၏သူငယ်အိမ်တို့ပြူးကျယ်လာသည်။ လပြည့်ဓားအသွားက လင်ကောင်း၏လည်ပင်းအားဖြတ်သန်းသွားပြီး သွေးနီရောင်သွေးစီးကြောင်းတစ်ခု

အားပန်းထွက်ဖြစ်ပေါ်လာစေ၏။

“ဝေါင်း…ဝေါင်း..ဝေါင်း..ဝေါင်း”

အောက်တွင်ရှိနေသောကျားဖြူက နာကျင်စွာအော်ဟစ်လိုက်သည်။ရှစ်ဖုန့်ထံသို့ သိမ်းကျုံးလာနေသော ကျားလက်သည်းတို့မှာ အနက်ရောင်မြူဓား၏တိုက်စားခြင်းကိုခံလိုက်ရသည်။အနက်ရောင်မြူဓားက ကျားလက်သည်းထံသို့ပျံသန်းလာချိန်၌ ကျားလက်သည်းတစ်ဝက်ကျော်က တိုက်စားခံလိုက်ရပြီး  တိုက်စားခြင်းစွမ်းအားတို့က အရှိန်အဟုန်ဖြင့်ဆက်လက်ပျံ့နှံ့နေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

လင်ကောင်း၏  မျက်လုံးတို့ကပြူးကျယ်နေပြီး ဖြစ်ပျက်သွားသည်အား မယုံကြည်နိုင်ဖြစ်နေသည်။ သူ၏လက်ကိုဆန့်ထုတ်၍ သူ့လည်ပင်းအားသုတ်လိုက်သည်။ သူ၏လက်ဖဝါး၌ သွေးနီရောင်သွေးတို့က  စွန်းထင်းနေ၏

ထို့နောက်ချက်ချင်း  လင်ကောင်း၏လည်ချောင်းက

အဖြတ်ခံလိုက်ရပြီး   သွေးတို့ ကျိုးပျက်သွားသော ပိုက်တစ်ခုကဲ့သို့ဒလဟောပန်းထွက်လာသည်။ သူ့ရှေ့တွင်ရှိနေသော ပုရွက်ဆိတ်ကြောင့်ပန်းထွက်

နေသောသွေးတို့အား  သူ့အနေဖြင့် ကူကယ်ရာမဲ့ကြည့်နေရုံသာတတ်နိုင်သည်။

လွန်စွာသက်တောင့်သက်သာမဖြစ်သော ခံစားချက်က  လင်ကောင်း၏တစ်ကိုယ်လုံးဖြတ်သန်းပျံ့နှံ့လာ၏။ ယင်းမှာသူ၏ကိုယ်အတွင်းမှသွေးတို့က ဆူပွက်နေပြီး သူ၏ အဖြတ်ခံရသောလည်ချောင်းထံသို့ ဆန့်ကျင်ဘက်စီးဆင်းလာ

နေသကဲ့သို့ဖြစ်သည်။

“မဟုတ်ဖူး”

လင်ကောင်းလက်သင့်မခံနိုင်စွာအော်ဟစ်လိုက်သည်။ သို့သော်ထို့နောက်ချက်ချင်း  အမှောင်ထုကသူ၏အသိအား ဝါးမျိုလာ၏။

လင်မိသားစု၏ ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူလင်ကောင်းတစ်ယောက် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ ရှစ်ဖုန့်က ၎င်း၏ သွေးအားစုပ်ယူလိုက်သကဲ့သို့ လင်ကောင်း၏အလောင်းက

ချက်ချင်းရှုံ့တွလာပြီးခြောက်သွေ့ရှုံ့တွသောအလောင်းတစ်ခုဖြစ်လာသည်။၎င်းက ကျားဖြူ၏ ကိုယ်ပေါ်မှတစ်ဆင့် အောက်ရှိ အပျက်အစီးပုံပေါ်ကျဆင်းလာ၏။

ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်၏  သေခြင်းစွမ်းအင် ဝိညာဉ်စွမ်းအင်နှင့်  သွေးတို့အားဝါးမျိုပြီးနောက်   ရှစ်ဖုန့်၏ ကိုယ်၌ အဖြူရောင်အလင်းတစ်ချက်လက်သွားပြီး   ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်လာသည်။

“စွမ်းအား”

ရှစ်ဖုန့်မှာသူပိုသန်မာလာသည်ဟု ခံစားရသော်လည်း  သူ၏ခေါင်းအား မပျော်ရွှင်စွာဖြင့် ခါယမ်းလိုက်သည်။ ဤစွမ်းအားက သူလိုချင်သောစွမ်းအားနှင့်

အဝေးကြီးလိုသေးသည်ဖြစ်သည်။

“ဟမ့် ..မင်းက ပြေးရဲသေးတယ်ပေါ့”

လင်ကောင်း၏ကျားဖြူမှာ သခင်ဖြစ်သူသေသွားသည်ကို

တွေ့လိုက်ရသောအခါတွင် လျှင်မြန်စွာလှည့်လိုက်ပြီးထွက်ပြေးသည်။ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် အသိဉာဏ်ရရှိနေပြီဖြစ်ပြီး  ၎င်း၏ အသိဉာဏ်ကသာမန်လူတစ်

ယောက်နှင့်ခြားနားခြင်းမရှိပေ။

ရှစ်ဖုန့်က ထွက်ပြေးနေသောကျားဖြူအားကြည့်ရင်း သူ့လက်ချောင်းအားဖျက်ခနဲတောက်လိုက်သည်။ ရုတ်ခြည်း အင်းစာလုံးတစ်ခုက သူ၏လက်ချောင်းထိပ်မှ ရွှတ်ခနဲထွက်လာပြီး  ကျားဖြူ၏ကိုယ်အတွင်းဝင်ရောက်သွားသည်။

“ဝေါင်း”

အင်းစာလုံးက ကျားဖြူ၏ကိုယ်အတွင်းပျံသန်း

ဝင်ရောက်သွားပြီးနောက် ချက်ချင်း ကျားဖြူ၏ကိုယ်၌ တောက်ပသောအဖြူရောင် အလင်းတစ်ခုလင်းလက်လာပြီး  ၎င်းက ပြင်းထန်စွာဟိန်းဟောက်လိုက်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters