← Chapters

အကျိုးဆက်များ

Vol. 6 Ch. Chapter 34

အကျိုးဆက်များ

Vol. 6 Ch. Chapter 34

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V6 Chapter 34 - အကျိုးဆက်များ

ကိုင်းတိုက ဧရာမတွင်းနက်ကြီးရဲ့အပေါ်မှာရပ်လိုက်တယ်။ အတွင်းကနေ ထောင်သောင်းချီတဲ့ ပိုးကောင်တွေ ထွက်လာနေတုန်းပဲ။ ဒါပေမဲ့ ဒါက နောက်ဆုံးထွက်လာနိုင်တဲ့ အုပ်စုလို့ပြောရမှာပါ။ အကြောင်းကတော့ သူတို့ရဲ့ပျက်စီးခြင်းရောက်လာတော့မှာမလို့ပါ။

ကိုင်းတိုက လက်ကိုကောင်းကင်ပေါ်မြှောက်လိုက်တယ်။ ကောင်းကင်ပေါ်မှာ တိမ်တွေကင်းစင်သွားပြီး နေနဲ့အပြိုင်တောက်ပနေတဲ့ ဧရာမမီးကြာပန်းကြီး ပေါ်လာတယ်။ တွင်းနက်ထဲကနေ ထွက်လာနေတဲ့ ပိုးကောင်တွေလည်း ကြာပန်းကြီးကို မေ့ကြည့်လိုက်တယ်။

"ပျောက်ကွယ်သွားကြတော့။" ကိုင်းတိုစကားဆုံးတာနဲ့ မီးကြာပန်းကြီးက မိုးပြိုသလိုနိမ့်ဆင်းလာပြီး ဧရာမမီးအလင်းတန်းကြီးတစ်ခုလုံးက တွင်းနက်ကြီးကို ဖုံးလွှမ်းသွားတယ်။ နောက်တော့ မျက်စိကျိန်းလောက်စရာ အလင်းတန်းကြီးတစ်ခုက ဆိုက်ဘေးရီးယား မြက်ခင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့တယ်။

ဘုန်း.....။

အလင်းတန်းကြီး ပျောက်ကွယ်သွားပြီးမှ နားကန်းလုနီးပါး ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးလိုက်ပါလာတယ်။ တကယ်လို့ နိုင်ငံတကာအာကာသစခန်းကနေ ဆိုက်ဘေးရီးယားဒေသကို ငုံကြည့်မယ်ဆိုရင် ဧရာမကြာပန်းကြီးကြောင့်ဖြစ်လာတဲ့ ပေါက်ကွဲမှုရဲ့သက်ရောက်လှိုင်းတွေကို မြင်တွေ့ရမှာပါ။

ကမ္ဘာ့သတင်းဌာနတွေကလည်း ဒီသတင်းကို အပြေးအလွှားတင်ပြနေကြတယ်။ လိပ်နက်ကိုနှိမ်နင်းဖို့သွားတဲ့ ဟီးရိုးအဖွဲ့ရဲ့လှုပ်ရှားမှုဖြစ်တာမလို့ သတင်းအတိအကျကို သူတို့မသိကြသေးရင်တောင်မှ သတင်းတင်ဖို့စိတ်လှုပ်ရှားနေကြတယ်။

...

ဖရာလီတာ ဖုန်းချလိုက်တယ်။ သူတို့ဘက်မှာ နေ့ဘက်ဖြစ်နေသေးပေမဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာတော့ ညပိုင်းဖြစ်နေပါပြီ။ ရုတ်တရက် သင်္ဘောပျံတံခါးပွင့်သွားပြီး လူတစ်ယောက်ဝင်လာတယ်။ ဒရုန်းဇုန်ပါ။ သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေရှိနေတုန်းပဲ။

ဖရာလီတာက အရေးပေါ်ဆေးရုံကုတင်လို နေရာမျိုးမှာ လှဲနေတာဖြစ်ပေမဲ့ သူက ဖရာလီတာရဲ့ပခုံးကိုဆုပ်ကိုင်လိုက်တယ်။ "နင်မြင်ခဲ့ရတာ သေချာလား၊ သူ့ကို ပိုးကောင်တွေဖမ်းသွားတာလား။"

ဖရာလီတာက ဒရုန်းဇုန်ရဲ့မျက်နှာကို သေချာကြည့်လိုက်ပြီး တွေဝေနေတဲ့စိတ်နဲ့ ကြမ်းပြင်ကိုငုံကြည့်လိုက်တယ်။ ဒရုန်းဇုန်ကို သူမျက်နှာချင်းဆိုင်ပြီး အဲဒီစကားကို မပြောရဲခဲ့ဘူး။

"တိတိကျကျပြောရရင် ဥစာကီက သူတို့ရဲ့ဘုရင်မလောင်းလျာဖြစ်သွားပြီ။" အဲဒီမြေအောက်ထဲမှာ ကြုံတွေ့ခဲ့ရတာတွေကို ဖရာလီတာမမေ့သေးဘူး။ ဖရာလီတာက သူနဲ့အတူအိပ်ရာထဲမှာရှိနေတဲ့ အရာတစ်ခုကို ထုတ်ယူပြီး ဒရုန်းဇုန်ကိုပေးလိုက်တယ်။

ဥစာကီရဲ့နတ်ဆိုးသတ်ဓားပါ။ ဒရုန်းဇုန်က သူ့ကိုကမ်းပေးလာတဲ့ ကာတာနာကို အကြာကြီးစိုက်ကြည့်နေရင်း မျက်ရည်တွေထိန်းမရအောင် စီးကျလာတော့တယ်။ သူသိတဲ့ ဥစာကီက ဒီဓားကို ဘယ်တော့မှပစ်သွားမှာမဟုတ်ဘူး။ သေချာပေါက် ဓားကိုယူမသွားနိုင်တဲ့ ကိစ္စတစ်ခုရှိခဲ့လို့ပဲနေမှာ။ ဒရုန်းဇုန်က ဖရာလီတာလက်ထဲက ဓားကိုယူလိုက်ပြီး ပြောလိုက်တယ်။

"သေချာပေါက် ဒီဓားကို သူ့ဆီပြန်ပေးမယ်။" ဒရုန်းဇုန်က ကျိန်ဆိုလိုက်ပြီးနောက် ဖရာလီတာရဲ့အိပ်ရာဘေးမှာ ပြိုလဲသွားပြီး ရှိုက်ငိုတော့တာပဲ။ ဖရာလီတာက ဒရုန်းဇုန်စိတ်ငြိမ်သွားတဲ့အထိစောင့်ပြီးမှ ပြောလိုက်တယ်။

"ငါတို့ယာဥ်ပျံမှာ ကပ္ပတိန်တစ်​​ယောက်လိုနေတယ်။ နင်စိတ်ဝင်စားလား။" ဖရာလီတာက ပြုံးပြပြီးပြောလိုက်တယ်။ ဒရုန်းဇုန်က ဥစာကီရဲ့ဓားကိုဆုပ်ကိုင်ထားရင်း မော့ကြည့်တယ်။

"ငါစွမ်းအားကြီးလာမှာလား။"

"သေချာပေါက်ပေါ့။"

....

ယာဥ်ပျံရဲ့အစည်းအဝေးခန်းထဲမှာတော့ ကိုင်းတို၊ ကြောင်နက်နဲ့ဖရန့်တို့ မျက်နှာချင်းဆိုင်ပြီးထိုင်နေကြတယ်။ ကိုင်းတိုက ပထမဆုံးဦးဆောင်ပြီး စကားစလိုက်တဲ့သူပါ။

"ကြည့်ရတာ ငါတို့ကမ္ဘာကို တခြားကမ္ဘာက သက်ရှိတွေ မကောင်းတဲ့အကြံနဲ့ ကျူးကျော်လာကြတဲ့ပုံပဲ။ ငါတို့တစ်ခုခုလုပ်ရတော့မယ်။"

ကြောင်နက်ကလည်း ခေါင်းညိတ်ပြပေမဲ့ သူ့လက်ထဲမှာတော့ မျိုးပွားမိခင်ကြီးရဲ့ခေါင်းကိုဖောက်ပြီး နှိုက်လာတဲ့ အနက်ရောင်သလင်းကျောက်တုံးကို ကိုင်ပြီးဆော့ကစားနေတယ်။

"အီဂျစ်က ငါတို့မျိုးနွယ်တွေရဲ့အုတ်ဂူမှာတော့ စောင့်ရှောက်သူလေးယောက် တွေ့ဆုံပြီးဆုံးဖြတ်ချက်ချတဲ့ ပန်းချီကားတစ်ခု တွေ့ဖူးတယ်။ နောက်ဆုံးကျန်တဲ့တစ်ယောက် ဘယ်မှာရှိလည်း မင်းတို့သိကြလား။"

ကိုင်းတိုက ခေါင်းညိတ်လိုက်တယ်။ သူတို့တကယ်ပဲ သိထားကြတယ်လေ။ ဖရန့်လည်း ဘာမှမသိပေမဲ့ ဝင်ပြောတယ်။

"ဟိုလေ၊ ကျွန်တော်က အားနည်းပြီး ဘာမှအသုံးမဝင်ပေမဲ့ တတ်နိုင်သလောက်ကူညီပေးပါ့မယ်ခင်ဗျ။"

ကိုင်းတိုရောကြောင်နက်ရော ပြုံးလိုက်တယ်။ ကြောင်နက်က ဖရန့်ကိုပခုံးပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်တယ်။ သူက ဖရန့်ကို အတတ်နိုင်ဆုံး တန်းတူဆက်ဆံဖို့ ကြိုးစားနေတဲ့ပုံပဲ။

"စောင့်ရှောက်သူတစ်ယောက်အနေနဲ့ အသုံးမဝင်ဘူးဆိုတာမရှိဘူး။ ငါတို့က အသုံးမဝင်တဲ့ကောင်တွေ ဖြစ်ဖို့ အင်အားကြီးလွန်းနေတယ်။" နောက်တော့ နားထောင်လို့မကောင်းတဲ့ အသံနက်ကြီးနဲ့ထရယ်တော့တာပဲ။

ကိုင်းတိုနဲ့ဖရန့်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းခါလိုက်ကြတယ်။ ကျားဖြူမျိုးဆက်ဆိုပြီးမည်းနေတဲ့ကြောင်ကို သူတို့နားလည်နိုင်မယ်မထင်ဘူး။  ဘာပဲပြောပြော စစ်သင်္ဘောပျံက နောက်ထပ်မှတ်တိုင်တစ်ခုဆီကို ဦးတည်သွားနေပါပြီ။

...

ငွေရောင်စစ်သည်တော်က လမ်းမပေါ်မှာရပ်နေတယ်။ လက်ထဲမှာမြေဆွဲအားဓားကိုကိုင်ထားပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ချပ်ဝတ်အပိုတစ်ခုလိုဖုံးထားတဲ့ အနက်ရောင်ခွေးခေါင်းသုံးခုရဲ့မျက်လုံးကနေ အပြာရောင်အလင်းဒြပ်စင်မှုန်တွေ ပြန့်နှုန့်တောက်ပနေတယ်။

"ခွေးနဲ့နင့်ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်လို့ ငါ့ကိုနိုင်မယ်လို့ထင်နေရင်တော့ နင်မှားသွားလိမ့်မယ်နော်။ ငါ့ချပ်ဝတ်က နင့်ထက်အများကြီးပိုကောင်းတယ်။"

အနက်ရောင်ချပ်ဝတ်နဲ့လေးပိုင်ရှင်က တောင်ပံနက်ကိုဖွင့်ပြီး ငွေရောင်စစ်သည်ကို ပတ်ပျံနေတယ်။ သူ့လက်ထဲက လေးကြိုးကိုအမြန်လှုပ်ရှားပြီး ​ဒြပ်စင်မြားတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသေးတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က လက်ထဲကဓားကို စနစ်တကျကိုင်ပြီး အလင်းဒြပ်စင်တွေကို ခတ်ထုတ်နေတယ်။ သူ့ခေါင်းစောင်းက မျက်လုံးနေရာကလည်း အပြာရောင်တောက်ပလာပြီး တစ်နေရာကိုလှည့်ကာ ရင်ကိုကော့လိုက်တယ်။

ရင်ဝက ခွေးခေါင်းက ပါးစပ်ဟလိုက်ပြီး ဒြပ်စင်အလင်းတန်းတစ်ခုကို ပစ်ခတ်လိုက်တယ်။ ဝတ်စုံစနစ်နဲ့စေဘာစတိန်းရဲ့ဉာဏ်ရည်တုနှစ်ခုလုံးက ပေါင်းစည်းပြီး တွက်ချက်ထားတဲ့ ဖြစ်နိုင်ခြေတွေကို အသုံးပြုထားတာမလို့ အလင်းဒြပ်စင်က အနက်ရောင်ဝတ်စုံရဲ့ခံစစ်တွေကို တိတိကျကျရှောင်သွားပြီး တည့်တည့်မှန်သွားတယ်။

ဖောင်း....။

အပူချိန်လွန်ကဲနေတဲ့ အလင်းဒြပ်စင်ပလက်စမာတွေက အနက်​ရောင်ဝတ်စုံကိုထိမှန်ပြီး ပေါက်ကွဲသွားတယ်။ ဝတ်စုံပိုင်ရှင်လည်း လွင့်စင်သွားပြီး နောက်မှာရှိနေတဲ့ ဓာတ်တိုင်တစ်တိုင်ကို ဝင်ဆောင့်တယ်။ ဓာတ်တိုင်က ကျိုးကျသွားတဲ့အတွက် သူ့လက်တစ်ဖက်ကို နောက်ပြန်ဆန့်ထုတ်ပြီး သူ့ကိုယ်ပေါ်ပြုတ်မကျအောင် တားဆီးထားလိုက်တယ်။

"မဖြစ်နိုင်တာ နင်ငါ့ကို ထိအောင်ပစ်နိုင်တယ်ပေါ့။" ငွေရောင်စစ်သည်ကတော့ ဘာမှပြန်မဖြေဘဲ ဓားကို ကိုင်ကာ အနက်ရောင်စစ်သည်ရှိနေတဲ့ဘက်ကို လှည့်လိုက်တယ်။ နောက်တော့ ငွေရောင်စစ်သည်ပေါ်က အနက်ရောင်အပိုချပ်ဝတ်ရဲ့လက်နက်အံ့ဝှက်တွေပွင့်လာပြီး အသေးစားမစ်ဆိုင်းဒုံးတွေနဲ့ စတင်ပစ်ခတ်တယ်။

"ကောင်းတော့ဘူး။" အနက်ရောင်ဝတ်စုံပိုင်ရှင်က အတောင်ပံကိုဖြန့်ပြီး ဓာတ်တိုင်ကို လွှတ်ချလိုက်တဲ့ အသံထက်မြန်တဲ့နှုန်းမျိုးနဲ့ ရှောင်လိုက်တာဖြစ်ပေမဲ့ ဒုံးကျည်တွေက ချက်ချင်းလမ်းကြောင်းပြောင်းသွားပြီး လေပေါ်မှာပျံနေတဲ့ ဝတ်စုံပိုင်ရှင်နောက်ကို ဆက်လိုက်တယ်။

"ဒီလောက်သေးသေးလေးကို ပဲ့ထိန်းဒုံးအဖြစ်လုပ်နိုင်တာလား။ အံ့ဩစရာပဲ။" ဝတ်စုံပိုင်ရှင်က လေးကိုတင်လိုက်ပြီး မစ်ဆိုင်းတွေကို ဒြပ်စင်မြားနဲ့ဖောက်ခွဲပစ်လိုက်တယ်။

ဒါပေမဲ့ နောက်တစ်ခနမှာပဲ တောင်ပံကိုဖွင့်ပြီး လေပေါ်ကို ပျံတက်လာတဲ့ ငွေရောင်စစ်သည်တော်နဲ့ လက်နက်ချင်းယှဥ်လိုက်ရတယ်။ ငွေရောင်စစ်သည်ရဲ့ဓားက လေးကိုနောက်ဆုတ်သွားစေပြီး အနက်ရောင်ချပ်ဝတ်ကိုရိုက်မိတယ်။ လေပေါ်မှာတင် ချပ်ဝတ်နက်က လွင့်စင်သွားပြီး လမ်း​မပေါ်ကို ပြန်ပြုတ်ကျလာတယ်။ တစ်ဖက်မှာတော့ ငွေရောင်စစ်သည်ရဲ့တိုက်ကွက်က မပြီးဆုံးသေးပါဘူး။

လေပေါ်မှာရပ်နေရင်း ငွေရောင်စစ်သည်တော်က ဓားကိုခေါင်းပေါ်ကိုမြှောက်လိုက်ပြီး ပခုံးပေါ်က ခွေးခေါင်းနှစ်လုံးက အလင်းဒြပ်စင်တွေကို မြေဆွဲအားဓားထဲ ပေါင်းထည့်လိုက်တယ်။ အပြာရောင်အလင်းပလက်စမာတွေက ဓားသွားမှာသွားပေါင်းစည်းပြီး ကောင်းကင်ကြီးတစ်ခုလုံးတောက်ပလာတယ်။

[Ultimate Skill: Starlight Slash] ဝတ်စုံစနစ်ရဲ့ကြေညာချက်နဲ့အတူ အပြာရောင်အလင်းတန်းကြီးက မြေပြင်မှာရပ်နေပြီး မလှုပ်ရှားနိုင်သေးတဲ့ အနက်ဝတ်ပေါ်ကို ကျဆင်းသွားတယ်။ အနက်ရောင်ဝတ်စုထဲမှာရှိနေတဲ့ အမျိုးသမီးရဲ့မျက်လုံးတွေလည်း ပြူးကျယ်သွားတယ်။

ဒီအခိုက်အတန့်လေးမှာ တိုက်ပွဲကိုကြည့်နေတဲ့ စစ်သည်တွေရဲ့မျက်လုံးတွေလည်း ပြူးကျယ်လာတယ်။ အဲဒီကြယ်က တောက်ပလွန်းလို့ တခြားဟီးရိုးတစ်ယောက် ပေးစွမ်းခဲ့တဲ့ မျှော်လင့်ချက်အလင်းကိုတောင် သူတို့ပြန်သတိရလာကြတယ်။

ကြယ်အလင်းက တောက်ပပြီးသေစေနိုင်တဲ့အရာတစ်ခုဖြစ်ပေမဲ့ အပြစ်လုပ်မထားတဲ့ သာမန်ပြည်သူတွေဟာ အန္တရာယ်အစား လုံခြုံစိတ်ချရမှုကိုသာ ခံစားရတယ်။ အနက်ဝတ်စစ်သည်ရဲ့စိတ်ထဲမှာလည်း တစ်စုံတစ်ယောက်ရဲ့အိုမင်းနေတဲ့အပြုံးတွေကို မြင်ယောင်လာတယ်။ အဲဒီသူရဲ့ကျောနောက်မှာ အမေရိကန်နိုင်ငံရဲ့အလံကို ချိတ်ဆွဲထားလေ့ရှိတယ်လေ။

ဖြစ်ပျက်နေတာတွေအားလုံးက စက္ကန့်ပိုင်းလေးအတွင်းမှာပဲ။ ကြယ်အလင်းဓားချက်က အနက်ရောင်ဝတ်စုံပိုင်ရှင်ရဲ့လေးကို ထက်ပိုင်းဖြတ်ပစ်လိုက်ပြီး ဝတ်စုံရဲ့ခံနိုင်ရည်ကိုပါ ပိုင်းဖြတ်ပစ်လိုက်တယ်။ ဝတ်စုံပျက်စီးသွားတဲ့အပိုင်းကနေ သွေးတွေပန်းထွက်လာပြီး မိန်းမတစ်ယောက်ရဲ့အော်သံ ထွက်ပေါ်လာပြီး ဒူးထောက်ကျသွားတယ်။ အဲဒီနောက် အခြေအနေမဟန်မှန်းသိတဲ့ ဝတ်စုံနက်က ထွက်ပြေးသွားတယ်။

အနားမှာရှိနေသေးတဲ့ ပြည်သူတချို့ လက်ခုပ်တီးပြီးအားပေးတယ်။ ဒါပေမဲ့ ဝတ်စုံကိုထိန်းချုပ်နေတဲ့ မက်ဒါနာကတော့ တခြားဘာမှတွေးမနေတော့ဘဲ မီးဆက်သတ်ဖို့လုပ်တယ်။ မီးက အစောပိုင်းကထက်စာရင် အတော်ကိုပြန့်နှံနေပါပြီ။ ဒါပေမဲ့ ပြည်သူတွေလည်း ကြောက်စရာအန္တရာယ်မရှိတော့တာကြောင့် လာကူညီကြတယ်။

ခနနေတော့ ရဲတွေနဲ့မီးသတ်ကားအသစ်တွေလည်း ရောက်လာပြီး ကူညီကြတာကြောင့် မကြာခင်မှာပဲ မီးညွန့်ချိုးနိုင်သွားတယ်။ အသစ်ရောက်လာတဲ့ ရဲတွေထဲမှာ လင်ဒါလည်းပါပြီး ကားပေါ်ကနေဆင်းတာနဲ့ ငွေရောင်စစ်သည်ကို သဘောတကျနဲ့ပြုံးပြလိုက်ပါတယ်။ ငွေရောင်စစ်သည်ကတော့ မသိချင်ယောင်ဆောင်နေတယ်။

ရဲတွေနဲ့အတူမြူတန့်အေးဂျင့်တွေလည်းပါပြီး သူတို့က ရှေ့တက်ဖို့ပြင်တော့ လင်ဒါက သူတို့ကိုတားတယ်။ "နေဦး၊ ရှင်တို့ဘာလုပ်မလို့လဲ။"

အေးဂျင့်တွေက လင်ဒါကို ကြည့်လိုက်ပြီး အေးစက်စွာပြန်ဖြေကြတယ်။ "Silver Knightက လိုင်စင်ရှိဟီးရိုးမဟုတ်လို့ သူ့ကိုတွေ့တာနဲ့ဖမ်းဖို့ အထက်အရာရှိတွေခိုင်းထားပါတယ်။"

လင်ဒါက ဒီစကားကိုကြားတော့ တခိခိရယ်လိုက်ပြီး ပြောလိုက်ပါတယ်။ "နင်တို့က B rankလေးတွေလေ၊ဆာSilver Knightက S rankမလား။ နင်တို့သွားစမ်းနိုင်တယ်။ ငါနှောင့်ယှက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်လာတာကတော့ နင်တို့တာဝန်နော်။ ပြီးတော့ ခုနက နင်တို့ပြောတဲ့အတိုင်းဆိုရင် နင်တို့ဌာနစိတ်က S rankတစ်ယောက်လည်း ကြိုးစားပြီးပြီမဟုတ်လား။"

အေးဂျင့်နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သက်ပြင်းချလိုက်ကြတယ်။ ကြည့်ရတာ ဒီအတိုင်းပဲလွှတ်ထားရဦးမယ့်ပုံပဲ။ သူတို့စကားပြောနေတုန်း ဦးလေးဟူဂိုနဲ့တင်မီတို့လည်း ရောက်လာတယ်။ တင်မီက မျက်ရည်ကျတဲ့အထိ ငိုနေပြီး သူ့အစ်မကြီးကိုပြေးဖက်ဖို့ကြိုးစားပေမဲ့ လင်ဒါက ရွံရှာတဲ့ပုံစံနဲ့ရှောင်လိုက်တယ်။

"ဝမ်းကွဲအစ်မရေ၊ ကျွန်တော်တို့အိမ်လေး မီးလောင်တဲ့အထဲ ပါသွားပြီဗျ။"

တင်မီနောက်ကနေတော့ ဦးလေးဟူဂိုကြီးလိုက်လာပြီး လက်ခါပြတယ်။ "ပါးစပ်ကနေ မီးမှုတ်တဲ့ မြူတန့်တချို့ ရောက်လာပြီး ဦးလေးတို့ဘေးအိမ်ကို မီးလာရှို့တာလေ။ ဒီတော့ ဦးလေးတို့အိမ်လည်း ပါသွားတာပေါ့။ ကံကောင်းပြီး အိမ်အာမခံထားပေလို့ပဲ။"

နောက်တော့ လင်ဒါက အခင်းဖြစ်ရာမှာ ရှိနေတဲ့သူတွေဆီကနေ ရဲထွက်ချက်စယူတယ်။ မီဒီယာတချို့ရောက်လာပြီး ငွေရောင်စစ်သည်တော်ဆီ ပြေးလာပေမဲ့ အေးဂျင့်နှစ်ယောက်က လက်နက်အပြည့်အစုံနဲ့ သူတို့ရှေ့မှာပိတ်ရပ်လိုက်တယ်။

"စိတ်မကောင်းပါဘူး၊ Silver Knightက တရားဝင်ဟီးရိုးမဟုတ်တဲ့အတွက် ခင်ဗျားတို့သူနဲ့အင်တာဗျူးရင် အန္တရာယ်ရှိနိုင်တာမလို့ ခွင့်မပြုနိုင်ပါဘူး။"

မီဒီယာတချို့က အော်ဟစ်ပြီးအတင်းပြေးဝင်ဖို့လုပ်တော့ အေးဂျင်တွေက လင်ဒါလက်အောက်က ရဲတွေကို ခပ်တည်တည်နဲ့အမိန့်ပေးပြီး တားခိုင်းထားလိုက်တယ်။ ဝတ်စုံကို ထိန်းချုပ်နေတဲ့ မက်ဒါနာကတော့ နောက်ဆက်ဖြစ်မယ့်ကိစ္စတွေကို စိတ်မဝင်စားတော့တဲ့အတွက် လင်ဒါကိုတစ်ချက်ခေါင်းညိတ်ပြခိုင်းပြီးနောက် အေမီကိုအမိန့်ပေးလိုက်တယ်။

"ငါတို့ပြန်ရအောင်...." ​အေမီက အမိန့်အတိုင်း ခွေးနက်ကြီးနဲ့ ပေါင်းထားတာကို ပယ်ဖျက်လိုက်တယ်။ စေဘာစတိန်းက လမ်းပေါ်ကို ပြန်ကျလာပြီး အေးဂျင့်နှစ်​ယောက်ကို ထိုးဟောင်တာကြောင့် အေးဂျင့်တွေလန့်သွားတယ်။

အေမီပြန်တော့မယ့်အချိန်မှာပဲ ကောင်လေးတစ်​ယောက်ရောက်လာပြီး သူ့ကိုပုံဆွဲထားတဲ့ စာရွက်အပိုင်းလေး လက်ဆောင်လာပေးတယ်။ ငွေရောင်စစ်သည်တော်နဲ့ ကပ္ပတိန်စတိတ်မန်းအတူရပ်နေတဲ့ ပုံလေးပါ။ အေမီက ဘာလုပ်ရမှန်းမသိတာကြောင့် မက်ဒါနာကို သတင်းလှမ်းပို့တော့ မက်ဒါနာက အခုလိုမျိုး ပြန်ဖြေလိုက်တယ်။

"ယူလာခဲ့လေ၊ ဘာမှဖြစ်တာမှမဟုတ်တာ။" အေမီက ခေါင်းညိတ်လိုက်ပြီး ကလေးဆီကနေ ပန်းချီကိုယူပြီး အတောင်ကိုဖြန့်ပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားတော့တယ်။ ဒါပေမဲ့ အေမီက မက်ဒါနာတို့ရှိနေတဲ့နေရာကို ပြန်လာတာမဟုတ်ဘဲ ဆန့်ကျက်ဘက်အရပ်ကို ထွက်သွားတာပါ။ ခါတိုင်းလိုပဲ ဟီးရိုးလုပ်ပြီးရင် ခြေရာဖျောက်ရမယ်လေ။

မက်ဒါနာ​က ခေါင်းညိတ်လိုက်ပြီး ဖရက်ကိုပြောလိုက်တယ်။ "ငါတို့လည်း ပြန်ကြစို့၊ ဒါပေမဲ့ အိမ်ကိုမပြန်ဘဲ ကျောင်းကိုသွားရအောင်။ ကြည့်ရတာ ငါတို့အတွက် ကွန်တိန်နာအိမ်ရာက မလုံခြုံလောက်တော့ဘူးထင်တယ်။"

ဖရက်လည်း ခေါင်းညိတ်ပြီး ကားကို နယူးယောက်ဟီးရိုးကျောင်းဖက်ကိုလှည့်ပြီး မောင်းထွက်လိုက်တယ်။

....

သမ္မတဝဲလ်ဆင်ကတော့ တိုက်ပွဲ မှတ်တမ်းဖိုင်တွေကို ကြည့်ရင်းဒေါသထွက်နေပါတယ်။ နောက်ဆုံးတော့ စားပွဲကိုလက်နဲ့ပြင်းပြင်းရိုက်ချလိုက်ပြီး ဘေးက ကိုယ်ရေးအရာရှိကို လှမ်းပြောလိုက်တယ်။

"ရေဂင်ကိုဆက်သွယ်၊ သူအဆင့်မြှင့်ထားတဲ့ နည်းပညာဝတ်စုံက မလုံလောက်သေးဘူးလို့။ Silver Knightက သူ့ဝတ်စုံကို ထပ်ပြီးအဆင့်မြှင့်လိုက်ပြန်ပြီ။"

အဲဒီနောက်တော့ သူ့အကြည့်က ရုပ်မြင်သံကြားသတင်းတွေကို တစ်ပြိုင်နက်တည်းပြနေတဲ့ ဧရာမကွန်ပျူတာ မျက်နှာပြင်ကြီးဆီရောက်သွားပါတယ်။ နယူးယောက်က နာမည်ကြီးဗီလာအိမ်ရာ မီးလောင်တဲ့သတင်းကို ထုတ်လွှင့်နေတာပါ။ ဒါပေမဲ့ငွေရောင်စစ်သည်တော်အကြောင်း တစ်လုံးမှမပါဘူး။ ရူးနေတဲ့ မီးမြူတန့်တချို့မီးလာရှို့လို့ နယူးယောက်ဟီးရိုးတွေနဲ့ မီးသတ်ဌာနက ပေါင်းပြီးမီးသတ်တဲ့သတင်းပဲတက်လာတာ။ နယူးယောက်ဟီးရိုးတစ်ယောက်ဖြစ်တဲ့ Sonic Trainနဲ့တောင် အင်တာဗျူးခိုင်းလိုက်သေးတယ်။

အခင်းဖြစ်ပွားရာနေရာကို သတင်းထောက်အစစ်တွေရောက်လာပေမဲ့ ငွေရောင်စစ်သည်အကြောင်း ဘယ်မီဒီယာမှ တကယ်ထည့်ပြီးမဖော်ပြရဲကြဘူး။ သတင်းလာယူတဲ့ သတင်းထောက်တော်တော်များများကိုလည်း တစ်ပတ်အတွင်းနောက်ဆုံးထားပြီး အကုန်အလုပ်ထုတ်ပေးဖို့ သူလျှို့ဝှက်ညွန်ကြားထားပြီးပြီ။

ဝဲလ်ဆင်ရဲ့သတင်းထိန်းချုပ်ရေးစနစ်က သူ့ဘာသာတော့ အတော်လေးအလုပ်ဖြစ်ပုံပေါ်တယ်။ ဒါပေမဲ့ ကိုယ်ရေးအရာရှိဆီ ဖုန်းကောလ်တစ်ခုဝင်လာပြီး ဝဲလ်ဆင်ကို အကြောင်းကြားလိုက်တယ်။

"သမ္မတကြီး၊ လိပ်ပြာနတ်သမီးဆိုတဲ့လူတစ်ယောက်က ကျွန်တော်တို့ လွှတ်တော်ကိုဝင်ဖမ်းတဲ့ညက ဖြစ်စဥ်အသေးစိတ်ကိုဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကိုသီးသန့်ဝပ်​ဆိုက်မှာ တင်လာပါတယ်။ ဝပ်ဆိုက်ကိုပိတ်ချဖို့ပြောထားပေမဲ့ လူတွေအများကြီးဆီ ပြန့်ပြီးပြီမလို့ တအားနောက်ကျသွားပါပြီ။"

ဝဲလ်ဆင်က ခေါင်းညိတ်လိုက်ပေမဲ့ အတော်ကြာတဲ့အထိ ဘာမှပြန်မပြောသေးဘဲ အသက်ကိုသာ ပြင်းပြင်းရှူပြီး စိတ်ထိန်းတယ်။ အဲဒီနောက် ကိုယ်ရေးအရာရှိကိုပြောလိုက်တယ်။

"အဲဒီလိပ်ပြာကို ရအောင်ရှာကြ။ သူငါတို့ကို နှောင့်ယှက်နေတာ တော်တော်များနေပြီ။"

"ဟုတ်ကဲ့။" ကိုယ်ရေးအရာရှိက ဦးညွှတ်လိုက်ပြီး ထွက်သွားတယ်။ ဝဲလ်ဆင်ရဲ့အကြည့်ကတော့ ငွေရောင်စစ်သည်ရောက်မလာခင်က မှတ်တမ်းဖိုင်တွေကို ပြန်ကြည့်နေတယ်။ အနက်ရောင်ခေါင်းစွပ်နဲ့လူတချို့ ဆိုဖီယာရဲ့အိမ်ကိုရောက်လာပြီး မီးရှို့တဲ့မြင်ကွင်းကို အကြိမ်ကြိမ်အခါခါပြန်ကြည့်တယ်။

"ပိုးကောင်ခေါင်းနဲ့မြူတန့်တွေ၊ သူတို့ဘာဖြစ်လို့ ရုတ်တရက်ကြီး လူမြင်ကွင်းမှာ ထွက်ပေါ်လာတာလဲ။ အဲဒါထက်ပိုအရေးကြီးတဲ့မေးခွန်းက ဘယ်လိုလုပ်ပြီး သူတို့တည်ရှိနေတာလဲ။"

ဝဲလ်ဆင်က ခေါင်းကိုခါယမ်းလိုက်ရင်း သက်ပြင်းရှည်ကြီးချလိုက်တယ်။ မြူတန့်စစ်ပွဲကို သူစလိုက်ပေမဲ့ အဲဒီစစ်ပွဲက ဒီလောက်အတိုင်းအတာအထိ ကြီးမားနေလိမ့်မယ်လို့ ထင်မထားခဲ့တာအမှန်ပါ။ အခုတော့ ကိစ္စတွေက တကယ့်ကို သပွတ်အူလိုက်ပြီး ရှုပ်ထွေးနေပါပြီ။

....

သူတို့တင်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ် သန်းနဲ့ချီတဲ့လူတွေဆီ ရောက်သွားပြီးတဲ့နောက် လေဒီဘတ်တာဖလိုင်းနဲ့ချီလုလုက လက်ဝါးချင်းရိုက်လိုက်ကြတယ်။ သာမ​န်ဆောင်းပါးပုံစံနဲ့ဆိုပေမဲ့ ဓာတ်ပုံသက်သေတွေလည်းပါတယ်။ သူတို့နဲ့အတူ ဟယ်ရီလည်းအတူရှိနေပြီး နေရာက နယူးယောက်ဟီးရိုးအစည်းအရုံးအစစ်ရဲ့လျှို့ဝှက်စခန်းသစ်မှာပါ။ သက်သေတွေက ဟယ်ရီတို့ လျှို့ဝှက်စုံစမ်းရာကနေ ရလာတာ။

"အနည်းဆုံးတော့ သူတို့လုပ်နေတာတွေကို လူတွေအများကြီးဆီ ငါတို့ချပြနိုင်လိုက်ပြီ။ ဆိုက်ကိုပိတ်ချပြီး ငါတို့ကိုခြေရာခံနိုင်ပေမဲ့ ငါတို့နည်းပညာတွေက မက်တယ်ပလာဒင်က လာတာလေ။"

လေဒီဘတ်တာဖလိုင်းက ပြောလိုက်တယ်။ ဟယ်ရီလည်း ခေါင်းညိတ်လိုက်ပါတယ်။ သူတို့တွေအခုလိုလှုပ်ရှားနိုင်ဖို့ ဖလေရာရဲ့မက်တယ်ပလာဒင်လုပ်ငန်းက ငွေကြေးရောနည်းပညာပိုင်းပါ ထောက်ပံနေတာပါ။

တစ်ဖက်မှာတော့ ဖားလေးက တစ်ယောက်ယောက်ကို စိတ်ပူနေတဲ့ပုံစံနဲ့ စခန်းအပြင်ဖက်ကို ကြည့်နေပါတယ်။ "အစ်မကြီးမယ်လီ အခုထိပြန်မလာသေးပါလား။"

အဲဒီအချိန်မှာပဲ စခန်းတံခါးပွင့်သွားပြီး ဒဏ်ရာကနေ သွေးတွေစီးကျနေတဲ့ ကယ်လီရဲ့ပုံရိပ်ကို သူတို့မြင်လိုက်ရတယ်။ နောက်တော့ သူတို့ရှေ့မှာတင်ပဲ ကယ်လီလဲကျသွားတာကြောင့် ဖားလေးနဲ့ကျန်တဲ့သူတွေ ကယ်လီဆီကို ပြေးသွားလိုက်ကြတယ်။

All Chapters